Wednesday, December 9, 2015

HIV ပိုးကိုသတ်ပေးမယ့်ကွန်ဒုံးသစ် - ဗီတာမင်- ဒီ ပုံမှန်မှီဝဲပေးခြင်း - ကျန်းမာရေးနဲ့ကာမဆက်ဆံမှုပိုကောင်းဖို့



ကာမရသကိုပိုစေပြီးပေါက်ပြဲက HIV ပိုးကိုသတ်ပေးမယ့်ကွန်ဒုံးသစ်


ဟိုက်ဒရိုဂျယ်နဲ့ပြုလုပ်ထားတဲ့ကွန်ဒုံးသစ်တစ်မျိုးဟာ  HIV ကိုတစ်ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ပေးပြီးကူညီပေးနိုင်လိမ့်မယ်လို့ကျွမ်းကျင်ပညာရှင်တွေကယုံကြည်ထားကြပါတယ်။

လိင်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းမွန်ပြီးလူတိုင်းလည်းသုံးချင်ပါစေဆိုတဲ့ရည်ရွယ်ချက်ထားရှိပြီးတက္ကဆက် ပြည်နယ်မှသိပ္ပံပညာရှင်များအဖွဲ့ဟာကွန်ဒုံးသစ်တစ်မျိုးကိုတီထွင်ခဲ့ပါတယ်။

ဒီကွန်ဒုံးဟာရာဘာစေးနဲ့လုပ်ထားတဲ့ဒီဇိုင်းမဟုတ်ပါဘူး။ရာဘာစေးအစားဟိုက်ဒရိုဂျယ်လို့ခေါ်တဲ့ကျုံ့နိုင်ဆန်နိုင်အားအတော်ကောင်းတဲ့ ပေါ်လီမာကိုသုံးထားပါတယ်။ဒီဂျယ်ကို ရေနဲ့အဓိက ပြုလုပ်ထားပြီးမျက်ကပ်မှန်နဲ့တခြား ဆေးဘက်ဆိုင်ရာအသုံးတွေမှာတွင်တွင်ကျယ်ကျယ်အသုံးပြုကြပြီး ဖြစ်ပါတယ်။

"တချို့လူတွေကရာဘာစေးနဲ့ဓာတ်မတည့်ကြဘူး။တခြားသူတွေကလည်းကွန်ဒုံးကိုသုံးရတာမကြိုက်ကြဘူး။ဒါကြောင့်တော်ဝင်အမျိုးအစားကွန်ဒုံးတစ်ခုကိုကျွန်တော်တို့တီထွင်ချင်ခဲ့ကြတာ။"  လို့တက္ကဆက် A&M ကျန်းမာရေးသိပ္ပံဌာန Irma Lerma Rangel ဆေးဝါးတက္ကသိုလ်တွဲဖက်ပါမောက္ခ ဒေါက်တာMahua Choudhury ကပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က HIV ရောဂါရှိသူ၃၆.၉မီလီယံရှိခဲ့ပြီးအသစ်ကူးစက်သူ၂မီလီယံရှိပါတယ်။ဒီလိုကူးစက်မှုတွေကိုဒီဟိုက်ဒရိုဂျယ်ကွန်ဒုံးကတားဆီးပေးနိုင်မယ်လို့သိရပါတယ်။

( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

ကျန်းမာရေးနဲ့ကာမဆက်ဆံမှုပိုကောင်းဖို့အတွက်ပေါင်ကြားမွှေးရိတ်သောယောကျာ်းတွေပိုများလာ


မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးရိတ်တာကစတယ်၊နောက်တော့ရင်ဘတ်မွှေးရိတ်တာတွေဖြစ်လာတယ်။ခုတော့ပေါင်ကြားမွှေးရိတ်တဲ့ခေတ်ရေစီးကြောင်းကယောကျာ်းတွေမှာအရင်ကထက်ပိုများလာပါပြီ။  ကိုယ်ခန္ဓာအမွှေးအမျှင်တွေကိုသပ်သပ်ရပ်ရပ်ထားရှိတာဟာအမျိုးသားတွေကြားမှာသိသိသာသာခေတ်စားလာတယ်ပဲပြောရမှာပါပဲ။

David Beckham နဲ့ Daniel Craig တို့အပါအဝင်နာမည်ကြီးတွေဟာရင်ဘတ်မွှေးတွေကိုရိတ်ထားကြပါတယ်။ဒီလိုနာမည်ကြီးတွေကအစပြုလုပ်ခဲ့ကြတာဟာအမျိုးသားတွေရင်ဘတ်မွှေးရိတ်စေဖို့ကိုအားပေးခဲ့ပါတယ်။အမျိုးသားငါးယောက်မှာတစ်ယောက်နှုန်းဟာပေါင်ခြံကြားမွှေးတွေကိုရိတ်ကြတယ်လို့ Gillette ပြုလုပ်ခဲ့တဲ့မကြာသေးမီကစစ်တမ်းတစ်ခုကဖော်ပြခဲ့ပါတယ်။

ဒါဆိုအမျိုးသားတွေဟာအောက်ပိုင်းနေရာအသွင်အပြင်ကိုဘာကြောင့်များအာရုံစိုက်လာတာပါလဲ။ဒီလိုပြုလုပ်ခြင်းက "ကာမဆက်ဆံမှုအတွက်ပိုကောင်းတယ်" လို့သူတို့ယုံကြည်ထားပြီးအမျိုးသမီးတွေကိုပေါင်ခြံကြားမွှေးရိတ်ဖို့သူတို့မျှော်လင့်ထားကြတဲ့အတွက်သူတို့ဘက်ကဒီလိုလုပ်တာဟာလည်းမျှတတယ်လို့သူတို့ကယူဆကြပါတယ်။

အမျိုးသားအသွင်အပြင်ပိုင်းပေါ်မှာအရင်ကထက်ဖိအားတွေရှိလာတယ်လို့ယုံကြည်ကြောင်းလန်ကတ်စတာတက္ကသိုလ်မှလူမှုစိတ္တပညာသုတေသနတွဲဖက်ဒေါက်တာ Matthew Hall ကပြောပြခဲ့ပါတယ်။သူဟာအမျိုးသားလိင်လက္ခဏာအကြောင်းအရာနဲ့ပတ်သက်ပြီးလေ့လာမှုအမျိုးမျိုးလုပ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

HIV ရှိ ငယ်ရွယ်သောလိင်တူချစ်သူတွေဟာ အကာအကွယ်မဲ့လိင်ဆက်ဆံမှုကို ပိုနှစ်သက်


လိင်ဆက်ဆံဖက်မှာ HIV ရောဂါပိုးမရှိရင်တောင် HIV ရောဂါပိုးရှိတဲ့ ငယ်ငယ်ရွယ်ရွယ် လိင်တူချစ်သူတွေနဲ့ လိင်နှစ်ခွချစ်သူ အမျိုးသားတွေဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ပိုပြီးပြုလုပ်ကြကြောင်း လေ့လာမှုသစ်တစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အမျိုးသားတွေနဲ့ လိင်ဆက်ဆံမှုပြုတဲ့ လူငယ် အမျိုးသား အများစုဟာ HIV ရောဂါပိုးကို နိုင်နင်းဖို့အတွက် ဆေးကုသမှု မခံယူကြပါဘူး။ ရလဒ်အနေနဲ့ သူတို့ကတဆင့် လိင်ဆက်ဆံဖော်တွေဆီကို ရောဂါကူးဖို့ ပိုများသွားတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

HIV ကို ကုသရာနဲ့ ၄င်းကုသမှုတွေကို တိုးတက်အောင်လုပ်ဆောင်ရာမှာ အလုပ်လက်မဲ့ဖြစ်မှု၊ ပညာရေးနဲ့ စိတ်ကျန်းမာရေးတို့ကလည်း အရေးကြီးကြောင်း ကိုလံဘီယာတက္ကသိုလ်မှ ဦးဆောင်သုတေသီ Patrick Wilson ကပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံ လူဦးရေရဲ့ ၂ရာခိုင်နှုန်းဟာ လိင်တူချစ်သူတွေနဲ့ လိင်နှစ်ခွချစ်သူတွေ ဖြစ်ကြပြီး ၂၀၁၄ခုနှစ် မှတ်တမ်းအရ ၄င်းတို့ရဲ့ ၆၇ရာခိုင်နှုန်းဟာ HIV ရောဂါပိုးရှိကြကြောင်း HIV Surveillance Report ကနေ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ HIV ရောဂါပိုးရှိသူ လူဦးရေရဲ့ ၂၅ရာခိုင်နှုန်းဟာ လူငယ် လိင်တူချစ်သူတွေ ဒါမှမဟုတ် လိင်နှစ်ခွချစ်သူ အမျိုးသားတွေဖြစ်ကြောင်း သိရပါတယ်။

( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

ဗီတာမင်- ဒီ ပုံမှန်မှီဝဲပေးခြင်းက ပန်းသေပန်းညှိုးရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်

တစ်နေ့ ကို ဗီတာမင်ဒီ ဆေးပြားတစ်ပြားမှီဝဲပေးတာက ပန်းသေပန်းညှိုးရောဂါခံစားနေမှုကို ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း ဆေးပါရဂူတွေက ပြောကြားလိုက်ပါတယ်။

ခန္ဓာကိုယ်မှာ ဗီတာမင်ဒီဓာတ်ချို့ တဲ့ခြင်းဟာ သွေးတိုးဆီးချိုကနေ နှလုံးရောဂါ၊ သွေးပေါင်ချိန်တက်တာတွေ အထိဖြစ်နိုင်တယ်လို့  သိရပါတယ်။ ယခုအခါ  နာမည်ကျော် Johns Hopkins တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ ဒီ ဗီတာမင်ဒီဓာတ် နည်းပါးခြင်းက ပန်းသေပန်းညှိုးကိုလည်း ဖြစ်စေနိုင်တယ်လို့  ဆိုပါတယ်။

Dr Michos နဲ့ သူမရဲသုတေသနအဖွဲ့ ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း အမျိုးသားကျန်းမာရေးနဲ့ အာဟာရဓာတ်စစ်ဆေးလေ့လာမှုစာရင်းမှာ ပါဝင်ခဲ့တဲ့ အသက် ၂၀ အထက် အမျိုးသားပေါင်း ၃၄၀၀ ရဲ့ အချက်အလက်တွေကို ပိုင်းခြားလေ့လာခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားတွေမှာ ဘယ်သူမှနှလုံးရောဂါမရှိကြဘဲ၊ ၃၀ ရာခိုင်နှုန်းကတော့ ဗီတာမင်ဒီဓာတ်ချို့ တဲ့ကာ ၁၆ ရာခိုင်နှုန်းမှာ ပန်းသေပန်းညှိုးလက္ခဏာတွေ ခံစားနေကြတာဖြစ်ပါတယ်။

သွေးတစ်မီလီလီတာအတွင်း ဗီတာမင်ဒီပါဝင်မှု ၂၀ နာနိုဂရမ်ထက်နည်းရင် ဗီတာမင်ဒီဓာတ်ချို့ တဲ့တယ်လို့  သတ်မှတ်ထားပြီး ပန်းသေပန်းညှိုးခံစားနေရတဲ့အမျိုးသား ၃၅ ရာခိုင်နှုန်းမှာ ၂၀ နာနိုဂရမ်ထက် နည်းနေတာကို တွေ့ ရှိခဲ့ရပါတယ်။

ဒါဟာ ဗီတာမင်ဒီချို့ တဲ့နေရင် ဗီတာမင်ဒီလုံလုံလောက်လောက်ရတဲ့ အမျိုးသားတစ်ယောက်ထက် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်းပိုများနေတာဖြစ်ပြီး ဒီ တွေ့ ရှိမှုဟာ ပန်းသေမှုကို ဖြစ်နိုင်တဲ့ တခြား အကြောင်းအရာတွေဖြစ်တဲ့ တချို့ သောဆေးဝါးတွေမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချို၊ ရောင်ရမ်းမှုရောဂါနဲ့ သွေးပေါင်ချိန်များခြင်း စတဲ့ အချက်တွေကို ထည့်တွက်ပြီးတာတောင် ဗီတာမင်ဒီ ချို့ တဲ့ခြင်းက အဓိကပြဿနာတစ်ခုဖြစ်နေတာကို တွေ့ ရှိရတာဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

ပန်းသေပန်းညှိုးရောဂါကို အသက် ၄၀ အထက် အမျိုးသား ၄၀ ရာခိုင်နှုန်းကြုံတွေ့ နေရပြီး အသက် ၇၀ အထက် မှာဆို ၇၀ ရာခိုင်နှုန်းရှိနေတယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

No comments: