Wednesday, May 9, 2018

UN တွေလာပြန်ချေပြီ





United Nations ခေါ် UN ခေါ် ကုလသမဂ္ဂ တို့ မြန်မာနိုင်ငံသို့ရောက်လာကြပြန်ချေပြီ ။ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသော ကုလသမဂ္ဂ အဖွဲ့ကြီးတွင် အာဏာပိုင်သဖွယ်ဖြစ်သော လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံရှိသည် ။ ဗြိတိန် ၊ပြင်သစ် ၊ အမေရိကန်ပြည်ထောင်စု ၊ ရုရှား၊တရုတ် ဟူသော စူပါပါဝါ (၅ )နိုင်ငံက သူမျာနိုင်ငံတွေပြောင်းသွားလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင် အဖြစ် အမြဲတမ်း ဒိုင်ခံပါနေသည် ။ ကျန်သော (၁၀)နိုင်ငံကတော့ အလှည့်ကျ ပါဝင်ရသည် ။ အလှည့်ကျ ၁၀ နိုင်ငံ + အမြဲတမ်း ၅ နိုင်ငံ = လုံခြုံရေးကောင်စီဖြစ်သည် ။ ပြောရလျှင် ကုလသမဂ္ဂသည် စဖွဲ့ကတည်းက ဒီမိုကရေစီဆန်သည်မဟုတ် ။ အင်အားသည်သာအမှန်တရားဆိုသော လူမိုက်ဆန်ဆန်မူဝါဒအရ နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံကြီးငါးနိုင်ငံကို ပစားပေးပြီး UN အဖွဲ့ ကြီးကိုစဖွဲ့ခဲ့သည် ။ ထိုအင်အားကြီးငါးနိုင်ငံသည် လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ရုံသာမဟုတ်သေး ၊ မိမိတနိုင်ငံကသဘောမတူလျှင် ဆုံးဖြတ်ချက်ကို ဗီတိုအာဏာဖြင့် ပယ်ချခွင့်ရှိသော လုပ်ပိုင်ခွင့်ကိုလည်းရရှိထားသေးသည် ။ ထို့ကြောင့် လုံခြုံရေးကောင်စီတွင် မဲခွဲသောအခါ ဆယ့်ငါးနိုင်ငံရှိသည့်အနက် ၁၄ မဲ ၁ မဲ ဖြင့် မဲပေးကြသည်ဖြစ်စေကာမူ ထိုကန့်ကွက်မဲ တမဲသည် ဗြိတိန် ၊ပြင်သစ် ၊ အမေရိကန် ၊တရုတ်၊ရုရှား တနိုင်ငံငံဖြစ်ခဲ့လျှင် ၁၄ နိုင်ငံသဘောတူသည့်တိုင်အောင် ကြီးငါးကြီး နိုင်ငံတခု၏ကန့်ကွက်မှုကြောင့် ဆုံးဖြတ်ချက်ဟူသမျှ ရေစုန်မျောရတော့သည် ။ ထို့ကြောင့် ကုလသမဂ္ဂသည် စတည်ကတည်းက ဒီမိုကရေစီ၏သဘောသရုပ်ကိုကျော်လွန်ဖွဲ့စည်းထားသော အာဏာရှင်အဖွဲ့အစည်းဖြစ်သည် ။ နျူကလီးယားလက်နက်ရှိမှ လူရာဝင်သည့်သဘောမျိုးဖြင့် UN ကိုစတင်ဖွဲ့စည်းခဲ့သောကြောင့် အိန္ဒိယ ၊ ပါကစ္စတန် ၊အစ္စရေး ၊မြောက်ကိုရီးယား တို့သည် နျူကလီးယားလက်နက်ကိုမဖြစ်မနေ ပိုင်ဆိုင် အောင်ကြိုးပမ်းအားထုတ်လာပေတော့သည် ။ ထိုနိုင်ငံများသည် ယခုအခါ အနုမြူလက်နက်ပိုင်ဆိုင်သော နိုင်ငံများဖြစ်လာနေသဖြင့် ကမ္ဘာကြီးသည် အပေါ်ယံကြောသူတော်ကောင်းတရားဟောနေစေကာမူ အစ္စရေးနိုင်ငံကကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ အစ္စလာမ်ဘာသာဝင်များအပေါ်တိုက်ခိုက်မှုများ ၊ သူတပါးပိုင်နက်နယ်မြေ သိမ်းပိုက်မှုများကို တင်းတင်းမာမာမပြောရဲပဲ နှာစေးနေကာ မြန်မာ ၊ဖိလစ်ပိုင် ၊ ဆီးရီးယား စသောနိုင်ငံများကိုမူ အသေးစိတ်လိုက်ကြည့်ကာ ရစရာမရှိအောင်ဝေဖန်နေကြခြင်းလည်းဖြစ်ပါသည် ။ ထို့ကြောင့် ကုလသမဂ္ဂသည်ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်စတင်ဖွဲ့စည်းခဲ့သော်လည်း စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက လူမိုက်အားကိုးပုံစံမျိုးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည် ။အင်အားသည်သာအမှန်တရား ပုံစံမျိုးဖြင့်ပေါ်ပေါက်လာခြင်းဖြစ်သည် ။

    ထိုသို့ဆိုလျှင် ကုလသမဂ္ဂကိုဆန့်ကျင်အံတုကာ နေရမည်လော ။ထိုသို့ လည်းမဟုတ်ပေ ။ ဤကမ္ဘာကြီးပေါ်တွင် မိမိနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဖြစ် ဖြစ်ကြောင်းကိုသက်သေပြရန်နှင့် နိုင်ငံတကာဥပဒေများကိုလေးစားလိုက်နာကြောင်းပြသရန် ၊ နိုင်ငံတကာဆက်ဆံရေးတွင်နောက်ကျမကျန်ရစ်စေရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ရှိနေဖို့ လိုအပ်ပေသည် ။ထို့ကြောင့် ကုလသမဂ္ဂနှင့်ဆက်၍နှစ်ပါးသွားကြရဦးမည်ဖြစ်သည် ။

    အချို့ကပြောကြသည်မှာ ဘင်္ဂလီပြသနာသည် ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်တို့ကိုဖိတ်ခေါ်ကာ ရွာလွန်ရွက်တိုက်သည့်သဖွယ် ပြည်ပအားကိုးကော်မရှင်ဖွဲ့သည့်အတွက် နိုင်ငံတကာပြသနာသဖွယ်ဖြစ်လာရသည်ဟု စွပ်စွဲကြသည်များလည်း ရှိသည် ။ထိုအဖြစ်သည်ဘာနှင့်တူသလဲဆိုလျှင် ဖက်ဆစ်ဂျပန်များ မြန်မာနိုင်ငံထဲဝင်လာရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းခေါ်လာလို့  ဟု ဂျပန်ဝင်ခြင်းအတွက် ဗိုလ်ချုပ်အောင်ဆန်းကိုအပြစ်ပုံချပုံနှင့်တူနေပေသေးသည် ။ထိုသူများသည် ကမ္ဘာ့သမိုင်း ၊ မြန်မာ့သမိုင်းကိုကျကျနန ဂဃနဏ မသိသဖြင့်ထိုသို့ပြောနေကြောင်းထင်ရှားသည် ။ မြန်မာ့သမိုင်းဝယ် ရဲဘော်သုံးကျိပ်ဆိုတာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ၊ ဗိုလ်ချုပ်အောင်ဆန်းက ခေါ်လာသည်ဖြစ်စေ ခေါ်မလာသည်ဖြစ်စေ ဂျပန်သည်မြန်မာနိုင်ငံကိုသိမ်းကိုသိမ်းပိုက်ဖို့စီမံကိန်းရှိထားပြီးသားဖြစ်သည် ။ ရဲဘော်သုံးကျိပ်နှင့်အတူ ဂျပန်တို့ဝင်လာ၍သာ မြန်မာပြည်ကြီးအပျက်အစီးသက်သာခြင်းဖြစ်ပေသည်။    မြန်မာပြည်ကိုဗြိတိသျှတို.လက်အောက်မှ ဂျပန်တို.သိမ်းယူရခြင်းတွင်အကြောင်းပြချက်နှစ်ရပ်ရှိပါသည် ။ ပထမအကြောင်းမှာတရုတ်နှင်.မြန်မာကြားဆက်သွယ်ထားသောအသက်သွေးကြောပမာအရေးပါလှသည်.တ ရုတ်ပြည်သို.ထောက်ပံ.ရေးလမ်းကြောင်းကြီးဖြစ်သည်. Burma Road  (ခေါ်) မြန်မာလမ်းမကြီးကို ဖြတ်တောက်ပစ်ရန်ဖြစ်သည်  ( ထိုလမ်းမကြီးသည် တရုတ်ပြည်အနောက်တောင်ဘက်  ယူနန်ပြည်နယ်၏မြို.တော် ကူမင်း နှင်. မြန်မာနိုင်ငံလားရှိုးမြို.ကို ဆက်သွယ်ထားသည်. ကီလိုမီတာ ၇၂၀ ရှည်လျားသောလမ်းမကြီးဖြစ်သည် ) ။ ဒုတိယအချက်မှာ ဂျပန်နိုင်ငံစက်မှုလုပ်ငန်းများအတွက်အရေးပါသော စက်မှုကုန်ကြမ်းများထွက်ရှိရာမြန်မာပြည်ကိုထိမ်းချုပ်နိုင်ရန်ဖြစ်သည် (ဥပမာ မော်ချီးသတ္တုတွင်းမှထွက်ရှိသောအဖြိုက်နက်များ ၊ ရေနံချောင်း မှထွက်ရှိသော ရေနံစိမ်းတို.ဖြစ်သည် ) ။ ထိုင်းမြန်မာနယ်စပ်တွင် မော်တော်ကားလမ်းဟူ၍ မယ်မယ်ရရမရှိခြင်း ၊ ရထားလမ်းဟူ၍လည်းမရှိခြင်းတို.ကြောင်. လက်နက်ခဲယမ်းယာဉ်ယန္တယားကြီးများ မြန်မာပြည်သို.သယ်လာရေးမှာ ဂျပန်တို.အတွက်လွယ်ကူလှသည်မဟုတ်ချေ ။သို.သော် ဂျပန်တို.သည် ထိုပထ၀ီအနေအထားအတွက်စိတ်မပျက်ခဲ.ကြ ။ တစ်ဖက်ကကြည်.လျင် ဗြိတိသျှတို.မှာလည်းမြန်မာပြည်ကိုကာကွယ်ရန် စစ်အင်အားအနည်းငယ်သာရှိသည် ။ ထို.ကြောင်.ရန်ကုန်မြို.ကိုသာ ဗြိတိသျှတို.လက်မှ သိမ်းနိုင်ပြီဆိုလျင် လိုအပ်သောစစ်လက်နက်နှင်. အကြီးစားယန္တယားကြီးများကို နောက်တော. ဂျပန်မှရန်ကုန်သို. ပင်လယ်ရေကြောင်းဖြင်. သယ်ယူနိုင်ပေသည်။

           မြန်မာပြည်သို.ဂျပန်တပ်များ စတင်ဝင်ရောက်လာသည်.အချိန်မှာ ၁၉၄၁ ဒီဇင်ဘာလ ၁၆ ရက်နေ.ဖြစ်သည် ။ မြန်မာပြည်တောင်ဘက်ဆုံး ၀ိတိုရိယအငူ ( ဘုရင်.နောင်အငူ ) နှင်. မြိတ်လေတပ်စခန်း များကို သိမ်းပိုက်ရန်ရည်၇ွယ်ချက်ဖြင်. ထိုင်းနိုင်ငံတောင်ပိုင်းမှ ချီတက်ဝင်ရောက်လာခဲ.ခြင်းဖြစ်သည် ။ သို့သော်ရဲဘော်သုံးကျိပ်နှင့်သော်၎င်း ၊ဗိုလ်ချုပ်အောင်ဆန်းနှင့်သော်၎င်း မဆက်သွယ်မိခင် ကာလ ၁၉၃၉ ခုနှစ်ကပင်ဂျပန်တပ်မတော်အရာရှိကြီးများသည် ထိုင်းနိုင်ငံနှင်.မြန်မာနိုင်ငံကိုဆက်သွယ်သောမီးရထားလမ်းဖောက်လုပ်ရန် စီမံကိန်း ဆွဲနေခဲ.ကြသည် ။ဖြစ်နိုင်ချေရှိသောနေရာငါးနေရာကို ကနဦး လေ.လာတွေ.ရှိခဲ.ကြသည်ဆို၏ ။ထိုအထဲကမှ လမ်းအူကြောင်းရှည်လျားသော်လည်း မြို.တော်ဘန်ကောက်မှရှိပြီးသားရထားလမ်းကို ကန်ချနာဘူရီဘက်မှ ကွေးမြစ်ဝှမ်းကိုဖြတ်၍ သံဖြူဇရပ်သို.ဖောက်မည်.လမ်းကြောင်းကိုအတည်ပြုရွေးချယ်ခဲ.ကြသည် ။ဤအချက်ကိုကြည့်ခြင်းဖြင့် ဂျပန်တို့ကိုဗိုလ်ချုပ်အောင်ဆန်းကခေါ်သည်ဖြစ်စေ မခေါ်သည်ဖြစ်စေ ၊ မြန်မာနိုင်ငံသို့ ဝင်လာမည်ဟုဆုံးဖြတ်ထားပြီးကြောင်း (မြန်မာကိုသိမ်းပြီး ထိုင်းမြန်မာမီးရထားလမ်းဖောက်လုပ်ရန်ပင် ၁၉၃၉ ခုနှစ်ကပင် စီမံကိန်းရေးဆွဲထားပြီးဖြစ်ကြောင်းကိုကြည့်ခြင်းဖြင့် ) သိနိုင်ပေ၏ ။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကြောင့် ဂျပန်များ မြန်မာပြည်တွင်းသို့ဝင်လာနိုင်ခြင်းဖြစ်သည်ဆိုသော အယူအဆအပြောအဆိုမှာ တက်တက်စင်အောင်လွဲမှား၏ ။

    တဖန် ဒေါ်အောင်ဆန်းစုကြည်ကြောင့် (ကိုဖီအာနန်ကော်မရှင်ကို နိုင်ငံခြားသားများနှင့် ဖွဲ့စည်းပေးခဲ့သောကြောင့် ) ရခိုင်ပြသနာသည် နိုင်ငံတကာပြသနာကြီးအဖြစ် ကြီးကျယ်သွားရခြင်းဖြစ်သည်ဆိုသော စွပ်စွဲချက်သည်လည်း ယုတ္တိယုတ္တာ ခိုင်မာမှုလုံးလုံးမရှိချေ ။ အင်္ဂလိပ်လိုပြောရလျှင် Aung San Su Kyi is the fruit of the problem but not a root of a problem ဟုပြောချင်သည် ။ ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂလီကိစ္စတွင် ပြသနာ၏အသီးအပွင့်သာဖြစ်သည် ၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ပြသနာ၏ အရင်းအမြစ်မဟုတ်ချေ ။ ပြသနာဆိုသော ရေသောက်မြစ်ကြီး ရှိနေသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘင်္ဂလီပြသနာဖြေရှင်းရန်ကြိုးပမ်းအားထုတ်မှု ၊ ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းမှု ဆိုသော အသီးအပွင့်များကိုမြင်ကြရခြင်းဖြစ်သည် ။ ပြသနာ၏ရေသောက်မြစ်ကား ကိုဖီအာနန်ကော်မရှင်လည်းမဟုတ် ၊ ဒေါ်အောင်ဆန်းစုကြည်လည်းမဟုတ် ၊ အနှစ်နှစ်အလအလ မြုံနေခဲ့သော ရခိုင်ဒေသမှ ဘင်္ဂလီပြသနာသာဖြစ်ပေတော့၏ ။ ထိုပြသနာသည်သမိုင်းကြောင်းနှင့်ချီ၍တည်ရှိခဲ့သည် ။ ရခိုင်ဘုရင်တို့လက်ထက်ကတည်းက မူဆလင်မင်းမှုထမ်းများ၊လေးသည်တော်များ ၊ ကြေးစားစစ်သားများကို လက်ခံမွေးထားခဲ့၏ ။ အင်္ဂလိပ်ခေတ်သို့ရောက်သောအခါ လုပ်ခလစာ ပေါပေါနှင့်ရသော ကြောင့် ဘင်္ဂလီပေါင်းများစွာကို မြန်မာနိုင်ငံအတွင်းသို့  လယ်ယာလုပ်ငန်းတွင်ခိုင်းစေရန် သွင်းလာခဲ့၏ ။၁၉၄၂ တွင် ဘင်္ဂလီများမှလက်နက်အင်အားလူအင်အားအလုံးအရင်းဖြင်. မောင်တောနှင်.ဗူးသီးတောင်မြို.နယ်များရှိ ရခိုင်တိုင်းရင်းသားကျေးရွာများကိုတိုက်ခိုက်သတ်ဖြတ်ဖျက်ဆီးပစ်ကာ ထိုတိုက်ခိုက်လုယက်ဖျက်ဆီးမှုကြောင်. ရခိုင်လူမျိုး  နှစ်သောင်းကျော် သေဆုံးခဲ.ရပြီး ရခိုင်ကျေးရွာပေါင်းများစွာ ဖျက်ဆီးခံခဲ.ရကာယခုအချိန်အထိ ပြန်လည်နာလန်မထူနိုင်တော.ပဲ ဘင်္ဂလီများကြီးစိုးရာ ဒေသဖြစ်သွားရသည်။

 ဦးနုလက်ထက်တွင် သန့်ရှင်းဖဆပလ ကို ထောက်ခံမဲရလိုဇောနှင့် ဘင်္ဂလီများကို နိုင်ငံသားပေး အသိအမှတ်ပြုခဲ့၏ ။ ။၁၉၈၈ တွင်လည်း လုံခြုံရေးအားနည်းနေမှုကိုအခွင်.ကောင်းယူကာ ဘင်္ဂလီများကမောင်တောမြို.အားသိမ်းယူရန်ကြိုးစားခဲ.ဖူးသည် ။ ဘင်္ဂလီအင်အားစုစုပေါင်း (၅၀,၀၀၀ ) ခန်.ရှိသော်လည်းရဲနှင်.လုံထိမ်းတပ်ရင်းတို.ကပြန်လည်ခုခံနိုင်ခဲ.သောကြောင်. ၎င်းတို.၏ကြိုးပန်းမှုမအောင်မြင်ခဲ.ပါ ။ ၁၉၉၈ ခုနှစ်တွင်လည်း ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ. ( RLO )သောင်းကျန်းသူအဖွဲ. ဦးဆောင်သော ဘင်္ဂလီအင်အား (၅၀၀၀ )ခန်.သည် မောင်တောမြို.သို.ရုတ်တရက်ဝင်ရောက်လာကာ ဗုဒ္စဘာသာဘုန်းကြီးကျောင်းများကိုဖျက်ဆီးခြင်း ၊ ဗုဒ္စဘာသာဝင်များနေထိုင်သော ရပ်ကွက်များကိုမီးရှို.ခြင်း ၊ရခိုင်လူမျိုးမှန်သမျှကိုသတ်ဖြတ်ပြီး မောင်တောမြို.ကိုသိမ်းပိုက်ရန်အပြင်းအထန်စီးနင်းတိုက်ခိုက်ခြင်းများကိုပြုလုပ်လာခဲ.ရာမြန်မာနိုင်ငံရဲတပ်ဖွဲ.မှု ပြန်လည်ခုခံတားဆီးကာကွယ်နိုင်ခဲ.ပါသည် ။

        နအဖ စစ်အစိုးရလက်ထက်တွင် ကြံ့ခိုင်ရေးပါတီအတွက် ထောက်ခံမဲရလိုဇောနှင့် ဘင်္ဂလီများကို သေချာစွာမစစ်ဆေးပဲ White Card ခေါ်လက်မှတ်များထုတ်ပေးပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်မဲပေးခွင့်ပြုခဲ့ခြင်းဖြင့် နိုင်ငံတော်ဘာဖြစ်ဖြစ် မိမိပါတီအနိုင်ရရေးလမ်းစဉ်ကိုကျင့်သုံးခဲ့၏ ။ ဦးရွှေမောင် ၊ဇော်ကီအာမက် စသော ဘင်္ဂလီအမတ် (၄)ဦးတိတိ နေပြည်တော်လွှတ်တော်ထဲတွင် ပြည်ခိုင်ဖြိးပါတီ ကိုယ်စားပြု၍ရောက်လာခဲ့သည် ။ NLD အစိုးရလက်ထက်တွင် ရဲကင်းစခန်း ၃၀ ကို တနေ့တည်းတချိန်တည်း ARSA အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်လာခြင်းဖြင့် ရခိုင်ပြသနာ ဘင်္ဂလီမီးတောက်သည် တကြော့ပြန်တောက်လောင်ခဲ့ရပေ၏ ။ ဒေါ်အောင်ဆန်းစုကြည်လုပ်၍ပြသနာများ ဖြစ်လာခြင်းမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည် မမွေးခင် ၁၉၄၂ ခုနှစ်ကတည်းက ရခိုင်နှစ်သောင်းသေဆုံးခဲ့ရသော ဘင်္ဂလီ-ရခိုင် ပဋိပက္ခ မှာရှိနေပြီးဖြစ်သည် ။ သေချာသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ထိုကိစ္စများပြေလည်စေရန် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသေလာက်ကြိုးစားပါဝင်ကူညီဖြေရှင်းပေနေခြင်းဖြစ်သည် ။ဒါကိုတော့ တဖက်သတ် အမြင်ဖြင့် သမိုင်းမသိ ၊ ပထ၀ီမသိ ဘူမသိ ကိုးမသိဖြင့် ဝေဖန်ပုတ်ခတ်နေသူများသိသင့်ပေ၏ ။

      ကမ္ဘာက ဘင်္ဂလီပြသနာကိုမြင်ပုံမှာ မြန်မာတို့နှင့်မတူ ။ ဒေါ်အောင်ဆန်းစုကြည်အပါဝင် မြန်မာက ဘင်္ဂလီပြသနာကိုရှုမြင်ရာတွင် သမိုင်းကြောင်းကိုထည့်သွင်းတွက်ချက်၏ ။ ဤကိစ္စသည် လူ့အခွင့်အရေးပြသနာဆိုသည်ထက် နယ်မြေလုမှု၊ တရားမ၀င်နယ်စယ်ဖြတ်ကျော်ဝင်ရောက်လာမှု ၊ မရှိသောလူမျိုးတမျိုးကို ရှိသည်ဟု သမိုင်းကြောင်းလိမ်ညာမှုပြသနာဟုမြင်၏ ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအ၀င် နိုင်ငံတကာမီဒီယာများ၊ ကမ္ဘာ့ခေါင်းဆောင်များက ဘင်္ဂလီပြသနာကို (သူတို့သိသလောက် )ရှုမြင်ရာတွင် အဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးဆိုသူမူဆလင်များကို မြန်မာစစ်တပ်နှင့် မြန်မာလူထု ၊ ရခိုင်လူထုက၀ိုင်းဝန်းနှိပ်စက် အနိုင်ကျင့်ကြသဖြင့် နိုင်ငံအတွင်းမှထွက်ပြေးရသောပြသနာဟုမြင်၏ ။ နိုင်ငံခြားသားအများစုသည် ( ပြည်တွင်းမှအစွန်းရောက်အချို့လိုပင်)  ပြသနာ၏ fruit ကိုသာမြင်ကြပြီး root ကိုမမြင်နိုင်ကြချေ ။ပြည်တွင်းအစွန်းရောက်များနှင့် နိုင်ငံခြားသားများ ရှုမြင်ပုံသည် အဓိကကိုပစ်ပယ်ပြီးသာမည ကို ပွဲထုတ်နေခြင်းဖြစ်သည် ။ ပွဲထုတ်ပုံတော့မတူကြ ။ ပြည်တွင်းမှ အမျိုးသားရေးအစွန်းရောက်သူများက ရခိုင်ပြသနာသည် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပိုမိုကြီးထွားလာသည်ဟူသော မမှန်ကန်သည့် (မျက်မမြင်ပုဏ္ဍားဆင်စမ်းသလို) သုံးသပ်မှုကိုပြု၏ ။ နိုင်ငံတကာမှ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာဟူသော လူမျိုးများ နိုင်ငံမဲ့ ဖြစ်ရမှုတွင် ဖိနှိပ်သူတပ်မတော်အား လုံလောက်သောတားဆီးမှုကိုမလုပ်ဟူသော တဖက်သတ်အမြင်ဖြင့်ဆုံးဖြတ်၏ ။ အစွန်းရောက်မျိုးချစ်များရော ၊ UN အပါအ၀င်နိုင်ငံခြားသား အတော်များများသည်လည်းကောင်း အပေါ်ယံကြောကောက်ချက်ဆွဲမှုတွင်သာ တွင်ကျယ်နေကြပြီး ပြသနာ၏ အရင်းအမြစ် (ရေသောက်မြစ်ကို)မြင်အောင် မလိုက်နိုင်ကြပေ ။ နိုင်ငံခြားသားများသည် ကမ္ဘာကျော်မီဒီယာများ၏လိုရာပုံသွင်းမှုနှင့် ပြည်ပရောက်ရိုဟင်ဂျာဆိုသူများ၏၀ါဒဖြန့်လမ်းကြောင်းကိုသာ သက်ဆင်းသွားခဲ့ပြီဖြစ်သည် ။ ပြည်တွင်းမှ အစွန်းရောက်မျိုးချစ်များကမူ ပုဂ္ဂိုလ်ရေးမုန်းတီးမှု ၊ ပါတီစွဲကြီးမားမှု ၊ အာဏာ တပ်မက်မှု ၊ စဉ်းစားဆင်ခြင်ဥာဏ်နည်းမှု ၊ လူမျိုးရေးအမြင်ကျဉ်းမှုဆိုသော တိမ်သလ္လာဖုံးလွှမ်းမှုကြောင့် အမှန်ကိုမြင်မည်မဟုတ်ချေ ။

     ထိုအချိန်တွင် UN လုံခြုံရေးကောင်စီဝင်များ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသို့ရောက်လာခြင်းဖြစ်သည် ။ ဗြိတိန်၊ ပြင်သစ် ၊အမေရိကန်ပြည်ထောင်စု ၊ရုရှား၊တရုတ် ၊ ဘိုလစ်ဗီးယား၊ အိုင်ဗရီကို့စ် ၊ အီကွေတိုရီရယ်ဂီနီ၊ အီသီယိုပီးယား၊ ကာဇက်စတန် ၊ ကူဝိတ် ၊နယ်သာလန် ၊ပီရူး ၊ ပိုလန် နှင့်ဆွီဒင်နိုင်ငံ  စုစုပေါင်း ၁၅ နိုင်ငံမှ ကုလသမဂ္ဂဆိုင်ရာ (လုံခြုံရေးကောင်စီ )သံအမတ်ကြီးများ မကြံစဖူး  နိုင်ငံတနိုင်ငံသို့  ၁၅ ယောက်လုံး ရောက်လာကြခြင်းဖြစ်သည် ။ အဓိကအားဖြင့် မြေပြင်အခြေအနေကို မျက်မြင်ကိုယ်တွေ့  သိမြင်ချင်သဖြင့် ကိုယ်တိုင်လာရောက်ကြည့်ရှုခြင်းဖြစ်သည် ။ အဓိကသိရမည့်အချက်မှာ ဤခရီးစဉ်သည် မြန်မာအစိုးရ၏ သဘောတူခွင့်ပြုချက် ၊ပူးပေါင်းဆောင်ရွက်မှုဖြင့် ရောက်လာကြသော သံတမန်ခရီးစဉ်သာဖြစ်သည် ။ UN လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တခုခု ၊ Mandate ခေါ်လုပ်ပိုင်ခွင့် နှင့်ရောက်လာခြင်းမဟုတ်ပေ ။ လေ့လာရေးအဆင့်သာရှိပေသည် ။ တကယ့်ဆုံးဖြတ်ချက်များကိုနောက်ပိုင်းတွင် UN ဌာနချုပ်ပြန်ရောက်ကာမှဆွေးနွေးကြပေမည် ။ နိုင်ငံတနိုင်ငံကို လာရောက်စစ်ဆေးသော ခရီးစဉ်မျိုးမဟုတ်ပေ ။ ထိုအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည် ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် မြန်မာအာဏာပိုင်များသည် ဘင်္ဂလီပြသနာ၏ တကယ့်ရေသောက်မြစ် ( main problem and main root ) များကို နိုင်ငံခြားသံတမန်များအားပြသနိုင်ဖို့အရေးကြီးလေသည် ။သူတို့စွပ်စွဲလေသမျှ အပေါ်ယံအသီးအပွင့်များကိုသာမက သူတို့မေ့လျော့နေလေသော (တချို့ကိစ္စများတွင် သူတို့လုံးလုံးမသိလေသော ) အချက်များကို ပြတ်ပြတ်သားသားတိတိကျကျရေရေရာရာ ထောက်ပြဆွေးနွေးသင့်ပါသည် ။ ဆွေးလည်းဆွေးနွေးမည်ဟုယူဆရပါသည် ။

 UN ကဆိုသူများသည် ဘင်္ဂလီများဘေးကင်းစွာ ပြန်လာရေး၊ နိုင်ငံသားဖြစ်ခွင့်ရရေးဆိုသော အပေါ်ယံကြောကိစ္စများကိုသာ အလွန်စိတ်ဝင်စားပါသည် ။ သူတို့သိပ်စိတ်မ၀င်စားသော ဒေသခံ ရခိုင်များသည် လူများစု မဟုတ်ပဲ လူနည်းစုဖြစ်နေသည်ဆိုသော အချက် ၊ မူဆလင်အကြမ်းဖက်အဖွဲ့ ARSA ၏ရန်သည်ယခုထက်တိုင်ရှိနေဆဲဆိုသောအချက် ၊ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားထဲမှ ရှိကိုမရှိဘူးဆိုသည့် အချက် ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တရားမ၀င်ဖြတ်ကျော်ဝင်ရောက်မှု ၊ နယ်မြေလုမှု ၊သမိုင်းလိမ်မှု စသည်တို့ကို အခွင့်ရလျှင်ရသလောက် မိမိဘက်က တုန့်ပြန်ပြောကြားဖို့တော့လိုမည်ဖြစ်သည် ။ဒါမှ ပြသနာ၏အရင်းအမြစ်သည်ဘာတွေဖြစ်သည်ဆိုတာ နိုင်င့တကာက သိပေမည် ။ အနည်းဆုံးတော့ ကုလသမဂ္ဂတွင် မြန်မာဘက်မှရပ်တည်မဲပေးလေ့ရှိကြသည့် ရုရှားနှင့် တရုတ် သံအမတ်များ၏မျက်စေ့ကိုဖွင့်ပေးနိုင်ဖို့ လိုပါသည် ။ ကုလသမဂ္ဂသည် အပေါ်ယံအလုပ်များအပေါ်တွင် ၀ါယမအထူးစိုက်နေမည့်အစား မူလဘူတ ပြသနာ၏ အကြောင်းရင်းများကိုလည်းသိဖို့ကြိုးစားသင့်ကြောင်း အဆက်မပြတ် အားထုတ်သင့်လှပေ၏ ။ ကုလသမဂ္ဂကတော့သံတမန်ရေးနည်းလမ်းအရ သူ့အလုပ်သူဆက်လုပ်မည်ဖြစ်သည် ။ ကုလသမဂ္ဂအထွေထွအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် အဖြစ် ဆွစ်ဇာလန်နိုင်ငံမှ UN သံအမတ်ကိုခန့်အပ်တာတို့ ၊ ဘင်္ဂလီ (သူတို့အခေါ်ရိုဟင်ဂျာ)တွေမြန်မာနိုင်ငံပြန်လာဖို့ နည်းလမ်းတွေဆွေးနွေးတာတောင်းဆိုတာတို့ ၊ မြန်မာကိုပြစ်တင်ရှုတ်ချတာတို့ ၊ ခြွင်းချက်မရှိ ပြန်လက်ခံဖို့ ၊နိုင်ငံသားပေးဖို့ဆိုတာတွေ ပြောကြ ဆွေးနွေးကြ ၊ကြေညာချက်ထုတ်ကြတွေလုပ်ဦးမှာဖြစ်သည် ။

   မြန်မာသည်ဒါကို သိပ်ပြီး စိုးရိမ်သောကပွားနေ၍ မဖြစ် ။ ကုလသမဂ္ဂပြောတိုင်းလိုက်မလုပ်သည့်နိုင်ငံတွေ ၊ အိပ်ပျော်နေသော ကုလဆုံးဖြတ်ချက်တွေ ကမ္ဘာပေါ်မှာ များစွာရှိ၏ ။ မိမိရပ်တည်ချက်မှန်ကန်ကြောင်းကို ကမ္ဘာသို့  သံတမန်အား၊ မီဒီယာအား ဖြင့် ပြန်လည်တုံ့ပြန်ရပေမည် ။ ဘင်္ဂလီလက်ခံရေးတွင် လက်ခံစရာရှိက (မိမိမူနှင့်ကိုက်ပါက) ပြန်လက်ခံရပေမည် ။ နိုင်ငံသားအဖြစ်စစ်ဆေးခြင်း တွင် မိမိ ၁၉၈၂ နိုင်ငံသားဥပဒေနှင့်ကိုက်ညီပါက နိုင်ငံသားပေးရပေမည် ။နိုင်ငံသားပြုထိုက်သူများဖြစ်ပါက ပြုနိုင်ငံသားပေးရပေမည် ။ ဧည့်နိုင်ငံသားဖြစ်ပါက ဧည့်နိုင်ငံသားပေးရပေမည် ။ စစ်ဆေးခံမည့်သူများအား NVC ခေါ်( National Verification Card ) ထုတ်ပေးခြင်းသည် အစစ်ခံပါမည်ဟူသော ကတ်ပြားသာဖြစ်ရာ နိုင်ငံသားကတ်မဟုတ်ကြောင်း ပြည်တွင်းမှ လူများကလည်း သဘောထားကြီးကြီးဖြင့်နားလည်လက်ခံရမည်ဖြစ်သည် ။ ထို NVC ဖြင့် တနိုင်ငံလုံးလျောက်သွားနေနိုင်မည်မဟုတ်သလို ထိုကတ်ဖြင့် မဲပေးနိုင်မည်လည်းမဟုတ်ချေ ။ ထို့ကြောင့် NVC ကတ်သည် ၂၀၁၀ က ကြံ့ခိုင်ရေးပါတီကထုတ်ပေးခဲ့သည့် White Card လောက်ပြည်ထောင်စုကိုအန္တရာယ်ပေးနိုင်မည်မဟုတ်ပါချေ ။

      ဘာပဲဖြစ်ဖြစ် UN ကတော့လာချေပြီ ။ ထွက်ပြေးပုန်းရှောင်မည့်အစား အသိပညာကိုအခြေခံကာ သဘောရိုးဖြင့် ရဲရဲရင်ဆိုင်ကြပါစို့   ။

သရ၀ဏ်(ပြည်) 

စောင့်ကြည့်ဂျာနယ်
၎.၅.၂၀၁၈

No comments: