ကျွန်တော်တို့ gym ကစားသမားတွေ ကြားမှာ အငြင်းပွားလေ့ ရှိကြတဲ့ Free weights နှင့် ကစားတာ က ပိုကောင်းတယ် (သို့) စက်ပစ္စည်း ကရိယာလို့ ခေါ်တဲ့ Machines နှင့် ကစားတာ က ပိုကောင်း ဆိုတဲ့ အယူအဆ ၊ အငြင်းပွားမှုတွေကို ရံဖန်ရံခါ ကြားသိနေရပါတယ်။
ယခု တိုးတက်လာတဲ့ မျက်မှောက် ခေတ်ကာလမှာ တိုးတက်ပြောင်းလဲ လာတာနှင့် အညီ gym တော်တော်များများမှာ up to date ဖြစ်တဲ့ စက်ပစ္စည်း ကရိယာ တော်တော်များများးဟာ နေရာယူလာကြပါတယ်။ ယခင် ဆယ်စုနှစ် နှစ်ခုလောက်ကို နောက်ပြန်ကြည့်မယ်ဆိုရင် စက်ပစ္စည်း ကရိယာဟာ မရှိသလောက် ရှားပါးတယ်ဆိုတာ အားလုံး အသိပါပဲ။ ယခင် နှစ်ပေါင်း ၂၀/၃၀ အချိန်ကာလ မှာလည်း Mr Olympia တွေ၊ မောင်မြန်မာတွေ ပေါ်ပေါက် လာခဲ့တာ ယခု မျက်မှောက် ကာလ အထိပါပဲ။ ယခင်အချိန်က မောင်မြန်မာတွေ၊ bodybuilders တွေ ဟာ machine တွေ မရှိတဲ့ အတွက် free weights တွေ နဲ့ လေ့ကျင့်ခဲ့ကြသူတွေပါ။ ယခု အချိန်မှသာ စက်ပစ္စည်း အသစ်အဆန်းတွေ ပေါ်ပေါက် လာကြတာဖြစ်တဲ့ အတွက် free weights တွေ ကွယ်ပျောက်လု ဖြစ်လာကြတာပါ။ အဲဒီတော့ မေးစရာမေးခွန်းက အလိုလို ပေါ်ပေါက်လာပါတယ်။ Free weights က ပိုကောင်းတာလား (သို့) Machines က ပိုကောင်းတာလား ?
ယနေ့ခေတ် လူငယ်တော်တော်များများဟာ gym သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် မသိမသာ စက်ပစ္စည်း တွေ ကို မျက်စိကစားရင်း အကဲ ခတ်တတ်ကြပါတယ်။ စက်ပစ္စည်း စုံရဲ့လား၊ ဘယ်လို အမျိုးအစား စက်ပစ္စည်း တွေ ရှိသလဲ စသည်ဖြင့် ကြည့်တတ်ကြပါတယ်။ တစ်ခု တင်ပြချင်တာက စက်ပစ္စည်း နဲ့ ကစားမှ မိမိလိုချင်တဲ့ body ကို ရမယ်လို့ ပြဌာန်းချက် မရှိသလို၊ free weights တွေ နဲ့ပဲ အသုံးပြု ကစားရမယ်လို့ သတ်မှတ်ထားတာလည်း မရှိပါဘူး။ သို့သော် နှစ်ခုလုံးကို တွဲဘက် ကစားနိုင်ရင်ဖြင့် ဘက်ပေါင်းစုံမှ ထိရောက်မှု ရှိတဲ့ muscles များကို ပိုင်ဆိုင်မှုရရှိမှာဖြစ်ပါတယ်။
ဥပမာတစ်ခုအနေဖြင့် တင်ပြရသော်...ကစားသမား တစ်ယောက်ဟာ လက်မောင်းရှေ့ကြွက်သား (biceps curl) အတွက် ဘားချောင်းရှည်ဖြင့် မတ်တပ်ရပ်လျှက် ကစားလျင် လက်မောင်းရှေ့ ကြွက်သား သာထိရောက်မှု ရှိတာ မဟုတ်ပဲ၊ ပုခုံးရှေ့ဆုံသားအပေါ်တွင် ဖိအား အတန်အသင့် သက်ရောက်မှု ရှိသည့်အပြင်၊ abs လို့ခေါ်တဲ့ ဗယ်လီသားဟာလည်း ခန္ဓာကိုယ် ယိုင်မသွားစေရန်နှင့် တည်ငြိမ်တည့်မတ်စေရန် ထိန်းသိမ်းပေးရသောကြောင့် abs ဗယ်လီကြွက်သား အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိတာ တွေ့ရမှာဖြစ်ပါတယ်။
လက်မောင်းရှေ့ကြွက်သား ကစားသည့် machine နှင့် နိုင်းယှဉ်ကြည့်မည်ဆိုလျင်၊ စက်ကရိယာပေါ်တွင် ထိုင်လျှက် ကစားရခြင်းကြောင့် ခြေထောက်များ ပါဝင်ခြင်းမရှိတော့ပါ။ abs လို့ခေါ်တဲ့ ဗယ်လီသားဟာလည်း တင်းကြပ်စွာ ထိန်းသိမ်းပေးထားသည့် စွမ်းအားဟာလည်း မရှိသလောက်နည်းပါးသွားတာတွေ့ရမှာဖြစ်ပါတယ်။ စက်ပစ္စည်း ကရိယာ၏ သဘောသဘာဝ အတိုင်း လက်မောင်းအရှေ့ ကြွက်သားပေါ်တွင်သာ အကျိုးသက်ရောက်မှု(direct focus) ရှိတာတွေ့ရမှာ ဖြစ်ပါတယ်။
တစ်ခြားကစားနည်းတွေဖြစ်တဲ့ free weights နှင့် squat ထိုင်တယ်(သို့)smith machine နဲ့ squat ထိုင်တယ်၊ free weights နှင့် shoulder press တွန်းတယ်(သို့) machine နဲ့ shoulder တွန်းတယ်.......စသည်ဖြင့်၊ ထိရောက်မှုတွေကတော့ သိပ်ကွာခြားမှု မရှိတာတွေ့ရပါတယ်။ machine နှင့် ကစားလျှင် အထက်မှာတင်ပြခဲ့သလို ကြွက်သားအပေါ်ပဲ direct focus ထိရောက်မှု ရှိသလို ၊ free weights နှင့် ကစားလျှင်ခန္ဓာကိုယ်ကို balance(or) stabilize ဖြစ်အောင် ထိန်းညှိပေးရခြင်းကြောင့် functional ကိုဖြစ်စေ တဲ့ တစ်ခြား core muscles များကိုပါထိရောက်မှုရှိပါတယ်။
Free weight Vs Machines များ၏ အကျိုး/အပြစ် များအနက်မှ အကျဉ်းချုပ်တင်ပြရလျင်
#Free weights ကစားခြင်း၏ အကျိုး/ အပြစ်များ
• ဘက်ပေါင်းစုံမှ ကြွက်သားများကို ထိရောက်ခြင်း
• balance ကောင်းမွန်၍ functional training ကို ရရှိစေခြင်း
• full range of motion အပြည့်အဝ လှုပ်ရှားမှု ကို ရရှိစေခြင်း
• ခွန်အားကို အပြည့် အဝ အသုံးပြုရခြင်း
• နေရာမရွေးလေ့ကျင့်နိုင်ခြင်း
• ဈေးသက်သာခြင်း
-------------------------------------------------------------
• အချိန်ကုန်၍ အနည်းငယ် အလုပ်ရှုပ်စေခြင်း
• ဒဏ်ရာ ဒဏ်ချက် ရရှိမှု ဖြစ်နိုင်ခြေများခြင်း
• ပုံသဏ္ဍာန် မှန်ရန် နည်းပြအကူအညီရယူ ရခြင်း
• Heavy weights များနှင့်ကစားပါက ကစားဖော်/ အကူ လိုအပ်ခြင်း
#Machines ၏ အကျိုး/ အပြစ်များ
• isolated muscles များအား ထိရောက်မှု ပိုမို ကောင်းမွန်ခြင်း
• အချိန်ကုန်သက်သာခြင်း
• beginners များနှင့် သက်ကြီး ကစားသမားများအတွက် သင့်တော်ခြင်း
• Heavy weights များအား အကူမပါပဲ ကစားနိုင်ခြင်း
• သီးသန့်ကြွက်သားများအတွက် လွယ်ကူစွာ ကစားနိုင်ခြင်း
• ဒဏ်ရာ ရနိုင်ခြေနည်းပါးခြင်း
-------------------------------------------------------------------
• စက်ပစ္စည်း များကို မှန်ကန်စွာ အသုံးပြုတတ်ရန်လိုအပ်ခြင်း
• full range of motion မရရှိခြင်း
• နေရာတိုင်းတွင်မကစားနိုင်ခြင်း
• functional မဖြစ်ခြင်း
• မိမိအရင် ကစားသမားရှိပါက ပြီးစီးသည်အထိ စောင့်ဆိုင်းနေရခြင်း
• တန်ဖိုးကြီးမားခြင်း
အထက်ပါဖော်ပြချက်တွေဟာ လေ့လာတွေ့ရှိသမျှကို အကျဉ်းချုပ်တင်ပြခြင်းသာဖြစ်ပြီး၊ ကျွန်တော့် အနေဖြင့် free weight ကောင်းသည်(သို့) machine ကောင်းသည်ကို ဝေဖန်ခြင်း အလျဉ်းမရှိပါကြောင်း ဝန်ခံအပ်ပါသည်။ ကျွန်တော် အထက်မှာ တင်ပြထားသည့်အတိုင်း စက်ပစ္စည်း နဲ့ ကစားမှ မိမိလိုချင်တဲ့ body ကို ရမယ်လို့ ပြဌာန်းချက် မရှိသလို၊ free weights တွေ နဲ့ပဲ အသုံးပြု ကစားရမယ်လို့ သတ်မှတ်ထားလည်းတာ မရှိပါဘူး။ ကျွန်တော့် အနေနှင့် သုံးသပ်တင်ပြချင်တာက free weights နှင့် machines များကို တွဲဘက်၍ တစ်လှည့်ပြီးတစ်လှည့် အချိန် အတိုင်းအတာ တစ်ခုထိ သတ်မှတ် ကစားပါက ပိုမိုသာလွန် ကောင်းမွန်သော ရလဒ် ကို ရရှိမှာ ဖြစ်ကြောင်း တင်ပြခြင်းသာဖြစ်ပါသည်။
အနှစ်ချုပ်အနေဖြင့် တင်ပြရသော် free weights လည်း ထိရောက်မှု ရှိပါသည်။ machines လည်း ထိရောက်မှု ရှိပါသည်။ တွဲ ဘက်၍ ကစားနိုင်လျင်ပိုမိုကောင်းမွန်ပါသည်။
ကျွန်တော်/ ကျွန်မ တို့က နယ်မှာနေတာဖြစ်လို့ gym မရှိလို့ပါ(သို့) gym မှာ စက်ပစ္စည်း မစုံလို့ပါဆိုတဲ့ ဆင်ခြေပေးပြီး၊ ရှောင်လွှဲ တတ်တဲ့ ကစားသမားများအတွက်... ရည်မှန်းချက်၊ စိတ်၏ ခိုင်မှာမှု ဆုံးဖြတ်ချက်ကသာ အဓိက ကြလှကြောင်းပါ။ free weights ဖြစ်ဖြစ်၊ machines ဖြစ်ဖြစ် အဓိက မကြပဲ၊ မိမိ အားထည့်ပြီး ကစားရန်သာ အဓိကကြလှပါကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
Htinkyaw Wazi
Olympia Fitness Centre(သုဝဏ္ဏ)
MFTA Certified Trainer
#အမှတ်(၄၂)၊ဘုရင့်နောင်လမ်း၊ရန်ကုန်သစ်ရပ်ကွက်၊သုဝဏ္ဏ
#၀၉၇၉၈၄၂၇၀၂၅၊ ၀၉၅၀၃၈၀၁၀
No comments:
Post a Comment