Wednesday, June 13, 2012

ဝေမျှချင်တဲ့ လိပ်စာလေးများ


ကျွန်တော်က အစားအသောက်တော်တော်မက်ပါတယ်။ နေရာဒေသတစ်ခုရောက်ပြီဆိုရင် ဒေသအစားအစာတွေကို တမက်တမော မြည်းစမ်းစားသုံးတတ်ပါတယ်။ ကိုယ့်ဒေသအစားအစာတွေကို တနယ်ခြားရောက်တော့လည်း တမ်းတနေ တုန်းပါ။ အခု ဆိုင်ကြော်ငြာလေးတွေတွေ့တော့ သွားစားသောက်ကြည့်ရမှာ တကယ်အရသာရှိပြီး ကျေနပ်ခဲ့ရတာကြောင့် သူတို့ဆိုင်လိပ်စာလေးတွေကို ကြေငြာပေးပါရစေ။ သန့်ရှင်းတယ် လတ်ဆတ်တယ် ၀န်ဆောင်မှုကောင်းရမယ် ဟုတ် တယ်ဟုတ်။ ကိုယ့်လိုပဲ တခြားသော သူငယ်ချင်းတို့လည်း ကိုယ့်ဒေသကို အလွမ်းပြေစေမယ့် အစားအသောက်လေး တွေစားသောက်စေချင်တဲ့စေတနာလည်းပါပါတယ်ဗျ။

(1)မလိခူးလက်ရာ

ကချင်ရိုးရာ ထမင်းဟင်းလျာကောင်းကောင်းလေးတွေ မြည်းစမ်းစားသောက်နိုင်မယ်၊ ပြီးတော့ ဗန်းမော်မျှစ်ချဉ်ခေါက်ဆွဲ လိုမျိုး ရိုးရာအစားအစာတွေစားသောက်နိုင်မယ့် မလိခူးဆိုင်လေးကို ကရ၀ိတ်ဥယျာဉ်မှာ ဖွင့်လှစ်လိုက်ပြီနော်။

ရှတ်ဂျမ်(ရိုးရာထမင်း)၊ ပုဇွန်ကချင်ချက်၊ ငှက်ပျောဖူးထောင်း၊ သီးရွက်စုံချက် (စီပါ)၊ တောင်ယာပဲဟင်းချို၊ ဗန်းမော်ငါးမျှစ်ချဉ်ခေါက်ဆွဲ၊ နံကင်ဆီချက်၊ အမဲလုံးမြီးရှည်၊ ကော်ရည်ခေါက်ဆွဲ၊ တိုဟူးနွေး၊ ကိုဖထော(ကရင်မုန့်ဟင်းခါး)၊ ငါးပေါင်းထုပ်၊ ပန်းဥငါးခြောက်ထောင်း၊ ၀က်ခြေထောက်ချဉ်စော်ခါးသီး၊ စါ့ပီ

ကဲဘယ်လိုလဲ စုံတယ်နော်....သွားစားကြရအောင်။

မလိခူး (R-7)၊ ကရ၀ိတ်ဥယျာဉ်၊ ဖုန်း - ၀၉-၄၉၂၉၅၀၈၀၊ ၀၉-၅၀၀၇၆၄၇

(2) မိုးကုတ်က တို့ဟူးနွေးဆို ကျွန်တော်အမြဲတမ်းစားချင်နေတဲ့ မနက်ခင်းအစား အစာပါ။ သဘာဝတို့ဟူးအနံ့လေးသင်းနေ တဲ့ အရသာက လျှာပေါ်မှာတော်တော်ကောင်းပါတယ် ခံစားရတာ။ အခု (မိုးကုတ်) ဒေါ်ရှန်က မိုးကုတ်မြို့မှာသာမက မန္တလေးမြို့၊ ရန်ကုန်မြို့တွေမှာပါ ဆိုင်ခွဲတွေဖွင့်လိုက်ပါပြီ။

မိုးကုတ်အစားအစာများ၊ မိုးကုတ်ထမင်းဟင်းမျိုးစုံ၊ မိုးကုတ်ထမင်းပေါင်း၊ လက်ဖက်ရည်နှင့် ဖျော်ရည်များသာမက ပဲဆီစစ် စစ်၊ သဘာဝဂျုံသား (Colour) ဆိုးဆေးမပါ၊ အထားခံ (မှိုမတက်ဆေးမပါ) တကယ့်လတ်ဆတ်သောဂျုံခေါက်ဆွဲ ဆီချက်၊ မြီးရှည် ကိုလည်းအရသာရှိရှိစားသောက်နိုင်ပါသတဲ့နော်။

(မိုးကုတ်) ဒေါ်ရှန်
မြီးရှည်၊ ဂျုံဆီချက်၊ ဒံပေါက်

ဆိုင်ဖွင့်ချိန် - နေ့စဉ် နံနက် ၆နာရီမှ ည၈နာရီထိ

ပင်ရင်း - ဈေးဟောင်းရပ်၊ မိုးကုတ်မြို့။ ဖုန်း-၀၈၆-၂၀၁၂၃

မန္တလေး - Diamond Plaza အရှေ့မြောက်ဘက်၊ အမှတ် (၂၀၁)၊၇၇လမ်း၊နှင့် ၃၃လမ်းထောင့်၊ မန္တလေးမြို့။ ဖုန်း - ၀၉-၄၇၁၄၁၄၆၅၊ ၀၂-၇၃၄၁၂

ရန်ကုန် - အမှတ်(၄) ၀င်္ကဘာလမ်း၊ ဂျပန်သံရုံး(အနီး)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉-၇၃၀၆၅၀၁၈

(3) Korea City – Food & Drinks
Bi Bim Bab (ကိုရီးယား မြေအိုးထမင်းသုတ်)၊ Kim Bab (ကိုရီးယား ရေညှိထမင်းလိပ်)၊ Jja Jang Myun (ကိုရီးယားပဲခေါက်ဆွဲ)၊ Ddeuk Bboki (တော့ဘူကီနှင့် အခြားဟင်းပွဲများစွာ) တို့ကို ကိုရီးယားလူမျိုးတွေချက်တဲ့အရသာအတိုင်း စားချင်တယ်ဆိုရင် တော်ဝင် စင်တာ ပထမထပ်က Korea City ကိုသွားစားကြရအောင်လေ။ ကောင်းတယ်ဟုတ်။ ဘေးမှာက Cafe Aroma လည်းရှိတော့ ကော်ဖီ ဆိုင်ကိုလည်း ကူးလို့ရသေး။ 

No.2001,2001-A, 2001-C, Level-1 , Taw Win Centre,
Pyay Road, Dagon Township, Yangon.
Ph: 8600111 (Ext:2001)

(4) ရန်ကုန်မြို့ကြီးက အတော်တော့ စားသောက်ဆိုင်ပေါများတဲ့ မြို့ကြီးပဲနော်။ လူမျိုးစုံ နိုင်ငံတကာစုံရဲ့ အစားအသောက်အတော်များများကို စားသောက်နိုင်တယ်လေ။ ကျွန်တော်ကတော့ ရှမ်းတရုတ်အစားအစာတွေရဲ့ ချက်ပြုတ်ပုံကို အာတွေ့ပါတယ်။ ဒါပေမဲ့တစ်ခါတလေ တော့ ထိုင်းအစားအစာများကို ကြိုက်နှစ်သက်ရဲ့လေ။ 

သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့ Monsoon ဆိုင်လေးကိုရောက်သွားတော့ ငြိမ့်ငြောင်း တဲ့ ဂီတသံသဲ့သဲ့လေးနဲ့ သန့်ရှင်းသပ်ရပ်တဲ့အပြင်အဆင်များကြောင့် လူကိုကျေနပ်စေသလိုပါပဲ။ ကျွန်တော်ကတော့ ကမ္ဘောဒီးယား ခေါက်ဆွဲတစ်မျိုးကိုစားပြီး ဂျင်းနဲ့မုန်လာဦနီကိုရောစပ်ဖျော်ထားတဲ့ ဖျော်ရည်ကို အရသာခံခဲ့ပါတယ်။ 

ဈေးနှုန်းကလည်း ရရှိတဲ့အရည်အသွေးနဲ့စာရင် မများသောနှုန်းများလို့ဆိုနိုင်ပါရဲ့။ သူငယ်ချင်းတွေစုပြီး သွားစားချင်ရင်ဖြစ်ဖြစ် အရှေ့ အာရှအစားအစာတွေကိုမြည်းစမ်းကြည့်ချင်ရင်ပဲဖြစ်ဖြစ်သွားကြည့်ကြည့်ကြပါလား။ 

Monsoon (Restaurant & Bar)
The taste of – Myanmar, Thailand, Vietnam, Combodia, Laos
Juices, Smoothies, Coffee, Tea, Wine & Cocktails
85-87, Theinphyu Road, Botataung Tsp., Yangon, Myanmar.
Tel:/Fax: +951-295224,705063 Mobile: +959-5015653
Email: monsoon-ygn@myanmar.com.mm
Website: http://www.monsoonmyanmar.com

(5) ကျွန်တော်ငယ်ငယ်ကတည်းက ရှမ်းလူမျိုးတို့ တရုတ်လူမျိုးတို့ကြားမှာအနေများခဲ့တာကြောင့်လားတော့မသိဘူး။ ရှမ်းစာ တရုတ်စာ တွေကို တော်တော်ကြိုက်ပါတယ်။ အရသာထူးပြီး အဆီမများတဲ့ချက်ပြုတ်နည်းပုံစံလေးတွေကိုပေါ့နော်။ အခု ထိုင်ဝမ်ရိုးရာအစားအစာများကိုချက်ပြုတ်ရောင်းချနေတဲ့ လှလှပပဆိုင်ကလေးတစ်ခုကိုမိတ်ဆက်ပေးပါ့မယ်။ နာမည်က ice house (Taiwan Tradition Foods) ပါတဲ့။ အစားအစာကတော့မျိုးစုံလှပါတယ်ရတာက။ ကျွန်တော် စနေနေ့တိုင်းစားနေကျ (ကြက်၊၀က်) ငရုတ်ကောင်းထမင်းမွှေးလိုမျိုး ထိုင်ဝမ်အမဲသားခေါက်ဆွဲပြုတ်လိုမျိုးတွေကို အရသာရှိရှိစားနိုင်တယ်။ သဘာဝလက်ဖက်ရည်ကြမ်း Tea အမျိုးမျိုးကိုလည်းမြည်းစမ်းနိုင်တယ်။ ပြီးတော့ ice-shaving လိုအအေးမျိုးစုံကိုလည်း အရသာရှိစွာသုံးဆောင်နိုင်ပါသေးတယ်။ ရရှိတဲ့ ဟင်းအမယ်တွေကအတော်များတာဆိုတော့ ညွှန်းဆိုမနေတော့ပါဘူး လက်တွေ့သွားစားကြည့်လိုက်နော်..။ 

ice house – No.(42-D), Pan Tra Street, Dagon Township, Yangon. Myanmar. Phone: 01-375901

(6) ရန်ကုန်ရောက်တော့ သူငယ်ချင်းလည်းဖြစ် အကိုလိုခင်တဲ့သူလည်းဖြစ်တဲ့ မိတ်ဆွေတစ်ယောက်က ထိုင်းရိုးရာအစားအစာကိုလိုက် ကျွေးပါတယ်။ အရင် မစားဖူးခင်ကတော့ ထိုင်းစာဆိုရင် အချိုတွေများတယ်လို့ထင်ပေမယ့် စားသောက်ပြီးချိန်မှာ အတော့်ကို နှစ်သက်မိပါတယ်။ အခုကျွန်တော်ပြောပြမယ့် ဘားကတော့ ပုံမှန်သွားလေ့ရှိတဲ့ဆိုင်မဟုတ်ပါဘူး။ သူငယ်ချင်းလိုက်ပို့လို့ရောက် ရခြင်းပါ။ အပြင်အဆင်ခပ်မိုက်မိုက် အဆင့်အတန်းရှိရှိ ကိုယ့်မိတ်ဆွေတွေကို ဧည့်ခံနိုင်မယ့်နေရာ၊ သန့်ရှင်းအရသာရှိတဲ့အစား အစာတွေကို စားသောက်နိုင်မယ့်နေရာလေးပါ။ ဘီယာလေးမော့လိုက် ၀က်ဂုတ်သားကင်ကိုစားလိုက်..ကြက်ကျော်ကိုမြှုံ့လိုက် အိုကေနေတာပဲ။ 

သဘောင်္သီးထောင်း....စတော်ဘယ်ရီရှိတ်တို့လိုအရာတွေလည်း ရပါသေးတယ်။ 

သူက ကမ္ဘာအေးလမ်းပေါ်က Micasa Hotel ရဲ့မျက်စောင်းထိုးလမ်းထဲက Kan Yaik Thar လမ်းမှာရှိပါတယ်။ ကဲပါ သွားစားကြည့် လိုက်ပါ...နှစ်သက်ဖွယ်နေရာလေးပါပဲ။ 

Chew Q – Bar and Thai Restaurant
Open daily – 10:00 am – 12:00pm
11(A), Kan Yaik Thar Road, Mayan Gone, Yangon, Myanmar, Tel: 095-01-664572/09-5415340

(7) Mister Snowice (Taiwan Snowice & Babble Tea)
ထိုင်ဝမ်အရသာ ရေခမုန့်မျိုးစုံနှင့် အစားအစားတွေရနိုင်တဲ့ ဆိုင်လေးတစ်ခုကို ညွှန်းဆိုချင်ပါတယ်။ အဲဒီဆိုင်လေးက ထိုင်ဝမ်နှင့် ဟောင်ကောင်မှာ ဆိုင်ခွဲတွေဖွင့်လှစ်ထားရှိပြီး ထိုင်ဝမ်နည်းစနစ်အား ၁၀၀%အသုံးပြု၍ မြန်မာနိုင်ငံတွင် ပထမဆုံးဆိုင်ခွဲအဖြစ် ဖွင့်လှစ် ရောင်းချပေးထားတာပါ။ နာမည်လေးတွေပေးထားတာကလည်း လှပါတယ်။

သရက်သီးနှင်းတောင်၊ နို့စတော်နှင်းတောင်၊ မြေပဲ နှင်းတောင်၊ ချောကလက်နှင်းတောင်၊ နို့ချောကလက်နှင်းတောင် စသဖြင့်ပေါ့။ကျွန်တော်ကတော့ ဂျပန်လက်ဖက်စိမ်းနှင်းတောင် ဆိုတာလေးကို ခံတွင်းတွေ့မိပါတယ်။

မကြာခင်ကာလမှာ ပူအိုက်တဲ့ နွေရာသီကိုဖြတ်သန်းရတော့မှာဆိုတော့ သူငယ်ချင်းတို့တွေ အေးအေးသက်သာနဲ့ အရသာရှိတဲ့ အစားအစာလေးတွေစားရင်အပန်းဖြေနိုင်အောင် ပြန်လည်ပြောပြလိုက်ခြင်းပါပဲနော်။

Mister Snowice (Taiwan Snowice & Babble Tea)
အမှတ် (၂၃-စီ)၊ မြေညီထပ်၊ န၀ဒေးလမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (အ.ထ.က ၁ ဒဂုံကျောင်းအနီး) ဖုန်း - ၀၉-၅၁၇၇၃၀၃၊၀၉-၇၃၁၉၉၁၃၆

No comments: