Tuesday, September 22, 2015

အေအာတီဆေး ထုတ်ပေးရာတွင် နေထိုင်ရာမြို့အလိုက် အခက်အခဲများရှိ


မိန်းမကိုယ် ခြောက်သွေ့ခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများ
 မိန်းမကိုယ် ခြောက်သွေ့ခြင်း ဆိုတာ အမျိုးသမီး အင်္ဂါအတွင်းမှာ ချောဆီ သို့မဟုတ် အရည် ထုတ်လုပ်မှုနည်းနေတဲ့ အခြေ အနေမျိုး ဖြစ်ပါတယ်။ ယားယံတာ၊ နေထိုင်ရခက်တာတွေ ခံစားရတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသမီး တွေရဲ့ တ၀က်လောက်မှာ ဒါမျိုး ကြုံရတတ်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ် ခြောက်သွေ့ခြင်း ဆိုတာ အထူးအဆန်းကိစ္စတခု မဟုတ်ဘဲ မြန်မြန်ဆန်ဆန် ဖြေရှင်းလို့ ရနိုင်တဲ့ ပြဿနာတခုဖြစ်ပါတယ်။ မိန်းမကိုယ် ခြောက်သွေ့ ခြင်း ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။

စိုစွတ်စေတဲ့ ဆေးများနှင့် ချောဆီများ
မိန်းမကိုယ် ခြောက်သွေ့ခြင်းကြောင့် လိင်ဆက်ဆံတဲ့ အခါမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာ အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ စိုစွတ်မှုကိုဖြစ်စေတဲ့ ဆေးတွေ၊ ချောဆီတွေရှိပါတယ်။ လိင်မဆက်ဆံမီမှာ အဲဒီ ချောဆီကို အမျိုး သမီး အင်္ဂါထဲကို ထည့်သွင်းပြီးတော့ ဖြစ်ဖြစ်၊ အမျိုးသားရဲ့ လိင်တံမှာ သုတ်သိမ်းပြီးတော့ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။
သဘောဝ ချောဆီတွေလည်း သုံးလို့ရပါတယ်။ ဒါပေမယ့် ကွန်ဒုံးသုံးမယ်ဆိုရင်တော့ အဲဒီဆီတွေက ကွန်ဒုံးကို ထိခိုက် ပျက်စီးစေတဲ့ အတွက် မသုံသင့်ပါဘူး။ စိုစွတ်မှုကိုဖြစ်စေတဲ့ ဆေးတွေ၊ ချောဆီတွေ ဆိုတာက ခြောက်သွေ့မှုကို ယာယီပဲ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခြောက်သွေ့မှုပြန်ဖြစ်လာဦးမှာပါပဲ။

မွေးလမ်း ကြောင်း ထဲသို့ Estrogen ထည့်သွင်းခြင်း
Estrogen လို့ ခေါ်တဲ့ မ-ဟော်မုန်းနည်းပါးခြင်းကလည်း မွေးလမ်းကြောင်းကို ခြောက်သွေ့စေတဲ့ အကြောင်းတခုဖြစ်ပါ တယ်။ Estrogen ပါဝင်တဲ့ ဆေးတွေ၊ ခရင်မ်တွေက ဒါကို ထိထိရောက်ရောက်ကုသပေးပါတယ်။ မွေးလမ်း ကြောင်း ထဲကို Estrogen ထည့်သွင်းတော့မယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆွေးနွေးပြီး မှ လုပ်သင့်ပါတယ်။

(၁)Estrogen ခရင်မ် – Estrogen ခရင်မ်ကို ချောဆီလိုပဲ မွေးလမ်းကြောင်းအတွင်း ထည့်သွင်းနိုင်ပါတယ်။ ဒီခရင်မ် တွေက ညစ်ပေနိုင်တဲ့ အတွက် ညအိပ်ချိန်ကျမှ အသုံးပြုသင့်ပါတယ်။

(၂) မွေးလမ်းကြောင်း အတွင်းထည့်သွင်းရသော estrogen ဆေးပြား – သေးငယ်တဲ့ ဆေးပြားလေးတခုဖြစ်ပြီးတော့ အမျိုးသမီး အင်္ဂါအတွင်းကို ထည့်သွင်းဖို့ ဆေးထိုးပြွန်လို ကိရိယာ(တခါသုံး) ပါ တွဲလျက်ပါ ပါတယ်။ မွေးလမ်းကြောင်း တွင်းကို ထည့်သွင်းထားရင် ဆေးပြားကနေ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။

(၃)Estrogen ကွင်း – ကျုံ့နိုင် ဆန့်နိုင်တဲ့ ကွင်းတခုဖြစ်ပြီးတော့ မွေးလမ်းကြောင်းထဲကိုထည့်သွင်းထားရပါတယ်။ လိင်ဆက်ဆံစဉ်မှာ ပြန်ထုတ် စရာ မလိုပါဘူး။ သူကလဲ Estrogen ထုတ်ပေးနိုင်ပါတယ်။

သဘာဝ ကုထုံး
မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း ကို ကုသနိုင်တဲ့ သဘာဝဆေးတွေ လည်းရှိပါတယ်။ Black cohosh၊ ဂျင်ဆင်းနဲ့ မျောက်ဥ တွေက မွေးလမ်းကြောင်း ခြောက်သွေ့မှုကို ကုစားနိုင်ပါတယ်။

ရေဓာတ်ဖြည့်တင်းခြင်း
ရေသို့ မဟုတ် အရည် များများသောက်သုံးခြင်းကလည်း မွေးလမ်းကြောင်း ခြောက်သွေ့မှုကို သက်သာစေပါတယ်။ ကိုယ် ခန္ဓာမှာ ရေဓာတ်နည်းလာပြီဆိုရင် ရှိတဲ့ အရည်တွေက အရေးပါတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကို ရောက်သွားမှာ ဖြစ်တဲ့ အတွက် မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကို ပိုဆိုးလာစေပါလိမ့်မယ်။

အနမ်းမှတစ်ဆင့် ဘက်တီးရီးယား သန်း ၈၀ ကူးစက်နိုင်

ဖို-မ သဘာဝ တစ်ဦးနှင့်တစ်ဦး နမ်းရှုပ် ကြရာဝယ် ၁ဝ စက္ကန့်မျှ နမ်းရုံဖြင့် တစ်ဦးနှင့် တစ်ဦး၏ ခံတွင်းမှ ဘက်တီးရီးယား သန်း ၈ဝ ခန့် အပြန်အလှန် ကူးစက်နိုင်ပြီး တစ်ရက်လျှင် အနည်းဆုံး ကိုးကြိမ် နမ်းသော ချစ်သူစုံတွဲ များတွင် အပြန်အလှန် ကူးစက်ပြီးနောက် ခံတွင်း ဘက်တီးရီးယား အုပ်စုများလည်း တူသွား တတ်ကြောင်း နယ်သာလန် နိုင်ငံမှ သုတေသီများက ပြောပြသည်။
လူ့ခန္ဓာကိုယ် ထဲတွင် မိုက်ခရို ဘက်တီးရီးယား ပေါင်း ၁ဝဝ ထရီလီယံ ခန့်ရှိပြီး အစားအစာ ချေဖျက်ခြင်း၊ အာဟာရဓာတ် များကို ဖြိုခွဲခြင်း၊ ရောဂါပိုးမွှားများ ရန်မှကာကွယ်ခြင်း တို့ကို ပြုလုပ် ပေးသည်။ ဤ ဘက်တီးရီးယား များမရှိလျှင် လူသား များသည် တစ်ရက်ပင် အသက် ရှင်သန်နိုင်မည် မဟုတ်ကြောင်း လည်း သိရသည်။

''ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ် အရေအတွက် ထက် ဘက်တီးရီးယား အရေအတွက် က ၁ဝ ဆလောက် ပိုပါတယ်။ ဒါဟာ လူသား ၁ဝ ရာခိုင်နှုန်းနဲ့ ဘက်တီးရီးယား ၉ဝ ရာခိုင်နှုန်း ပေါင်းစပ်နေတဲ့ သဘောပါပဲ။ ဗီဇပစ္စည်း ဆိုရင်လဲ လူသားဗီဇ ဓာတုပစ္စည်း ထက် ဘက်တီးရီးယား ဓာတုပစ္စည်း က အဆ ၁ဝဝ လောက် ပိုများပါတယ်။ ဒါကြောင့် လူသားတွေ ဆိုတာ လမ်းလျှောက် နေတဲ့ ဘက်တီးရီးယား အစုအပုံကြီး လို့ပြောရင် မမှားပါဘူး'' ဟု ဝါရှင်တန် တက္ကသိုလ်မှ သုတေသီ တစ်ဦးက ပြောပြသည်။

သို့ဖြစ်ရာ လူသားများသည် ဘက်တီးရီးယား ပေါင်းစုံ၏ ပူးပေါင်း စွမ်းအားဖြင့် လုပ်ဆောင်ချက် အမျိုးမျိုးကို ပြုလုပ်နိုင်သော အားအင် အစုအဝေးကြီး ဖြစ်လာသည်။ လူ့ခံတွင်း တစ်နေရာတည်း တွင် ပင်ဘက်တီးရီးယား အမျိုးပေါင်း ၇ဝဝ ခန့်ရှိပြီး လူ့ဗီဇ ဓာတုပစ္စည်း၊ အစားအစာနှင့် အသက်အရွယ် တို့ကြောင့် ဘက်တီးရီးယား အမျိုးအစား ပေါင်းစပ် ဖြစ်တည် ပွားများ လာသကဲ့သို့ မိမိနှင့် ကိုယ်လက် နှီးနှောသူများ၏ သဘာဝ အရလည်း ဘက်တီးရီးယား ပိုး အမျိုးအစား တိုးလာ နိုင်ကြောင်း သိရသည်။

ကမ္ဘာပေါ်က ၉ဝ ရာခိုင်နှုန်း သော ယဉ်ကျေးမှုတွေမှာ ချစ်ခင်စုံ မက်ခြင်းကို ဖော်ပြတဲ့ အနေနဲ့  နှုတ်ခမ်း၊လျှာ၊ သွားရည် အစရှိသည် တို့ကို အပြန်အလှန် စုပ်နမ်းကြ ပါတယ်။ ဒီလိုနမ်းတဲ့ အတွက် ဘက်တီးရီးယားတွေ ကူးစက် နိုင်တယ်ဆိုတာ ဆေးပညာက သိထားပေမယ့် ဘက်တီးရီးယား ဘယ်လောက်အထိ ကူးစက် နိုင်သလဲ ဆိုတာကိုတော့ အခုမှ တိုင်းကြည့်ခဲ့ တာပါ။ ရလာတဲ့ အဖြေကတော့ အံ့သြဖို့ ကောင်းကြောင်း သုတေသီ များတွေ့ရှိ ခဲ့သည်။

နေ့စဉ် ခံတွင်းချင်း စုပ်နမ်းကြသော ချစ်သူစုံတွဲများ ၏ လျှာနှင့် သွားရည်တို့ကို စစ်ဆေး ကြည့်သောအခါ ၄င်းတို့၏ ခံတွင်း ဘက်တီးရီးယား အမျိုးအစားများ တူညီနေပြီး ၄င်းတို့၏ ခံတွင်းကို ပိုးသတ် ပြီးမှ အချင်းချင်း နမ်းစေပြီးနောက် ဘက်တီးရီးယား များကို တိုင်းတာကြည့်ရာ ၁ဝ စက္ကန့် နမ်းလိုက်ရုံ မျှဖြင့် ဘက်တီးရီးယား သန်းပေါင်း ၈ဝ ကူးစက်သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန် ၊ ၂၁-၁၁-၂၀၁၄

 အေအာတီဆေး ထုတ်ပေးရာတွင် နေထိုင်ရာမြို့အလိုက် အခက်အခဲများရှိ
  
အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီး အေအာတီဆေး သောက်နေရသူတွေကို ပိုပြီး လွယ်ကူစေဖို့အတွက် သူတို့နေထိုင်ရာ မြို့နယ်တွေမှာ ဆေးထုတ်ပေးနေပေမယ့် လာမယူသူတွေ ရှိနေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူတွေဟာ လက်ရှိအချိန်အထိ ခွဲခြားဆက်ဆံခံနေရတဲ့အတွက် လူသိမခံချင်ကြလို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“နယ်တွေဆိုတော့ မြို့က ကျဉ်းတယ်။ လူသိသွားခဲ့ရင် သူတို့တင်မကဘူး သူတို့မိသားစုပါ ကြဉ်ဖယ်ခံရမှာမို့ အသိမခံချင်ကြတာ။ အဲဒီအတွက် အခုလို ကိုယ့်မြို့မှာ ဆေးထုတ်ရမယ်ဆိုတော့ သွားကို မထုတ်ကြတဲ့သူတွေ၊ ဆေးသောက်ပျက်တဲ့သူတွေရှိတယ်” လို့ Myanmar Positive Group ရဲ့ အကြံပေးပုဂ္ဂိုလ် ကိုဗညားဦးက ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးတိုင်းက အေအာတီဆေးသောက်နေသူရဲ့ သုံးပုံတပုံလောက်က နယ်တွေက ဖြစ်တယ်လို့ သူက ခန့်မှန်းပါတယ်။
Myanmar Positive Group ရဲ့ ဒုတိယဥက္ကဋ္ဌ စိုင်းဟတ်ခေးက “အစကတော့ မန္တလေးမှာ လာထုတ်ရတာ ခရီးစရိတ်ကုန်တယ် စသည်ဖြင့် ပြောကြတယ်။ ခုလို ခွဲပေးလိုက်တော့လည်း သွားမထုတ် ဖြစ်ကြပြန်ဘူး။

ဆေးသောက်ပျက်ကွက်ရင် နောက်လိုင်း (နောက်တဆင့်) ကို ပြောင်းရမယ်။ ဒီမှာလှူထားတဲ့ ဆေးတွေက ပထမလိုင်းနဲ့ ဒုတိယလိုင်းပဲရှိတယ်။ တတိယလိုင်း သောက်ရတော့မယ်ဆိုရင် ငွေကြေးအရလည်း များသွားမယ်။ မလွယ်ဘူး” လို့ ပြောပါတယ်။
ကိုဗညားဦးက “ကျနော့်မိတ်ဆွေတယောက်ဆိုရင် ဆေးသွားမယူဘဲ တတ်နိုင်သလောက်တော့ အပြင်က ၀ယ်သောက်နေတယ်လို့ ပြောတယ်။ သူသောက်မသောက်ကတော့ သွားလည်းမကြည့်နိုင်ဘူးလေ” လို့ ဆက်ပြောပါတယ်။

အေအာတီဆေးသောက်နေရင် ပုံမှန်သောက်ဖို့၊ ကိုယ်ခံအားနဲ့ အခြေအနေတွေကို ပုံမှန် စစ်ဆေးဖို့ လိုအပ်ပြီး ဆေးသောက်ပျက်ကွက်ခဲ့ရင် ပိုပြီး အဆင့်မြင့်တဲ့ ဆေးတွေကို သောက်ရမှာပါ။

အထက်မြန်မာပြည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါနဲ့ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်း တာဝန်ခံဆရာဝန်ကြီး ဒေါက်တာသန်းဝင်းကတော့ ဒီလို နယ်မြို့တွေကို ဆေးမပေးခင် အဆင်ပြေ၊ မပြေကို မေးမြန်းပြီးမှ ခွဲပေးတာပါလို့ ဒီဗွီဘီကို ပြောပါတယ်။

ကုလသမဂ္ဂ စာရင်းတွေအရ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူ ၂ သိန်း တသောင်းကျော်ရှိပြီး အေအာတီဆေး သောက်သုံးနေသူ ၈ သောင်းခွဲကျော် ရှိပါတယ်။


No comments: