Wednesday, December 16, 2015

ကိုယ်ခန္ဓာအလေးချိန်နဲ့ ပုံရိပ်ကို ထိန်းသူနဲ့ပြုပြင်သူနှစ်ယောက်အကြောင်း



 

စီရော်နယ်ဒိုဆိုတာ လူငယ်တွေ လေးစားအားကျရတဲ့ ကမ္ဘာကျော်ဘောလုံး သမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဘောလုံးစွမ်းရည်ကို နှစ်သက်အားကျတဲ့ လူငယ်တွေအများအပြားရှိသလို သူ့ရဲ့တောင့်တင်း ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားမျိုး အလိုရှိတဲ့ လူငယ်တွေလည်း အများအပြားရှိနေပါတယ်။
စီရော်နယ်ဒိုဆိုတာ ဒီလိုကမ္ဘာကျော်ဘောလုံးသမားဆိုတဲ့ အဆင့်ကို လွယ်လွယ်ကူကူရောက်ရှိလာခဲ့သူတော့ မဟုတ်ပါဘူး။ ပေးဆပ်မှုတွေ၊ ပြင်းထန်တဲ့လေ့ကျင့်မှုတွေ၊ ခိုင်မာတဲ့ရည်ရွယ်ချက်တွေ၊ ကြိုးစားမှုတွေနဲ့ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး ဒီအဆင့်ကို ရောက်ရှိလာခဲ့တာပါ။ ထိပ်ဆုံးအဆင့်ကို ရောက်ရှိပြီးချိန်မှာလည်း လေ့ကျင့်မှုနဲ့ကြိုးစားမှုတွေကို မလျှော့ပဲ ရှေ့ဆက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ စီရော်နယ်ဒိုဟာ ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာရပ်တည်နေတာဖြစ်ပါတယ်။
စီရော်နယ်ဒို အခုလိုအောင်မြင်မှုတွေ ရရှိနေပြီး ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်အချိုးအစားရအောင် နေ့စဉ် ဘယ်လိုလေ့ကျင့်မှု ပြုလုပ်တယ်ဆိုတာကို သိချင်နေတဲ့သူတွေအများအပြားရှိနေပါတယ်။ ဒါကို သိပြီးသား ပရိသတ်တွေရှိသလို မသိရှိသေးတဲ့ ပရိသတ်တွေလည်း အများအပြားရှိနေပါသေးတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ စီရော်နယ်ဒိုရဲ့ ပုံမှန်လေ့ကျင့်ရေးအစီအစဉ်နဲ့ နေထိုင်စားသောက်ပုံတွေကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲ လုပ်သူ

စီရော်နယ်ဒိုဟာ သူ့ရဲ့ တစ်နေ့တာ ပုံမှန်လေ့ကျင့်ခန်းတွေကို စွဲစွဲမြဲမြဲ ပြုလုပ်သူဖြစ်ပါတယ်။ ဒါကို မန်ယူနည်းပြဟောင်း ဖာဂူဆန်ကိုယ်တိုင်က ၀န်ခံထားပါတယ်။ 'စီရော်နယ်ဒို ဒီလိုဖြစ်လာတာ ကံကောင်းမှု မပါဝင်ပါဘူး။ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ကြိုးကြိုးစားစားလေ့ကျင့်တဲ့ စီရော်နယ်ဒိုကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ စိတ်အားထက်သန်မှုက တကယ်ကို ချီးကျူးရမယ့် အချက်ဖြစ်ပါတယ်' လို့ ဖာဂူဆန်က ဆိုခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ရီးယဲလ်အသင်းမှာ တစ်ပတ်ကို ငါးရက် လေ့ကျင့်မှုပြုလုပ်ရပြီး တစ်နေ့မှာ သုံးနာရီနဲ့လေးနာရီကြားလေ့ကျင့်ခန်းပြုလုပ်ရပါတယ်။ မဖြစ်မနေ လေ့ကျင့်ဖြစ်တာတွေကတော့

၁။ သတ်မှတ်ထားတဲ့ ကိုယ်ခန္ဓာအနေအထား(သို့) သတ်မှတ်နှုန်းအောက် ကျဆင်းအောင် လေ့ကျင့်ခြင်း
၂။ အပြေးလေ့ကျင့်ခန်း(၂၅ မိနစ်မှ မိနစ် ၃၀ ၀န်းကျင်)
၃။ လေ့ကျင့်ရေးပစ္စည်းအကူအညီများဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်း
၎။ ကိုယ်ပိုင် ဘောလုံးထိန်းသိမ်းမှု၊ ကျွမ်းကျင်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာလေ့ကျင့်ခြင်း
၅။ အသင်းဖော်များနှင့်နားလည်မှု ပိုမိုရရှိလာစေရန် လေ့ကျင့်ခြင်းနှင့် ဘောလုံးနည်းစနစ်များတိုးတက်လာစေရန် လေ့ကျင့်ခြင်း(ဘောလုံးနှင့်တွဲဖက်၍)
၆။ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ကြွက်သားများဖွံ့ဖြိုးကြီးထွားစေရန် Gym ကစားခြင်း
တို့ကို ပြုလုပ်လေ့ရှိပါတယ်။


ဒီလေ့ကျင့်ခန်းတွေက လေ့ကျင့်ရေးအစီအစဉ်ရှိတဲ့ နေ့တိုင်း စီရော်နယ်ဒို ပုံမှန်ပြုလုပ်တာတွေဖြစ်ပါတယ်။
စီရော်နယ်ဒို မန်ယူအသင်းကို ရောက်စက ခန္ဓာကိုယ်သေးကွေးပြီး ဖွံ့ဖြိုးခြင်း မရှိသေးပါဘူး။ ကြံ့ခိုင်မှုကို ဦးစားပေးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လိုအပ်ချက်အရ စီရော်နယ်ဒိုဟာ ကိုယ်ခန္ဓာ ဖွံ့ဖြိုးဖို့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပါတယ်။ သူဘယ်လောက်အထိတောင် ကြိုးစားခဲ့သလဲဆိုရင် တစ်နေ့ကို အိပ်ထမတင် လေ့ကျင့်ခန်း အခါ ၃၀၀၀ ပြုလုပ်ခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ တီဗွီကြည့်ရင်း လေ့ကျင့်ခန်းလုပ်ခဲ့တယ်လို့ စီရော်နယ်ဒိုက ပြောဆိုခဲ့ဖူးပါတယ်။
ဒါကြောင့် စီရော်နယ်ဒိုလို ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာမျိုးရဖို့အတွက် ပထမဆုံး ပြင်းပြတဲ့ စိတ်အားထက်သန်မှု၊ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ လိုအပ်သလို မလျှော့တဲ့ ဇွဲလုံ့လမျိုးရှိဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။


စီရော်နယ်ဒိုရဲ့ အခြေခံစားသောက်ပုံ
---------------------------------------
ကစားသမားတစ်ယောက်အတွက် ဒါမှမဟုတ် လူတစ်ယောက်အတွက် ကျန်းမာမှုက တကယ်ကို အရေးကြီးပါတယ်။ ကျန်းမာဖို့ အတွက်ဆိုရင် နေထိုင်စားသောက်ပုံနဲ့ အိပ်စက်ခြင်းက အခြေခံအကျဆုံးဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ဒီအချက်တွေကို တိတိကျကျ လိုက်နာသူပါ။ ညဘက်မှာ စောစောအိပ်ယာဝင်လေ့ရှိပြီး မနက်စောစောအိပ်ယာတတ်ပါတယ်။ ဒါပေမယ့် အနည်းဆုံးအိပ်ချိန် ရှစ်နာရီပြည့်အောင် အိပ်လေ့ရှိပါတယ်။


မနက်စာ။ ။ ဒီလိုအိပ်ယာက စောစောနိုးလာပြီဆိုရင် ပရိုတိန်းနဲ့ကာဗွန်ဟိုက်ဒရိတ်ဓာတ်တွေ ပါတဲ့ သစ်သီး၊ အစေ့အဆန်တွေပါတဲ့ သီးနှံ့တွေကို စားလေ့ရှိသလို နို့နဲ့ဥ တွေကိုလည်း စားလေ့ရှိပါတယ်။

နေ့လည်စာ။ ။ နေ့လည်စာကိုတော့ အများကြီးစားလေ့မရှိဘဲ ကယ်လိုရီအနည်းငယ်ပါတဲ့ အသား၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိက စားသုံးပါတယ်။ ဗီတာမင်နဲ့ ပရိုတိန်းတွေ ပါဝင်တဲ့ ကြက်သားဆလတ်နဲ့ အပေါ့စားပါစတာတွေကိုလည်း စားလေ့ရှိပါတယ်။

ညစာ။ ။ နေ့တစ်နေ့အတွက် နောက်ဆုံးညစာကိုတော့ ပရိုတိန်း၊ ဗီတာမင်နဲ့ ကာဗွန်ဟိုက်ဒရိတ်ဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို စားသုံးပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ ဆန်၊ အစိမ်းရောင်ပဲတောင့်ရှည်သီး၊ ကြက်ရင်အုံသားနဲ့ အချိုပွဲအဖြစ် သစ်သီးတွေကို စားလေ့ရှိပါတယ်။

ဒီစားသောက်ပုံက စီရော်နယ်ဒိုနေ့စဉ်စားသောက်တဲ့ စားသောက်ပုံနဲ့ အနီးစပ်ဆုံးဖြစ်ပါတယ်။ စီရော်နယ်ဒိုလိုသာ နေထိုင်စားသောက်ပြီး ကြိုးစားလေ့ကျင့်မှုတွေပြုလုပ်မယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ လူသားတစ်ယောက် ဒါမှမဟုတ် အားကစားသမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

ကျွန်တော်တို့လို သာမန်လူတွေအတွက် ဒီလိုစားသောက်ဖို့က လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ သာမန်လက်လုပ်လက်စားတွေအတွက် ဒီလိုစားသောက်နေထိုင်ဖို့ဆိုတာကလည်း တကယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံက အားကစားသမားတွေနဲ့ လူငယ်မျိုးဆက်သစ်တွေအတွက် ဗဟုသုတရရှိစေဖို့သာ အဓိက ရည်ရွယ်ဖော်ပြလိုက်ရတာပါ။

အားကစားသမားတစ်ယောက်မှာ အာဟာရနဲ့ အထောက်အကူပြုပစ္စည်းတွေက အဓိက လိုအပ်ချက်တွေပါ။ ဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကျန်းမာကြံ့ခိုင်တဲ့ 

တကယ့်အားကစားသမားကောင်းတွေကို မွေးထုတ်ပေးနိုင်ပါလိ့မ်မယ်လို့ တင်ပြရင်း….

ဝန်ခံချက် - cronaldo7.net မှ ကိုးကားရေးသားသည်။

ခန္ဓာကိုယ်အလေးချိန် ပေါင် ၃၂ဝ မှ ပေါင် ၁၅ဝ အထိ ပြောင်းလဲပစ်လိုက်နိုင်သူ ဒေါက်တာ လှဝင်းအောင်၏ ကိုယ်တွေ့ဝိတ်ချနည်း

 

အနေအထိုင်၊ အစားအသောက်၊ မျိုးရိုးဗီဇ အစရှိတာတွေကြောင့် ခန္ဓာကိုယ်အလေးချိန် တက်လာခြင်း (သို့မဟုတ်)ရှိရင်းစွဲ ခန္ဓာကိုယ်ထက်ဝလာခြင်းကို ခံစားနေရသူတွေအတွက် မိမိလိုချင်တဲ့ ခန္ဓာကိုယ်အနေအထားဖြစ်အောင် ပြောင်းလဲပစ်နိုင်ပါတယ်။ မိမိအနေနဲ့ တကယ် လုပ်ရင်တကယ်ဖြစ်ရမယ်ဆိုတဲ့ ပြင်းပြင်းပြပြ ယုံကြည်ချက်ရှိဖို့ပါပဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ မိမိ ခန္ဓာကိုယ်အချိုးအစားကို တစ်ဆစ်ချိုးပြောင်းလဲပစ်လိုက်နိုင်သူ ဒေါက်တာ လှဝင်းအောင်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်တွေနဲ့ သူ ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာကို ပေါ်ပြူလာက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ပေါင် ၃၂ဝ အထိ ဝိတ်တက်ခဲ့ဖူးတယ်
” ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကနေ ဝိတ်တက်လာတာ ပေါင် ၁၈ဝ လောက်ကနေတောက်လျှောက်ဝိတ်တက်လာတာ ပေါင် ၃၂ဝ လောက်အထိ တက်သွားတယ်။ တက်သွားရင်းကနေ ပေါင် ၄ဝ လောက်က အားကစားလုပ်ရင်းနဲ့ကျသွားတယ်။ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော် အသက် ၄၅ နှစ်ကျော်ပြီ ဝိတ်ချရင်လည်း ကျမှာမဟုတ်တော့ ဘူးဆိုပြီး ဒီအတိုင်းပဲ နေလိုက်တယ်။ မနက်မိုးလင်းတာနဲ့ တစ်ပြိုင်တည်း အရင်တုန်းက ခေါက်ဆွဲကြိုက်တော့ ခေါက်ဆွဲကြော်တွေစားတယ်။ တစ် နေကုန် အလုပ်လုပ်တယ်။ မောမော ပန်းပန်းနဲ့ အိပ်လိုက်တယ်။ ညကျတော့ အိမ်က အစ်မတွေ၊အစ်ကိုတွေ လုပ်ပေးတဲ့ မုန့်ဟင်းခါးတွေ၊ ခေါက် ဆွဲတွေ၊ ထမင်းတွေ စားပြီး အိပ်လိုက် တယ်။ အဲဒီကနေ ဝမှန်း မသိ ဝလာ တာ ပေါင် ၂၈ဝ အထိ မနှစ်က ဝသွားခဲ့တယ်။”

ဝလာတဲ့အခါ ဒီလိုရောဂါတွေဖြစ်လာတယ်
ဝသွားတဲ့အချိန်မှာ နံပါတ်တစ်ကိုယ့်ကိုယ်ကိုယ် သတိထားမိတာက အထိုင်အထတအားလေးလာတယ်။ ကျွန်တော်သွေးတိုးတော့မရှိဘူး။ ဆီးချို၊ သွေးချိုစဖြစ်ချင်လာတယ်။ စဖြစ်ချင်လာတော့ ကျွန်တော် ဘာပဲဖြစ်နေနေတအားဝတာကနေ ပိန်မသွားတာတောင်မှ ကျန်းမာရေးကောင်းအောင် အားကစားစင်တာ တစ်ခုကိုသွားသင့်တယ်ဆိုပြီး ကျွန်တော်က ရွှေဂုံတိုင် Delta Plaza Champion အားကစားခန်းမက မောင်ဗမာဆရာခိုင်နဲ့ သွားတိုင်ပင်တယ်။ ဆရာ့ဆီမှာဝိတ်သွားချတယ်။ ဆရာရဲ့ကျေးဇူးလည်း အများကြီးပါတယ်။ ဆရာက စိတ်ဓာတ်ခွန်အားလည်း ပေးတယ်။ နောက်ပြီးတော့ ကျွန် တော်စက်ဘီးလည်း နာရီဝက်စီးတယ်။ အိပ်၊ထ၊မ၊တင်လုပ်တယ်။ နောက်ပြီးတော့ စက်တွေနဲ့လည်းတစ်မျိုးကို ၃ဝ၊လေးကျော့ ကျွန်တော် ၆ မျိုးရအောင် လုပ်တယ်။ လုပ်ရင်း လုပ်ရင်းတန်းလန်းနဲ့ ဝိတ်တအားကျကျလာတဲ့အချိန်မှာ ပါးရေတွေဘာတွေလိပ်ကုန်တယ်။ လက်ပြင်တွေဘာတွေကုန်းသွားတယ်။ ပေါင် ၃၂ဝ ကနေ ၂၇ဝ၊ ၂၈ဝ လောက်ဖြစ် တဲ့အချိန်မှာတွေ့တဲ့လူအားလုံးက နေမကောင်းဘူးလား၊ နေမကောင်း ဘူးလား မေးတာနဲ့ ဝတာကနေ ပိန်တာကို ဘာဖြစ်လို့ နေမကောင်းဘူး မေးလည်းမသိဘူးပေါ့။ အားကစားခန်းမကို မသွားတော့ဘူးဆိုပြီး နေလိုက်တာ ပေါင် ၂၈ဝ ကတက်လည်း မတက်တော့ဘူး။ ကျလည်းမကျတော့ဘူး။ အဲဒီအတိုင်းပဲ နေရင်းကနေ ဆီးချို၊သွေးချို စဖြစ်ချင်လာတယ်။

ဝိတ်ချဖို့အတွက် လျှို့ဝှက်ချက်
ကျွန်တော့်အနေနဲ့က ဝိတ်ချဖို့အဆင့်ဆင့်လုပ်ရတယ်။ မနက်မိုးလင်းတာနဲ့ ကျွန်တော် မုန့်ဟင်းခါးကို အရည်ဖျော်ပဲဖြစ်ဖြစ်၊ အသုပ်ပဲ ဖြစ်ဖြစ်အဝစားလိုက်တယ်။ နေ့ လယ်ကျတော့ ကျွန်တော် ရုံးပတီသီးတို့၊ ကန်စွန်းရွက်တို့၊ သခွားသီးတို့အဲဒီအပြုတ်တွေနဲ့ ခရမ်းချဉ်သီးနဲ့ ပုဇွန်ခြောက်နဲ့ ငါးပိချက်နဲ့တို့စားလိုက်တယ်။ ညနေ ၄ နာရီအထိ ကြက်ဥပြုတ်တွေဘာတွေစားသေးတယ်။ ၄ နာရီနောက်ပိုင်း စားရင်တော့ ကျွန်တော်အသီးအနှံပဲစားတော့တယ်။ Exercise လည်း လုပ်တယ်။ အစားဘက်မှာလည်း ထိန်းလိုက်တယ်။ ထိန်းရင်းကပေါင် ၂၈ဝ ကနေ ၂ဝဝ လောက်ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန်မှာ ပေါင် ၈ဝ တောင်မှ ၇ လအတွင်း ရအောင်ချ နိုင်တယ်ပေါ့။ ငါလိုချင်တဲ့ Limit က ပေါင် ၁၅ဝ၊ ၁၆ဝ လောက် ဖြစ်အောင်လုပ်မယ်ပေါ့။ ကျွန်တော့် လျှို့ဝှက်ချက်တစ်ခုက ဘာလဲဆိုတော့ အဓိကက Gym ဆော့တယ်။ အစားအသောက်ထိန်းတယ်။ ထိန်းတဲ့အပြင် ကျွန်တော်တို့ မြန်မာဆေးကျမ်းတွေထဲမှာပါတယ်။ ထမင်းချက်ရင် ဆန်ဆေးရတယ်။ ဆန်ဆေးရေ ရဲ့သဘာဝက အစာအိမ်အူလမ်းကြောင်းကို သန့်ရှင်းရေးလုပ်ပေးတယ်။ နောက်တစ်ခါ ဆီးကျဉ်တာတို့၊ ဆီးအောင့်တာတို့၊ ကျောက်တည်တာ တို့ကိုလည်း သက်သာတယ်။ အစာ အိမ်အူလမ်းကြောင်းမှာရှိတဲ့ အကျိ၊ အချွဲတွေကိုလည်း ဆန်ဆေးရေက ဆေးကြောပေးတယ်ဆိုတယ်။ ကျွန်တော်က ကျမ်းစာအုပ်တစ်အုပ်ထဲမှာလည်း ဖတ်ဖူးတယ်။ ဆရာတော်ကြီးတစ်ပါးကလည်း မိန့်ကြားဖူးတယ်။

ဆန်ဆေးရေအသုံးပြုပုံအဆင့်ဆင့်
” ထမင်းချက်မယ်ဆို ပထမဆန်ဆေးရေကို ရေစိမ်လိုက်တယ်။ ဖုန်တွေ၊ အမှိုက်တွေ၊ သဲတွေ၊ ခဲတွေ ပါတဲ့အတွက်ပါ။ ပြီးတော့ အဲဒါကို ပွတ်တိုက်ဆေးကြောပြီး ရေသွန် ပစ်လိုက်တယ်။ ဒုတိယဆန်ဆေးရေကို ရေသန့်ဘူး 1 Litre နှစ်ဘူးနဲ့ ကျွန်တော် ရေစိမ်လိုက်တယ်။ ၁ဝ မိနစ်လောက်ကြာတဲ့ အချိန်မှာ အဲဒီ ဆန်ဆေးရေကိုပဲ ရေစစ်နဲ့ ပြန်စစ်တယ်။ မနက်မိုးလင်းတာနဲ့ တစ်ပြိုင်တည်း ကျွန်တော် ဘာမှမလုပ်သေးခင် အဲဒီဆန်ဆေးရေနဲ့ မျက်နှာသစ်လိုက်တယ်။ တင်း တိပ်တွေပျောက်သွားတယ်။ ၆လ အတွင်းအရေးအကြောင်းတွေ ပျောက်သွားတယ်။ ပြီးတော့ ဒီဆန်ဆေးရေကိုပဲ တစ်နေ့ကို ၁1 Litre ကုန်အောင်သောက်တယ်။ ကျွန်တော်က အစားအသောက်ထိန်း တယ်။ွပာ ဆော့တယ်။ကျွန်တော့် ရဲ့ လျှို့ဝှက်ချက်ကတော့ ဆန်ဆေး ရေ နေ့တိုင်းသောက်တယ်။ ဒီနေ့ အချိန်ထိပဲ”

ဆန်ဆေးရေကပေးတဲ့ အကျိုးကျေးဇူး
” ပေါင် ၂၈ဝ ကနေ အခု ၁၅၄ ပေါင်ဖြစ်တဲ့အချိန်မှာ ကျွန်တော်ပါးရေလိပ်မသွားဘူး။ လက်ပြင်ကုန်းမသွားဘူး။ ဒီဆန်ဆေးရေရဲ့သဘာဝနဲ့ ချွေးပုပ်တွေထုတ်လိုက်တာ ဖြစ်တဲ့အတွက် အသားအရေက ကြည်လင်သွားတယ်။ အရင်တုန်းက ကျွန်တော်တော်တော်အသားညိုတဲ့ အထဲမှာပါတယ်။ ” အခုကျတော့ တော်တော်အသားဖြူတဲ့အထဲမှာပါသလို မျိုးဖြစ်သွားတယ်။ ကျွန်တော့်တူလေး ကျော်ကျော်ပိုင်မှူးနဲ့ အပြင်သွားရင် Level လိုမျိုးဖြစ်သွားတယ်။ တကယ်တမ်း ကျော်ကျော်နဲ့က အသက် ၁၇ နှစ်ကွာတယ်။ ကျွန်တော်တစ်ခုပြောချင်တာက ကျွန်တော်က ပေါင် ၃၂ဝ ကနေ ပြီးတော့ ပေါင် ၂၈ဝ ဖြစ်လိုက်၊ ၂၅ဝ ဖြစ်လိုက်နဲ့တက်လိုက်ကျလိုက် ဖြစ်ခဲ့တယ်။ အခု ဆန်ဆေးရေနဲ့ ဝိတ်ချတဲ့အချိန်မှာ ဝိတ်ကတန့်ကိုတန့်သွားတယ်။ ဝတုန်းကဆို တော်တော်ကို ဝတယ်။ အသားတအားညိုတယ်။လက်ပြင်ကုန်းတယ်။ ဘောင်းဘီဆိုရင် ခါးနံပါတ် ၄၄ ဝတ်ရတယ်။ အင်္ကျီဆိုရင် 3 XL ကျပ်တယ်။ အခုဆိုရင်ဘောင်းဘီခါး နံပါတ် ၄၄ ကနေ ၃၁ ။ အင်္ကျီဆိုရင် 3 XL ကနေ Median Size ဝတ်လို့ရတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသွားတယ်”

ဆက်သွယ်နိုင်
” ဆန်ဆေးရေနဲ့ ကိုယ်တွေ့ဝိတ်ချနည်းအကြံဥာဏ်ရလိုသူများ ဖုန်းနံပါတ် ဝ၉၅ဝ၃ဝ၃၈၃ ကိုဆက်သွယ် ပြီး အကြံဥာဏ်တောင်းနိုင်ပါတယ်။ နေ့စဉ် တက္ကသိုလ်ရိပ်သာလမ်းနဲ့ ဆရာစံလမ်းထောင့်၊ ဆရာစံပလာဇာ ဗဟိုစီးပွားရေး အဆောက်အအုံမှာဖွင့်ထားတဲ့ ဘစိုးဥ လက်မှုအနုပညာပစ္စည်းနဲ့ ကျောက်မျက်ရတနာဆိုင်မှာ မနက် ၉ နာရီကနေ ညနေ ၆ နာရီအတွင်းလာရောက် ဆွေးနွေးနိုင်ပါတယ်။ တကယ်ပိန်စေချင်လို့ အားလုံးကို နည်းစနစ်တွေ၊ မေတ္တာနဲ့ ပြောပြချင်ပါတယ်။


No comments: