Sunday, June 18, 2017

သဘာဝရေအောက် အလှအပများရဲ့သခင် ကော့သောင်း

နှစ်သစ်ကူး ရုံးပိတ်ရက်များအတွက် အသွားသင့်ဆုံး နေရာလေးတစ်ခု
(သို့)
ရပ်သပ်ရှုမောမိတဲ့ မထင်မှတ်လောက်အောင်လှပလွန်းတဲ့
သဘာဝရေအောက် အလှအပများရဲ့သခင် ကော့သောင်း 
😃😃😃❤️❤️🐠🐟🐬🇲🇲🇲🇲🇲🇲



#ကော့သောင်း
#ကြက်မောင်ကျွန်း(အသဲပုံကျွန်း) #စေတန်ကျွန်း #ဇာဒတ်ကြီးကျွန်း #ပန်းကျွန်း #မြင်းခွာကျွန်း
#MYANMAR
#Tango_Tour

ဒီတစ်ခါတော့ မြန်မာနိုင်ငံသားတစ်ယောက်အဖို့ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ နေရာလေးအကြောင်းပြောပြပါရစေ။ ပြည်တွင်းရော ပြည်ပရောသွားနေတဲ့ ကိုယ်လိုလူတောင်မှ တွေ့တွေ့ချင်း “ဟာာာာခနဲ” ဖြစ်သွားစေမိတဲ့ နေရာလေးပါ။ လှတယ်ဆိုတာထက် အများကြီးပိုလှနေတဲ့ မြန်မာနိုင်ငံက ကော့သောင်း အက်ဒမန်ပင်လယ်ထဲက ကျွန်းအကြောင်းတွေကို မျှဝေပေးပါရစေနော့ ….. 😃😃😃

🐠🇲🇲🔷တည်နေရော
........................................

အခုသွားခဲ့တဲ့ ကျွန်းလေးတွေက ကော့သောင်းမြို့အစွန်ကနေဆက်သွားရတဲ့ အက်ဒမန်ပင်လယ်ထဲမှာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံဟာ သိပ်ကံကောင်းတယ်ပြောရမယ်။ ဘာလို့ဆို အက်ဒမန်ပင်လယ်ထဲက  သိပ်လှတဲ့ ကျွန်းတွေဟာ မြန်မာ့ရေပိုင်နက်ထဲရောက်နေတာပါပဲ။ ဘုတ်နဲ့(၁၅)မိနစ်လောက်သွားရင်ကို ထိုင်းနိုင်ငံထဲရောက်နေပေမယ့် အဲ့ဒီသဘာဝရေအောက် အလှအပတွေဟာ မြန်မာပိုင်ဧရိယာထဲမှာရှိတာ သိပ်ကိုကံကောင်းတာ။ သူ့အလှက “ဒီမှာတွေ့လား ဒါတို့ မြန်မာနိုင်ငံက အလှတွေလေ” ဆိုပြီး ဂုဏ်ယူစရာ ကောင်းလောက်အောင်လို့လှတာ ….. ☺️❤️❤️

🐠🇲🇲🔷ခရီးလမ်းကြောင်း နဲ့ တည်းခိုဖို့
........................................

ရန်ကုန်ကနေဆို ကော့သောင်းကိုလေယာဉ်နဲ့သွားပေါ့။ အဲ့ဒီကျွန်းတွေသွားဖို့ဆိုရင်တော့ ကိုယ်တွေအဖွဲ့က ကော့သောင်းမှာမနေပဲ ကော့သောင်းကနေ (၅)မိနစ်လောက် ဘုတ်စီးရတဲ့ သူဌေးကျွန်းကိုသွားလိုက်တယ်။ သူဌေးကျွန်းရဲ့ Resort  ဖြစ်တဲ့ Grand ADaMan Myanmar (5)Star ဟိုတယ်မှာပဲ တည်းကြတယ်။ သူက (5) Star ဆိုတဲ့အတိုင်း နေရထိုင်ရတာရော၊ service ရောတော်တော်အဆင်ပြေပါတယ်။ မြန်မာသူဌေးပိုင်တဲ့ ဟိုတယ်ဖြစ်ပြီးတော့ မြန်မာဝန်ထမ်းတွေရောရှိပါတယ်။ ရေကူးကန်၊ ချွေးထုတ်ခန်း၊ မာဆက်ခ်ျ၊ Spa၊ ဂိမ်းကစားတဲ့နေရာတွေလည်းရှိလို့ ဘာမှပူစရာမလိုဘူးရယ်။ ကိုယ်ကတော့ ပင်လယ်ထဲကနေပြန်တက်လာရင် အခန်းထဲဝင်ပြီး ကုတင်လေးပေါ်လှဲပြီး အက်ဒမန်ပင်လယ်ကြီးရဲ့ နေ၀င်ဆည်းဆာကို ငေးမောကြည့်ရတာ သိပ်အရသာရှိတာပဲ။ သိပ်ကြိုက်မိတာပါပဲ …….☺️☺️☺️

🐠🇲🇲🐬🔷 မြန်မာ့ ရေအောက် သဘာဝအလှအပတွေဆီသွားကြမယ်
........................................

ဒီခရီးစဉ်မှာ ကိုယ်သွားခဲ့တဲ့ကျွန်းတွေကတော့ အခုကော့သောင်းရဲ့ နာမည်ကြီးနေတဲ့ ကြက်မောက်ကျွန်း(ခေါ်) အသဲပုံကျွန်း၊ မြင်းခွာကျွန်း၊ ပေါင်ဒါမှုန့်လေးတွေလို နူးညံ့ပြီး ဖွေးစွတ်နေတဲ့ သဲဖြူလေးတွေရှိတဲ့ စေတန်ကျွန်း၊ ပန်းကျွန်း၊ နိုင်ငံတကာကနေတောင် (5)Star အဆင့်သတ်မှတ်ပေးထားတဲ့ ရေအောက်အလှတွေရှိတဲ့ ဇာဒတ်ကြီးကျွန်းတွေကိုပဲ ဖြစ်ပါတယ်။ ဟိုတယ်ကနေဆို အဲ့ဒီကျွန်းတွေကိုရောက်ဖို့ (၁)နာရီနီးပါး ဘုတ်စီးရတယ်။ သွားတဲ့လမ်းမှာ သိပ်ကံကောင်းလွန်းရင် ပင်လယ်ပျော်လင်းပိုင် အုပ်လိုက်ကြီးကိုတွေ့ရပါသေးတယ်တဲ့။ အကောင်(၃၀၀)နီးပါး အဲ့ဒီပတ်ဝန်းကျင်မှာ ကျက်စားနေကြတာလို့ပြောတယ်။ ကံကောင်းလွန်းသူများကတော့ တွေ့ကြမှာပါ။ ကိုယ်တွေကတော့ (၁)ကောင်လားပဲ ခုန်နေတာလေးပဲ အဝေးကတွေ့လိုက်ခဲ့ရတာရယ်။ ကံကောင်းပုံများပြောပါတယ် …. 😁😁😄


🐠 အဲ့ဒီမှာ ကြက်မောက်ကျွန်းနဲ့ မြင်းခွာကျွန်းကတော့ FB မှာနာမည်ကြီးပေါ့။ ကြီးရလောက်အောင်လည်း လှပါတယ်။ Drone နဲ့ရိုက်ပြီး အပေါ်မြင်ကွင်းကနေကြည့်မ၀အောင် လှသလို အဲ့ဒီကျွန်းတွေရဲ့ ရေအောက် သဘောဝအလှကလည်း အပြင်ပုံထက် အများကြီးပိုလှပါတယ်။ အဲ့ဒီကျွန်း(၂)ခုကို နိုင်ငံတကာက ပညာရှင်တွေက (2)Star သတ်မှတ်ပေးထားတယ်။ ဟိုတယ်တွေလိုပဲပေါ့။ သွားခဲ့တဲ့ကျွန်းတွေထဲကမှ မြန်မာ့ရေတပ်ပိုင်တဲ့ ဇာဒတ်ကြီးကျွန်းရဲ့ ရေအောက်အလှကတော့ အလှဆုံးပါပဲ။ သူ့ကိုတော့ နိုင်ငံတကာက ပညာရှင်တွေက (5)Star အဆင့်ထိပေးထားပါတယ်။ ကမ်းပေါ်တက်လို့မရပေမယ့် ကမ်းစပ်နားမှာ စနူးကလင်းလုပ်ဖို့ ခွင့်ပြုထားတော့ ကံကောင်းတယ်လို့ပြောရမယ်။ ပြီးတော့ အဲ့ဒီနေရာတွေကို ထိုင်းဘက်ကနေတောင် တကူးတက စနူးကလင်းလုပ်ဖို့ လာကြည့်ကြပါသေးတယ်။ ဘာလို့ဆို ထိုင်းက သူတို့ရေအောက် အလှတွေထက် ဒီဘက်မြန်မာနိုင်ငံတောင်ပိုင်း ရေအောက်အလှက ပိုလှလို့တဲ့ …. သူတို့ပြောတာနော် ….. ဂုဏ်ယူလိုက်ကြစမ်းးးပါလေ ….. 😃😃👍🏼


🐠 အဲ့ဒီကျွန်းတွေနားမှာ ဘုတ်ကိုကပ်ထားပြီး ရေအောက်ထဲကို စနူးကလင်းလုပ်ကြည့်ရတာ သိပ်ကိုလှတာပါပဲ။ တကယ့်ကို ဘုရားစူးလှတာပါ။ အပိုမပြောပါဘူး “ဒို့မြန်မာနိုင်ငံမှဟုတ်ရဲ့လား”ဆိုပြီးတော့တောင် လှတာပါ။ မထင်မှတ်ထားလောက်အောင်ကို လှတာပါ။ ဘာတွေလှလည်းဆို ကမ်းစပ်နားအထိတောင် လွတ်လွတ်လပ်လပ်ရေကူးနေကြတဲ့ ရောင်စုံငါးကလေးတွေရယ်၊ သန္တာကျောက်တန်းလေးတွေရယ် …. နောက်ပြီး Jelly Fish တွေနဲ့ နာမည်တောင်မခေါ်တတ်တဲ့ သိပ်ကိုလှပတဲ့ ငါးကြီးငါးသေးလေးတွေက ကိုယ့်ဘေးနား ဒီတိုင်းလာကူးနေကြတာကို ရင်သပ်ရှုမောတွေ့ရမှာပါ။ နိုင်ငံခြားမှာ ဈေးကြီးပေးပြီးဝင်ရတဲ့ မှန်လုံအိမ်ထဲက ငါးပြတိုက်တွေကို တကူးတက သွားကြည့်စရာမလိုပါဘူး။ တကယ့်ရေအောက်ထဲမှာ သူတို့ဘ၀အစစ်တွေနဲ့ အတူတူစီးမျှောရင်း အလှတရားကို ခံစားလို့ရသလို ရေအောက်သဘာဝကိုလည်း ကိုယ်တိုင်ဝင်ပြီး ခံစားလို့ရပါသေးတယ်ဆိုတော့ …. ဘာလိုသေးလဲ။  မြန်မာနိုင်ငံထဲမှာ ရှိတာပါ … မြန်မာတို့ရဲ့ ရတနာတွေပါ …… 😊😊😊👍🏼👍🏼👍🏼

🐠 နောက်ပြီး နေ့လည်ထမင်းစားနားကြတဲ့ စေတန်ကျွန်းမှာ ကမ်းခြေဆင်းရတော့ သဲလေးတွေဆိုတာလေ ဖွေးးကိုဆွတ်နေတာ။ မိက်ကပ်လိမ်းတဲ့ပေါင်ဒါမှုန့်လိုပဲကို နူးးးးညံ့နေတာ။ ရေဆိုတာကလည်း တကယ့်အကြည်။ “မဆိုးဘူး ရေကြည်သားပဲ” လို့ကိုမဟုတ်ဘူး … “ဟာာာကနဲ”နေအောင်ကိုကြည်တာ။ အဲ့ဒီကျွန်းရောက်တော့ “ဒါမြန်မာနိုင်ငံပေါ့”ဆိုပြီးတော့တောင် အံ့သြမိတာ။ ကိုယ်တွေလည်း မော်လ်ဒိုက်ရောက်ဖူးပါတယ်။ ဒူဘိုင်းကမ်းခြေလည်းရောက်ဖူးပါတယ်။ စေတန်ကျွန်းရဲ့ ရေကြည်တာနဲ့ သဲဖြူတာနူးညံ့တာက မော်လ်ဒိုက်ထက်ကို သာပါတယ်။ တကယ်ပါ။ မော်လ်ဒိုက်မှာ ရေကြည်တယ်ဆိုတာလူလုပ်ထားတာတွေ အများကြီးပါပဲ။ ကမ်းစပ်မှာလှိုင်းမရှိအောင် တခေါ်လောက်နေရာမှာ လှိုင်းတားကျွန်းတွေလုပ်ထားတယ်၊ သဲလည်း စေတန်ကျွန်းလောက် မနူးညံ့ပါဘူး။ အခုစေတန်ကျွန်းကကျ တကယ့်သဘာဝအလှ။ ဘယ်သူကမှ ပိုလှသွားအောင် မပြုပြင်ထားဘူး။ ဘုရားပေးတဲ့ အလှတွေနဲ့ လှချင်တိုင်းကိုလှနေဆိုတာာာာ …. သိပ်ဂုဏ်ယူစရာကောင်းတာပါပဲ ….. 😊😊😊


🐠 စနူးကလင်းလုပ်ရမယ်ဆိုတော့ ရေမကူးတတ်လို့ ရေထဲဆင်းရမှာလည်းမကြောက်ပါနဲ့။ ဟိုဘက်က ရေကူးကျွမ်းကျင်တဲ့ ဂိုက်တွေ အများကြီးပါပါတယ်။ Life Jacket တွေကိုဝတ်ခိုင်းပြီး ရေထဲဘယ်လိုဆင်းရမယ်၊ ဘယ်လိုအသက်ရှုရမလဲဆိုပြီး သေချာသင်ပေးပြီး စိတ်ချရပြီဆိုမှ ဆင်းရတာပါ။ ရေထဲမှာ ဘယ်သွားလို့ဘယ်လာရမှန်းမသိလို့လည်း စိတ်မပူပါနဲ့ ။ အဲ့ဒီဂိုက်တွေကပဲ လူတွေစုပြီး ကြိုးတွေကိုင်ခိုင်းပြီး သူကဦးဆောင်ခေါ်သွားပေးပါတယ်။ ကိုယ်တွေအဖွဲ့မှာဆို အယောက်(၂၀)ပါတာ တစ်ဝက်ကျော်က ရေမကူးတတ်ဘူးရယ်။ ဒီတိုင်းလိုက်ဆင်းကြတာပဲ။ ရေမကူးတတ်လည်း သဘာဝအလှအပတွေကို ခံစားလို့ရပါတယ်လို့ ... :) :) :)

🐠 နောက်ပြီး အဲ့ဒီဂိုက်တွေကို တကယ်လေးစားမိတယ်။ သူတို့အနေနဲ့ ရေလမ်းသွားဖို့ ဂိုက်လုပ်နေပေမယ့် အဲ့ဒီဒေသ အဲ့ဒီရေအောက်အလှအပတွေကို သိပ်ချစ်ကြတယ်။ သိပ်တန်ဖိုးထားတယ်ဆိုတာ သိသာတယ်။ အမှိုက်မချဖို့၊ ရေအောက်က သန္တာကျောက်တန်းလေးတွေ ကျိုးပဲ့ကုန်မှာစိုးလို့ ခြေထောက်မထောက်ဖို့၊ သွားခဲ့တဲ့ နေရာတိုင်းက ဘာပစ္စည်းမှ အမှတ်တရ အနေနဲ့ မယူလာဖို့၊ ကိုယ်ယူသွားရင် တစ်ယောက်ပဲ တစ်မိသားစုပဲကြည့်လို့ရပေမယ့် သူ့သဘာဝအတိုင်းရှိစေတဲ့အခါ လူတိုင်းလာကြည့်လို့ရတဲ့ဆိုတဲ့ အကြောင်းတွေကို အမြဲ တဖွဖွသတိပေးရှာတယ်။ ဧည့်သည်အယောက်စေ့တိုင်းကိုလည်း သေချာဂရုစိုက်ပေးကြတယ်။ သူတို့ကတော့ အစိုးရကညွှန်ကြားထားလို့ လိုက်နာကြတာပါလို့ ပြောပေမယ့် သူတို့ကိုယ်တိုင်ကိုက လိုလိုလားလား ချစ်ကြတယ်ဆိုတာ သိပ်သိတာပါပဲ။ အဲ့လိုလေးတွေတွေ့မိတော့လည်း စိတ်ချမ်းသာသလိုလို စိတ်ချသလိုလိုလေးပေါ့ …..  ☺️☺️❤️❤️

ပြောရင်းဆိုရင်းနဲ့တောင် လွမ်းးးသွားပြီ … ဘာထပ်ပြောရမလဲဆိုရင် .. တကယ့်ကိုလှတာပါ … အပြီအပြင်ကိုလှတာပါ … နိုင်ငံတကာရင်ဘောင်တန်းနိုင်ပြီး ကျော်သွားနိုင်တဲ့အထိကို လှတာပါ ……🐠🐟🇲🇲🐬


🐠🇲🇲🔷စားကြမယ်သောက်ကြမယ်
........................................

လည်ပတ်ပြီးပြီဆိုတော့ စားကြဖို့ သတိရသွားတာပေါ့။ မနက်စာ၊ နေ့လည်စာ၊ ညစာတွေတိုင်းကို ရှယ်ဘူဖေးကျွေးတာပါ။ အသားဟင်း(၇)မျိုးလောက်ရယ်၊ အရံဟင်း (၁၀)မျိုးလောက်ရယ်ကို ကြိုက်သလောက်စားလို့ရပါသေးတယ်။ ယိုးဒယားချက်၊ ရှမ်းချက်၊ မြန်မာချက်တွေလုပ်ထားပေးပြီး တကယ်စားရတာ ခံတွင်းတွေ့ပါတယ်။ ကျွန်းတွေကိုသွားလည်တဲ့ နေ့ဆိုရင်လည်း နေ့လည်စာကို စေတန်ကျွန်းမှာ ဘူဖေးပဲ ကျွေးပါတယ်။ ရေကစားလိုက် စိတ်ကြိုက်စားလိုက်ပေါ့လေ ……… ။ ပြီးတော့ ဘုတ်စီးပြီး ကျွန်းတွေပတ်တဲ့နေ့မှာလည်း ရေသန့်ဗူး၊ ကိတ်မုန့်၊ အအေးစုံ၊ အသီးစုံတို့နဲ့ အချိန်ပြည့် ဧည့်ခံပေးပါသေးတယ်လို့ …… 😋😋😋👍🏼

တကယ်တော့ ဒီခရီးစဉ်လေးဟာ ကိုယ့်အတွက် (2016) နှစ်ကုန်ခါနီး တကယ့်အမှတ်တရ ခရီးစဉ်လေးတစ်ခုပါပဲ။ ဘာလို့ဆို “မြန်မာနိုင်ငံ” အတွက်ရှားရှားပါးပါး ဂုဏ်ယူမိလို့ပါ။ တစ်နှစ်ပတ်လုံးခရီးတွေသွားရပေမယ့် နိုင်ငံခြားခရီးစဉ်တွေသွားရတိုင်း အားကျစိတ်နဲ့ အတူ ကိုယ့်နိုင်ငံအတွက် အမြဲဝမ်းနည်းစိတ်ကလေးဝင်မိတယ်။ တို့တွေဆီမှာ ဒီထက်လှတာတွေရှိရဲ့သားနဲ့ဆိုတဲ့ စိတ်လေးပေါ့လေ။ အခု ဒီခရီးလေးသွားတော့မှ ကော့သောင်း အက်ဒမန်ပင်လယ်ထဲရောက်တော့မှ အဲ့ဒီဝမ်းနည်းစိတ်တွေအကုန်ပျောက်သွားတယ် …..

“တွေ့လား သဘာဝအလှတရားစစ်စစ်ဆိုတာ ဒါမျိုးကိုခေါ်တာ” … ဆိုပြီး ဂုဏ်ယူတဲ့စိတ်လေးဝင့်ပြီးပေါ့လေ …. 😊🇲🇲❤️

ဒီခရီးစဉ်လေးသွားဖြစ်အောင် စီစဉ်ပေးတဲ့ Tango Tour &Trek ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။ မြန်မာမှန်ရင်သွားသင့်ပါတယ်။ ဒေါ်လာထောင်ကျော်ပေးရတဲ့ နိုင်ငံခြားခရီးစဉ်တွေကို နည်းနည်းလျှော့ပြီး ကိုယ့်နိုင်ငံထဲက သူတို့ထက်ပိုလှတဲ့ သဘာဝအလှအပတရားတွေကို သွားကြည့်သင့်ပါတယ်။ ဟန်းနီးမွန်းဘယ်သွားရမလဲ မသိဘူးဆိုတဲ့သူများကိုလည်း ဒီနေရာကို ညွှန်းပါတယ်။ 😃👍🏼

သွားချင်တယ်ဆိုရင်တော့ Tango Tour & Trek  (09 7310 9637, 09 250 599 096) မှာခရီးစဉ်တွေအမြဲရှိပါတယ်။ ကျွန်းခရီးစဉ်အပြင် ကော့သောင်းမြို့အထင်ကရနေရာတွေပါ လည်ပတ်ပေးဦးမှာပါ။ (၂)ညအိပ် (၃)ရက်ခရီးစဉ်ကို လေယာဉ်ခ၊ (5)Star ဟိုတယ်၊ စားဖို့သောက်ဖို့ လည်ဖို့ပတ်ဖို့ အားလုံးအပြီးအစီးကိုမှာ ဒေါ်လာ(490) ပဲကျသင့်မှာပါ။ အဲ့တာမျိုး အလှအပတွေကြည့်ချင်လို့ နိုင်ငံခြားသွားမယ်ဆို အနည်းဆုံးတော့ ဒေါ်လာ (1000)ကျော်ပါလိမ့်မယ်။ အခုကျ နိုင်ငံခြားကအလှတွေထက်တောင် ပိုလှတဲ့ မြန်မာနိုင်ငံက ရေအောက်အလှအပကို Luxury ကျကျသွားချင်ရင်တော့ မြန်မြန်စာရင်းပေးထားကြပါလို့။ နော်ထိုက်ဆီကနေ ဒီခရီးစဉ်လေးကိုတွေ့လို့ ဘိုကင်တင်မယ်ဆို (10%) ဈေးလျှော့ပေးမယ်လို့ ပြောထားပါသေးတယ်တဲ့ ….. 😃😃

နောက်ပြီး Tango က Tour Leader တွေက တကယ်စိတ်ရှည်ပြီး ဧည့်သည်ကို အလေးထားပါတယ်။ ကိုယ့်ရေအောက်ပုံတွေကိုလည်း Tour Leader အဆိုင်းပဲ ရိုက်ပေးတာ။ ကိုယ်ကလည်း စိတ်ကြိုက်ပုံမရမချင်း ရစ်တတ်တဲ့သူဆိုတော့ သူ့ခမြာတော်တော်ကြိုးစားလိုက်ရတယ်။ 😁😁ရလာဒ်အနေနဲ့ ဓါတ်ပုံတွေတော်တော်ကောင်းသွားပါတယ်။ သဘောကောင်းတဲ့ Tour Leader တွေနဲ့အတူ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မမေ့နိုင်တဲ့ ခရီးစဉ်လေးဖြစ်မှာ တကယ်အာမခံပါတယ်။ ☺️☺️👍🏼

သွားကြပါ။
ဓါတ်ပုံတွေရိုက်လာကြပြီး “ဒါတို့မြန်မာနိုင်ငံကအလှတွေလေ”လို့ အားရပါးရကြွားကြပါ။
အက်ဒမန်ပင်လယ်ထဲကိုသွားပြီး မြန်မာတစ်ယောက်ဖြစ်ရခြင်းအတွက် ကြီးကြီးကျယ်ကျယ်ကို ဂုဏ်ယူလိုက်ပါ။😊🇲🇲❤️

သွားဖြစ်ကြမယ်ဆိုရင်တော့ အမှိုက်ကလေးတွေကို လုံးဝမချခဲ့ဖို့။ ရေအောက်အလှတွေဆီက ပစ္စည်းလေးတွေကို မယူလာကြဖို့၊ ကိုယ့်နိုင်ငံရဲ့ ရှားပါးရတနာလေးကို မပျက်စီးအောင် အတူတူထိန်းသိမ်းကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

😊😊😊

Post Credit: Travel by Naw Htike

No comments: