ရာသီဥတုက
ပူသလိုလိုအေးသလိုလိုနဲ့ဆိုပေမယ့် အစပ်ကဲတဲ့ဟင်းလျာလေးတွေစားရတာ ဒီလိုအချိန်မျိုးမှာ
ထမင်းမြိန်စေမယ်လို့ ယူဆပါတယ်။
ဒါကြောင့်
ရှူးရှူးရှဲရှဲချဉ်ချဉ်စပ်စပ်နဲ့ စားမြိန်စေမယ့် ထိုင်းစတိုင်လ်ဟင်းလျာတွေကိုဝေငှချင်ပါတယ်ခင်ဗျ။
ကြက်မွှေးချဉ်စပ်ပွဲ
ပါဝင်ပစ္စည်းတွေကတော့...
ကြက်ပေါင် - (၁) ချောင်း
Red
Curry - အနည်းငယ်
ရှောက်ရွက် - အနည်းငယ်
ငရုတ်သီး
အနီတောင့် - အနည်းငယ်
ခရုဆီ - (၁) ဇွန်း
သကြား - (၁) ဇွန်း
Fish
Sauce ` -
(၁) ဇွန်း
သံပုရာရည် - (၁)ဇွန်း
ကော်မှုန့် - အနည်းငယ်
ချက်ပြုတ်ပုံလေးကတော့
ကြက်ပေါင်တစ်ချောင်းကို
အရိုးထုတ်ပြီးအနေတော် အတုံးများတုံးပါ။ ခရုဆီ၊
ဆီမွှေး၊ ငရုတ်ကောင်းများနဲ့ အရသာဝင်အောင်နယ်ပြီး ဆီပူနဲ့ကြော်ပါ။ Red Curry အနှစ်ကို
ဆီသတ်ပြီး ရှောက်ရွက်၊ ငရုတ်သီး များထည့်ပြီး ရေသန့်အနည်းငယ်ထည့်ကာ ဆူအောင်တည်ပါ။ ဆူလာလျှင်
ကြော်ထားတဲ့ ကြက်သားတုန်းများထည့်ပြီး ကော်ရည်နည်းနည်းထည့်ပြီး အိုးပေါ်မှချကာ စားခါနီး
သံပုရာရည်လေး ဆမ်းပေးနိုင်ပါတယ်။
ငါးခူဆီပြန်ချိုစပ်
ငါးခူ - (၂၅ ) ကျပ်သား
Red
Curry - အနည်းငယ်
ငရုတ်သီးစိမ်း - (၃) တောင့်
အသင့်စား
အုန်းနို့ - (၁) ဘူး
Fish
Sauce - ဇွန်းဝက်
ခရုဆီ - ဇွန်းဝက်
သကြား - ဇွန်းဝက်
ထန်းလျက် - (၁) လုံး
ကဖောင်ရွက် - (၁) စီး
ချက်ပြုတ်နည်းကတော့
ငါးခူကိုဆီပူထိုးပါ။ ပြီးလျှင် Red
curry ကို ဆီသတ်ပြီး ခြမ်းထားတဲ့ ငရုတ်သီးစိမ်းများနဲ့
ထန်းလျက်တစ်လုံး၊ အုန်းနို့၊ Fish Sauce ၊ သကြား၊ခရုဆီများထည့်ပြီး အနှစ်ရအောင် ချက်ပါ။
ဆီပူထိုးထားတဲ့ ငါးခူများထည့်ပြီး အချိန်အနည်းငယ် ထားပါ။ နှစ်သက်ရာ အနေအထားမှာ မီးပေါ်ကချပြီး
ပါးကန်ထဲမှာ လှပစွာထည့်ပါ။ ကဖောင်ရွက်ကို ဆီအနည်းငယ်နဲ့ ကြွတ်နေအောင်ကြော်ပြီး ဟင်းပွဲပေါ်မှာအုပ်ပြီးပြီ
ဆိုရင်တော့ ချိုစပ်စပ်အရသာလေးနဲ့ ငါးခူဟင်းကို ရရှိပါပြီ။
ကျောင်းမာကျီးကြက်ပေါင်
အရိုးထုတ်ပြီးသား
ကြက်ပေါင် - (၁) ချောင်း
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ငရုတ်ကောင်း
ဆီမွှေး - အနည်းငယ်
ဂျုံမှုန့် - အနည်းငယ်
ကြက်ဥ - (၁) လုံး
ဆော့ - အနည်းငယ်
ကြက်သွန်ဖြူ - တစ်လုံး
ငရုတ်သီးစိမ်း - အနည်းငယ်
နံနံပင် - အနည်းငယ်
သံပုရာသီး - (၁) လုံး
ရှာလကာရည် - (၁)ဇွန်း
ချက်နည်းလေးကတော့
အရိုးထုတ်ထားတဲ့
ကြက်ပေါင် တစ်ချောင်းကို ဆား၊ သကြား၊ ငရုတ်ကောင်းဆီမွှေးများနဲ့ အရသာဝင်သွားအောင် နယ်ပါ။
ဂျုံ ၊ ကြက်ဥအကာများကပ်ပြီး ဆီပူပူထဲမှာ ကြွပ်လာအောင် ကြော်ပါ။
ကြက်သားများ
ကြွပ်လာပြီဆိုရင် ဆယ်ယူပြီး နှစ်သက်ရာ အရွယ်အစားအတိုင်း အနေတော်တုံးပါ။ ပါးပါးလှီးပြီးသား
ဂေါ်ဖီထုပ်များ ဖြန့်ခင်းထားတဲ့ ပန်းကန်ထဲမှာ တုံးပြီးသား ကြက်သားများကို လှပအောင်စီထည့်ပါ။
ကြက်သွန်ဖြူ
၊ ငရုတ်သီးစိမ်း၊ နံနံပင်များကို ဆတူထည့်ပြီး နုပ်နုပ်စင်းထားပါ။ ဆော့၊ သကြား၊ ရေသန့်၊
သံပုရာရည်၊ ရှာလကာရည်များကို ဆတူရောစပ်ပြီး နုပ်နုပ်စင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊
နံနံပင်များနဲ့ သမအောင်မွှေပြီး ကြက်သားပေါ်
လောင်းချပေးပါ။ ကျောင်းမာကျီး ကြက်ပေါင်လို့ခေါ်တဲ့ ထိုင်းနယ်စပ်ဒေသရဲ့ နာမည်ကြီးဟင်းလျာကို
မြည်းစမ်းနိုင်ပါပြီ။
နောက်ဆုံးအနေနဲ့
သူပါမှပိုစားမြိန်စေမယ့် အရည်သောက်ပွဲလေးကို ရွေးချယ်ထားပါတယ်။
ကဖောင်ရွက်ရနံ့မွှေးမွှေးလေးနဲ့
ဆူပွက်ထားတဲ့ လယ်သမားဟင်းချိုပါ။
လယ်သမားဟင်းချို
လယ်သမားဟင်းမှာပါဝင်ထားတာတွေကတော့
ငါးခူ -
(၂၅) ကျပ်သား
Red
Curry -
ဇွန်းဝက်
Fish
Sauce -
(၁) ဇွန်း
သကြား -
(၁) ဇွန်း
ကဖောင်ရွက် -
(၁) စီး
ငရုတ်သီး -
(၃) တောင့်
Baby
Corn -
အနည်းငယ်
ကဆော့သီး -
အနည်းငယ်
ပဲတောင့်ရှည် -
အနည်းငယ်
ဖရုံသီး -
အနည်းငယ်
ချက်နည်းလေးကတော့
ဟင်းချိုတစ်အိုးစာ
ရေသန့်ထဲကို Red Curry ၊ Fish Sauce ၊ သကြား များထည့်ပြီး ဆူအောင်တည်ပါ။ ပြီးလျှင်
အနေတော် လှီးဖြတ်ထားသော ပြောင်းဖူး၊ ပဲတောင့်ရှည်၊
ဖရုံသီးများနဲ့ ကဆော့သီးများကို ထည့်ပါ။ သန့်စင်ပြီး ငါးခူများကို အနေတော်တုံးပြီး
ထည့်ပါ။ ခြမ်းထားတဲ့ ငရုတ်သီးစိမ်းများကို ထည့်ပါ။ ဟင်းအိုးဆူပြီး ချခါနီးလျှင် ကဖောင်ရွက်လေးများ
အုပ်ပေးပါ။ နှစ်သက်ပါက နံနံပင်လည်း ထပ်မံအုပ်နိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့
လယ်သမားဟင်းချို ဖြစ်ပါတယ်။
Credit: www.people.com.mm
No comments:
Post a Comment