Sunday, September 6, 2015

ပရလောကမှ ရှားပါးမှတ်တမ်းများ သို့မဟုတ် စိတ်လှုပ်ရှားဖွယ်ရုပ်ရှင်များ

တစ်ယောက်ထဲ ကြည့်ရဲသလား စိန်ခေါ်မယ့် ထိတ်လန့်ဖွယ်ရာ ဇာတ်ကားစာရင်း...
------------------------------------------------------------------
ကျွန်မကိုယ်တိုင် ရုပ်ရှင်ကြည့်ရတာ ဝါသနာပါတာက တစ်မျိုး။ သရဲကားကောင်းပြီဟေ့ဆို မကြောက် ကြောက်အောင်ကို မီးပိတ်ကြည့်ရတာတစ်ကြောင်းတို့ကြောင့် ဧပြီရုံးပိတ်ရက်မှာ သရဲကားကြည့်ဖို့ဆုံးဖြတ်ရင်း မတ်လပိုင်းတုန်းက သရဲကားတွေနဲ့ ပက်သက်ပြီး စပ်စပ်စုစု ရှာရှာဖွေဖွေလုပ်ကာ အဲ့ဒီတုန်းက Manage လုပ်ခဲ့ဖူးတဲ့ Page လေးတစ်ခုမှာ ရုပ်ရှင် ဝေဖန်ရေးသမားတွေ စာရင်းပြုထားတဲ့ တစ်ယောက်ထဲ မကြည့်ရဲသော ထိပ်လန့်ခြောက်ခြားဖွယ်ရာဇာတ်ကားတွေထဲမှ ၁၄ကားကို သေချာဖတ်ရှု လေ့လာ ဖော်ပြပေးခဲ့ပါတယ်။ ကြောက်တတ် မကြောက်တတ်ခြင်း အကြောက်တရား မတူညီခြင်းတို့ကြောင့် လူတစ်ကိုယ် စိတ်တစ်မျိုး ဇာတ်ကားကောင်း မကောင်း သဘောထားကွဲလွဲမှုလေးတွေကို မန့်ပေးခဲ့ကြတဲ့ ကျွန်မပို့စ်ကို သေချာဝေဖန်ပေးခဲ့တဲ့ သူငယ်ချင်းတွေရဲ့အမြင်လေးတွေအပြင် Like ၄၀၀၀ နီးပါးနဲ့ Share ၇၀၀၀ နီးပါးရထားတဲ့ ပို့စ်လေးလည်းဖြစ်တာကြောင့် အဲ့ဒီပို့စ်ရေးတုန်းကပါမသွားတဲ့ အောက်ဖော်ပြပါ ဇာတ်ကားအချို့ရဲ့Download link တွေနဲ့အတူ ပြန်ဝေမျှရင်း ကဲ ကျွန်မအဲ့ဒီတုန်းကရေးခဲ့တဲ့အတိုင်းပဲ ပြန်ကူးပေးထားတယ်နော်။ ကြည့်ရဲရင်လည်း တစ်ယောက်ထဲသာကြည့် အဲဒီထဲက ၅ကား ၆ကားလောက်ကတော့ မယ်ဖူးကိုယ်တိုင် တစ်ယောက်ထဲကြည့်ထားတာ။ ရှုရှုးတော့ ထမပေါက်ရဲခဲ့ဘူး ဟီဟိ
1.The Exorcist
ဒီဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးတစ်ကောင်ပိုင်ဆိုင်တဲ့ အပြစ်ကင်းတဲ့ကလေးမလေးတစ်ယောက်အကြောင်းကို ဆွဲဆောင်မှုရှိစွာရိုက်ပြထားတဲ့ ၁၉၇၃ခုနှစ်ကထွက်ထားသော ဇာတ်ကားလေးပါ။
2.Insidious 1/2
အိပ်နေရင်းက ခန္ဓာကိုယ်နဲ့ဝိဥာဉ် ကွဲထွက်သွားနိုင်တယ်ဆိုတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ယခုလို ခန္ဓာကိုယ်နဲ့ဝိဥာဉ် ခွဲထွက်နိုင်တဲ့သူတွေလည်း အပြင်လောကမှာ တကယ်ရှိပါတယ်။ သူတို့ ကွဲထွက်သွားတဲ့အခါ လက်ရှိလောကနဲ့ မသက်ဆိုင်တဲ့ ကမ္ဘာကိုဘယ်လိုမြင်ရလဲ။ မိမိ ခန္ဓာကိုယ်ထဲကို မိမိပြန်လာနိုင်ပါ့မလားဆိုတာကိုတော့ အပိုင်း ၂ပိုင်းကြည့်ရင် ပိုကောင်းမှာဖြစ်တဲ့အတွက် လက်လွတ်မခံနဲ့နော်။
3. Poltergeist
၁၉၈၂ ခုနှစ်ကထွက်ရှိထားတဲ့ သရဲကားတစ်ကားပါပဲ။ သင်ဒီဇာတ်ကားမကြည့်ရသေးဘူးဆိုရင်တော့ ကြည့်ကိုကြည့်ရမယ့် စာရင်းထဲမှာထည့်လိုက်ပါတော့။ သတိတော့ပေးမယ်နော် သင့်အပေါင်းအဖော် မိသားစုနဲ့ပဲကြည့်ပါ။ တစ်ယောက်ထဲကြည့်လို့ကတော့ သင့်ရဲ့ပုံမှန်အတိုင်းဖြစ်နေတဲ့ အိမ်ဟာကြောက်စရာတစ်ခုအဖြစ်ပြောင်းသွားပါလိမ့်မယ်။
4.The Blair Witch Project
၁၉၉၉ ကထွက်ရှိထားတဲ့ ဒီကားလေးကတော့ ကြောက်စရာမယ်မယ်ရရရယ်လို့မရှိပါဘဲ စိတ်ထဲကနေကို အလိုလိုခြောက်ခြားလာမယ့်ကားပါ။ အမြင်အာရုံအထူးပြုလုပ်ချက်တွေ ဇာတ်ကားထဲကအသံတွေဟာ သိပ်ကိုခြောက်ခြားစရာကောင်းပါတယ်။
5. A Nightmare on Elm Street
၁၉၈၄ ခုနှစ်ကထုတ်လုပ်ထားတဲ့ ဒီကမ္ဘာကျော်ဇာတ်ကားဟာ ၂၀၁၀ခုနှစ်မှာ ပြန်လည်အသက်သွင်းခံရပေမယ့် မူရင်းဇာတ်လမ်းက ပိုပြီးကြောက်မယ်ဖွယ်ကောင်းလှပါတယ်။ အိပ်နေတဲ့ လူတွေရဲ့ အိပ်မက်ထဲကိုဝင်လာပြီး သတ် သတ်သွားတဲ ဖရက်ဒီကို စဉ်းစားမိတာနဲ့ အိပ်မက်ထဲလာလေမလားဆိုပြီး အိပ်တောင်မအိပ်ချင်တော့တဲ့ သူတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။ လူငယ်လေးအရွယ်ပဲရှိသေးတဲ့ ဂျော်နီဒပ်ကလည်း ဒီဇာတ်ကားထဲမှာ ပါဝင်အားဖြည့်ထားပါတယ်တဲ့။
6.The Sixth Sense
ကိုးလ် ဆိုတဲ့ကလေးငယ်လေးတစ်ယောက်က လူငယ်လေးတစ်ယောက်ဟာပုံမှန်မဟုတ်တဲ့ အရာတွေကို လူမှန်းသိတတ်စအရွယ်ကတည်းက မြင်လာခဲ့ပါတယ်။ လူသေတွေကို မြင်နေရတဲ့ ကလေးကို ဒေါက်တာ ခရူးဆိုတဲ့ စိတ်ရောဂါဆရာဝန်က ကလေးရဲ့ စိတ်နဲ့ဝိဥာဉ်ကိုထိန်းချူပ်ပေးဖို့ကူညီပေးနိုင်မှာလား။ ကိုးလ်ကကော ပုံမှန်လူတွေလိုနေနိုင်သွားမှာလားဆိုတာကိုတော့ သင့်သူငယ်ချင်းတွေနဲ့အတူတူကြည့်ရင်း သိရှိလာမှာပါ။ တစ်ယောက်တည်းကြည့်ရင်တော့ ကျိန်းသေပေါက် ကျောချမ်းစရာနော်။ Die Hard ဇာတ်ကားမှာပါဝင်သရုပ်ဆောင်တဲ့ ကမ္ဘာကျော်မင်းသားကြီး ဘရုစ်ဝီလီပါဝင်တဲ့ ၁၉၉၉ ခုနှစ်ထုတ် ဒီဇာတ်ကားဟာ သင့်ကိုရသပေါင်းစုံပေးစွမ်းနိုင်မှာပါ။
7.Hellraiser
အရေပြားတွေမရှိတော့တဲ့ လူသေကောင်တစ်ကောင်ဟာ သူ့ရဲ့အစ်ကိုကြောင့် ပြန်လည်နိုးထလာပါတယ်။သူအပြည့်အဝပြန်လည်နိုးထဖို့ရန် အခြားလူတွေရဲ့သွေးတွေကို သောက်သုံးဖို့ သူ့ကိုချစ်မြတ်နိုးနေတဲ့ ငယ်ရွယ်လှပတဲ့ အမျိုးသမီးငယ်တစ်ယောက်ကို ခိုင်းစေခဲ့တဲ့အတွက် အဲဒီအမျိုးသမီးဟာ လူတွေကိုလိုက်သတ်ခဲ့ပါတယ်။ လူသေကောင်ဟာ လူတစ်ယောက်လို အပြည့်အဝရှင်သန်လာတဲ့အချိန်မှာတော့ ကြောက်စရာအဖြစ်အပျက်တွေစလာပါတော့တယ်။
8. The Shining
သရဲခြောက်တဲ့ ဟိုတယ်ကြီးမှာ မကောင်းစိုးဝါးတစ်ကောင်က သူ့ရဲ့မိသားစုအားလုံးကို သတ်ဖို့ကြိုးစားတဲ့ ကြောက်စရာဇာတ်ကားကြီးက ၁၉၈၀ခုနှစ်က စတီဗင် ကင်းရဲ့ ဝထ္တုကိုမှီငြမ်းပြီးရိုက်ကူးထားတာပါ။ ဒီဇာတ်ကားထဲမှာပါတဲ့ နစ်ကိုဆန်ရဲ့ ကြောက်စရာပုံရိပ်တွေဟာ သင့်မျက်လုံးထဲကနေ လွယ်လွယ်နဲ့တော့ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဒီကားကို တစ်ယောက်ထဲကြည့်ပြီးရင်တော့ သင်နှစ်ခြိုက်စွာအိပ်ပျော်မယ်လို့ မထင်နဲ့နော်။
9. The Texas Chainsaw Massacre
၁၉၇၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီစိတ္တဇဆန်တဲ့ ဇာတ်ကားဟာ သူ့ရဲ့ သွေးပျက်စရာ ရွံစရာ ဇာတ်လမ်းဇာတ်ကွက်တွေကြောင့် နိုင်ငံအတော်များများမှာ ပြသဖို့ ပိတ်ပင်ခံခဲ့ရပါတယ်။အခုတော့လည်း ကြည့်ရဲတဲ့ မည်သူမဆို ကြည့်လို့ရပါပြီတဲ့။ဘယ်လိုဇာတ်လမ်းမျိုးလည်းဆိုတာတော့ ကိုယ့်ဘာသာကြည့်တော့နော်။
10. It
စတီဗင်ကင်းရဲ့ ဝတ္ထုတွေဟာ မကြာခဏဆိုသလို အလွန်ကောင်းတဲ့ ကြောက်စရာဇာတ်လမ်းတွေကိုဖန်တီးနိုင်ပါတယ်။ ကလေးငယ်လေးတွေဟာ စိတ္တဇဆန်တဲ့ လူပျက်တစ်ယောက်က သွေးဆောင်ခေါ်သွားခြင်းခံရပြီး ဘယ်တော့မှပြန်မတွေ့ရတော့ပါဘူး။ ဒီဇာတ်ကားက တစ်ချို့သောလူတွေဟာ လူပျက်တွေကို ဘာကြောင့်ကြောက်သလဲဆိုတာကိုပါ ရှင်းပြထားပါတယ်။
11. The Ring
၂၀၀၂ ခုနှစ်ကထွက်ရှိထားပြီး ဂျပန်ကားကို အခြေခံထားတဲ့ ဒီဇာတ်ကားဟာ ခြောက်လှန့်နေတဲ့ ဗီဒီယိုတိတ်ခွေကို ကြည့်ုပြီးသူတိုင်း ခုနစ်ရက်အတွင်း နောက်တစ်ယောက်ကို ထပ်ပြရမှာဖြစ်ပြီး မပြနိုင်ရင်တော့ ခုနစ်ရက်ပြည့်တဲ့နေ့မှာ သေဆုံးမယ်လို့ဖော်ညွှန်းထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
12. The Grudge
အမေရိကန် သရဲကားတွေက ဂျပန်သရဲကားတွေကို အမေရိကန် မင်းသား မင်းသမီးတွေခေါင်းဆောင်ထားပြီး ပြန်ရိုက်ရတာ နှစ်သက်ပုံရပါတယ်။ မုန်းတီးတဲ့ စိတ်တွေနဲ့ သေဆုံးသွားတဲ့ ဝိဥာဉ်ရဲ့တိုက်ခိုက်မှုကိုခံရတဲ့ သူနာပြုဆရာမလေးအကြောင်းကိုရိုက်ပြထားတဲ့ ဒီဇာတ်ကားဟာ ဘာကြောင့် အညှိုးတွေကိုဆက်လက်စုပ်ကိုင်ပြီး အကျွတ်တရားမရသေးတာလဲဆိုတဲ့ အကြောင်းတွေကိုပါ သိရှိသွားမှာဖြစ်ပါတယ်။ The Ring အောင်မြင်ပြီးနောက်ပိုင်း ၂၀၁၄ခုနှစ်မှာ ဒီဇာတ်ကားထွက်ရှိပါတယ်။.
13. Phantasm
၁၉၇၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ အသုဘအိမ်တွေက အလောင်းတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ခိုးတဲ့ အရပ်ရှည်ရှည်နဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းကိုရိုက်ပြထားတာပါ။ ဘာကြောင့်ခိုးလဲဆိုတာတော့ ကိုယ့်ဘာသာကြည့်တော့နော်။
14. The Conjuring
လျို့ဝှက်ချက်တွေနဲ့အတူ ကြောက်မယ်ဖွယ် အိမ်ကြီးထဲက မိသားစုအကြောင်းကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကတော့ သင်တစ်ယောက်ထဲကြည့်ပြီး ကြောက်မယ်ဆိုရင်တောင် ကြောက်ရတာကျိုးနပ်မယ့် ဇာတ်ကားကောင်းတစ်ကားပါ။
ဒီပို့စ်ကိုဖတ်ပြီး ကြောက်စရာကောင်းတဲ့ ဇာတ်ကားတွေကို comment ပေးဖြည့်စွက်ပေးသမျှထဲမှ သဘောထားတူလို့ ကိုယ်ကိုယ်တိုင် မနောခွေ့ထပ်တူကျသမျှသဘောကျခဲ့တဲ့ ဇာတ်ကားလေးတွေကို ထပ်ဖြည့်ပေးလိုက်ပါတယ်။
15. Shutter (original ထိုင်းသရဲကား)
16. Coming Soon
17. The Eye 1/2
18. 1408
19. Evil Dead (1/2/3)
20. The woman in black
21. Possession
Download Links
5. A Nightmare on elm street
http://megashare.sh/watch-a-nightmare-on-elm-street...

9. The Texas Chainsaw Massacre
http://megashare.sh/watch-the-texas-chainsaw-massacre...


*Download link များကို ဖော်ပြပေးပါသော Artisa Bang ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

Enjoy your time, buddies 
(By - Anty Phue)

No comments: