Friday, May 18, 2018

ပဲပြုတ်ပြန်ပေါင်း - ငှက်ပျောဖူးထောင်း -ကန်စွန်းဥအစပ်ကြော် - ကြက်ဥသုပ်နှင့် အာလူးကြော်

"ပဲပြုတ် နှင့် ပဲပြုတ်ပြန်ပေါင်း ပူပူလေး" 


တစ်ခါတည်း ရေခမ်းပြုတ်တဲ့ ပဲပြုတ် နဲ.  ရေလျှော့ထဲ့ကာ ပြုတ်ပြီးမှ ပြန်ပေါင်းတဲ့ ပဲပြုတ်ပြန်ပေါင်း ၂ မျိုးလုံးကို ရေးပေးထားပါတယ်။  ပြန်ပေါင်းတာကတော့ ပဲပြုတ်အလုံးပိုလှပြီး အရသာအနေနဲ.ကတော့ သိပ်မကွာပါဘူး၊။

***... ပဲပြုတ် နှင့် ပဲပြုတ်ပြန်ပေါင်း ပူပူလေး အတွက် လိုအပ်တာလေးတွေ…


   1.  စားတော်ပဲ (Blue Boiler Pea, Yellow Pea, Green Pea) – 375 g
   2.  baking soda – 1/2 tsp
   3.  ဆီ – 1 tsp
   4.  ကြံသကာ (သို.) ထန်းလျက် (သို.) brown sugar – 1 tbsp

    ပဲကို ခပ်ဖွဖွ ရေဆေးပြီး ရေကြက်သီးနွေး များများထည့်ကာ ၂၄ နာရီ ရေစိမ်ထားပါ။

  ၂၄ နာရီ ရေစိမ်ပြီးလျှင် ရေများကိုသွန်ပစ်ပါ။

    ပြီးလျှင်  ရေဆွတ်ကာ ရေပြန်ညစ်ထားသည့် သန်.ပြန်.သော အဝတ်ပါးစ ခင်းထားသည့် ဇကာခြင်းထဲ ပဲများကိုထည့်ပါ။

    ပြီးလျှင်အောက်ပါပုံအတိုင်း ပဲများကို လုံအောင်ဖုံးကာ အညှောင့်ပေါက်အောင် ၂၄ နာရီ အနည်းဆုံးထားပါ။



   အညှောင့်နည်းနည်းပိုရှည်အောင် ကျွန်မကတော့ ၃၄ နာရီထားပါတယ်။
    အညှောင့်ဖောက်ထားသော ၃၄ နာရီ အတွင်း အဝတ်စ အမြဲစိုနေဖို. ၃ ခါခန်. ရေတောက်(ဖြန်း) ပေးပါ။ (ရေကို တစ်ခါတည်းအများကြီး ဖြန်းလိုက်လျှင် ပဲ ပုတ်သွားတတ်ပါတယ်။)

    ကိုယ်ကြိုက်သော အညှောင့်အရှည်ကိုရပြီဆိုလျှင် ပဲများကို ဇလုံထဲထည့်ပြီး baking soda, ဆီ တို.နှင့် ခပ်ဖွဖွနယ်ပြီး ၁ နာရီခန်.နှပ်ထားပါ။ ( အခွံတွေကျွတ်မထွက်စေရန် နှင့် ပဲသား ပိုပြီးနူးညံ့စေရန် ဆီ နည်းနည်းထည့်နယ်ပေးရပါတယ်။)

    ရေစိမ် အညှောင့်ဖောက်ပြီး ပဲများဟာ rice cooker မှာ ပါသောခွက်နှင့် 8 cups  ခန်.ဖြစ်သွားပါတယ်။

    ရေ 3 cups (rice cooker ခွက်)၊ ထန်းလျက် နှင့် ထိုပဲများကို  အိုးတစ်လုံးထဲထည့်ပါ။


အဖုံး ဖုံးပြီး medium heat နှင့် စပြုတ်ပါ။ ရေဆူလာလျှင် low heat သို.လျှော့ပြီး ရေခမ်းသွားသည်အထိ ပြုတ်ပေးပါ။ (၃ ကြိမ်ခန်. ဖြည်းဖြည်းမွှေပေးပါ၊)

 ရေခမ်းသွားလျှင် (၁  နာရီ ခွဲခန်.ကြာပါတယ်) ၂ ချက်လောက်မွှေပြီး မီးပိတ်ကာ အိုးအဖုံးမဖွင့်ပဲ ဆက်ထားပါ။

    ၁၅ မိနစ်ခန်.ထားပြီးလျှင် မွှေးအိနေသော ပဲပြုတ်ပူပူလေး ကို စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။

"ပဲပြုတ်ပြန်ပေါင်းပူပူလေး"

    ပိုလှတဲ့ ပဲပြုတ်အလုံးလေးတွေရချင်လျှင် တော့ ရေ – 3 cups ((rice cooker ခွက်) အစား  ရေ- 2 cups (rice cooker ခွက်) နှင့် ထန်းလျက် ထည့်ကာ အထက်ပါနည်းအတိုင်း ရေခမ်းအောင် (၁ နာရီခန်.) ပြုတ်ပေးပါ။

    ပြီးလျှင် ပဲပြုတ်များကို သန်.ပြန်.သောအဝတ်စခံထားသည့် ပေါင်းအိုးထဲထည့်ကာ ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်ပြီး နာရီဝက်ခန်.ပေါင်းပေးပါ။ မနူးသေးဟုထင်လျှင် မိနစ်အနည်းငယ်ပိုပေါင်းပေးပါ။

    နာရီဝက်ခန်.ပေါင်းပြီးလျှင် လှလှပပလေးနှင့် မွှေးအိနေသော ပဲပြုတ်ပြန်ပေါင်း ပူပူလေး ကို နည်းမျိုးစုံဖြင့် အရသာရှိစွာသုံးဆောင်နိုင်ပါပြီ။


ချက်ပြုတ်ပြသူ - မချောစု

ကြက်ဥသုပ်နှင့် အာလူးကြော် 
(Egg Salad Served with Potato Chip)


 အလွယ်တကူ လျင်လျင်မြန်မြန်လုပ်စားလို့ရတဲ့ အဆာပြေ တစ်ခါကိုက်အစာ ဖြစ်ပါတယ်။ ပါတီဧည့်ခံပွဲတွေနဲ့ အရမ်းလိုက်ဖက်တဲ့ အစားအစာပါ။ လုပ်စားလို့ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• အာလူးကြော် - ၁ ထုပ်
• ကြက်ဥ - ၃ လုံး
 (ပြုတ်ပြီး အစိတ်သေးလေးများ လှီးထားပါ)
• မရောနိစ်  - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ငရုတ်သီးအချိုဆော့စ် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ပူဒီနာ - လိုသလောက်

ပြုလုပ်နည်း
၁။ ဖန်ဇလုံကြီးထဲ ကြက်ဥ၊ မရောနိစ်၊ ငရုတ်သီးအချို ဆော့စ်၊ ငရုတ်ကောင်းမှုန့်နှင့် ပူဒီနာများအားလုံးကို သေချာနှံ့အောင် မွှေပါ။
၂။ ပြီးလျှင် ဗန်းအပြန့်အပေါ်  အာလူးကြော်များကို တစ်ခုချင်းစီတင်ပြီး အာလူးကြော် တစ်ချပ်ချင်း အပေါ်မှာ ကြက်ဥသုပ်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း စီတင်၍ ပူဒီနာရွက်များဖြင့် အလှဆင်ပြီး ချက်ချင်း သုံးဆောင်သင့်ပါတယ်။
..............................
Syi Lwin Foods Garden

ကန်စွန်းဥအစပ်ကြော်


ပါဝင်ပစ္စည်းများ
• ကန်စွန်းဥ (ပြုတ်ပြီး) - ၃၀ဝ ဂရမ်
• ကြက်သွန်ဖြူ - ၂ မြွှာ
• ကြက်သွန်နီ - ၁ လုံး
• ငရုတ်သီးစိမ်း - ၃ တောင့်
• ပုစွန်ခြောက် - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
• သကြား - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ကြက်သွန်မြိတ် - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ကန်စွန်းဥပြုတ်ကို အခွံနွှာပြီး အနေတော်အတုံးများ တုံးထားပါ။
၂။ ပုစွန်ခြောက်ကို ရေနွေးစိမ်ထားပါ။
၃။ ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) နှင့် ကြက်သွန်နီ (ပါးပါးလှီး) တို့ကို ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်သီးစိမ်းကို ဓားပြားရိုက်ပြီး ထည့်ပါ။
၎။ ကန်စွန်းဥထည့်ပါ။ ပုစွန်ခြောက်ထည့်ပြီး အရသာများထည့်ပါ။ ရေအနည်းငယ် ထည့်ပြီး ကြော်ပါ။
၅။ အရသာမှာ ချို၊ စပ်၊ ဆိမ့် အရသာရလာပြီဆိုလျှင် ပန်းကန်ပြင်ကာ ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင် နိုင်ပါပြီ။
..........................
အံ့ဝင့်ထွဋ် (MRTV-4)

ငှက်ပျောဖူးထောင်း


 ငှက်ပျောဖူးဆိုလျှင် ရွာမှာ အမျိုးမျိုးချက်စားကြတယ်။ ကိုယ့်ခြံထဲမှာ မရှိလည်း အနီးအနားကခြံမှာ တောင်းပြီး ခူးလိုက်ရုံပါပဲ။ ငှက်ပျောဖူးထောင်းကို အစိမ်းထောင်းလို့ ရသလို ပြုတ်ပြီးထောင်းလို့လည်း ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ ငှက်ပျောဖူးစိမ်းကို အမျိုးမျိုးသုပ်စားကြတယ်။ ထိုင်းနဲ့ မလေးရှားက အုန်းနို့နဲ့သုပ်တဲ့ ငှက်ပျောဖူးသုပ်ကိုလည်း ကြိုက်တယ်။ အခုပြောပြမယ့် ငှက်ပျောဖူးထောင်းမှာ ချင်းနည်းနည်းနဲ့ ပဲပုပ်လေးပါ ထည့်ထောင်းလို့ ရှမ်းငှက်ပျောဖူးထောင်းလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။

ပါဝင်ပစ္စည်းများ
• ငှက်ပျောဖူး                                                 - ၁ ဖူး
• မြေပဲလှော်                                                  - စားပွဲဇွန်း ၂ ဇွန်း
• ရှမ်းပဲပုပ်                                                     - ၂ ချပ် (မီးကင်ထားပါ)
• ငရုတ်သီးခြောက် အတောင့်ရှည် - ၁၀ တောင့်
• ကြက်သွန်ဖြူ                                                - ၃ မြွှာ
•  ချင်း - အနည်းငယ်
 (ပါးပါးလှီးထားပါ)
• ဆား                                                        - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဆီ                                                          - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ငရုတ်သီးတောင့်အရှည်ကို ကြော်ပြီး ထားပါ။
၂။ ငှက်ပျောဖူးရဲ့ အပြင်ဘက်ပိုင်း အနီရောင်အကြမ်းဖတ်များကို ခွာပစ်ပြီး အဝါရောင် အဖတ်များကို သေချာနွှာပါ။
၃။ ပြီးလျှင် ပါးပါးလှီးပြီး ရေစိမ်ထားပါ။
၎။ ထောင်းမယ်ဆိုလျှင် ငှက်ပျောဖူးဖတ်များကို ဆယ်ယူပြီး ရေစစ်ထားပါ။
၅။ မီးကင်ထားတဲ့ ပဲပုပ်ကို ညက်အောင်ထောင်းပြီး ပန်းကန်လုံးအသေးထဲ ထည့်ထားပါ။
၆။ မြေပဲလှော်ကို ညက်အောင်ထောင်းပြီး ပန်းကန်ထဲ ထည့်ထားပါ။
၇။ ချင်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပြီးလျှင် ငရုတ်သီးခြောက် အတောင့်ကြော်၊ ဆားတို့ကိုထည့်ပြီး ညက်အောင်ထောင်းပါ။
၈။ အားလုံးညက်သွားလျှင် ငှက်ပျာဖူးထည့်ပြီး ထောင်းပါ။ ပြီးတာနဲ့ ထောင်းထားတဲ့ ပဲပုပ်နဲ့ မြေပဲ ထည့်ပြီး နှံ့စပ်အောင် ဆက်ပြီး ထောင်းပါ။ ပြီးလျှင် ဆီထည့်ပြီး ဇွန်းနဲ့ မွှေပေးပါ။
၉။ ဒါဆိုလျှင် ငှက်ပျောဖူးထောင်း စပ်စပ်မွှေးမွှေးလေး ရပါပြီ။ မုန်ညင်းဆော့စ်နဲ့ အင်မတန်မှ လိုက် ဖက်ပါတယ်။
.....................................
MyintOoTha

*****ဒီတစ်ပတ်တော့ အဓိက ဟင်းလျာတွေ မဟုတ်ဘဲ အရံဟင်းလျာအဖြစ်သော်လည်းကောင်း သွားရည်စာအဖြစ်လည်းကောင်း စားနိုင်တာလေးတွေကို ကူးယူ Share လိုက်ပါတယ်။ ချက်ပြုတ်ပြသူ နာမည်တွေမှာ မူလတင်ထားတဲ့ Page တွေနဲ့ လင့်ခ်ချိတ်ထားပါတယ်။ 

No comments: