HIV ပိုး ရှိနေသူတွေကို ဆေးကုသပေးဖို့ မျှော်မှန်းချက်ပြည့် မီ
ကနေ့
သတင်းဖြစ်ပါတယ်။ ၂ဝ၁၅ အကုန်မှာ လူပေါင်း ၁၅ သန်းကို ကုသပေးဖို့
မျှော်မှန်းထားချက်ကို မတ်လကတည်းက ပြည့်မီတယ်လို့ UNAIDS ကဆိုပါတယ်။ ပထမအကြိမ်
အဖြစ် ၂ဝဝဝ ခုနှစ်တုံးက လူ ၇ သိန်းလောက်ကို ကုသပေးဖို့ သတ်မှတ်ခဲ့ပါတယ်။ရည်မှန်းထားချက် ပြည့်မီတဲ့ အတွက် HIV လူနာသစ် သန်း ၃ဝ ကို ကယ်ဆယ်နိုင်ခဲ့တယ်။ ၈ သန်းလောက်လည်း သေဆုံးရမှုကနေ လွတ်ကင်းခဲ့တယ်။ အခုဆိုရင် လူနာပေါင်း ၂ ဒဿမ ၆ သန်း ကနေ ၁ ဒဿမ ၈ သန်းအထိ ကျဆင်းလာပြီး၊ သေဆုံးမှုလည်း ၁ ဒဿမ ၆ သန်းကနေ ၁ ဒဿမ ၂ သန်းထိ ကျဆင်းလာပါတယ်။ HIV အတွက် ရင်းနှီးမြှုပ်နှံမှုက ၄ ဒဿမ ၈ ဘီလီယန်ကနေ ၂ဝ ဘီလီယန် အထိ တိုးလာခဲ့ပါတယ်။
ဆေးကို လက်လှမ်းမီရေးက လိုအပ်ချက်ဖြစ်နေတဲ့ ကလေးတွေက ပိုဆိုးတယ်။ အခုတော့ တိုးတက်လာပါတယ်။ ၂ဝဝဝ ကနေ ၂ဝ၁၄ ယှဉ်ကြည့်ရင် HIV ပိုးရှိကလေးတွေ ART ဆေးရရှိမှုဟာ ၁၄% ကနေ ၂၃% အထိ တိုးလာပါတယ်။
လက်ရှိ ကိန်းဂဏန်းတွေက လက်ခံနိုင်ဖွယ်တော့ မရှိသေးပါ။ ဆာဟာရအောက်ပိုင်းဒေသတွေမှာ လူနာသစ် အားလုံးရဲ့ ၆၆% ရှိနေသေးပါတယ်။ အဲဒီမှာ လူနာပေါင်း ၂၅ ဒဿမ ၈ သန်းရှိတယ်။ တကမ္ဘာလုံးမှာ ၃၆ ဒဿမ ၉ သန်းရှိတယ်။ သည်အတိုင်းသာဆိုရင် HIV က ၂ဝ၃ဝ ဆိုရင် ကပ်ရောဂါလို့ ဖြစ်တော့မှာ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ (၁၄-၇-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ - HIV ပိုး ရှိနေသူတွေကို ဆေးကုသပေးဖို့ မျှော်မှန်းချက်ပြည့်မီ
HIV ပျောက်ကင်းစေရန် အာမခံသည့်ကြော်ငြာများ အရေးယူပေးပါ
လိင်အပျော်အပါးများပြားသည့်နေရာ
HIV/AIDS ပျောက်ကင်းသည်ဟုဆိုကာ လူသိမခံဝံ့သောသူများ၊ HIV ရှိနေသည့် ငွေကြေးချမ်းသာသူများအား အဓိကထား ဆွဲဆောင်နေသော အဖွဲ့အစည်းများ ပပျောက်စေရန် ဆောင်ရွက်သင့်ကြောင်း HIV/AIDS အရေး ကိစ္စဆောင်ရွက်နေသူများထံမှ သိရသည်။
HIV ဖြင့် နေထိုင်သူများအနေဖြင့် ထင်ယောင်ထင်မှားဖြင့် ယင်းကြော်ငြာများထံ ဆက်သွယ်ကုသနိုင်သော ကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ ဆေးကုသချိန်နောက်ကျခြင်းတိြု့
“အဓိက ရည်မှန်းချက်ထားတာက အခြေခံလူတန်းစားတွေကို မဟုတ်ဘူး။ လူလတ်တန်းစားနဲ့ HIV ရှိပြီး လူသိခံရမှာ ကြောက်နေတဲ့ ပိုက်ဆံရှိတဲ့လူတွေ။ အဲဒီဘက်ကနေသူတို့က အဓိက စီးပွားရှာတာ။ တကယ် အာမခံနိုင်လားဆိုတော့ သူတို့က နှုတ်ပိတ်သွားတယ်” ဟု Phoenix Association မှ ဆေးကုသမှုဆိုင်ရာ တာဝန်ယူဆောင်ရွက်နေသည့် စီမံချက်မန်နေဂျာ ကိုစည်သူကပြောသည်။
ထိုကြော်ငြာစာတမ်းရှိ ဖုန်းနံပါတ်များအား လေ့လာသောအခါ ရုံးခန်း အတည်တကျမရှိခြင်း၊ တစ်လလျှင်ဆေး စရိတ်အတွက် အကုန်အကျများခြင်း၊ တိကျ သေချာသော စစ်ဆေးစမ်းသပ်ချက်များ၊ လေ့လာစောင့်ကြည့်ခြင်း များမရှိသည့်အပြင် တရားဝင်ဆေးဝါးများမဟုတ်သည့်အတွ
HIV ပိုးမှာ လက်ရှိအချိန်၌ ရောဂါကိုထိန်းထားနိုင်သည့် ဆေးသာရှိပြီး ပျောက်ကင်းစေနိုင်သည့် ဆေးမထွက်လာ သေးသည့်အပြင် ART ကုထုံးများမှာ HIV ရှိသူများအတွက် အမှန်တကယ်ကောင်းကျိုးဖြစ်စေနို
“အမှန်က ဒါမျိုးတွေပေါ်မလာအောင် သက်ဆိုင်ရာက ဒီလိုလုပ်နေတဲ့သူတွေကိုတွေ့ပြီး ဆွေးနွေးညှိနှိုင်းတာမျိုး တွေ၊ လက်ရှိကုထုံးတွေဘက်ကို ညွှန်းပြကြဖို့တွေ လုပ်ဖို့လိုအပ်တယ်။ ဖမ်းလည်းဒါမျိုးဆိုတာ ပျောက်သွားမှာ မဟုတ်ဘူး။ ဒါကြောင့် ဖမ်းဆီးထိန်းသိမ်းတာထက်စာရင် ပိုပြီးအကျိုးသက်ရောက်မှုရှိေ
ကြော်ငြာစာရွက်ပါ ဆေးများ၏ အကျိုးရလာဒ်များမသိရသဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေန
HIV ကူးစက်မှုအများစုမှာ ဆေးထိုးအပ်ဖြင့် မူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲသူ
စောခ
မြစ်မခ - HIV ပျောက်ကင်းစေရန် အာမခံသည့်ကြော်ငြာများ အရေးယူပေးပါ
လေမုန်တိုင်း ကြားထဲက ရွှေရောင် ဆီမီးငယ် (သို့မဟုတ်) မဖြူဖြူသင်း
“ခုခံအားကျဆင်းမှု ရောဂါ” ဆိုသော အသံကြားလိုက်သည်နှင့် အလန့်တကြား ကြောက်ရွံ့ထိတ်လန့်သော မျက်နှာများဖြင့် ဝေဒနာရှင်များကို ရှောင်ဖယ်သွားချိန် အသက် ၃၀ ကျော်အရွယ်သာရှိသေးသော သူက လူနာများအကြား အပြုံး မျက်နှာ ဖြင့် ဖေးမကူညီခဲ့သည်။ ထိုအချိန်က စစ်အာဏာရှင်စနစ်ကြီးစိုး မုန်တိုင်းထန်နေသောအချိန်ဖြစ်
ဝေဒနာ၏ ဖိစီးနှိပ်စက်မှုကို ခံနေရသော်လည်း သူ၏ မျက်နှာမြင်ရုံဖြင့် ခံစားနေရသော ဝေဒနာ တ၀က် သက်သာ သွား သလို ခံစားရသည်ဟု ဝေဒနာရှင်တို့က ဆိုကြသည်။ အစိုးရထံမှ မရရှိသော ပြုစုဖေးမမှု သူ့ထံမှ ဝေဒနာရှင်တို့ ရရှိခဲ့ ကြ သည်။ အစိုးရထံမှ မရရှိသော ဆေးဝါးများ သူ့ထံမှ ဝေဒနာရှင်တို့ ရရှိခဲ့သည်။ အစိုးရထံမှ မရရှိခဲ့သော ဂရုစိုက်မှုကို သူ့ ထံမှ ရရှိခဲ့ကြသည်။ သူက စစ်အာဏာရှင်လေမုန်တိုင်းထန်ချိ
သူ့နာမည်က ဖြူဖြူသင်းဖြစ်ပြီး စစ်အစိုးရလက်ထက်ကတည်းကပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ တက်ကြွ သော လူငယ် အဖွဲ့ဝင် တဦး ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ ခိုကိုးရာမဲ့ HIV လူနာများအတွက် ကူညီ စောင့်ရှောက်ရေး ဂေဟာ တခု ဖွင့်လှစ်ထားပြီး မိဘမဲ့ကလေးများကိုလည်း သူတတ်စွမ်းသမျှ ကူညီစောင့်ရှောက်လျက်ရှိသည်။ အခက်အခဲ ပေါင်း များ စွာဖြင့် သူစတင် ခဲ့သော HIV/AIDS ဝေဒနာရှင်ပြုစုစောင့်ရှောက် လုပ်ငန်းသည် ယခုအခါ တနိုင်ငံလုံး အတိုင်း အတာ ဖြင့် ကျယ်ပြန့်လာသည့်အပြင် နိုင်ငံတကာအထိပါ သူ၏ ပြုစုစောင့်ရှောက်ကူညီမှု သတင်းများ ပျံ့နှံ့ ရောက်ရှိ နေပြီ ဖြစ် သည်။
“အမတို့တွေ အတွက် ဒီအလုပ်က အစပိုင်းမှာ တော်တော်လေးကို ခက်ခဲ့တယ်။ အမတို့တွေဆေးဝါးအကြောင်း နားမ လည်ဘူး။ ဘာမှမသိဘူး။ ဒါပေမယ့် လူနာတွေအတွက် လိုအပ်ချက်က ပညာပေးရေးအပိုင်းက လိုအပ် နေပြီဆိုတာ တွေ့ လာတယ်။ HIV နဲ့ပတ်သက်ပြီး မြို့၊ နယ်တွေက ဘုရားပွဲဈေးတွေမှာ ပညာပေးတဲ့အစီအစဉ်တွေလုပ်တယ်။ ခဏခဏ အဖမ်း ခံရတယ်။ တားဆီးခံရတယ်။ ပစ္စည်းတွေ အသိမ်းခံရတယ်”ဟု မဖြူဖြူသင်းက ပြောသည်။
၂၀၀၂ ခုနှစ် တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(
သူနှင့်အတူ HIV/ AIDS အရေး ကူညီလှုပ်ရှားလိုသူ NLD ပါတီဝင်လူငယ်တစုက လူငယ်ဆွေးနွေးပွဲတခုပြုလုပ်ခဲ့
မဖြူဖြူသင်းနှင့် NLD ပါတီဝင် လူငယ်တစုတို့ ရန်ကုန်မြို့တွင်း၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်းနှင့် တောင်ဥက္ကလာပ အပါ အ၀င် မြို့နယ်ပေါင်းစုံတွင် နေထိုင်သည့် ဝေဒနာရှင်များထံသို့ သွားရောက်တွေ့ဆုံ အားပေးခဲ့ကြသည်။ ရောဂါသည်များ အတွက် အိမ်ငှားပေးပြီး လိုအပ်သော ဆေးဝါးများ ရရှိရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထိုစဉ်က စစ်အစိုးရအုပ်ချုပ်စဉ်ကာလဖြစ်
အာဏာပိုင်တို့၏ အမျိုးမျိုးသော ဖိနှပ်မှုများကြားတွင် မဖြူဖြူသင်းတို့၏ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများက ရပ်တန့်မသွားသည့်အပြင် ပို၍ပင်ကြီးမားလာခဲ့ပြီး နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများက ကူညီစောင့် ရှောက်ရေးလုပ်ငန်းများအတွက် ၀ိုင်းဝန်းကူညီလာကြသည်။
“သူတို့စိတ်အားမငယ်အောင် အတူတူစားပေးတယ်။ အတူတူစကားပြောပေးတာတွေလုပ်ပေး
အာဏာပိုင်များ၏ တားဆီးပိတ်ပင်မှုများကြောင့် လူနာများအတွက် နေစရာအိမ်ရှာရခက်ခဲလာရာ ၂၀၀၈ ခုနှစ်တွင် တောင်ဒဂုံ မြို့နယ်ရှိ သူတို့မိသားစုပိုင်ဆိုင်သည့် နေအိမ်ကိုHIV လူနာများ ကူညီစောင့်ရှောက်ရေးဂေဟာ အဖြစ် ပြောင်း လဲခဲ့သည်။ ထိုဂေဟာတွင် ဝေးလံခေါင်ဖျားသည့်ဒေသအသီးသီးမှ ရောဂါသည် အများစု နှင့် ၎င်းတို့၏ မိသားစု ဝင်များ လာရောက်နေထိုင်ကြသည်။ ဆေးကုသမှုခံယူကြသည်။ မိဘမရှိတော့သည့် ကလေးသူငယ်များလည်း ဂေဟာ တွင်ရှိ နေသည်။ ခိုကိုးရာမဲ့ရောဂါသည်များလည်း ထိုဂေဟာတွင်ပင် နေထိုင်ကြသည်။
“လူနာအသစ်တွေကတော့ပုံမှန်အတိုင်
HIV နှင့်ပတ်သက်သည့် ဗဟုသုတများ ပြည်သူလူထုတွင်အားနည်းဆဲဖြစ်ပြီ
“လူထုတွေက လူနာတွေကို ခွဲခြားဆက်ဆံမှုကတော့ အရင်အတိုင်းနီးပါးပဲ။ လူနာတွေအတွက် ဒီဂေဟာလေးက သူတို့ဘဝဖြစ်သွားပြီ။ မပြန်ချင်ကြတော့ဘူးဖြစ်နေတော့ လူတွေကြားထဲပြန်ဝင်နိုင်အောင်တွ
၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
“ပါတီက ညွှန်ကြားလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လု
သူ၏ လွှတ်တော်ကိုယ်စားလှယ်သက်တမ်းအတွ
စစ်အာဏာရှင် လေမုန်တိုင်းကြီး မရှိတော့ချိန်တွင် သူ့ထံလာရောက်သည့် လူနာအရေအတွက် ပို၍ ပို၍ တိုးတက် လာ နေ ရာ လတ်တလော ဝေဒနာရှင်များ ပိုမို လက်ခံကူညီဆောင်ရွက်ပေးနိုင်ရေး
နေပြည်တော်တွင် လွှတ်တော်တက်ရင်း နိုင်ငံနှင့်လူထုအတွက် ဥပဒေပြုရေး တာဝန်များ ထမ်းဆောင်နေသော်လည်း သူ၏ အတွေးများတွင် HIV/AIDS ဝေဒနာရှင်တို့၏ အနာဂတ်အတွက် အချိန်စက္ကန့်အမျှ ရတက်မအေး တွေးတော ပူပန်နေဆဲဖြစ်သည်။
ဧရာဝတီ - လေမုန်တိုင်း ကြားထဲက ရွှေရောင် ဆီမီးငယ် (သို့မဟုတ်) မဖြူဖြူသင်း
No comments:
Post a Comment