Tuesday, September 29, 2015

လည်ပင်းကြီးတိုင်း ကင်ဆာဟုတ်၊ မဟုတ်




လည်ပင်းကြီးတယ်ဆိုတာ

‘ကျွန်မ လည်ပင်းကြီးနေပြီလား’ စိုးရိမ်ပြီး ဆရာတို့ဆီကို လူနာအများစု လာပြကြပါတယ်။ အဲဒီလူတွေမှာ လည်ပင်း
မကြီးပါဘူး။ စိုးရိမ်လွန်ပြီး လာပြကြတာပါ။ ဒါဆို လည်ပင်းကြီးတာကို ဘယ်လိုသိနိုင်မလဲ။ အကြမ်းဖျင်းပြောရရင်
မြင်နေရတဲ့အကျိတ်က လက်မအရွယ်ထက်ကြီးတယ်ဆိုရင် လည်ပင်းကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်
ထားပါတယ်။

ဘာကြောင့်ဖြစ်သလဲ
လည်ပင်းကြီးရတာက စားတဲ့အစားအစာထဲမှာ အိုင်အိုဒင်းဓာတ်နည်းတာကြောင့်ပါ။ အိုင်အိုဒင်းဓာတ်ချို့တဲ့လို့
လည်ပင်းကြီးတာအတွက် စီမံချက်ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။ အခုနောက်ပိုင်းတွေ့ရများတာကတော့ အိုင်အိုဒင်း
ဓာတ်ချို့တဲ့တာကြောင့် မဟုတ်တဲ့ လည်ပင်းကြီးတာပါ။

အဖြစ်များသော အသက်အရွယ်
အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်အငယ်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ဆရာတွေ့ဖူးတာကတော့ ငါး
နှစ်ကလေးမှာလည်း တွေ့ဖူးပါတယ်။ အသက်အကြီးဆုံးအနေနဲ့ ၇၀-၈၀ အရွယ်လည်း တွေ့ဖူးပါတယ်။ အဖြစ်အများဆုံး
အရွယ်ကတော့ အသက် ၁၈ နှစ်အောက်ပိုင်းနဲ့ ၃၆ နှစ်အထက်ပိုင်း အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ကြားအသက်
အရွယ်မှာတော့ ရိုးရိုးလည်ပင်းကြီးတာပိုများပါတယ်။ အမျိုးသားတွေမှာတော့လည်ပင်းကြီးတယ်ဆိုရင် ကင်ဆာဖြစ်နိုင်
ခြေ ပိုများပါတယ်။

လည်ပင်းကြီးတိုင်း ကင်ဆာဟုတ်၊ မဟုတ်
အကြမ်းဖျင်းပြောရရင် လည်ပင်းအကျိတ်ကြီးလာတယ်၊ အမျိုးသမီးတွေကရိုးရိုးအကျိတ် ဖြစ်တာများပါတယ်။ အမျိုး
သားတွေမှာတော့ အကျိတ်ဖြစ်တာနည်းတယ်၊ အဲဒီလို အကျိတ်ဖြစ်တာနည်းတဲ့လူမှာ အကျိတ်ဖြစ်လာရင်တော့ ကင်
ဆာဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

ကင်ဆာအဖြစ် ပြောင်းနိုင်လား
လည်ပင်းကြီးတိုင်း ကင်ဆာဖြစ်မှာမစိုးရိမ်ရပါဘူး။ လည်ပင်းကြီးသူတွေရဲ့၈၅ ရာခိုင်နှုန်းက ကင်ဆာမဟုတ်ဘဲရိုးရိုး လည်ပင်းကြီးတာပါ။ ကျန်တဲ့ ၁၅ရာခိုင်နှုန်းကသာ ကင်ဆာဖြစ်တတ်ကြပါတယ်။ ပြောမယ်ဆိုရင်တော့လည်ပင်းကြီးတဲ့လူ ၁၀ ယောက်မှာ တစ်ယောက်၊နှစ်ယောက်လောက်ပဲ ကင်ဆာဖြစ်ပါတယ်။

ကုသမှုပေးခြင်း
လည်ပင်းကြီးတဲ့လူနာကို ဆရာတို့က ရိုးရိုးအကျိတ်လား၊ ကင်ဆာအကျိတ်လားဆိုတာ ခွဲခြားပါတယ်။ တိတိကျကျ
သိအောင်ဆိုရင် ဆေးထိုးအပ်ပိုက်လေးနဲ့အသားစယူပြီး ဓာတ်ခွဲကြည့်ပါတယ်။ကင်ဆာဟုတ်တယ်ဆိုရင် ခွဲစိတ်ကုသပါ
တယ်။ ကင်ဆာမဟုတ်ဘူးဆိုရင် စောင့်ကြည့်ပါတယ်။ အကျိတ်က ကြီးလာတယ်၊ လေပြွန်ကို ဖိမိတာကြောင့်ကျပ်လာ
တယ်၊ အစာပြွန်ကို ဖိတာကြောင့် အစာစားရင် နင်လာတယ်၊ အာရုံကြောဖိမိတာကြောင့် အသံပြောင်းတာတွေ ဖြစ်လာ
တယ်။ ကင်ဆာအကျိတ်က ကြီးနေရင်ခွဲစိတ်ဖယ်ရှားပေးပါတယ်။ ဒါကလည်းလူနာနဲ့ လူနာမိသားစုဝင်တွေရဲ့ ဆန္ဒ
ပေါ်လည်း မူတည်ပါတယ်။

အခြားကုသမှု နည်းလမ်းများ
လည်ပင်းကင်ဆာဆိုတာ သေချာအောင် အသားစယူစစ်ဆေးပြီး ကင်ဆာလို့ သိရပြီးမှ မခွဲချင်ဘူးဆိုရင်လည်း
ဓာတ်ရောင်ခြည်နဲ့ ကုသလို့ ရပါတယ်။ဆရာတို့က ကင်ဆာလို့ သိပြီးရင်တော့ခွဲစိတ်ကုသပေးပါတယ်။ ရောဂါဖြစ်စမှာ
သိတယ်ဆိုရင် အကျိတ်လေးတစ်ခုကိုပဲထုတ်ပေးပါတယ်။ ကင်ဆာက ဘေးကအကျိတ်တွေကိုပါ ပျံ့နှံ့နေရင်တော့ဘေး
နားကအကျိတ်လေးတွေကိုပါ ခွဲစိတ်ဖယ်ရှားပေးပါတယ်။ ကင်ဆာဖြစ်လာပြီဆိုရင်အရွယ်အစားပေါ်လည်း မူတည်ပါသေး
တယ်။ အကျိတ်က လက်မအရွယ်လောက်ပဲဆိုရင် သိပ်မစိုးရိမ်ရပါဘူး။ အဲလိုမှမဟုတ်ဘဲ ငုံးဥ အရွယ်ထက်ကြီးနေပြီ
ဆိုရင်တော့ နည်းနည်း စိုးရိမ်ရပါတယ်။

ကြက်ဥထက်ကြီးပြီဆိုရင်တော့ စိုးရိမ်ရတတ်ပါတယ်။ တိတိကျကျ ပြောရရင်တော့ ၄ စင်တီမီတာထက် ကြီးရင်တော့
စိုးရိမ်ရပါတယ်။ ခွဲစိတ်ဖယ်ရှားသင့်ပါတယ်။ ဆေးသောက်ရုံနဲ့တော့ ဒီအကျိတ်က ပြန်ပိန်မသွားပါဘူး။

ကာကွယ်ထားနိုင်ခြင်း
လည်ပင်းမကြီးအောင် ကာကွယ်မှုအနေနဲ့ကတော့ အိုင်အိုဒင်းဆားကို စားပေးရပါမယ်။ လည်ပင်းကင်ဆာမဖြစ်
အောင် ကာကွယ်ဖို့ကတော့ ဓာတ်ရောင်ခြည်မထိအောင် နေပါ။ ဒါကလည်း မြန်မာနိုင်ငံမှာနေသူတွေအတွက် သိပ်တော့
မစိုးရိမ်ရပါဘူး။

အကြံပြုချက်
လည်ပင်းကြီးတာက အဖြစ်များတယ်။ ကိုယ့်ဘာသာကိုယ်လည်း စမ်းသပ်လို့ရနိုင်ပါတယ်။ ကိုယ့်လက်မနဲ့ တိုင်း
ကြည့်ပြီး ကြီးတယ်လို့ထင်ရင် သိပ်မကြီးခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ကြီးသွားရင် ဟော်မုန်း
ဓာတ်တွေများနေလား၊ ကင်ဆာဖြစ်နေပြီလား၊ ရိုးရိုးအကျိတ်လား၊ အရည်ကျိတ်လားဆိုတာ ခွဲခြားဖို့ ဓာတ်မှန်ရိုက်ကြည့်
ပါတယ်။ လေပြွန်ဖိမိတာ၊ ကျပ်သလိုခံစားနေရတာတွေဖြစ်ရင်တော့ ခွဲစိတ်ဖယ်ရှားပေးပါတယ်။

(ဒေါက်တာဝင်းထိုက်ကြည် - နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်)

Credit: Good Health Journal No.554

No comments: