Monday, June 11, 2012

အခြေခံလေးတွေ.....


ဆွေမျိုးသင်္ဂဟနဲ့ပတ်သက်ပြီး မြတ်စွာဘုရားရဲ့ ဆွေတော်မျိုးတော်စဉ်အကြောင်း မြတ်စွာဘရား၏ ဖွားဖက်တော် ၇ဦးတို့ကို ဝေငှပါဦးမယ်။

မြတ်စွာဘုရား၏ ဆွေတော်မျိုးတော်စဉ်

ကပိလ၀တ်ပြည်သီဟဟနူမင်းနှင့် ကဉ္စနာမိဖုရားတို့ စုံဖက်ရာတွင် - သုဒ္ဓေါဒန၊ ဓောတောဒန၊ သက္ကောဒန၊ သုက္ကောဒန၊ အမိတောဒန၊ အမိတ္တာမင်းသမီး၊ ပါလိတာမင်းသမီး ဟူ၍ သားတော် ၅ပါး၊ သမီးတော် ၂ပါးဖွားမြင်သည်။

ဒေ၀ဒဟပြည် အဉ္ဇနမင်းနှင့် ယသော်ဓရာမိဖုရားတို့ စုံဖက်ရာတွင် - ဒဏ္ဍပါဏီ၊ သုပ္ပဗုဒ္ဓ၊ သီရိမဟာမာယာမင်းသမီး၊ ပဇာပတိဂေါတမီ မင်းသမီးဟူ၍ သားတော် ၂ပါးနှင့် သမီးတော် ၂ပါးဖွားမြင်သည်။

သုဒ္ဓေါဒနာမင်းနှင့် သီရိမဟာမာယာမိဖုရားတို့ စုံဖက်ရာတွင် - ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်သည်။

သုဒ္ဓေါဒနမင်းနှင့် ပဇာပတိဂေါတမီမိဖုရားတို့ စုံဖက်ရာတွင် နန္ဒမင်းသားနှင့် ရူပနန္ဒာမင်းသမီးတို့ဖွားမြင်သည်။

သုပ္ပဗုဒ္ဓမင်းနှင့် အမိတ္တာမိဖုရားတို့ စုံဖက်ရာတွင် - ဒေ၀ဒတ်နှင့် ဘဒ္ဒကဉ္စနာ (ယသော်ဓရာ)တို့ ဖွားမြင်သည်။

သိဒ္ဓတ္ထမင်းသားနှင့် ယသော်ဓရာမင်းသမီးတို့ စုံဖက်ရာတွင် - သားတော် ရာဟုလာကို ဖွားမြင်သည်။

သုက္ကောဒနမင်း၏ သားတော် အနုရုဒ္ဓါ။

အမိတောဒန၏ သားတော်အာနန္ဒာ(ညီတော် အာနန္ဒာ)။

အနုရုဒ္ဓါနှင့် အာနန္ဒာတို့သည် မြတ်စွာဘုရား၏ ဘထွေးတော်များမှ မွေးဖွားသော ညီအစ်ကို တစ်ဝမ်းကွဲများဖြစ်သည်။
နန္ဒမင်းမှာ မိထွေးတော်ဂေါတမီမှ မွေးဖွားသော အဖေတူအမေကွဲညီအစ်ကို ဖြစ်သည်။

မြတ်စွာဘုရား၏ ဖွားဖက်တော် ၇ဦး

ဘုရားလောင်းကို ဖွားမြင်သောအချိန်၌ပင် မဟာမာယာဒေ၀ီ မောင်တော်သုပ္ပဗုဒ္ဓ၏မိဖုရားအမိတ္တာတွင် -

(၁) ဘဒ္ဒကဉ္စနာ (ယသော်ဓရာ) ကိုဖွားမြင်သည်။

(၂) အာနန္ဒာကို အမိတောဒနတွင် ဖွားမြင်သည်။

(၃) ဆန္န အမတ်၊

(၄) ကာဠုဒါယီ၊

(၅) ကဏ္ဍက မြင်းတို့လည်း ဖွားမြင်သည်။

(၆) မဇ္ဈိမဒေသတွင် ပင်စည် လုံးပတ် ၃၂တောင်၊ အမြင့်အတောင် ၁၀၀၊ ခက်မ ၅ဖြာရှိသည့် ဗောဓိညောင်ပင်လည်း ပေါ်ပေါက်လာ သည်။

(၇) နန်းတော်အတွင်း သင်္ခ-ဇလ-ဥပ္ပလ-ပဏ္ဍရီက မည်သောရွှေအိုးကြီး ၄လုံးလည်း ပေါ်ပေါက်သည်။

စာကြွင်း။  ။ ဆက်လက်ဝှေငှပါဦးမည်။

No comments: