Thursday, June 28, 2012

သတင်းလေးနှစ်ခု...


ဦးကျော်လှအောင်နှင့် ပတ်သက်၍ နယ်စည်းမထား ဆရာဝန်များ အဖွဲ့ရှင်းလင်း

ရန်ကုန်၊ ဇွန်-၁၈ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MEDECINS SANS FRONTIERES
-HOLLAND (AZG)) မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်သည်ရခိုင်ပြည်နယ်အတွင်း၌ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည်ဟူသောသတင်းများနှင့်ပတ်သက်၍ AZG မှ ရှင်းလင်းပွဲတစ်ရပ် ဇွန် ၁၇ ရက်
ယနေ့တွင်ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာမှ AZG ရှိ ရုံးခန်းများနှင့်ဂိုဒေါင်များအားကောင်းမွန်စွာဝင်ရောက်ရှာဖွေခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ပြီးမသင်္ကာဖွယ်ရာ တစ်စုံတစ်ရာတွေ့ရှိခဲ့ခြင်းမရှိခဲ့ကြောင်း AZG မှဒုတိယဌာနေကိုယ်စားလှယ် Ms. Vickie Hawkins က ရှင်းလင်းပွဲတွင်ပြောသည်။ AZG မှဝန်ထမ်းများသည် မိမိတို့ စီမံကိန်းများ လုပ်ကိုင်လျက်ရှိရာ နိုင်ငံများ၏
ဥပဒေများအား လိုက်နာဆောင်ရွက်ရပြီး AZG မှလည်း လိုက်နာရမည့်စည်းကမ်းချက်များအား လက်မှတ်ရေးထိုး ထားစေကြောင်းသိရသည်။ အကယ်၍ဖောက်ဖျက်ခဲ့ပါက စည်းမျဉ်းအတိုင်း အရေးယူမည်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် ဦးကျော်လှအောင်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှခေါ်ယူစစ်ဆေးသည်မှာမှန်သော်လည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုရှိသည်မရှိသည်ကို အတည်ပြုပြောကြားခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
ဦးကျော်လှအောင်သည် AZG ၏ စီမံရေးရာဌာနတွင် အလုပ်လုပ်လျက်ရှိသောဝန်ထမ်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်နေထိုင်သည့်မွတ်စလင်လူမျိုးတစ်ဦးဖြစ်ကာ AZG တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၀ နှစ်ခန့်
ရှိပြီဖြစ်ကြောင်း AZG မှ အတည်ပြုပြောကြားသည်။


အာရှမှာ မူးယစ်ဆေး ထုတ်လုပ် သုံးစွဲမှု ပြန်မြင့်တက်

ATS လို့ ခေါ်တဲ့ amphetamine အမျိုးအစား စိတ်ကြွဆေးပြား မှောင်ခိုရောင်းဝယ်မှုနဲ့ သုံးစွဲမှုတိုးပွားလာတာ၊ တရားမ၀င် တားမြစ်ထားတဲ့ ဆေးဝါးထုတ်လုပ်မှုနဲ့ သုံးစွဲသူတွေများပြားလာတာဟာ အာရှဒေသအတွက် ကြီးမားလာတဲ့ ပြဿနာဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။
အထူးသဖြင့် တရုတ်နဲ့အရှေ့တောင် အာရှနိုင်ငံတွေမှာ ဒါတွေက ခေတ်စားနေတယ်လို့ UNODC က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တကမ္ဘာလုံးမှာ ဘိန်းထုတ်လုပ်မှု တိုးမြင့်မလာအောင် ထိန်းထားနိုင်ပေမယ့် အာရှဒေသမှာတော့ ဘိန်းထုတ်လုပ်မှု မြင့်မား လာနေတယ်လို့ အဲ့ဒီ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဟောင်ကောင် အပါအ၀င် တရုတ်၊ မလေးရှားနဲ့ ဗီယက်နမ်တို့မှာ ဓာတုဗေဒနဲ့ ထုတ်ဖော်ထားတဲ့ ဆေးဝါးတွေ ကပ်တမင်းလို ဆရာဝန်ညွန်ကြားချက်နဲ့ ၀ယ်ယူရတဲ့ ဆေးဝါးသုံးစွဲမှုလည်း များလာတယ်လို့ အစီရင်ခံစာမှာ ပါပါတယ်။ ဘရူနိုင်း ဂျပန် ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ မက်သာဖက်တမင်းဆေးသုံးစွဲမှု များပြား တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဘူတန်နဲ့ သီရိလင်္ကာ နိုင်ငံတွေမှာတော့ ဆေးခြောက် သုံးစွဲမှုနဲ့ ATS ဆေးပြားသုံးစွဲမှု များပြားလာသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း မြို့ပြဒေသတွေမှာ များပြားလာနေတာပါ။ ဒါ့အပြင် မူးယစ်ဆေး ထိုးသွင်း သူ ဒေသထဲမှာ များလာတာမို့ AIDS ရောဂါဖြစ်ပွားနိုင်တဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တဲ့ အန္တရာယ်လည်း ပိုကြီးမားလာနိုင်ပါတယ်။
ဗီအိုအေအာရှမှာ မူးယစ်ဆေးထုတ်လုပ်သုံးစွဲမှု ပြန်မြင့်တက် 

No comments: