=======================
=======================
ခေါင်းတခြမ်းကိုက် ရောဂါဆိုသည်မှာ
အများအားဖြင့် ၂ နာရီမှ ၇၂ နာရီကြာမြင့်တတ်ပြီး ခေါင်းတခြမ်းတွင် တဒုတ်ဒုတ်မြည်အောင် ကိုက်တတ်ခြင်းကို ခေါ်သည်။
ပျို့ခြင်း ၊ အန်ခြင်း ၊ အလင်းရောင်ကို မခံနိုင်ခြင်း ၊ အသံ အနံ့  တို့ကို မခံစားနိုင်ခြင်း တို့ပါ တွဲလျက်ဖြစ်တတ်သည် ။
ယေဘုယျ အားဖြင့် ကိုယ်လက်လှုပ်ရှား မိပါက ခေါင်းကိုက်ခြင်းသည် ပိုမို ဆိုးလာလေ့ရှိသည် ။
ခေါင်းတခြမ်းကိုက်ခြင်းသည် ပတ်ဝန်းကျင်အခြေအနေ နှင့် မျိုးရိုးဗီဇ တို့ဆက်စပ်နေလေ့ရှိသည် ။
သုံးယောက်တွင် နှစ်ယောက်မှာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သည် ။
ဟိုမုန်း ပြောင်းလဲခြင်းသည် တခုအပါအဝင်ဖြစ်ပြီး အရွယ်မရောက်သေးသူများတွင် ယောကျာ်းလေးများတွင် အဖြစ်များပြီး သက်လတ်ပိုင်းအရွယ်များတွင်မူ မိန်းကလေးများက ပိုအဖြစ်များသည် ။
ခေါင်းတခြမ်းကိုက် ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ သိရှိရခြင်း မရှိသေးပေ ။သို့သော် ဦးနှောက်အတွင်းရှိ သွေးမျှင်ကြော အာရုံကြောလေးများ ကြောငိ့ဖြစ်သည်ဟု ယုံကြည်ကြသည် ။
တစ်ကမ္ဘာလုံး အနေဖြင့် လူဦးရေ ၁၅ ရာခိုင်နှုန်းတွင် ခေါင်းတခြမ်းကိုက် ရောဂါခံစားနေရသည် ။
ခေါင်းတခြမ်းကိုက်ခြင်းသည် အလိုအလျောက်ပျောက်ကင်းနိုင်ပြီး မကြာခဏ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ခံစားရခြင်း ဖြစ်သည် ။
ခေါင်းတခြမ်းကိုက်ခြင်းကို အဆင့် ၄ ဆင့်ဖြင့်ခွဲခြား သတ်မှတ်နိုင်သည် ။
###########
🌟 ၁ ။ ကနဦး ခေါင်းမကိုက်မီ အဆင့်တွင် နာရီပိုင်း သို့မဟုတ် ရက်ပို်င်းအလိုတွင် စိတ်မငြိမ်မသက်ဖြစ်ခြင်း ၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်ကြွခြင်း ၊ စားသောက်ချင်စိတ် ပြင်းပြ ခြင်း ၊
မောပန်းခြင်း ၊ ဇာတ်ကျောတက်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ ဝမ်းလျောခြင်း တို့ဖြစ်တတ်ပြီး တဦးနှင့် တဦးခံစားရခြင်းများ ကွဲပြားလေ့ရှိသည် ။
🌟 ၂ ။ ခေါင်းမကိုက်မီ မိနစ်ပိုင်းအလိုတွင် အာရုံကြော မူမမှန်မှုများ ဖြစ်တတ်လေ့ရှိပြီး အဓိကအားဖြင့် အမြင်အာရုံ ၊ အထိအတွေ့အာရုံ ၊ လှုပ်ရှားမှု များတွင် မူမမှန်မှုများ တခုခုဖြစ်တတ်လေ့ရှိပြီး …တချို့သူများတွင်မူ တခုမက လက္ခဏာ ပြတတ်သေးသည် ။
အမြင်အာရုံချို့ယွင်းရာတွင် အဖြူရောင် သို့မဟုတ် အနက်ရောင် လှိုင်းတွန့် ပုံစံလိုင်းဖြင့် အမြင် အာရုံကို ကွယ်လာလေ့ရှိပြီး တချို့သူများတွင် မြင်ကွင်းတခြမ်း ကွယ်သည်အထိ ရှိတတ်သည် ။
ဒုတိယအားဖြင့် တွဲဖြစ်လေ့ရှိသည်မှာ လက်ချောင်းလေးများ လက်မောင်းများတွင် စ၍ထုံကျင်လာတတ်ကာ နှာခေါင်း ပါးစပ်အနီးထိ ပြန့်နှံ့  သွားတတ်သော ထုံကျင်တတ်ခြင်း ဖြစ်သည် ။
တခြားလက္ခဏာ များအနေဖြင့် စကားပြောခက်ခြင်း ၊ ချာချာလည်မူးဝေခြင်း ၊ တစ်နာရီ နီးပါးကြာမြင့် တတ်သော ခြေလက်ပျော့သွားခြင်းများ လည်းတွဲလျက်ဖြစ်တတ်ပေသည်
🌟 ၃။ နာကျင်ခြင်းအဆင့်တွင်မူ ခေါင်းကိုက်ခြင်းသည် တဖြည်းဖြည်းဖြစ်လာတတ်၍ ကိုယ်လက်လှုပ်ရှားမှုကြောင့် ပိုမိုဆိုးလာလေ့ရှိသည် ။ ၄၀ ရာခိုင်နှုန်းသော သူတို့တွင်မူ နာကျင်မှုသည် ခေါင်းနှစ်ဖက်လုံးတွင် ဖြစ်နိုင်ပြီး ဇာတ်ကျောနာခြင်း နှင့်လည်း ဆက်စပ်နေလေ့ရှိသည် ။ ခေါင်းနှစ်ဖက်လုံးကိုက်သော သူများတွင်မူ အမြင်အာရုံ ချို့ယွင်းခြင်း ၊ ခြေလက်ထုံခြင်းများ တွဲလျက်မဖြစ်တတ်ချေ ။ ကလေးငယ်များတွင် ဖြစ်တတ်သော်လည်း ခေါင်းကိုက်ချိန်မှာ ၁ နာရီထက် ပိုမကြာတတ်ပေ ။
🌟 ၄ ။ ခေါင်းကိုက်သက်သာခါစတွင် နာကျင်ခြင်းအနည်းငယ်ကျန်ခဲ့ခြင်း ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း ကျဆင်းခြင်း ၊ နုန်းခွေခြင်း ၊ ဗိုက်အောင့်ခြင်း တို့သည် ရက်အနည်းငယ် ကျန်နေခဲ့တတ်သေးသည် ။
ခေါင်းကိုက်ရခြင်း အကြောင်းအရင်းကို တိကျစွာမသိသေးသော်လည်း စိတ်ဓာတ်ကျခြင်း ၊ စိုးရိမ်ပူပန်မှုများခြင်း တို့ကလည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေသည်ဟု ယူဆကြသည် ။
ခေါင်းတခြမ်းကိုက်ခြင်းသည် တချို့အမျိုးသမီးများတွင် ရာသီသွေးဆင်းချိန် အနီးတဝိုက်တွင် ဖြစ်လေ့ရှိပြီး ၊ တားဆေးသောက်သုံးနေသူများတွင်လည်း ဖြစ်တတ်သေးသည် ။
၁၂ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းသော သူတို့သည် အစားအသောက်ကြောင့် ဖြစ်သည်ဟုထင်မြင်ကြသော်လည်း ခေါင်းကိုက်ခြင်းနှင့် အစားအသောက် ဆက်နွယ်မှုကိုမူ သက်သေပြနိုင်ခြင်း မရှိသေးချေ ။
ခေါင်းတခြမ်းကိုက်ရောဂါဟု သတ်မှတ်နိုင်ရန် အတွက် ရောဂါလက္ခဏာ ဖြင့်သာသတ်မှတ်လေ့ရှိပြီး ဦးနှောက်ဓာတ်မှန်ရိုက်ရန် မလိုအပ်ပေ ။
ခေါင်းတခြမ်းကိုက်ရာတွင် အလင်းကြောက်ခြင်း ၊ ပျို့အန်ခြင်း ၊ အလုပ်ကောင်းစွာမလုပ်နိုင်ခြင်း ၊ လေ့လာသင်ယူနိုင်စွမ်း လျော့ခြင်းတို့တွဲလျက် ဖြစ်ပေါ်နေလျင် ခေါင်းတခြမ်းကိုက် ရောဂါဟု သတ်မှတ်နိုင်သည် ။
ခေါင်းကိုက်သည်ဆိုရာတွင်
၁ ။ တဒုတ်ဒုတ် ကိုက်ခြင်း
၂။ ၄ နာရီမှ ၇၂ နာရီထိ ခေါင်းကိုက်ချိန်ကြာမြင့်ခြင်း
၃ ။ ခေါင်းတခြမ်းတွင်သာ ကိုက်ခြင်း
၎ ။ ပျို့အန်ခြင်း
၅ ။ ခေါင်းကိုက်ခြင်းသည် ထိုသူ၏ လူနေမှုဘဝ ကို အနှောက်အယှက် ဖြစ်အောင်ဆိုးခြင်း
ဤ အချက်များမှ အနည်းဆုံး လေးချက် ရှိလျင် ခေါင်းတခြမ်းကိုက်ရောဂါ ဖြစ်ရန် ၉၂ ရာခိုင်နှုန်း သေချာသည် ။
ဤ အချက်များမှ သုံးချက်အောက်လျော့နည်းလျင်မူ ခေါင်းတခြမ်းကိုက်ရောဂါ ဖြစ်ကြောင်း သေချာမှုမှာ ၁၇ ရာခိုင်နှုန်းသာ ရှိသည် ။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
ခေါင်းတခြမ်းကိုက်ရောဂါနှင့် ဆင်တူရိုးမှား ရောဂါ တချို့မှာ -
– ဦးနှောက်ဘေးခြမ်းရှိ သွေးမျှင်များရောင်ရမ်းခြင်း ( အသက်ငါးဆယ်ကျော်များတွင် ဖြစ်တတ်ပြီး ခေါင်းအရေပြားများ အထိမခံနိုင်ခြင်း )
– မျက်လုံးအိမ်တဝိုက်တွင် အဓိက ကိုက်လေ့ရှိသော အာရုံကြောအစုကိုက်ခဲခြင်း ( မျက်ရည်ကျခြင်း ၊ နှာခေါင်းတဖက်ပိတ်ခြင်း ၊ မျက်လုံးအိမ် တဝိုက်တွင် ရောင်ရမ်းခြင်းများ တွဲဖြစ်လေ့ရှိ )
– မျက်စိရေတိမ်ရောဂါ ( အမြင်အာရုံ ဝေဝါးခြင်း ၊ ပျို့အန်တတ်ခြင်း တို့တွဲဖြစ်လေ့ရှိ )
– ဦးနှောက်အမြေးရောင် ရောဂါ ( ခေါင်းကိုက်ခြင်း ၊ အဖျားသွေးရှိခြင်း )
– ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်း ( ခေါင်းကိုက်ခြင်း အလျင်အမြန် ဆိုးလာတတ် )စသည်တို့ကိုလည်း ခွဲခြားသိရပေမည် ။
ခေါင်းတခြမ်းကိုက်ခြင်းကို ဆေး ၊ အဟာရဖြည့်တင်းခြင်း ၊ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း ၊ ခွဲစိတ်ခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ကုသလေ့ရှိကြသည် ။
ကာကွယ်သည်ဆိုရာတွင် ဖြစ်ပွားမှု အကြိမ်ကို လျော့နည်းစေခြင်း ၊ အကိုက်အခဲ ပျောက်ဆေး သုံးစွဲမှု လွန်ကဲ သောကြောင့် ခေါင်းကိုက်တတ်ခြင်း တို့ကိုလျော့နည်းစေရန်ဖြစ်သည် ။
နေထိုင်မှု ပုံစံပြောင်းလဲရမည်ဆိုရာတွင်
– အချိန်မှန် စောစောအိပ်ခြင်း ၊ အချိန်မှန်စောစောထခြင်း တို့ပြုလုပ်ရမည်ဖြစ်ပြီး ရုံးပိတ်ရက်များတွင်လည်း အချိန်မှန်စွာ အိပ်စက် နိုးထ ရမည်ဖြစ်သည်
– လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း ..ကိုယ်လက်လှုပ်ရှားမှုကြောင့် ခေါင်းကိုက်ခြင်း ပိုဆိုးလာတတ်သည် ဆိုသော်လည်း အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ခြင်းသည် ခေါင်းကိုက်ခြင်း သက်သာစေသည်ကို တွေ့ရသည် ။
– အစာကို အချိန်မှန်စားသောက်ခြင်း
– ရေများများသောက်ခြင်း
– လမ်းအနည်းငယ် လျောက်ရှိခြင်း
– စိတ်ငြိမ်းအေး စေသော သီချင်းများ နားထောင်ခြင်း
– တရားထိုင်ခြင်း
စသည်တို့သည် လည်း ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်သည် ။
ဆေးဝါးအနေဖြင့်မူ
– အတက်ကျဆေး တချို့ပေးခြင်း
– beta blocker ဆေးများပေးခြင်း
– Triptan ဆေးကို ရာသီသွေးပေါ်ချိန် နှင့် ခေါင်းတခြမ်းကိုက် ရောဂါ ဆက်စပ်နေသူများတွင်ပေးခြင်း
– Botulinum toxin ကိုထိုးသွင်းပေး ခြင်းတို့ဖြင့် ကုသလေ့ရှိကြသည်
==============
Tha Tin Zone
No comments:
Post a Comment