Friday, September 11, 2015

ကြက်သားလျှာဂျွန်းပျံကော်ရည်ခေါက်ဆွဲ´

ပါဝင်သောပစ္စည်းများ
***************
၁။ကြက်ပေါင်/ရင်ဘုံ-၂ခု
၂။ဂျုံခေါက်ဆွဲ-၁ထုပ်
၃။ကော်မှုန့်-၁၀၀ဂရမ်
၎။ကြက်သွန်ဖြူ -၂လုံး
၅။ချင်း-၁ဇွန်း(စားပွဲတင်ဇွန်း)
၆။ပဲဆီအပျစ်/ပဲငံပြာရည်-၁ဇွန်း(စားပွဲတင်ဇွန်း)
၇။အချိုမှုန့်-၁ဇွန်း(လဖ္ဘက်ရည်ဇွန်း)
၈။ငရုပ်ကောင်းမှုန့်-၁ဇွန်း(လဖ္ဘက်ရည်ဇွန်း)
၉။ဆား/ငံပြာရည်-၁ဇွန်း
၁၀။ငြုပ်သီးစိမ်း-လက်တစ်ဆုပ်စာ
၁၁။ပုဇွန်စိမ်းစားငပိ-၁ဇွန်း(စားပွဲတင်ဇွန်း)
၁၂။ပဲပင်ပေါက်-၁၀၀ဂရမ်
၁၃။ကြက်သွန်မိတ်၊နံနံပင်၊ကန်စွန်းရွက်ကြိုက်ရင်ထည့်စားနိုင်တယ်။
၁၄။ဆီ-၁၀သား
ပြုလုပ်ပုံ
******
၁။ကြက်မာနဲ့ချက်ရင်ကြက်သားကိုသန့်ရှင်ပြီးဆားအနည်းငယ်နဲ့နူးအောင်ပြုတ်ပါ။ပြီးနောက်အရိုးနွင်ပြီးအသားကိုပါးပါးလှီးထားပါ။အရင်မပြုတ်ဘဲနူးအောင်ကြော်ချက်ပြီးပြုလုပ်နိုင်ပါတယ်။
မွေးမြူ ရေးကြက်ပျော့နဲ့လုပ်ရင်ကြက်သားကိုသန့်ရှင်ပြီးအသားနွင်ပြီးသေးသေးတုံးထားပါ။

၂။ကြက်သွန်ဖြူ ၁လုံးနဲ့ချင်း၁ဇွန်းကိုညှက်အောင်ထောင်းထားပါ။
၃။ကြက်သွန်ဖြူ ၁လုံးကိုအခွံနွာပြီးဆီချက်လုပ်ထားပါ။
၎။ကော်မှုန့်(၁၀၀)ဂရမ်ကိုရေဖျော်ထားပါ။
၅။ငြုပ်သီးစိမ်းကိုအညှာချွေပြီးရေအနည်းငယ်ထည့်ပြီးလှော်ထားပါ။ပုဇွန်စိမ်းစားငပိကိုမီးကင်ပြီးငြုပ်သီးစိမ်းလှော်နဲ့ရောထောင်းထားပါ။

၆။ခေါက်ဆွဲကိုပြုတ်ပြီးရေစစ်ထားပါ။
၇။ပဲပင်ပေါက်၊ကန်စွန်းရွက်တို့ကိုရေနွေးဖျောထားပါ။
၈။ကြက်သွန်မိတ်၊နံနံပင်တို့ကိုပါးပါးလှီးထားပါ။
၉။သံပုရာသီး၁လုံးကို၈စိပ်စိပ်ထားပါ။
၁၀။ဆီ၊ဆား၊အချိုမှုန့်၊ငံပြာရည်၊ပဲဆီပျစ်(သို့)ပဲငံပြာရည်အကြည်၊ငရုပ်ကောင်းမှုန့်တို့ကိုအဆင်သင့်ပြင်ထားပါ။
ကော်ရည်ချက်ရန်
************
ဒယ်အိုးထဲဆီ၅ကျပ်သားခန့်ထည့်ပြီးမီးအပူရှိန်လျှော့ပြီးဆီကိုကျက်အောင်အရင်တည်ပါ။ဆီကျက်ရင်ကြက်သွန်နီ၊ချင်းထောင်းပြီးသားထည့်၍ဆီသတ်ပါ။
ပြီးနောက်ကြက်သားထည့်ကြော်ပါ။ရေအနည်းငယ်ထည့်ပြီးငရုပ်ကောင်းမှုန့်၊ဆား၊ပဲဆီပျစ်(သို့)ပဲငံပြာရည်၊ငံပြာရည်၊အချိုမှုန့်ထည့်ကြော်ပါ။ရေအနည်းငယ်ထည့်ပြီးကြက်သားနူးအောင်အရင်ချက်ပါ။
ကြက်သားနူးရင်ကော်ရည်ထည့်ပြီးပွက်ပွက်ဆူအောင်ချက်ပါ။အိုးမကပ်အောင်ခဏခဏမွှေပေးပါ။
လိုအပ်ရင်ရေတစ်ခွက်ထည့်ပါ။အပေါ့အငံမြည်းပြီးကော်ရည်အပျစ်အကျဲအနေတော်ရင်မီပိတ်လိုက်ပါ ။ကော်ရည်ခေါက်ဆွဲပြင်ရန်အသင့်ဖြစ်ရင်ကော်ရည်အိုးကိုမီးဖွင့်ပြီးပွက်ပွက်ဆူအောင်တည်ပြီးသုံးဆောင်လို့ရပါပြီးရှင့်။
 ခေါက်ဆွဲပွဲပြင်ရန်
*************
ပန်းကန်လုံးထဲခေါက်ဆွဲပြုတ်ထည့်ပါ။ကြက်သားကော်ရည်ပြုတ်လိုသလောက်ထည့်ပါ။ဆီချက်၊ငြုပ်သီးစိမ်းငပိထောင်းထည့်ပါ။
အပေါ်မှပဲပင်ပေါက်၊ကန်ဇွန်းရွက်ရေနွေးဖျော်၊ကြက်သွန်မိတ်၊နံနံပင်တို့ထည့်ပါ။သံပုရည်ညှစ်ထည့်ပါ။
အပေါ့အငံမြည်းပြီးလိုအပ်ရင်ငံပြာရည်၊ပဲငံပြာရည်အကြည်ထည့်ပြီးချဉ်ငံစပ်နဲ့လျှာဂျွန်းပျံကြက်သားကော်ရည်ခေါက်ပူပူလေးသုံးဆောင်လို့ရပါပြီး။
့မှတ်ချက်။ခေါက်ဆွဲကိုနောက်ဆုံးမှပြုတ်ပါ။ငပိမစားရင်ငြုပ်သီးအလှော်ထောင်းမှုန့်/ငြုပ်သီးဆီချက်နဲ့ထည့်စားနိုင်ပါတယ်။
အီကာကွေးပါညှပ်ထည့်ရင်ပို၍ကောင်းသည်။

No comments: