Saturday, December 26, 2015

အကောင်းဆုံးဘက်စုံသုံး ပေါ့ပေါ့ပါးပါး မိုဘိုင်းအက်ပလီကေးရှင်းများ



လက်ကိုင်ဖုန်းတွေ စတင်တီထွင်ခဲ့တဲ့ ရည်ရွယ်ချက်က ဆက်သွယ် ရေးကဏ္ဍမှာ ပိုပြီးချောမွေ့လွယ်ကူလာစေဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ လက်ကိုင်ဖုန်းတွေဟာ ဆက်သွယ်ရေးကိရိယာသက်သက်ထက် အများကြီးပိုပြီး အဓိပ္ပာယ်ရှိလာပါပြီ။ စမတ်ဖုန်းယဉ်ကျေးမှု ထွန်းကားလာခြင်းနဲ့ အတူ ဖုန်းတွေကို ကွန်ပျူတာ အသေးစားတွေလို အသုံးပြုနိုင်မယ့် အက်ပလီကေးရှင်းအမျိုးမျိုးကို ဖန်တီး တီထွင်လာကြပါတယ်။

နည်းပညာစီးဆင်းမှုက ဆက်ပြီးအရှိန်အဟုန်ကောင်းနေဆဲဖြစ် သလို ဖုန်းတစ်လုံးကိုင်ထားရုံနဲ့ လိုအပ်ချက်တော်တော်များများကို ဖြည့် စွမ်းနိုင်တဲ့ အခြေအနေမျိုးရှိလာပါတယ်။ ခက်ခဲနက်နဲတဲ့ သင်္ချာပုစ္ဆာ တစ်ပုဒ်ကိုဖြေရှင်းဖို့၊ အားလပ်ချိန်မှာ ဘာသာစကား တစ်ခုခုကို သင်ယူနေ ဖို့ဆိုတာတွေကို ဖုန်းတစ်လုံး ရှိနေရုံနဲ့ အလွယ်တကူ လုပ်ဆောင်နေနိုင် ပြီဖြစ်ပါတယ်။ အသုံးဝင်တဲ့ အက်ပလီကေးရှင်းလေးတွေ တော်တော်များများဟာ အရည်အသွေးပိုင်း
ကောင်းမွန်အောင် ဖန်တီးထားတဲ့အပြင် အခမဲ့ဝန်ဆောင်မှုပေးလေ့ရှိတာကလည်း ကျေနပ်စရာပါ။ အခုဆောင်း ပါးမှာတော့ ကိုယ့်ရဲ့စမတ်ဖုန်းထဲမှာ ထည့်သွင်းထားသင့်တဲ့ လုပ်ငန်းစုံသုံး ပေါ့ပေါ့ပါးပါး အက်ပလီကေးရှင်းလေး
တချို့ကို စုစည်းဖော်ပြလိုက် ပါတယ်။

ခက်ခဲနက်နဲတဲ့ သင်္ချာပုစ္ဆာတွေ ဖြေရှင်းရ တာဟာ ခေါင်းရှုပ်စရာပါ။ သင်္ချာနဲ့ပတ် သက်တဲ့ အဖြေတစ်ခုကို အလောတကြီး လိုအပ်နေပြီး အချိန်ပေးတွက်ချက်ဖို့လည်း အဆင်မပြေဘူး ဆိုရင်တော့ Photomath ဟာ အကောင်းဆုံးထွက်ပေါက်ဖြစ်ပါလိမ့်မယ်။ စိတ်ဝင်စားစရာ ဒီ အက်ပလီကေးရှင်းလေးဟာ ဂဏန်းပေါင်းစက်တစ်လုံးလိုပဲ သင်္ချာနဲ့ ပတ်သက်ပြီး ခက်ခဲနက်နဲတဲ့ ပုစ္ဆာတွေကို အဖြေထုတ်ပေးနိုင်ပါတယ်။ ထူးခြားတာက ဒီအက်ပလီကေးရှင်းကို အသုံးပြုရာမှာ ပုစ္ဆာပါ ကိန်း ဂဏန်းတွေကို အစအဆုံးရိုက်ထည့်ပေးနေစရာမလိုဘဲ ဖုန်းရဲ့ ကင်မရာကို အသုံးပြုလိုက်ရုံနဲ့တင် အဆင်ပြေနေတာပါပဲ။ ကိုယ်အ ဖြေသိချင်တဲ့ သင်္ချာပုစ္ဆာကို ဓာတ်ပုံရိုက်လိုက်ရုံနဲ့ အက်ပလီကေးရှင်း က အလိုလို တွက်ချက်ပြီး တိကျမှန်ကန်တဲ့အဖြေကို ပြန်ထုတ်ပေးပါ လိမ့်မယ်။ အသုံးပြုရတာ အင်မတန်ရိုးရှင်းသလောက် ထိရောက်မှု အရမ်းရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

စတိုးဆိုင်၊ စူပါမားကက်တွေက ပြန်လာ ပြီးမှ ကိုယ်ဝယ်ရမယ့် ပစ္စည်းတစ်ခုခု မဝယ်ဖြစ်ဘဲ မေ့ခဲ့တာကို ပြန်သတိရပြီး စိတ်အနှောင့်အယှက်ဖြစ်ရမယ့် အခိုက် အတန့်မျိုး အားလုံးကြုံဖူး ပါလိမ့်မယ်။ Out of Milk က ဒီလိုပြဿနာမျိုး အတွက် အကောင်းဆုံး ဖြေရှင်းပေးမယ့် အက်ပလီကေးရှင်းပါ။ စူပါမားကက်ထဲ ရောက်နေချိန် ဒီအက် ပလီကေးရှင်းလေးကို ထုတ်ကြည့်ရုံနဲ့ ကိုယ်လိုအပ်တဲ့
ပစ္စည်းတွေကို မမေ့လျော့အောင် သတိပေးပြီးသားဖြစ်ပါလိမ့်မယ်။ Out of Milk မှာ ဝယ်ယူမယ့် ပစ္စည်းစာရင်းကို ကြိုတင် ထည့်သွင်းထားနိုင်တဲ့အပြင် ဟင်း အမည်တွေကိုပါ စာရင်းပြုစုထားလို့ ရပါသေးတယ်။ ပြီးတော့ ကုန် ပစ္စည်းတစ်ခုချင်းစီရဲ့ ခန့်မှန်းကျသင့်တန်ဖိုးကို တွက်ချက်အကြံပေးနိုင်တာကြောင့် မကုန်သင့်တာ မကုန်အောင် သတိပေးဦးမယ့် အက်ပလီaကးရှင်းလေးပါပဲ။

၃။ Sleep Cycle
ဆက်တိုက်အလုပ်လုပ်ပြီး အရမ်းပင်ပန်း နွမ်းနယ်နေပြီဆိုရင်တော့ ခန္ဓာကိုယ် ကို အနားပေးဖို့ အရေးတကြီး လိုအပ်လာပါ ပြီ။ ဒီတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် မယ့် ညတစ်ညလောက်ကို
ဖြတ်သန်းဖို့ တောင်းဆိုရပါတော့မယ်။ အိပ်ချိန်၊ အလုပ်လုပ်ချိန်တွေကို စနစ်တကျ ခွဲခြားပေးမယ့် နှိုးစက်အက်ပလီကေးရှင်းတွေ တော်တော်များများ ရှိပေမယ့် Sleep Cycle ကတော့ 30 minute window ဆိုတဲ့ Setting ပါရှိပါတယ်။ ပြီးတော့ လူတစ်ဦးရဲ့ အိပ်စက်မှု အချိန်ကာလတွေ ကိုခြေရာခံပြီး ကျန်းမာရေးနဲ့ အသင့်လျော်ဆုံး အိပ်ချိန်ကို အကြံ ပြုပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝနဲ့ ကျန်းမာရေးအတွက်အမှန်တကယ်အထောက်အပံ့အပေးနိုင်ဆုံး အိပ်ချိန်တွေကို ရွေးချယ်ဖို့ ဆိုရင်တော့ Sleep Cycle ဟာ ဦးစားပေးရွေးချယ်ရမယ့် နှိုးစက် အက်ပလီကေးရှင်းတစ်ခုလို့
ညွှန်းဆိုရမှာပါ။

၎။ My Fitness Pal

ကိုယ်အလေးချိန် လျှော့ချဖို့အတွက် တကယ်ကောင်းတဲ့ အက်ပလီကေးရှင်း တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့My Fitness Pal ကတော့ အထူးခြားဆုံးရွေးချယ်စရာတစ်ခုပါ။ လေ့ကျင့်ခန်း အစီအစဉ်တွေနဲ့ပတ်သက်ပြီး အကောင်းဆုံးစီမံခန့်ခွဲ သတ်မှတ်ထား နိုင်သလို အကျိုးသက်ရောက်မှု ရလဒ်တွေကိုလည်း တိတိကျကျ ဖော်ပြပေးတာကြောင့် အပင်ပန်းခံလေ့ကျင့်ခန်းလုပ်ဖို့ စိတ်ဓာတ် ရေးရာလှုံ့ဆော်မှုကောင်းတွေ ဖြစ်လာစေ ပါတယ်။ နေ့စဉ်နေ့တိုင်း စားသုံးနေတဲ့ ကယ်လိုရီ ပမာဏကိုလည်း ခြေရာခံ အဖြေထုတ်ပေးနိုင်တာကြောင့် ကျန်းမာရေးနဲ့ လျော်ညီတဲ့
အစားအသောက်ပုံစံကို ရွေး ချယ်ရာမှာလည်း အများကြီး အကူအညီရပါတယ်။


၅။ Halfbrick Studios
တစ်ခါတလေ ပျင်းပျင်းရိရိ ရှိနေချိန် ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေမယ့် ဂိမ်းလေးတွေ ကစားချင်တယ်ဆိုရင် တော့ Halfbrick Studios ကို အားကိုး အားထား
ပြုရပါမယ်။ Fruit Ninja (http://www.androidapksfree.com/game/fruit-ninja-free-apk/) နဲ့ Jetpack Joyride (http://www.apk4fun.com/apk/136/)  တို့လို နာမည်ကြီး မိုဘိုင်း ဂိမ်းလေးတွေ တီထွင်ထားတဲ့ ကုမ္ပဏီရဲ့ အက်ပလီကေးရှင်းဟာ စိတ်ပျော်ရွှင်စရာ ဂိမ်းလေးတွေကို ရွေးချယ်ဆော့ ကစားနိုင် အောင် အထောက်အပံ့ပေးပါလိမ့်မယ်။ သူတို့ရဲ့ Fruit Ninja ဂိမ်းဆိုရင် iPhone အသုံးပြုသူတွေ ချည်းပဲ သီးသန့် Download ပြုလုပ်မှုအရေအတွက် တစ်ဘီလီယံ လောက် ရှိနေပါပြီ။ ဂိမ်းတွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အကြံပြုချက်တွေကို လည်း စုံစုံလင်လင်
ဖော်ပြပေးထားတာကြောင့် ပေါ့ပေါ့ပါးပါး ဂိမ်း လေးတွေ အပျင်းပြေဆော့ကစားရတာ နှစ်သက်သူတွေအတွက် လက် မလွှတ်သင့်တဲ့ အက်ပလီကေးရှင်း
တစ်ခု ဖြစ်ပါတယ်။

၆။ Google Translate
သတင်းအချက်အလက် တစ်ခုခုကို သိချင် ပေမယ့် မူရင်းရေးသားထားတာက ကိုယ် နားမလည်တဲ့ ဘာသာစကားနဲ့ဖြစ်နေရင် အခက်အခဲတော့ ရှိမှာပါပဲ။ ဒါပေမဲ့ နည်းပညာထွန်းကားတဲ့ခေတ်မှာ ဒါဟာ အချိန်ကြာကြာ ခေါင်းစား ရမယ့် ပြဿနာ မဟုတ်တော့ပါဘူး။ Google Translate ဟာ ကမ္ဘာ့အကောင်းဆုံး ဘာသာပြန် ဝန်ဆောင်မှုတစ်ခုအဖြစ် ရပ်တည်နေပါပြီ။ အမျိုးမျိုးအဖုံဖုံ ကွဲပြား
ခြားနားတဲ့ ဘာသာစကား မြောက်မြားစွာကို ပြန်ဆို ပေးနိုင်ပါတယ်။ အွန်လိုင်းချိတ်ဆက်ပြီး ဘာသာပြန်ဆိုနိုင်သလို ကိုယ်သိရှိထားတဲ့ အချက်တွေကိုလည်း ဖုန်းထဲမှာ သိမ်းဆည်းထားပြီး အွန်လိုင်းမရှိချိန်မှာ အသုံးပြုနိုင်ပါ တယ်။ သေချာတာကတော့ ဖုန်းထဲမှာ Google Translate ထည့်သွင်း ထားတဲ့အခါ အဘိဓာန် စာအုပ်ကြီးတွေ သွားလေရာ လျှောက်သယ်နေ ဖို့ မလိုတော့ဘူး ဆိုတာပါပဲ။

၇။ Sky Map
ညဘက်မှာ ကြယ်တွေ စုံစုံလင်လင်နဲ့ တောက်ပနေတဲ့ ကောင်းကင်ယံကို မော့ ကြည့်ရင်း မိန်းမောနေရတာဟာ ထူးကဲတဲ့ အရသာတစ်ခုပါ။ မရေမတွက်နိုင်တဲ့ ကြယ်ပေါင်းများစွာရှိပေမယ့် အလင်း ရောင်ကို အနှောင့်အယှက် ပေးတဲ့ ညစ်ညမ်းမှုတွေကြောင့် ကြယ် ရောင်တောက်ပတဲ့ညတွေကို ခံစားခွင့်မရတော့တာဟာ မြို့ကြီး ပြကြီးတွေရဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကြယ်တွေကို စောင့်ကြည့်ရတာ ဝါသနာပါသူတွေကို အထောက်အပံ့ပေးမယ့် အက်ပလီကေးရှင်းတစ်ခုရှိပြီး Sky Map လို့ ခေါ်ပါတယ်။ ဒီအက်ပလီကေးရှင်းက ကြယ်တွေ၊ ဂြိုဟ်တွေရဲ့
ဖြစ်တည်ပုံတွေ၊ ကိုယ့်အထက်ကောင်းကင်ယံမှာ တည်ရှိနေတဲ့ တခြားအံ့ဩစရာ အရာဝတ္ထုတွေအကြောင်း စုံစုံလင်လင် ဖော်ပြပေးနိုင်ပါတယ်။ အသုံးပြုရတာ အင်မတန်လွယ်ကူတဲ့
ဒီအက်ပလီကေးရှင်းလေးဟာ စကြဝဠာကြီးအကြောင်း အသိပညာ ပိုတိုးလာအောင် ပြောပြပါလိမ့်မယ်။

၈။ Duolingo
အားလပ်ချိန်တွေကို အသုံးချရာမှာ ဝါသနာ ပါရာ ဘာသာစကားသစ်တစ်ခုခုကို သင် ယူနေခြင်းဟာ အကောင်းဆုံးရွေးချယ်မှု ပါ။ နည်းပညာတိုးတက်မှု မြန်ဆန်လာ တဲ့အခါ ဘာသာစကား
သင်ယူရေးကိစ္စဟာ အရင်ကထက် အများကြီး ပိုမိုလွယ်ကူလာပါပြီ။ ဒီနေရာမှာ တော့ Duolingo ဆိုတဲ့ အက်ပလီကေးရှင်းလေးအကြောင်းပြောဖို့ လိုလာပြီဖြစ်ပါတယ်။ Duolingo ဟာ ကိုယ်ရွေးချယ်ထားတဲ့ ဘာသာစကားတစ်ခု အစပြုသင်ယူဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပြီး ဝေါဟာရတွေကို ကြွယ်ကြွယ်ဝဝ ဖော်ပြပေးနိုင်ပါတယ်။ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊
အီတလီ၊ အိုင်းရစ်ခ်ျ၊ ဒတ်ခ်ျ၊ ဒိန်းမတ်၊ ဆွီဒင်နဲ့ အင်္ဂလိပ် စကားတွေကို သင်ယူနိုင်မှာဖြစ်ပြီး Level သတ်မှတ်ချက် စနစ်ကိုပါ ထည့်သွင်းပေးထားတာကြောင့် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ကစားနည်းတစ်ခုလို ယှဉ်ပြိုင်လို့လည်းရပါသေး တယ်။ Duolingo ကို အသုံးပြုတဲ့အခါ ဘာသာစကား သင်ယူရတာ ပိုလွယ်ရုံတင် မကဘူး၊ ပျော်စရာလည်း ကောင်းလာပါတယ်။

၉။ myHomework

ဒီအက်ပလီကေးရှင်းကတော့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဓိက သင့် လျော်ပါတယ်။ ကိုယ့်ရဲ့ နိစ္စဓူဝ သင်ခန်းစာတွေ၊ Assignment တွေကို မမေ့ မလျော့ ပုံမှန်လုပ်ဆောင်နေနိုင်ရင် အတန်းထဲမှာ ထူးချွန်သူ တစ်ယောက် ဖြစ်လာဖို့ ပိုနီးစပ်ပါတယ်။ ဆရာ၊ ဆရာမတွေဆိုတာကလည်း Assignment တွေနဲ့ ပတ် သက်တဲ့ ရမှတ်တွေကို စာမေးပွဲထိ ယူဆောင်လာချင်တဲ့စိတ်မျိုး ရှိတတ်ကြတယ်လေ။ myHomework ကတော့ကျောင်းသူကျောင်း သားတစ်ဦးချင်းစီအတွက် လိုအပ်တဲ့ Assignment တွေကို စနစ် တကျစုစည်းဖော်ပြပေးနိုင်ပါတယ်။ Assignment ပြန်တင်ရမယ့်
နေ့တွေ နီးလာရင် သတိပေးတဲ့ အက်ပလီကေးရှင်းကြောင့် ကိုယ့်ရဲ့စာ သင်သားဘဝမှာ ဘာစိတ်ပူပင်စရာမှ မရှိတော့ပါဘူး။ စနစ်တကျ စီမံခန့်ခွဲထားတဲ့ အက်ပလီကေးရှင်းလေးကြောင့် Assignment တွေ ရေးသားဖို့၊ ပြန်တင်ဖို့ မေ့လျော့နေတာမျိုးကို တွေးပူမနေရဘဲ ညတိုင်း စိတ်အေးလက်အေး အိပ်စက်နိုင်မှာဖြစ်ပါတယ်။

၁၀။ Plant Nanny
ဂိမ်းတွေကို ကျန်းမာရေး အထောက် အကူပြုရှုထောင့်ကနေ တီထွင်နိုင်ဖို့ ကြိုးစားလာကြတဲ့ ခြေလှမ်းသစ်မှာ Plant Nanny လည်း အပါအဝင်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး မိုဘိုင်းဂိမ်းတစ်ခုအဖြစ် ချီးကျူးခံရတဲ့ Plant Nannay ရဲ့ ဖွဲ့စည်းပုံက ရိုးရှင်းပါတယ်။ ကိုယ်စိုက်ပျိုးထားတဲ့ အပင်လေး ဆက်လက်ရှင်သန် နေဖို့အတွက် ရေလောင်းပျိုးထောင်ပေးရမှာပါ။ ကိုယ်ဂရုမစိုက်မိ လို့ အပင်လေးသေသွားရင်တော့ စိတ်မကောင်း စရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Plant Nanny ထဲက အပင်လေးကို ရေလောင်းဖို့အတွက် ကိုယ်တိုင်ကလည်းရေသောက်ရမှာ
ဖြစ်ပါတယ်။ စိတ်ကူး စိတ်သန်းက နည်းနည်းတော့ ထူးဆန်းနေသလိုပါပဲ။ ဒါပေမဲ့ အပျင်းပြေ ဂိမ်းကစားရင်း ခန္ဓာကိုယ်အတွင်းပိုင်းသန့်ရှင်းဖို့ ရေများများသောက်ဖြစ်တဲ့ အကျင့် ကောင်းကို ပိုင်ဆိုင်သွားမှာက ကြိုဆိုရမယ့်ကိစ္စပါပဲ။


—Ref: The Richest

No comments: