Wednesday, June 20, 2012

အခွံတွေရဲ့အသုံးဝင်ပုံ


အသီးတွေနဲ့အရွက်တွေရဲ့ အခွံတွေဟာ အနာရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ တန်ဖိုးရှိပစ္စည်းလေးတွေဖြစ်နေပါတယ်။ ဒါကြောင့် အခွံတွေဆိုပြီး လွှင့်မပစ်ဘဲ အလေအလွင့်မရှိအောင် အသုံးပြုကာ စွမ်းအားရှိ အဟာရဓာတ်တွေကို ရယူလိုက်ပါ။

ကီဝီသီးခွံ
ကီဝီသီးခွံတွေဟာ ဗီတာမင်E ကြွယ်ဝပြီး အနာရောဂါကို တိုက်ဖျက်နိုင်တဲ့ Flavonoid တွေပါဝင်ပါတယ်။ ဒါကြောင့် Smoothie ဖျော် တဲ့အခါမှာ ထည့်သွင်းအသုံးပြုပါ။ ကီဝီသီးကို အခွံမနွှာပါနဲ့။ အလုံးလိုက် ရေစင်အောင်ဆေးပြီး စတော်ဘယ်ရီအနည်းငယ်၊ လိမ္မော်ရည် တစ်ခွက်၊ ဒိန်ချဉ်သန့်သန့်တစ်ခွက်တို့နဲ့ ရောနှောကာ Smoothie ပြုလုပ်နိုင်ပါတယ်။

ဘရိုကိုလီအရိုး
ဘရိုကိုလီရိုးတံတစ်ခုမှာ ဗီတာမင်C ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဘရိုကိုလီရုံးတံတွေကို အရွယ်အစား သေးသေးလှီးပြီး ကညွတ် ကဲ့သို့သော အသီးအရွက်တွေနဲ့ ရောနှောကာ မွှေကြော်ကြော်ပြီး စားသုံးနိုင်ပါတယ်။

အာလူးခွံ
အာလူးခွံရဲ့အသားထဲမှာ ဆာလောင်မှုကို နှိမ်နင်းပေးနိုင်တဲ့ အမျှင်ဓာတ်တွေ ရှိနေပါတယ်။ ဒါကြောင့် အာလူးခွံတွေကို ကြွပ်ကြွပ်ရွရွှ ၀ါးစားလို့ရအောင် ပြင်ဆင်နိုင်ပါတယ်။ ခဲစက္ကူပေါ်မှာ အာလူးခွံတွေကို ဖြန့်ကျဲပါ။ ဆီအနည်းငယ်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကိုဖြူးပါ။ မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး (၄၀၀)ဒီဂရီဖာရင်ဟိုက်ထားကာ (၁၀)မိနစ်မှ (၁၅)မိနစ်ခန့်ဖုတ်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ အဟာရဓာတ် ပြည့်ဝပြီး စားလို့ကောင်းတဲ့ အာလူးခွံကြွပ်ကြွပ်ရွရွလေးကို ရပြီပေါ့။

လိမ္မော်ခွံ
အရေပြားကင်ဆာကို တိုက်ဖျက်နိုင်တဲ့ D-Limonene Compund ပါဝင်တဲ့ လိမ္မော်သီးခွံဟာ တန်ဖိုးရှိလှပါတယ်။ ဒါကြောင့် လိမ္မော်ခွံတွေ ကို ရိပ်ရိပ်လေးလှီးပြီး ပဲစိမ်း၊ ခရမ်းချဉ်သီး၊ ရသာမှုန့်တို့ရောနှောကာ အတို့အမြှုပ်တစ်မျိုးအနေနဲ့ စားသုံးနိုင်ပါတယ်။

ပန်းသီးခွံ
ပန်းသီးခွံမှာ ကင်ဆာကိုတိုက်ဖျက်နိုင်စွမ်းရှိတဲ့ Quercetin လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုး ပါဝင်ပါတယ်။ ဒါကြောင့် ပန်းသီးခွံ တွေကို လွှင့်မပစ်ဘဲ အစေ့အဆန်တွေနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်အချပ်တွေကြားမှာ ညှပ်ပြီးစားသုံးနိုင်ပါတယ်။ ပေါင်မုန့်ကို ချိစ်သုတ်ပြီး မီးကင်ချိန်မှာ ပန်းသီးခွံကိုဖြူးပြီး ချိစ်တွေ ပွက်လာတဲ့အထိထားကာ စားသုံးနိုင်ပါတယ်။

မုန်လာဥနီခွံ
မုန်လာဥနီအခွံမှာ မျက်လုံး၊အရေပြားနဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အကျိုးပြုတဲ့ Beta-Carotene အပြည့်အ၀ပါဝင်ပါတယ်။ ဒါကြောင့် အမျှင်လေးတွေဖြစ်အောင် ပြုလုပ်ထားတဲ့ မုန်လာဥနီနဲ့ မုန်လာဥနီအခွံတွေကို ရောနှောကာ အသား၊ ဘာဂါတို့ စားသုံးရာမှာ ထည့်သွင်း စားသုံးနိုင်ပါတယ်။

Credit: Fashion IMAGE Magazine – Feb 2012

No comments: