Saturday, July 18, 2015

ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ကလာပ်ပြင်ဆင်ခဲ့သည့် ခုတင်၊ ခေါင်းတလားမှမှန်တို့ဖြင့်ဆောက်လုပ်ထားသည့် ဘုရားခန်းများရှိရာ





ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ကလာပ်ပြင်ဆင်ခဲ့သည့် ခုတင်၊ ခေါင်းတလားမှမှန်တို့ဖြင့်ဆောက်လုပ်ထားသည့် ဘုရားခန်းများရှိရာ တွံတေးမြို့နယ်ရှိ သာသနာ့ဝေပုလ္လ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က အများပြည်သူတို့အား အာဇာနည်နေ့တွင် လာရောက်လေ့လာရန် ကြိုဆိုဖိတ်ခေါ်

 



နေ့ရက်က ဇူလိုင် ၁၆ရက်နေ့ အချိန်က နံနက် ၉ နာရီခန့်၊ နေရာ ကား လှိုင်ယာသာအဝိုင်းထိပ်၊ ထိုမှ ဆိုင်ကယ်ကယ်ရီငှား၍ တွံတေးမြို့ နယ်၊ မငေး၊ အလယ်ရွာသို့သွား ရောက်ကြမည့် လူငယ်နှစ်ဦးက ဆိုင် ကယ်သမားများကို မိမိတို့သွားရောက် လိုသည့် ဘုန်းတော်ကြီးကျောင်းနှင့် ပတ်သက်ပြီး မေးမြန်းစုံစမ်းနေကြ သည်။

ထိုဘုန်းကြီးကျောင်းမှာ တွံတေး မြို့နယ်၊ မငေး၊ အလယ်ရွာမှ သာ သနာ့ဝေပုလ္လဘုန်းတော်ကြီးကျောင်း ဖြစ်သည်။ ထိုကျောင်းတော်ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းဆုံးပါးခဲ့စဉ်က ဗိုလ်ချုပ်ရုပ်ကလာပ်ထားသည့် ခုတင် နှင့်ခေါင်းတလားမှ မှန်ချပ်များအပြင် ရှေးဟောင်းပစ္စည်း အမြောက်အများလည်း ရှိ နေသည်။

သို့သော် အဆိုပါသာသနာ့ဝေပုလ္လ ကျောင်းတည်ရှိရာနေရာမှာ ရန်ကုန်မြို့နှင့် အ နည်းငယ်အလှမ်းဝေးသည့်အပြင် ပြည်သူ များလည်း မသိရှိကြသည့်အတွက် အဆိုပါ ကျောင်းသို့ တကူးတကသွားရောက်ကြည့် ရှုသူများမှာ မရှိသလောက်နည်းပါးလှသည်။

ရန်ကုန်မြို့နှင့် ထိုဘုန်းကြီးကျောင်းရှိ ရာ မငေး၊ အလယ်ရွာမှာ နှစ်နာရီခရီးခန့်သာ ဝေးသော်လည်း ထိုဘုန်းကြီးကျောင်းတွင် အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင် ဆန်း၏ ရုပ်ကလာပ်ထည့်ခဲ့သည့် အခေါင်းတ လားမှ မှန်ချပ်များတည်ရှိရာ၊ ဗိုလ်ချုပ်အောင် ဆန်း၏ရုပ်ကလာပ်ပြင်ဆင်ခဲ့ရာ ခုတင်နှင့် အခြား အဖိုးတန်ရှေးဟောင်းပစ္စည်း များတည်ရှိရာ ထိုနေရာလေးကို လူတွေသိပ်မသိကြသည်မှာ ထူးဆန်းနေသလို ထင်ရသည်။

အာဇာနည်သမိုင်းကြောင်းနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေးအတွက် ကြိုးပမ်းမှု သမိုင်းကို ဘယ်သောအခါမှ မမေ့ အပ်သင့်သောကြောင့် ပြည်သူများအနေ ဖြင့်လည်း လေ့လာကြည့်ရှုသင့်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ကလာပ်ထား သည့် ခုတင်နှင့်ဗိုလ်ချုပ်အခေါင်းမှ မှန်ချပ် များရှိနေသည့် သာသနာ့ဝေပုလ္လကျောင်း တော်ကြီးမှာ နှစ်ပေါင်း ၁၆ဝရှိ ရှေးဟောင်း ကျောင်းတော်ကြီးဖြစ်ပြီး အဆိုပါ ကျောင်းကို ခြောက်ပေပတ်လည် ကျွန်းတိုင်လုံးပေါင်း ၂၄၆ တိုင်ကို သံဖြင့်လုံးဝမရိုက်ဘဲ သစ်သား ဆို့များဖြင့် ရိုက်ကာဆောက်လုပ်ထားသော ရှေးဟောင်းကျောင်းကြီး တစ်ကျောင်းလည်း ဖြစ်ပေသည်။

ဘုန်းတော်ကြီးကျောင်းသို့
------------------------------
ပုလ္လကျောင်းတော်ကြီးသို့ ဗိုလ်ချုပ်အောင် ဆန်းရုပ်ကလာပ်ထားသည့် ခုတင်နှင့် ဗိုလ်ချုပ် အခေါင်းမှမှန်ချပ်များ ရောက်ရှိလာပုံနှင့် ပတ်သက်၍..

''ဂျူဗလီဟောကနေ အာဇာနည်ကို ကုန်းကိုပြောင်းတဲ့နေ့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ကလာပ်ထားတဲ့ ခုတင်နဲ့ဗိုလ်ချုပ်အခေါင်း ကိုဖျက်ပြီးတော့ အခေါင်းကမှန်ချပ်တွေကို ဒီကျောင်းက ယခင်ကျောင်းထိုင်သုံးဘဝ ဆရာတော်ကို လာလှူတာပါ။ လာလှူတဲ့သူ က ဗိုလ်ချုပ်အောင်ဆန်းဈာပနကျင်းပရေး ကော်မတီဥက္ကဋ္ဌဦးသန်းစိန်က မငေးရွာသားမို့ ဘုန်းဘုန်းတို့ကျောင်းကို လာရောက်လှူဒါန်း ခဲ့တာပါ''ဟု သာသနာ့ဝေပုလ္လကျောင်းတော် ကြီးမှ ဆရာတော် ဦးသုန္ဒရကမိန့်သည်။

ဗိုလ်ချုပ်အောင်ဆန်းခုတင်နှင့်အခေါင်း မှမှန်များရောက်လာသည့်အချိန်က ဆရာတော် မှာ ရဟန်းအဖြစ်သို့ ရောက်ရှိချိန်သာ ရှိသေး ပြီး ယခုအခါ ဆရာတော်မှာ သက်တော် ၈၅ ဝါ သိက္ခာတော် ၆၅ ဝါသို့ ရောက်ရှိနေပြီဖြစ် သည်။
''ဗိုလ်ချုပ်အောင်ဆန်းရုပ်ကလာပ်ထား ခဲ့တဲ့ခုတင်ကိုတော့ ယခင်ကျောင်းထိုင်ဆရာ တော်ကြီးရဲ့အခန်းထဲမှာ ထားထားပါတယ်။ ယခင်ကျောင်းထိုင်ဆရာတော်ကြီးရှိစဉ်က ဆရာတော်ကြီးက ဗိုလ်ချုပ်အောင်ဆန်းရုပ်က လာပ်ထားခဲ့တဲ့ကုတင်မှာ ကျိန်းပါတယ်။ အခု ကတော့ ဆရာတော်ကြီးပျံလွန်တော်မူ သွားတော့ အဲဒီခုတင်ကဒီအတိုင်းပါပဲ။ ရှေး မူမပျက်အောင် ဘာမှကိုမပြင်မဆင်ပဲ ဒီအ တိုင်းထားပါတယ်။ ဖုန်တွေကအစ ရှင်းလင်း ထားခြင်းမရှိပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း အခေါင်းက မှန်ချပ်တွေကိုတော့ ဘုရားခန်း မှန်အနေနဲ့ကာထားပါတယ်''ဟု ဆရာတော် မှ ဆက်လက်မိန့်ကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ခုတင်ခြေရင်း အောက်နေရာတွင် အမျိုးသားအိမ်ထောင် ပရိဘောဂဆိုင်၊ အမှတ် (၁၈၇) ဘားလမ်း၊ ရန်ကုန်မြို့ဟု အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာ ဖြင့် ရိုက်နှိပ်ထားသည့်တံဆိပ်ကိုတွေ့ရှိရပြီး အဆိုပါ ခုတင်မှာယခုအခါ (၆၈)နှစ်သက် တမ်းရှိနေပြီဖြစ်သော်လည်း မူလလက်ရာအ တိုင်းလုံးဝမပျက်မစီးရှိနေသည်ကိုလည်း တွေ့ ရသည်။

ရှေးဟောင်းပစ္စည်းများလည်း လေ့လာနိုင်
----------------------------------------------------

မငေး၊ အလယ် ရွာသာသနာ့ဝေပုလ္လ ကျောင်းတော်ကြီးသို့ စတင်ဝင်ရောက်ပါက ကျွန်းတိုင်လုံးများတွင် ရှေးဟောင်းနာရီကြီး များကို ကျွန်းတိုင်လုံးတစ်လုံးလျှင် နာရီတစ် လုံးကို တိုင်တွင်ကပ်ထားလျက်ရှိပြီး နာရီများ မှာ အိုဟောင်းလျက်ရှိနေပေမဲ့ ခန့်ညားထည် ဝါလျက်ရှိနေသည်ကိုလည်း တွေ့မြင်ရပေ သည်။
''ဒီကျောင်းမှာ ပထမဆရာတော်လက် ထက်ကတည်းက နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသည့်ပန်းကန်တစ်ရာကျော်ကို လဲ ထိန်းသိမ်းထားပါတယ်။ ရှေးဟောင်းနာရီ တွေကိုလည်း ကျွန်းတိုင်လုံးတွေမှာ ရှေးမူ မပျက်ထိန်းသိမ်းထားတာကို ကျောင်းပေါ် တက်လာတဲ့ ဒကာ၊ ဒကာမတိုင်းတွေ့မြင်ရ မှာ ဖြစ်ပါတယ်''ဟု ဆရာတော်မှ မိန့် သည်။

နှစ်ပေါင်း ၁၆ဝ သက်တမ်းရှိသည့် ကျွန်း တိုင်လုံးကြီးများတွင် ကြေးဖောင်ြး<ွကဗိုလ်ချုပ် အောင်ဆန်းပန်းချီကားနှင့် ဂျူဗလီဟောတွင် အာဇာနည်ခေါင်းဆောင်းကြီး ကိုးဦးအခေါင်း များထားရှိသည့် ရှားပါးဓာတ်ပုံများကိုလည်း ချိတ်ဆွဲထားပေသည်။

ဘုန်းကြီးကျောင်း၏ ဘုရားခန်းကိုတော့ ဗိုလ်ချုပ်အောင်ဆန်း၏ အခေါင်းမှမှန်ချပ် များဖြင့် ကာရံထားပြီး ဘုရားခန်းထဲတွင် ရှေးဟောင်းပစ္စည်းအမြောက်အများကို ရှေး မူမပျက်ထိန်းသိမ်းထားသည်ကို ပြည်သူများ အနေဖြင့် လေ့လာကြည့်ရှုနိုင်ကြောင်းသိရ သည်။

ဘုရားခန်းထဲသို့ စတင်ဝင်ရောက်ကြည့် ရှုပါက နှစ်ပေါင်း ၁ဝဝ ကျော်သက်တမ်းရှိ သည့် ရှေးဟောင်းပရပိုက်၊ ပေစာ၊ ရှေး ဟောင်းစာအုပ်များကို တွေ့မြင်ရပြီး အချို့ရှေး ဟောင်းစာအုပ်များမှာ ဖုန်များပင်တက်၍ အနည်းငယ်စုတ်ပြဲနေလျက်ရှိသည်။

ထို့ပြင် ဖောင်ြး<ွကရုပ်များဖြင့် ပြုလုပ် ထားကာ သံဖြင့်လုံးဝမရိုက်ဘဲ သစ်သားဆို့ များဖြင့် ဆောက်လုပ်ထားသည့် ရှေးဟောင်း ဗီရိုကြီးများလည်း ကြည့်ရှုနိုင်ပေသည်။

''ဒီဘုရားခန်းထဲမှာ ယခင်သုံးဘဝပြန် ကျောင်းထိုင်ဆရာတော် ဦးအရိယအား မင်း တုန်းမင်းတရားကြီးက ပေးအပ်ခဲ့တဲ့သာသ နာ့ပိုင်ဘွဲ့ ရွှေပေလွှာလဲထားရှိထားပါတယ်။ အဲဒီရွှေပေလွာကလဲ လူတစ်ရပ်စာအရှည် ရှိပါတယ်''ဟု သာသနာ့ဝေပုလ္လကျောင်း မှဦးဇင်းက ပြောသည်။

ရှေးဟောင်းကမ္မဝါ၊ ရှေးဟောင်းအရုပ် များ၊ ရှေးဟောင်းဘုရားကျောင်းဆောင်များ၊ ရှေးဟောင်းယပ်တောင်အရှည်များသာမက မည်သည့် ခေတ်ကဟု အမျိုးအမည်ပင်ပြော ပြ၍မရနိုင်သော ရှေးဟောင်းမီးအိမ်မျိုးစုံ လဲရှိကြောင်း ဆရာတော်ကြီးကမိန့်သည်။

''ထူးထူးခြားခြားကတော့ နှစ်ပေါင်း လေးရာကျော်သက်တမ်းရှိတဲ့ နှီးဘုရားလဲ ရှိပါတယ်။ အရင်ကျောင်းထိုင်ဆရာတော် ကြီးရဲ့ပြောကြားချက်အရ သိရှိရတာပါ။ အဲဒီ နှီးဘုရားက ဘုန်းဘုန်းဒီကျောင်းကိုရောက် ကတည်းကရှိနေတာပါ။ ဘုန်းဘုန်းတို့ ကျောင်း က မင်းတုန်းမင်းလက်ထက်တည်းက လက် ထက်ကတည်ရှိခဲ့တဲ့ ရှေးဟောင်းကျောင်း တော်ကြီးပါ။ ကျောင်းတော်ကြီးတစ်ခုလုံး ကလဲ မီးဖွင့်စရာမလိုပဲ သဘာဝအလင်း ရောင်ရရှိပါတယ်''ဟု ဆရာတော်က မိန့်သည်။

ကျောင်း၏အောက်ဖက်တွင် နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိသည့် ရှေးဟောင်း လှေ ခုနစ်စင်းကိုလည်း ရှေးမူမပျက်အ ကောင်းပကတိအတိုင်း ရှိနေကြောင်းလည်း သိရသည်။

''ကျောင်းအောက်မှာ နှစ်ပေါင်းတစ်ရာ ကျော် သက်တမ်းရှိတဲ့ လှေခုနစ်စင်းရှိပါ တယ်။ ပြိုင်လှေက လေးစင်းရှိပါတယ်။ အောင် စင်္ကြာ လှေတစ်စင်းတည်းသာ နှစ်ပေါင်းတစ် ရာမကျော်သေးတာပါ။ ရှေးဟောင်းလှေ တွေကို ယခင်သုံးဘဝကူးကျောင်းထိုင်ဆရာ တော်ဦးအရိယကနေ ထွင်းလုပ်ခဲ့တာပါ။ လှေ လေးစင်းမှာ ပေ ၄ဝနီးပါးခန့်အရှည်ရှိပြီး လှေသုံးစင်းကတော့ ပေ ၃ဝ နီးပါးအရှည်ရှိ ပါတယ်''ဟု ဆရာတော်ကဆက်လက်မိန့်သည်။

ရှေးဟောင်းပစ္စည်းများကို မည်သည့် အဖွဲ့အစည်းကိုမှမလှူဘဲ ကျောင်းတွင်ပင် ရှေးမူမပျက်ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းသိရသည်။
''နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ သည့် ရှေးဟောင်းပစ္စည်းများကို အစိုးရက ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် လာရောက် အလှူခံရင်လဲမပေးပါဘူး။ အရှိ ကအရှိအတိုင်းဖြစ်ရမယ်။ ဘုန်းဘုန်းတို့လဲ မ သုံးစွဲပါဘူး''ဟု ဆရာတော်ကြီးကမိန့်သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ကလာပ်ထား သည့် ခုတင်နှင့်ဗိုလ်ချုပ်အခေါင်းကိုဖျက် ထားသည့် မှန်ချပ်များအပြင် နှစ်ပေါင်းလေး ရာကျော်သက်တမ်းရှိသည့် နှီးဘုရား၊ နှစ် ပေါင်း ၁၆ဝ ကျော်သက်တမ်းရှိသည့် ရှေး ဟောင်းပစ္စည်းများကိုလည်း အရှိကိုအရှိအ တိုင်း မည်သည့်အဖွဲ့အစည်းကိုမှ မလှူဘဲ ကျောင်းတွင်ပင် ရှေးမူမပျက်ဆက်လက်ထိန်း သိမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အများပြည်သူများအချိန်မရွေးလာရောက်ကြည့်ရှုနိုင်
---------------------------------------------------------

''ဗိုလ်ချုပ်အောင်ဆန်းရုပ်ကလာပ်ထား တဲ့ခုတင်နဲ့ဗိုလ်ချုပ်အခေါင်းကိုဖျက်ထားတဲ့ မှန်ချပ်တွေ ဘုန်းဘုန်းတို့ကျောင်းမှာရှိတာ ကို ဘုန်းဘုန်းတို့ရွာက လူတွေကလွဲလို့ ကျန် တဲ့ပြည်သူတွေ သိပ်မသိကြပါဘူး။ သီးသန့် လာရောက်ကြည့်ရှုတာတော့မရှိပါဘူး။ ပြည် သူတွေအနေနဲ့မသိကြတော့ ဘုန်းကြီးကျောင်း ကိုလာတဲ့သူတွေလောက်ပဲ ကြုံမှပဲလာရောက် ကြည့်ရှုကြတာပါ''ဟု ဆရာတော်က မိန့်ကြား သည်။

''အများပြည်သူတွေအနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းရုပ်ကလာပ်ပြင်တဲ့ခုတင်နဲ့ဗိုလ် ချုပ်အခေါင်းကိုဖျက်ထားတဲ့ မှန်ချပ်တွေအ ပြင်ရှေးဟောင်းပစ္စည်းများကို အချိန်မရွေး၊ နေ့ရက်မရွေးလာရောက်ကြည့်ရှုနိုင်ပါတယ်။ လာရောက်ကြည့်ရှုဖို့လဲ ဘုန်းဘုန်းတို့က ဖိတ် ခေါ်ပါတယ်''ဟု ဆရာတော်က ဆက်လက်မိန့် သည်။

ရှေးဟောင်းကျောင်းတော်ကြီးကို ရေရှည် ထိန်းသိမ်းရန်လိုအပ်ပြီး စာသင်တိုက်ဖွင့်ရန် အစီအစဉ်ရှိ
---------------------------------------------------------------------------------------
''မြို့သစ်စီမံကိန်းလုပ်ဆောင်ဖြစ်ရင် စာသင်တိုက်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ဘုန်း ဘုန်းပျံလွန်တော်မမူခင်တော့ ဒီကျောင်းမှာ စာသင်တိုက်ဖွင့်သွားမဲ့ ရည်ရွယ်ချက်တော့ ရှိပါတယ်။ ဒီကျောင်းမှာက စာသင်သားအပါး ၁ဝဝ လောက်တော့ ထိန်းနိုင်ပါတယ်''ဟု ဆရာ တော်မှ သူ၏ရည်ရွယ်ချက်ကိုပြောပြသည်။

တွံတေးမြို့နယ်၊ ထိန်ကုန်းရွာမှ ကိုဝင်းဘိုက
--------------------------------------------------------
''ဒီကျောင်းကြီးက မြို့သစ်စီမံကိန်းဖြစ် ရင် ကျောင်းကြီးက အရမ်းကောင်းတဲ့အတွက် စာသင်တိုက်ဖြစ်ဖို့ အရမ်းများပါတယ်။ ဖွင့် ဖြစ်ရင်တော့ တကယ်စာတတ်ပေတတ်တွေ ထားမှာပါ။ ဒီရွာမှာက ဆွမ်း၊ ဟင်းကိစ္စက လဲစိတ်မပူရပါဘူး။ ဒီကျောင်းကရှေးဟောင်း ပစ္စည်း ရေရှည်တည့်တံ့ဖို့အတွက် အားလုံး ကဝိုင်းဝန်းကူညီဆောင်ရွက်ဖို့လိုအပ်ပါတယ်'' ဟု ပြောသည်။

တွံတေးမြို့နယ်၊ မငေး၊ အလယ်ရွာ သာ သနာ့ဝေပုလ္လကျောင်းတော်ကြီးတွင် ရှေးဟောင်း ပစ္စည်းများအမြောက်အများရှိလျက်ရှိကာ ရှေး ဟောင်းပစ္စည်းအချို့မှာ ယခုအခါအနည်း ငယ်ပျက်စီးလျက်ရှိပြီး ရေရှည်တည်တံ့နိုင်ရန် အတွက် ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်လှပေ သည်။

သက်သျှိုင်းသူ(မုဒုံ) - ‪‎DemocracyToday

No comments: