Wednesday, June 13, 2012

အမြတ်အပေးထူးတစ်ရပ်နဲ့ အမြတ်ကျေးဇူးဆပ်မယ်


မဂ်ဖိုလ်ရဖို့
အနီးကပ်ဆုံးအလုပ်က
ဝိပဿနာအလုပ်ဖြစ်တဲ့အတွက်
မိဘကို
ဝိပဿနာအလုပ်အားထုတ်ဖြစ်အောင်
ဖန်တီးပေးခြင်း၊

ဝိပဿနာစာအုပ်
ဝိပဿနာတိပ်ခွေများ
လှူဒါန်းခြင်း၊

ဝိပဿနာရဲ့
အခြံအရံ အထောက်အပံ့ဖြစ်တဲ့
ကုသိုလ်ကောင်းမှုတွေ
ပြုလုပ်နိုင်အောင်ကူညီပေးခြင်း၊

ဘာကုသိုလ်ပဲပြုပြု
နိဗ္ဗာန်ကိုဦးတည်ပြီးပဲပြုဖို့
တိုက်တွန်းပေးခြင်း၊

ကိုယ့်ကြောင့် မိဘရဲ့
ဝိပဿနာအားထုတ်မှု
အနှောင့်အယှက် မဖြစ်အောင်
အရာရာ သတိပြုနေထိုင်ခြင်းတို့ဖြင့်သာ
မိဘကျေးဇူးကို
အကျေဆပ်နိုင်ပါလိမ့်မယ်။
အရှင်ဆန္ဒာဓိက

စာကြွင်း၊  စိတ်အားဖြည့် ဓမ္မပန်းပွင့် - အရှင်ဆန္ဒာဓိက စာအုပ်ငယ်လေးမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

No comments: