Monday, September 7, 2015

ပါဝါရိန်းဂျား၊ ကြောင်နဲ့ ကြွက်ပြီးတော့ အမွှေစိန်မျိုးဆက်





စကားကြွယ်ပြီး တီတီတာ တာပြောတတ်တဲ့၊ လိုချင်တာရှိရင် ချွဲနွဲ့ပြီး တောင်းဆိုတတ်တဲ့ (၃) နှစ်အရွယ် သမီးငယ်လေးတစ်ယောက် ရက်ပိုင်းအတွင်း ထူးထူး ခြားခြားအပြောင်းအလဲတွေဖြစ်နေတာကို မိခင်ဖြစ်သူက သတိထားမိပါတယ်။

သူလိုချင်တာ တစ်ခုခုကို မရတဲ့အခါ ၀ုန်းဒိုင်းကြဲအော်ဟစ်တတ်တာ၊ ငိုရင်လည်း အာခေါင်ခြစ်အော်ပြီး မပြီးနိုင်မစီးနိုင်ငို ကြောရှည်လာတာ၊ တစ်ခုခုကို စိတ်အခန့်မသင့်တဲ့အခါ၊ကစားလက်စအရုပ်တွေ၊ ကစားစရာတွေဖြစ်ဖြစ် သူ့အနီးအနားမှာရှိ တဲ့ ပစ္စည်းတစ်ခုခုကိုဖြစ်ဖြစ် ဆွဲယူလွှင့်ပစ်တာမျိုး၊ အဆိုးဆုံးကတော့ အစားအသောက်စားနေရင်းကမှ ပန်းကန်ကို တွန်းရွှေ့ပြီး ဆက်မစားတော့ဘဲ ပါးစပ်ကနေ မြန်မာစကားလည်း မဟုတ်တဲ့ အသံထွက်တွေနဲ့ စကားတွေကို ပြောနေတာမျိုးတွေ ဖြစ်လာတာပါပဲ။

အရင်ပုံစံနဲ့ သိသိသာသာကွဲထွက်ထူးခြားနေပြီး တဖြည်းဖြည်း ပြောင်းလဲလာတဲ့ အကျင့်တွေကြောင့် ကလေးကို သတိထားပြီး လေ့လာချိန်မှာ သူ့ကိုပြနေကျ အန်နီးမေးရှင်းကာတွန်းကားထဲက ဇာတ်ကောင်ကလေးလေး တစ်ယောက်နဲ့ အမူအကျင့်တွေနဲ့ သွားတူနေတာကို သတိထားမိခဲ့တယ်လို့ ကလေးမိခင်က ပြောပါတယ်။

ဒီ (၃) နှစ်ခွဲအရွယ် သမီးလေးကို ကလေးတွေကြားထဲ နာမည်ကြီးနေတဲ့ ‘‘Masha and the Bear’’ ဆိုတဲ့ ဇာတ်ကားပြပြီးတဲ့ နောက်မှာ ဒီလိုကြုံလာရတယ်လို့ ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်က ဘုစုခရုကလေး လေးတွေ အများကြီးရှိတဲ့ မိသားစုတစ်စုက တော့ ဒီ ဇာတ်ကားက ကလေးထိန်းတဲ့ ဆေးလို့ ဆိုပါတယ်။ အဲဒီမိသားစုက အိမ်ထောင်သည် မောင်နှမတွေ အများကြီးစုနေတဲ့ နေအိမ် တစ်အိမ်ဖြစ်တာကြောင့် ကလေးငယ်လေးတွေ အများကြီးရှိတာ ဖြစ်ပြီး ကလေးတွေ တအားဆူလွန်းပြီး မငြိမ်တဲ့ အချိန်ဆိုဒီအခွေကို ပြလိုက်ရုံနဲ့ တီဗီရှေ့မှာ ငြိမ်ကျသွားကြတယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကားပြပြီးတဲ့နောက်ပိုင်း ကလေးတွေမှာ ထူးထူးခြားခြားအမူအရာပြောင်းလဲသွားတာတွေရှိတယ်လို့ သိရပါတယ်။

‘‘တစ်ခါတလေ သူတို့တွေ သံပြိုင်အသံကုန်အော်ပြီဆို အိမ်ကလူတွေ နားမခံနိုင်ဘူး။ နေရင်းထိုင်ရင်း ထထအော်တာ။ ပြီးရင် အဲဒီကာတွန်းကားထဲက အရုပ်မလေးလုပ်သလို ပြေးလွှား၊ ခုန်တက်ခုန်ဆင်းအကုန်လျှောက်လုပ်တာ။ အခုအချိန်တန်လို့ မပြရင် ပြဿနာရှာကြတယ်’’ဟု အဲဒီကလေး တွေ နဲ့ အနီးကပ်နေရတဲ့ အဒေါ်ဖြစ်သူကဆိုပါတယ်။

ဒီဇာတ်ကားက ရန်ကုန်မြို့က လမ်းဘေးအခွေဆိုင်တော်တော်များများမှာ ရောင်းအားကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်နေပါတယ်။ တာမွေမြို့နယ်က အခွေဆိုင် တစ်ဆိုင်မှာဆိုရင် တခြားနာမည်ကြီး ဇာတ်လမ်းတွဲတွေနည်းတူ ဒီအခွေကိုလည်း အမြဲမပြတ်တင်ထားရတယ်လို့ သိရပါတယ်။ဘယ်သူကစပြီး နာမည်ပေးလိုက်တယ်မသိရပေမယ့် ဆိုင်တွေမှာတော့ အမွှေစိန်လို့ မေးတာနဲ့ သိကြပါတယ်။

ပြည်တွင်းမှာ လတ်တလော ကလေးသူငယ်အရွယ်စုံသာမက ကလေးမိဘနဲ့ လူကြီးတချို့ကပါ သဘောကျနှစ်ခြိုက်မှုကို ရရှိနေ တဲ့ ကာတွန်းအန်နီမေးရှင်ဇာတ် ကားလေးကတော့ ၀က်ဝံကြီးနဲ့ ကလေးမလေးတစ်ဦးကို အခြေ တည်ထားတဲ့ ရုရှားအန်နီမေးရှင်း ကာတွန်းကား ‘‘Masha and the Bear’’ဆိုတဲ့ ကားက အခုတစ် လောမှာ ကလေးတွေရော လူကြီးတွေပါ ကြိုက်ကြတဲ့ ကားတစ် ကားဖြစ်ပါတယ်။

သူ့ကိုယ်သူ မိရှ်ကားလို့ သုံး နှုန်းတတ်တဲ့ (၃)နှစ်အရွယ် မိန်း ကလေးငယ်လေးက သူရဲ့ အထိန်းတော်ဝက်ဝံကြီးအပေါ် ခင်တွယ် ပြီး အနိုင်ယူဆိုးနွဲ့တဲ့ ကလေးမ လေးဖြစ်ပြီး ၀က်ဝံကြီးကတော့ ဘာမဆို အလျှော့ပေးအလိုလိုက် ပြီး ကလေးငယ်အတွက် အ ကောင်းဆုံးသူငယ်ချင်းအဖြစ် နေ ပေးတဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ် လမ်းတိုအပိုင်းလေးတွေနဲ့ဖြစ်ပါ တယ်။ ရုရှားဘာသာစကားပြော ဒီကာတွန်းကားကို နိုင်ငံတကာကို စဖြန့်တာ ခြောက်နှစ်ရှိပါပြီ။

မြန်မာကလေးငယ်တွေ ကြား ခေတ်စားလာတာ တစ်နှစ် မပြည့်သေးပါဘူး။ ရုရှားဘာသာ စကားပြောပေမယ့် ရိုးရှင်းပြီး နား လည်လွယ်တဲ့ ကာတွန်းပြကွက် တွေ၊ မိရှ်ကားကလေးမလေးရဲ့ သွက်လက်ပြီး ဟာသဆန်တဲ့ ပြ ကွက်တွေနဲ့ ၀က်ဝံကြီး ချောက် ကျရတဲ့ အဖြစ်တွေကြောင့် ပြည် တွင်းမှာတော့ အမွှေစိန်ကာတွန်း ကားလို့ လူသိများပါတယ်။ ဒီ ဇာတ်ကားကို ဖွင့်ပေးထားရင် အိမ်မှာ ကလေးတွေကို ထိန်းရတာ လွယ်တယ်။

ဒီကာတွန်းကားကြည့်နေရင် ငြိမ်တယ်။ ထမင်းကျွေးရခက်တဲ့ ကလေး ဒီကားသာပြထားပြီး ချော့ကျွေးရင် ထမင်းပိုဝင်တယ်လို့ ပြောတဲ့ ကလေးမိဘတွေ ရှိလာ ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ လည်း အမွှေစိန်ဆိုတဲ့ နာမည်အ တိုင်းပဲ ကာတွန်းကားထဲက မိရှ် ကားကလေးမလေးရဲ့ အပြုအမူ၊ အပြောအဆိုအတိုင်း အပြင်မှာ အတုခိုးပြီး လိုက်လုပ်တဲ့ ကလေး ငယ်တွေရှိလို့ ဒီကာတွန်းကားကို ပေးမပြတဲ့ မိဘတွေ၊ ကလေးဆွေ မျိုးသားချင်းတွေလည်း ရှိလာပါ တယ်။

ဥပမာ မိရှ်ကားဇာတ်ကောင် ကလေးငယ်ဟာ လိုချင်တာ တစ် ခုခုကို မရရင် အာခေါင်ခြစ်အော် ငိုတာမျိုး၊ ကစားတဲ့ နေရာမှာ လည်း ကြံကြံဖန်ဖန်ရှာဖွေကစား တတ်တာမျိုး၊ ရုရှားဘာသာနဲ့ သူ ငြီးငြူတဲ့ စကားသံလေးတွေကို အလွတ်မှတ်ပြီး အပြင်မှာပါလိုက် ပြောတာမျိုး၊ ၀က်ဝံကြီးစိတ်ရှုပ် ပြီး အလုပ်ပျက်အောင် ဇယ်စက် သလို ကြံဖန်အလုပ်ရှုပ်စေတာမျိုး နဲ့ ဆော့ကစားတာမျိုးစတဲ့ အမူ အကျင့်တွေကို ကူးစက်ပြီး လိုက် လုပ်တဲ့အတွက် ဒီကားကို ပေးမပြဘူးလို့ ဆိုတဲ့ ကလေးမိဘတွေ လည်း ရှိပါတယ်။

‘‘အရင်က ငြိမ်တဲ့ ကိုယ့် ကလေးက ဒီကားပြလိုက်တော့ ပို ဆော့လာတယ်။ ပြီးတော့ စကားပြောတတ်ခါစ ဖေဖေ၊ မေမေ တောင် ပီပီသသမခေါ်နိုင်သေး ချိန်မှာ အဲဒီအမွှေစိန်ကားထဲက စကားတွေကို သူနားလည်သလို လိုက်ပြောတတ်လာတယ်။ အရင်က ဘာတွေပြောနေလဲ မသိပေ မယ့် ကြာတော့ အဲဒီကားထဲက စကားတွေ လိုက်ပြောနေတာ သတိထားမိတယ်။ ကလေးက စကားပြောနောက်ကျရတဲ့အထဲ အဲဒီလိုတခြားဘာသာစကားတွေ ကို ရွတ်လာ၊ ပြောလာတော့ စိတ် ပူတယ်။ ပြီးတော့ ပစ္စည်းတွေကို လည်း သူက ပစ်ပေါက်တာတို့၊ ကစားစရာအရုပ်တွေဆိုလည်း လွှင့်ပစ်တာတို့ ကြမ်းတမ်းချင်လာ တော့ ကျွန်မအဲဒီကာတွန်းကား ကို ပေးမပြတော့ဘူး’’လို့ ရန်ကုန် မြို့က အသက် (၃) နှစ်ခွဲအရွယ် ကလေးမိခင်တစ်ဦးကပြောပါ တယ်။

အသိမိတ်ဆွေတွေရဲ့ ကလေးတွေထဲမှာ ဒီကားကြည့်ပြီး နောက်ပိုင်း အတော်ဆိုးလာတယ် လို့ သတင်းကြားရတဲ့အတွက် မပြသင့်ဘူးလို့လည်း ကလေးမိဘ တစ်ဦးဖြစ်တဲ့ ဦးကျော်သူက ပြော ပါတယ်။

သူကတော့ သားယောက်ျား လေးမွေးထားသူဖြစ်လို့ ဒီကားကို သားဖြစ်သူကို ပြပေမယ့် သားက တော့ လိုက်မလုပ်ဘူးလို့လည်း သူကပြောပါတယ်။ ‘‘ဇာတ် ကောင်က မိန်းကလေးဖြစ်နေလို့ နဲ့ တူတယ်။ တချို့အဲဒီကားကြည့် တဲ့ မိန်းကလေးတွေ တော်တော် ဆိုးလာတယ်လို့ ပြောကြတယ်။ အပြုအမူပေါ့။ အဲဒီဇာတ်ကောင် အတိုင်း လိုက်လုပ်ကြတယ်။ မပြ သင့်ဘူးလို့ ထင်တယ်။ 

ကျွန် တော့်သားကတော့ လိုက်မလုပ် ဘူး’’လို့ သူက ပြောပါတယ်။ ကမ္ဘာမှာ လက်ရှိကလေးတွေအ တွက် ဖန်တီးထားတဲ့ ကာတွန်း ကားအချို့မှာ ကလေးတွေအ တွက် မကောင်းတဲ့၊ အတုယူစေတဲ့ ဇာတ်ဝင်ခန်းတွေ ပါနေတာ၊ ဇာတ်ကောင်တွေ အချင်းချင်း သတ်တာတွေ၊ ခုတ်ထစ်တာမျိုး တွေက နိုင်ငံတကာက ကလေး ကာတွန်းနဲ့ အန်နီမေးရှင်းဇာတ် ကားတချို့မှာ ပါဝင်လာတဲ့အပေါ် ဝေဖန်မှုတွေရှိပြီး ဆွေးနွေးပွဲတွေ လည်း ပြုလုပ်လာတာရှိပါတယ်။

 မြန်မာမှာဆိုတော့ ကျွန်မတို့ ငယ် ဘ၀ကို လွှမ်းမိုးခဲ့တဲ့ မြန်မာကာ တွန်းဟီးရိုးဇာတ်ကောင်တွေဖြစ် တဲ့ တီထွင်ပါရဂူဖိုးဆိတ်ဖြူ၊ ဦး စိတ်တို၊ မျောက်ညို၊ ဒီလုံး၊ မောင်စူပါစသဖြင့် ဇာတ်ကောင်တွေ ပျောက်ကွယ်လုနီးပါးဖြစ်သွားချိန် မှာ မျိုးဆက်သစ်ကလေးငယ် တွေအတွက် တိုးတက်လာတဲ့ ခေတ်နဲ့ အညီ ပြည်ပအန်နီမေးရှင်း ကာတွန်းကားတွေက နေရာယူ လာတာတော့ အမှန်ပါပဲ။ ကလေးငယ်နဲ့ ကာတွန်းကားဆိုတာက လည်း ခွဲခြားလို့မှ မရတဲ့အပြင် စာမဖတ်တတ်သေးတဲ့ အသက် (၅) နှစ်အောက် ကလေးတွေအတွက် ကာတွန်းကားတွေက အဖော်မွန် ကောင်းတွေလည်း ဖြစ်နေပါ တယ်။

ဒီအမွှေစိန်ကားကို သားငယ် ကို မပြဖူးပေမယ့် အရမ်းမွှေတဲ့ ကလေးဇာတ်ကောင်ပါနေရင် တော့ အတုမြင်၊ အတတ်သင်ဖြစ် မှာစိုးလို့ မပြဘူးလို့ အသက် (၃) နှစ်နဲ့ (၉) လအရွယ် သားငယ် မိခင်ဖြစ်သူ အူရီးဒူးကုမ္ပဏီရဲ့ ပြန်ကြားရေးတာဝန်ခံ မသီရိကြာ ညိုက ပြောပါတယ်။

‘‘ဒီအရွယ် (၃)နှစ် (၉) လ ကတအားအတုခိုးတတ်တာ။ ဒါ ကြောင့် အတုယူကောင်းမယ့် ကားမျိုး၊ ပျော်စရာလည်း ကောင်းရမယ်၊ တိရစ္ဆာန်လေးတွေပါရ မယ့် ကာတွန်းကားမျိုးပဲပေးပြ တယ်။ ပြီးတော့ ကလေးမှာ ကာ တွန်းအပြင် ပန်းချီ၊ ဂီတ၊ တူရိယာတစ်မျိုးမျိုး၊ စာအုပ်လည်း ဖတ်စေ ချင်တယ်။ အခုထိ Game တွေ လုံးဝပေးမကစားဘူး။ အစ်မဖုန်း iPad လုံးဝပေးမသုံးဘူး’’လို့ မသီ ရိကြာညိုက ပြောပါတယ်။ တချို့ ကလေးမိဘများကျတော့လည်း ဒီကာတွန်းကားလေးက ဖျော်ဖြေ ရေးသက်သက်သာဖြစ်ပြီး ဘာ အကျိုးသက်ရောက်မှုမှ မရှိလို့ ကိုယ့်ကလေးငယ်တွေကို ပုံမှန်ပဲ ဆက်ပြသနေတုန်းပဲလို့ ပြောပါ တယ်။

‘‘အမွှေစိန်ကို ကျွန်တော့် အိမ်က သမီးလည်း ကြည့်နေတာ ပါပဲ။ ဘာမှ Effect တော့မရှိပါ ဘူး။ ဖျော်ဖြေရေးသက်သက်ပဲ။ သူက ၀က်ဝံကြီးတောင် ထိုင် သနားနေတာ’’လို့ (၅) နှစ်အရွယ် သမီးငယ်ဖခင် ဦးဇင်သော်နိုင်က ပြောပါတယ်။

မသီရိကြာညိုလိုပဲ ကလေး ငယ်တွေကို ကာတွန်းကားအပြင် စာဖတ်ခြင်းနဲ့ ယဉ်ပါးစေဖို့အ တွက်နဲ့ ဘာသာရေးအဆုံးအမ လည်း ရရှိအောင်လို့ ဗုဒ္ဓ၀င်ကာ တွန်းရုပ်စုံတွေ၊ ၅၅၀ နိပါတ်တော် ပုံပြင်တွေ ဖတ်ပြပေးတဲ့အပြင် ကာတွန်းကားအပါအ၀င် ကလေး အတွက် အဆိပ်အတောက်ကင်း တဲ့ စာပေမျိုး၊ ကာတွန်းကားမျိုး ကို ရွေးချယ်ပေးတတ်တယ်လို့ (၉) နှစ်အရွယ် ကလေးငယ်ရဲ့ အဘွားဖြစ်သူ ဒေါ်ခင်ဆွေမာက ပြောပါတယ်။

ကလေးတွေအတွက် ကာ တွန်းကားတွေ ရွေးချယ်ပြသတဲ့ အခါမှာ အမွှေစိန်မှ မဟုတ်ပါဘူး။ကလေးငယ်တွေအတွက် အတုယူမှားစေတဲ့ ကာတွန်းကားမျိုးဆို မိဘတွေ ကိုယ်တိုင်အတူလိုက်ပါ ကြည့်ရှုပြီး ကလေးရဲ့ တုံ့ပြန်မှုကို လေ့လာပြီး ဆက်ပြသင့်၊ မပြသင့် ကို ဆုံးဖြတ်သင့်တယ်လို့ မန္တလေး မြို့က အသက် (၃) နှစ်အရွယ် သားငယ်တစ်ဦးရဲ့ ဖခင် ကိုသန်း စိုးက ပြောပါတယ်။

ကလေးငြိမ်ရင်ပြီးရောဆိုပြီး ကာတွန်းကားမှန်သမျှပေးကြည့်ထားရင် အန္တရာယ်ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

‘‘သူ့စိတ်ကြိုက်ဝယ်တဲ့ ပါဝါ ရိန်းဂျားကို သူကြည့်မယ်ဆိုတော့ ပြတယ်။ အဲဒါကြည့်ပြီး အဲဒီထဲက အတိုင်း ချချင်၊ ခုန်ချင်ပြီး လိုက် လုပ်နေလို့ အဲဒီကားတွေမ၀ယ်၊ မကြည့်ဖို့ ပြောပြတယ်။ သူကို ရယ်စရာ မစ္စတာဘင်းတို့၊ တွမ်နဲ့ ဂျယ် ရီတို့ အခြားဟာသကားတွေ ကြည့်ပြီး ပျော်ပျော်နေတတ် အောင် ပြန်လုပ်ပေးလိုက်တော့ ချတာ၊ ခုန်တာတွေ မလုပ်တော့ ဘူး။ ကာတွန်းကားတိုင်းတော့ ပြလို့မရဘူး။ ပြပြီးရင် ဘာထူးခြား လည်း ပြန်တော့ သတိထားရမှာ ပဲ။ သူကြည့်ပြီး ဘာထူးခြားလဲ ပေါ့။

ကာတွန်းကားတိုင်းကလေး တွေ မကြည့်သင့်ဘူး။ ကြည့်ပြီး ရင်လည်း ကလေးဘာထူးခြား ဖြစ်စဉ်ရှိလဲ သတိထားကြည့်ဖို့ လိုတယ်။ ကလေးအန္တရာယ်ရှိ မယ့် ကားမျိုးဆို မပြသင့်ဘူးလို့ ထင်တယ်’’လို့ ကိုသန်းစိုးက ပြော ပါတယ်။ ဒါပေမဲ့ ကာတွန်းကား ကြည့်ပြီး အဲဒီကားထဲကအတိုင်း အတုယူလိုက်လုပ်တိုင်းတော့ အ စိုးရိမ်ကြီးစရာမလိုဘဲ တီဗီရှေ့မှာ အချိန်ဖြုန်းတာများမှာကိုပဲ စိတ်ပူ သင့်တယ်လို့ ကိုဇင်သော်နိုင်က အကြံပြုပါတယ်။

‘‘ကာတွန်းကားဆိုတာက တော့ ကျွန်တော်တို့လည်း ငယ် ငယ်ကတည်းက ကြည့်ကြတာပါ ပဲ။ ကြောင်နဲ့ ကြွက်တို့၊ မစ်ကီ မောက်တို့၊ နောက်ပြီး ပါဝါရိန်း ဂျားတို့၊ ဘာတို့လည်း ကြည့်ခဲ့ကြ တာပဲ။ ဒါပေမဲ့ကြောင်နဲ့ ကြွက်ကြည့်ပြီး အပြင်က ကြောင်တွေ၊ ကြွက်တွေ အပေါ် ခံစားမှုကြီးကြီး မားမားမဖြစ်ခဲ့ပါဘူး။ တစ်ခုရှိတာ က ကလေးရဲ့ အသက်အရွယ် ရယ်၊ ဗီဇရယ်နဲ့တော့ နည်းနည်း ဆိုင်မယ်ထင်တယ်။ နောက်ပြီး တီဗီရှေ့အချိန်ဖြုန်းတာများတဲ့ ကလေးနဲ့ ကစားခုန်စားများတဲ့ ကလေးလည်း ကွာနိုင်တယ်’’လို့ သူက ပြောပါတယ်။

ဒီကားက ဖျော်ဖြေရေးအ နေနဲ့ ဟာသဆန်ပြီး ဇာတ်လမ်း ထဲက ဇာတ်ကောင်တွေ ချစ်စရာ ကောင်းတာကြောင့် ကလေးတွေ အပြင် လူကြီးတောင် ကြိုက်ကြ ပါတယ်။ ဒါပေမဲ့ဒီကားထဲမှာ ဇာတ်ဝင်ခန်းအချို့မှာ ဇာတ် ကောင်ကလေးလေးက အိုးတွေ၊ ခွက်တွေနဲ့ အသီးအရွက်တွေ မီး ပူပူနဲ့ ချက်ပြုတ်တာ၊ ပုလင်းတွေ ဘူးတွေထဲ လက်တွေ ခေါင်းတွေ ထိုးထည့်တာ၊ တစ်ခုခုကို မရရင် အော်ဟစ်ငိုယိုဟန်ဆောင်ပြီး ရ အောင်လုပ်တာ၊ အမြင့်တွေပေါ် တက်ပြီး ကစားတာတွေပါတာ ကြောင့် ဒီလိုဇာတ်ဝင်ခန်းမျိုးက အကျင့်တွေကို အတုယူမှားမှာ စိုးရိမ်တယ်လို့ အသက် (၂)နှစ်ခွဲအရွယ် ကလေးငယ်၏ ဖခင်တစ် ဦးကဆိုပါတယ်။

ဒီဇာတ်ကားကို ပြတဲ့ မိသား စုတွေထဲမှာ အလွှာစုံရှိတယ်။ အချို့ဆိုဖုန်းတွေ၊ တက်ပလက် တွေထဲ အမြဲထည့်ပေးထားတတ် ပါတယ်။ လက်ရှိမှာတော့ ဒီဇာတ် ကားကို ကြိုက်နေတဲ့ ကလေး အများအပြားရှိနေပြီး ကလေးမိ ဘတွေမြင်တဲ့ အမြင်ချင်းတော့ မတူကြပါဘူး။ တချို့က ကလေး တွေအတွက် ပြဿနာမရှိဘူးလို့ ထင်ကြပေမယ့် အချို့မိဘတွေ ကတော့ စိုးရိမ်ပူပန်တာတွေရှိပါ တယ်။ တချို့မူကြိုကျောင်းတွေ မှာတော့ ဒီကားကို ကလေးတွေ အတွက် ဖျော်ဖြေရေးအနေနဲ့ ပြ ပေးနေတာတွေရှိပါတယ်။ လက် ရှိအမွှေစိန်အနေနဲ့ နာမည်ကြီးနေ တဲ့ ဒီဇာတ်ကားကတော့ အရင်ပါ ၀ါရိန်းဂျားတို့၊ ကြောင်နဲ့ ကြွက် တို့ ပေါက်ခဲ့တုန်းကလိုပဲ ကလေး တွေကြားထဲ ပြန့်နေဆဲပဲဖြစ်ပါ တယ်။

Credit: 7day daily

No comments: