Wednesday, May 23, 2018

ရေမွှေးနှင့်ကျန်းမာရေးအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ



Perfume(ပါဖြူးဖ်) မြန်မာအရပ်ခေါ် "ရေမွှေး" ဟာလက်တင်ဘာသာစကား "per fumus" အခိုးအငွေ့များဖြတ်သန်းခြင်း (through smoke)လို့အဓိပ္ပါယ်ရပါတယ်။ရေမွှေးသုံးစွဲခြင်းအလေ့အထကို အီဂျစ်ပြည်တွင် ဘီစီ သက္ကရာဇ် ၂၀၀၀ ခုနှစ်လောက်ကတည်းက ရနံမွေးသော သစ်ခေါက်၊ ပန်းအမျိုး၊ အရွက်တို့အား အကြိမ်ကြိမ်ပေါင်းခံစစ်ထုတ်ယူခြင်းဖြင့် (essential oil) မွှေးရနံအဆီကိုထုတ်ယူရရှိပါတယ်။ ထိုခောတ်အခါက မွှေးရနံအဆီအား ရှင်ဘုရင်နှင့်မိဖုရားနှင့် တော်ဝင်မိသားစုအမျိုးအနွယ်များသာသုံးစွဲခွင့်ရှိပါတယ်။ ၎င်းအမွှေးနံသာဆီဟာ ရနံတခုထဲအတွက်သာအသုံးဝင်ရုံမျှမကဘဲ ကျန်းမာရေးကောင်းကျိုးပြုပုံများကများပြားလွန်းလှပါတယ်။ရှေးယခင်ကမံမီရုပ်လောင်းများအစီအမံပြုလုပ်ရာတွင် အမွှေးရနံအဆီများဖြင်သုတ်လိမ်းစီမံပြုလုပ်ကြောင်း သုတေသနမှတ်တမ်းများတွင်ဖော်ပြထားပါတယ်။ မျက်မှောက်ခောတ်တွင်အသုံးပြုနေကြသော ရေမွှေး(Perfume)များကိုတော့ ခရစ်သက္ကရာဇ် ၁၃၇၀ ခုနှစ်တွင် ဟန်ဂေရီဘုရင်မကြီး အဲလီဇဘတ်မှ စတင်အသုံးပြုခဲ့တယ်လို့မှတ်သားဖူးပါတယ်။

ဘာကြောင့်ရေမွှေးကို ဆွတ်ဖြန်းအသုံးပြုရတာလဲ?
************************************************
ယေဘူယျအားဖြင့် ကိုယ်ခန္ဓာမှထွက်သောအနံဆိုးများကို ဖုံးလွှမ်းစေခြင်းဌာအသုံးပြုတယ်လို့ သင်မှတ်ယူထားလျှင်တော့များစွာလွဲမှားမူတခုဖြစ်တယ်လို့ ယိုးစွပ်ပါရစေ။ သင်ကိုယ်တွင်ဆွတ်ဖြန်းထားတဲ့ မွှေးရနံ(ရေမွှေး)ဟာ သင်ဟာဘယ်လိုလူစားမျိုးလဲဆိုတာ တစိတ်တပိုင်းဖော်ပြနေတတ်ပါတယ်။ ဒါကြောင့်လည်း ရေမွှေးဟာ သင့်ရဲ့ကိုယ်အရည်အသွေး၊ စရိုက်နှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များကိုလည်း ကိုယ်စားပြုထုတ်ဖော်ပြနေတယ်လို့ဆိုကြပါတယ်။(Perfume is a powerful tool to express our personality, build our self-image and engage with  others) ဆေးပညာနှင့်ကျန်းမာရေးရူ့ထောင့်အရ ရေမွှေးဟာစိတ်ရွှင်လန်းတက်ကြွစေနိုင်ပြီး၊ စိတ်ဓါတ်ကျနေသူများ၊ ပင်ပန်းနွမ်းနယ်နေသူများ ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုပေးပြန်ပါတယ်။ ပွဲလမ်းသဘင်၊ အခမ်းအနားများတက်ရောက်တဲ့အခါမှာ မည်သို့ပင်နောက်ဆုံးပေါ်ဒီဇိုင်းဖက်ရှင်များဝတ်ဆင်ထားပေမယ့်လည်း၊ ရေမွှေးမပါဝင်ဘဲသင့်ရဲ့ခမ်းနားကြီးကျယ်မူ့ဟာ မပြည့်စုံနိုင်ပါဘူး။

 ရေမွှေးရနံပေါင်းထည့်လိုက်ခြင်းမှနေ တပါးသူရဲ့အထင်အမြင်ကြီးမူ့၊ တပါးသူမှမိမိအသုံးပြုထားသောမွှေးရနံကြောင့် စိတ်ရွှင်လန်းစွာ တုန့်ပြန်ဆက်ဆံမူ့မျိုးဖြစ်ပေါ်လာစေနိုင်ပါတယ်။ ရေမွှေးဟာ ဆန့်ကျင့်ဘက်လိင်အားဆွဲဆောင်ရာတွင် များစွာစွမ်းအားများဖြစ်ပေါ်စေပြီး၊ ကိုယ်ပိုင်ယုံကြည်မူ့များဖြစ်ပေါ်စေဖို့အကျိုးပြုပါတယ်။ ထိုမျှမကဘဲ ရေမွှေးရနံဟာ အချိန်တစ်ချိန်၊ အဖြစ်အပျက်တစ်ချို့နှင့်အတူ အသုံးပြုသူကိုယ်ပါ အမှတ်တရဖြစ်များဆီပြန်လည်ခေါ်ဆောင်သွားနိုင်စွမ်းလည်းရှိပါသေးတယ်။ (When we smell a particular fragrance, we instantly and unconsciously connect that smell to a portion of our memory. Smell can evoke feelings and bring back memories that we forgot we had.)အထက်ပါအကြောင်းအရာတွေဟာရေမွှေးဆွတ်ဖြန်းရခြင်းရဲ့ တစိတ်တပိုင်းကောင်းကျိုးများဘဲဖြစ်ပါတယ်။

ယနေ့အလှအပအသုံးအဆောင်ကဏ္ဍတွင် နံမည်ကြီးထိပ်တန်းဦးဆောင်ထားသောနိုင်ငံဟာပြင်သစ်နိုင်ငံဖြစ်ပြီး၊ ပြင်သစ်နိုင်ငံထုတ်ရေမွှေးများမှာလည်း အရည်အသွေးနှင့်ထပ်တူဈေးနှုန်းဟာလည်းမြင့်မားလွန်းလှပါတယ်။ ပြင်သစ်နှင့်ရေမွှေး၊ ရေမွှေးနှင့်ပြင်သစ်ဟာခွဲခြားမရနိုင်လောက်အောင်ဘဲ အောင်မြင်မူ့နှင့်အရည်အသွေးအားနှစ်ပေါင်း ရာဖြင့်ချီကာသိမ်းပိုက်ထားနေဆဲဘဲဖြစိပါတယ်။


ရေမွှေးကိုဘယ်လိုဖွဲ့စည်တည်ဆောက်ထားလဲ?
************************************************
ရေမွှေးဖွဲ့စည်းတည်ဆောက်မူ့ဟာလည်း အနုပညာဆန်လွန်းလှပြန်ပါတယ်။ ဂီတသံစဉ်နုတ်(notes)များစုပေါင်းတည်းခတ်ခြင်းဖြင့် နားဝင်ပီယံတေးဂီတအရသာတခုပေါ်ထွက်လာသလို၊ ရေမွှေးတွင်းလည်း အခြေခံနုတ်(Note)သံစဉ် ၃ခုဖြစ်သော Top Note, Middle Note, Base Note တို့ဖြင့်ဖွဲ့စည်းတည်ဆောက်ထားပြီး၊ ၎င်းနုတ်၃ မျိုးအားတပြိုင်နက်ပေါင်းစပ်လိုက်ခြင်းဖြင့် ထူးခြားလှပနူးညံ့သောရနံသံစဉ်တခုကိုထွက်ပေါ်လာစေတာဘဲဖြစ်ပါတယ်။ ရေမွှေးရဲ့နုတ်(Notes) များဆက်လက်လေ့လာကြည့်မည်ဆိုလျှင် Top Note အား Head notes ဟုခေါ်ဆိုကြသလို၊ Middle Note အား Heart notes ဟု၍လည်းကောင်းခေါ်ဆိုကြပြီး၊ ထိုသတ်မှတ်ချက်မှာ ရေမွေးဆွတ်ဖြန်းပြီး၊ တဖြေးဖြေးခြင်းပြောင်းလည်းထွက်ရှိလာသောရနံအားခေါ်ဆိုခြင်းဖြစ်ပါတယ်။ စာဖတ်သူနားလည်အောင်ပြန်ရှင်းပြရမည်ဆိုလျှင် သင်စွတ်ဖြန်းလိုက်သောရေမွှေးဟာ အထက်ပါတင်ပြခဲ့သော နုတ်(note) ၃ ခုပေါင်းစပ်ထားသောရနံဖြစ်ပါတယ်။

ထိုမှထပ်မံ၍ Top Note (သို့မဟုတ်) Head Note ဆိုတာကတော့ ပထမဦးဆုံးထွက်ပေါ်လာသောရနံဖြစ်ပြီး၊ ကြာမြင့်ချိန်အားဖြင့် ၁၅ မိနစ်ခန့်ဖြစ်ပါတယ်။ ၎င်းရနံပျောက်ပြယ်သွားသည်နှင့်တပြိုက်နက် ဒုတိယနုတ်ဖြစ်သော Middle note (သို့မဟုတ်) Heart Note ရနံထွက်ပေါ်လာပြီး မိနစ် ၃၀ ခန့်အကြာတွင်ကွယ်ပျောက်သွားတတ်ပါတယ်။ နောက်ဆုံးကျန်ရှိသော Base Note ကတော့ အကြာရှည်ဆုံးဖြစ်ပြီး၊ ၂၄ နာရီခန့်ကြာမြင့်တတ်ပါတယ်။ အထက်ပါအချက်များဟာ သင့်အားရေမွှေးရွေးခြယ်မူ့မမှားစေရန်အထောက်အကူဖြစ်စေမှာမလွဲပါဘဲ။ ရေမွှေးဆိုင်များတွင် စက္ကူပြားလေးများအပေါ်သို့ စမ်းသပ်ဆွတ်ဖြန်းပေးတတ်ကြပြီး၊ ဝယ်ယူသူများဟာ Top Note အပေါ်တွင်ဘဲဆုံးဖြတ်ဝယ်ယူတတ်ကြပါတယ်။ ဒါဟာအကြီးမားဆုံးမှားယွင်းမူ့ပါ။ Top Note ရဲ့ကြာမြင့်ချိန်ဟာ ၁၅ မိနစ်ဘဲဆိုသိရှိဟာအလွန်နည်းပါးကြပါတယ်။ ဒါကြောင့် ရေမွှေးဝယ်ယူဖို့ဆုံးဖြတ်ထားလျှင် စမ်းသပ်ဆွတ်ဖြန်းထားသော စက္ကူပြားလေးအားမလွှင့်ပြစ်ဘဲ၊ Shopping တပါတ်ခန့်ပတ်ပြီးချိန်တွင်ပြန်လည် အနံခံကြည့်ခြင်းဖြင့်လုံးဝမတူသောရနံမျိုးကိုသင်ခံစားရရှိမှာဖြစ်ပြီး၊ မိနစ် ၃၀ ခန့်အကြာမှာရရှိမယ့်ရနံကတော့ Middle Note (သို့) Heart Note ဟာသင့်အကြိုက်ဖြစ်ခဲ့မယ်။ သို့မဟုတ် ၁ နာရီခန့်အကြာမှာရရှိမယ့် Base Note ရနံဟာသင်နှင့်အတူ တနေကုန်ရှိနေမယ့်ရနံဘဲဖြစ်ပါတယ်။ သင်ကြိုက်မကြိုက်ကို Middle Note နှင့် Base Note အပေါ်မူတည်ဆုံးဖြတ်ဝယ်ယူသင့်ပါတယ်။


ကောင်းပြီ၊ ရေမွှေးရနံကိုဘယ်လိုစမ်းသပ်ရမလဲဆိုတာသင်သိပြီ၊ ရေမွှေးဗူးအပေါ်ရေးသားထားသော စာသားသတ်မှတ်ချက်များကိုဆက်လေ့လာကြည်မည်ဆိုလျှင်၊ ရေမွှေးပုလင်းနှင့်ဗူးအပေါ်ရိုက်နှိပ်ထားသော ပြင်သစ်စကားလုံးများအဓိပ္ပါယ်ကိုသိရှိဖို့လည်းလိုအပ်ပါသေးတယ်။ အဘယ့်ကြောင့်ဆိုသော်၊ ရေမွှေးပုလင်းတွင်တွေ့ရှိရသော Toilette ဆိုတဲ့စကားလုံးအားအဓိပ္ပါယ်အတိအကျမသိခဲ့စေဦးတော့၊ Toilet (အိမ်သာ၊ သန့်စင်ခန်း) ဆိုတဲ့စကားလုံးဖြင့်ရင်းနှီးဖူးသူများအတွက်တော့၊ စိတ်အနှောင့်အယှက်ဖြစ်စေမှာပါ။ တကယ်တော့ ဒါဟာဘာသာစကားအနည်းငယ်စပ်ဆက်မူ့ကြောင့်ဘဲဖြစ်ပါတယ်။ အင်္ဂလိပ်အခေါ်အဝေါအရ Toilet အားသန့်စင်ခန်းဖြစ်ပြီး၊ ပြင်သစ်အခေါ်အရ Toilette ဟာလည်း တကိုယ်ရည်သန့်ရှင်းပြုပြင်အလှဆင်ခြင်းဟုအဓိပ္ပါယ်ရပါတယ်။

အများသောအားဖြင့် ဈေးကွက်တွင်တွေ့ရှိရသော ရေမွှေးတံဆိပ်နံမည်အောက်တွင် ရေးသားထားသောရေမွှေးအမျိုးအစားများမှာ
- Eau da Parfum (အိုဒီပါဖန်)
- Eau de Toilette (အိုဒီတွိုင်းလက်တီ)
- Eau de Cologne (အိုဒီကိုလုံ)
စသည်တို့ဖြစ်ပါတယ်။ ပြင်သစ်ဘာသာစကားအဓိပ္ပါယ်အရ
Parfum (ပါဖန့်) = ရနံ
Eau (အို)= ရေ
Toilette (တွိုင်းလက်တီ)= တကိုယ်ရည်သန့်ရှင်းပြုပြင်အလှဆင်ခြင်း
Eau de toilette အဓိပ္ပါယ်အပြည့်အစုံမှာ အပြင်မထွက်မှီစွတ်ဖြန်းသင့်သောရေစင်ဟုအဓိပ္ပါယ်ရပါတယ်။ (eau de toilette” actually means “water to be used before going out”.)

ရေမွှေးထုတ်လုပ်ရာတွင် မူလအခြေခံအားဖြင့် အမျိုးသားသုံးရေမွှေးနှင့် အမျိုးသမီးသုံးရေမွှေးဟု ၂ မျိုးထုတ်လုပ်ကြပါတယ်။ ထိုမှတဖန် အမျိုးသမီးများအတွက် ခန္ဓာကိုယ်ရေမွှေးနှင့်ဆံပင်ရေမွှေး(Hair Mist) ဟုထပ်မံခွဲခြားထုတ်လုပ်ပါတယ်။ အမျိုးသားသုံးရေမွှေးအများစုကို Eau de Cologne /Toilette အမျိုးအစားဖြင့်သာထုတ်လုပ်ပြီး၊ အမျိုးသားသုံး Eau de Parfum ထုတ်ပေမယ့်လည်း ဈေးကွက်ဝယ်လိုအားနည်းပါမူ့ကြောင့် ရှားပါးပစ္စည်းလည်းဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်စွာဖြင့် ဈေးကွက်တွင်အလွယ်တကူရရှိနိုင်တာကတော့ EDT နှင့် EDP အမျိုးအစားဘဲဖြစ်ပါတယ်။ ရနံစွဲထင်ကျန်ရှိနေမူ့ကြာမြင့်ချိန်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
-Parfum  = 6-8 hours
-EDP       = 3-5 hours
-EDT       = 2-4 hours
ဆံပင်တွင်ဆွတ်ဖြန်းရသော Mist ဆံပင်ရေမွှေးအမျိုးအစားကတော့ အချိန်ကြာမြင့်စွာစွဲကျန်နေမူ့မရှိပါဘူး။


ရေမွှေးမျိုးအစားတခုနှင့်တခုရဲ့ကွာခြားချက်ကဘာတွေလဲ?

*******************************************************
အခြေခံအားဖြင့် ရေမွှေးများတွင် ရေမွှေးရနံအဆီ(Perfume Oil)ပါဝင်မူ့ပမာဏအပေါ်မူတည်၍ အမျိုးအစားခွဲခြားသတ်မှတ်ကြပါတယ်။ ရေမွေးဆီပမာဏပါဝင်မှု့ အနည်းငယ်မျှသာပါဝင်သော ရေမွှေးအမျိုးအစားအား Edu Type ဟုသတ်မှတ်ပြီး၊ ထို Edu အမျိုးအစားမှထပ်မံ၍ EF, EDT, EDPနဲ့ EDC ဟုထပ်မံခွဲထုတ်ထားပါတယ်။ ၎င်းရေမွှေးများ၏ ရေမွှေးအဆီ(Perfume Oil)ပါဝင်မူ့မှာ ပျှမ်းမျှခြင်းအားဖြင့်အောက်ပါအတိုင်းဖြစ်ပါတယ်။
-Eau Fraiche --EF(3% or less)
-Eau de cologne --EDC (2%-5%)
-Eau de toilette--EDT (4%-10%)
-Eau de parfum --EDP (8%-15%)
-Soie de Parfum --SDP(15%-18%)
-Parfum --(15%-25%)
-Perfume oil --(15%-30%)
ရေမွှေးအဆီပါဝင်မူ့အနည်းအများကြောင့်လည်း ဈေးတန်ကြေးကွာခြားရခြင်းဘဲဖြစ်ပါတယ်။


ရေမွှေးကို ဘယ်နေရာတွေမှာ စွတ်ဖြန်းသင့်တာလဲ?
*************************************************
အထက်မှာရှင်းပြခဲ့သလို ရေမွှေးရဲ့အနံစွဲထင်ကျန်နေဖို့အတွက် မှန်ကန်သောအရည်အသွေးရှိတဲ့ရေမွှေးဖြစ်ဖို့ကပိုအဓိကကျပါတယ်။ အင်္ကျီအဝတ်အစား သို့မဟုတ် ကိုယ်ခန္ဓာအပေါ်တွင်လည်း တိုက်ရိုက်စွတ်ဖြန်းအသုံးပြုနိုင်ပါတယ်။  ကိုယ်ခန္ဓာအပေါ်တိုက်ရိုက်စွတ်ဖြန်းသုံးစွဲမယ်ဆိုရင်တော့ Pulse Area လို့ခေါ်တဲ့သွေးခုန်နေတဲ့အကြောရှိရာ နီးစပ်ရာနေရာတွေဟာပိုမိုသင့်တော်ပါတယ်လို့ဆိုကြပါတယ်။

Pulse Area ကိုယ်ခန္ဓာအစိတ်အပိုင်းများကတော့ လက်ကောက်ဝတ်၊ လည်ပင်းဘေးတဘက်တချပ်၊ နားသယ်စပ်၊ လည်ကုတ်၊ ရင်၊တံတောင်ဆစ်၊ ဒူးခေါင်း နဲ့ ပေါင်အတွင်းနေရာများ ဖြစ်ပါတယ်။ သွေးခုန်နေသောနေရာနှင့်နီးစပ်မူရှိသော ကိုယ်ခန္ဓာအစိတ်အပိုင်နေရာများဟာ တခြားနေရာများထက်အနည်းငယ်နွေးထွေးစေသောကြောင့် ရေမွှေးရနံအားအလွယ်တကူပျံ့နှံစေနိုင်သောကြောင့်ဘဲဖြစ်ပါတယ်။

 ရေချိုးပြီးစအချိန်ဟာ ရေမွှေးစွတ်ဖြန်းရန်မှန်ကန်သင့်တော်ဆုံးဖြစ်ကြောင်းအကြံပြုချင်ပါတယ်။ ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်များအတွက် မည်မျှပင်အရည်အသွေးကောင်းမွန်သောရေမွှေးဖြစ်နေပါစေ၊ ရနံစွဲထင်ကျန်မူဟာ တခြားသာမာန်အသားရည်ရှိသောသုံးစွဲသူများကဲ့သို့ ရနံစွဲထင်ကျန်မူ့မကြာရှည်တတ်တာလည်းသတိပြုရမှာဘဲဖြစ်ပါတယ်။


ရေမွှေးသုံးစွဲခြင်းကြောင့် ရရှိနိုင်သောကောင်းကျိုးများကတော့

၁- ရနံသင်းပြန့်နေစေခြင်း (Fragrance)
မလိုလားအပ်သော ကိုယ်ခန္ဓာအနံဆိုးများကို ဖုံးလွှမ်းပေးပြီး၊ မိမိစိတ်ကြိုက်သင်းပျံတဲ့မွေးရနံနှင့်အတူ စိတ်ချမ်းမြေ့စွာ တနေ့တာဖြတ်သန်းမူ့ဘဝကိုကျေနပ်စေပါတယ်။ (It helps keep unwanted body odor at bay and ensures that you smell good throughout the day.)

၂- စိတ်ရွှင်လန်းတက်ကြွနေစေနိုင်ခြင်း
ရေမွှေးသုံးစွဲရခြင်းရဲ့ အဓိကဦးတည်ချက်ဟာ တနေ့တာလူနေမူ့ဘဝကို ရွှင်လန်းစွာဖြတ်သန်းနိုင်ဖို့ဘဲဖြစ်ပြီး၊ အမျိုးအစားမတူညီသောရေမွှေးများမှ မတူညီသောစိတ်ခံစားမူ့များကိုဖြစ်ပေါ်စေပါတယ်။(Perfume helps lift your spirits. You can also wear a perfume that reflects your mood, to project it better.)

၃- ကိုယ်ပိုင်ယုံကြည်မူ့အားတိုးတက်စေခြင်း (Boosts Confidence)

အဝတ်အစားအသစ်ဆင်မြန်းဝတ်ဆင်ယုံနှင့် သင့်အတွက်ပြီးပြည့်စုံတဲ့ယုံကြည်ချက်ရဖို့မဖြစ်နိုင်သေးပါဘူး။ ရေမွှေးဆွတ်ဖြန်းလိုက်ခြင်းဖြင့် လူအများကြားထဲရဲရဲဝင့်ဝင့်ယုံယုံကြည်ကြည်ဝင်ရောက်ရဲနိုင်စွမ်းများရရှိဖြစ်ပေါ်လာစေပါတယ်။ သင်နှင့်လိုက်ဖက်သော ရေမွှေးရနံရွေးချယ်မူ့မှန်ကန်ဖို့တော့လိုအပ်ပါတယ်။ (Choose a scent that suits your personality and which, can boost your morale to fight against all odds.)

၎-သင့်အားဆွဲဆောင်မူရှိသော အသွင်ပြင်ဖြစ်ပေါ်စေခြင်း (Makes You Attractive)
အာရုံ ၅ ပါးထဲတွင် ရနံအာရုံဟာခံစားမူ့အတွက်အကောင်းဆုံးသော အစွမ်းရှိသောအာရုံဘဲဖြစ်ပါတယ်။ ရနံအားခံစားရရုံနှင့် ရုပ်ဝတ္တုများကိုအကောင်အထည်ဖြစ်ပေါ်နိုင်စေသောအစွမ်းဟာရနံဘဲဖြစ်ပါတယ်။ ဥပမာ။ သရက်သီးမမြင်ရပေမယ့် ရနံခံစားရရုံနှင့်ပင်သင့်စိတ်ကူးထဲသရက်သီးမျိုးစုံပုံပေါ်လာစေသလိုမျိုးခံစားချက်ပါ။ တခါတရံမှာ သင့်ရဲ့ကိုယ်ရနံဟာ တပါးသူရဲ့စိတ်ခံစားချက်တိမ်းညွှတ်မူမျိုးဖြစ်စေတတ်ပါတယ်။ (Sense of smell is one of the most important of the five senses. Sometimes, you can simply get attracted to someone because of the way they smell.)

၅-ကျန်းမာရေးတိုးတက်ကောင်းမွန်စေခြင်း (Boosts Health)

မည်သည့်သုတေသနမှတ်တမ်းများမှ ထုတ်ပြန်ထားခြင်းမရှိသော၊ ရေမွှေးဆွတ်ဖြင့်ကျန်းမာရေးတိုးတက်ကောင်းမွန်စေတယ်ဆိုတာ ယုတ္တိမတန်ရာလို့ထင်နိုင်ပေမယ့်လည်း၊ ရေမွှေးဟာ သင့်ရဲ့ရွှင်လန်းတက်ကြွစိတ်ကိုဖြစ်ပေါ်စေခြင်းဖြင့်၊ စိတ်ဖိစီးမူ့များမှနေဝေးရာသို့ပို့ဆောင်ပေးခြင်းဖြင့်၊ စိတ်ကျန်းမာရေးကောင်းမွန်လာစေခြင်းဟာ သွယ်ဝိုက်သောနည်းဖြင့် ကျန်းမာရေးကိုတိုးတက်လာစေတာဘဲဖြစ်ပါတယ်။ (Perfume helps enhance the mood, which can keep stress and other anxiety related issues at bay. You can use your favorite fragrance to beat your anxiety blues and lift your spirits.)

၆-ကြည်နူးဆွတ်ပျံဖွယ်ရာ အတိတ်ကိုပြန်လည်အမှတ်စေနိုင်ခြင်း(Triggers Memories)

ရေမွှေးရနံဟာ သင်ရဲ့ပုဂ္ဂလိကပုဂ္ဂိုလ်ဆိုင်ရာမှတ်တမ်းများ၊ ဆွတ်ပျံကြည်နူးခဲ့ရသောအချိန်၊ အဖြစ်အပျက်တစ်ချို့နှင့်အတူ အသုံးပြုသူကိုယ်ပါ အမှတ်တပြန်ဖြစ်စေပြီး အတိတ်ကာလများဆီသို့ပြန်လည်ခေါ်ဆောင်သွားစေတတ်ပါတယ်။(The different perfumes will remind you of each vacation and help you relive those moments.)

၇-ရနံကုထုံးအဖြစ်အသုံးပြုနိုင်ခြင်း (Aromatherapy)

ပင်ပန်းနွမ်းနယ်နေသူများအား သစ်သီးရေမွှေး၊ ပန်းပေါင်းစုံရေမွှေးများဖြင့် နှိပ်နယ်၊ အနံအာရုံခံစားစေခြင်းဖြင့် ကိုယ်လက်မအီသာဖြစ်ပေါ်နေခြင်း၊ အားအင်ကုန်ခန်းနေခြင်းများကိုပျောက်ကွယ်ပြီး၊ အချိန်တိုအတွင်းပြန်လည်လန်းဆန်းနိုင်စေပါတယ်။ (Citrus fruit, floral and winter spice perfumes help calm the mind and soothe the body.)

၈-အိမ်မပျော်သောရောဂါသက်သာနိုင်စေခြင်း (Treats Insomnia)

ရနံနူးညံသောရေမွှေးအား အိပ်ယာ၊ ခေါင်းအုန်းတွင်ဆွတ်ဖြန်းခြင်းဖြင့် အကြောအချဉ်များပြေလျော့စေနိုင်ပြီး၊ နှစ်ခြိုက်စွာအိပ်စက်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ (Perfumes, which contain essential oils, can help you relax and enjoy a peaceful slumber at night)

၉-ခေါင်းကိုက်ရောဂါပျောက်ကင်းသက်သာစေခြင်း (Cures a headache)

ရံဖန်ရံခါ စိတ်ဖိစီးမူ့ကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ဖြစ်ပေါ်လာတတ်သော ခေတ္တခေါင်းကိုက်ခြင်းမျိုးအတွက် ဇတ်ပိုး၊ နားထင် သွေးခုန်သောနေရာအား ရေမွှေးဆွတ်ဖြန်းနှိပ်နယ်ပေးခြင်းဖြင့် ရေမွှေးတွင်ပါဝင်သောရေမွှေးဆီကြောင့် အလျှင်အမြန်ပေါက်ကင်းသက်သာစေနိုင်ပါတယ်။

နိဂုံး

ရေမွှေးဆွတ်ဖြန်းခြင်းကြောင့် အနှုတ်လက္ခာဆန်သောရလဒ်မျိုးဖြစ်ပေါ်စေခြင်းမရှိသလောက်ရှားပါးပြီး၊ ရေမွှေးဈေးကြီးရခြင်းနှင့်အတူ သင်ပြန်လည်ရရှိမည့်အကျိုးဟာထပ်တူထပ်မျှလို့ဘဲဆိုချင်ပါတယ်။ ရေမွှေးနှင့်ပတ်သတ်ပြီး သင်သိသင့်သမျှအားလုံးကို အထက်မှာရှင်းလင်းခဲ့ပြီးဖြစ်တာကြောင့် သင်ရွေးချယ်မူ့အမှားထပ်ဖြစ်ဖို့ဆိုတာ စာရေးသူစိုးရိမ်မူ့မဖြစ်တော့ပါဘူး။ မှန်ကန်သောဈေးနှုန်းနှင့် မှန်ကန်သောရေမွှေးအရည်အသွေး (ပစ္စည်းမှန်၊ဈေးမှန်)များဝယ်ယူအသုံးပြုနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။



ဒေါမနစ် (စင်္ကာပူ)

၁၇ မေလ ၂၀၁၈ (SGT22:14)

No comments: