Wednesday, July 15, 2015

ဝက်သားပုန်းရည်ကြီး - ပုစွန်နဲ့ဗုံလုံသီးကြော်ချက်အစပ် - ဒန့်သလွန်ရွက်ဟင်းချို




တစ်ခါတလေ ဟင်းချက်စားတဲ့နေရာမှာ ဟင်းအတွဲအစပ်တွေကို ကိုယ်စားချင်တဲ့အတိုင်းတွဲစပ်ချက်စားလိုက်ရင် အဟာရမဟုတ်ဘဲ ဘေးဖြစ်မယ့်အရိပ်အရောင်တွေဖြစ်စေတဲ့ဟင်းတွေချက်တတ်မိတာများပါတယ်။ အိမ်တစ်အိမ်ရဲ့ အိမ်ရှင်မဟာ စားဖိုမှူးအလုပ်သာမက အိမ်သားတွေရဲ့ ကျန်းမာရေးအတွက် မီးဖိုချောင်ကနေ ထောက်ပံ့ပေးနေသလို ခံစားရပါရဲ့။

အခု ၀က်သားပုန်းရည်ကြီး၊ ပုစွန်ဗုံလုံသီးအဆာသွတ် (သို့) ပုစွန်ဗုံလုံသီးအစပ်ကြော်လေးရယ် အဖြည်သဘောမျိုးနဲ့ ဒန့်သလွန်ရွက် ဟင်းချိုချက်စားမယ်လို့စဉ်းစားထားပါတယ်။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတို့လည်း ထမင်းစားမြိန်စေလို့စေတနာကြောင့် ပြန်လည်ဝေငှလိုက်ပါတယ် စားကြည့်ကြပါခင်ဗျ။

ဝက်သားနှင့်ပုံးရည်ကြီး

ပါဝင်သောပစ္စည်းများ
ဝက်သား ၅၀ကျပ်သား
ငရုတ်သီး            ၁ဇွန်း
ကြက်သွန်နီ/ဖြူ ၃ ဥစီ
ပုံးရည်ကြီး ၂ထုပ်
ငံပြာရည် အနည်းငယ်

ချက်ပြုတ်နည်း
-           ၀က်သားကို အနေတော်တုံး၍ ဆား၊နနွင်း၊ငံပြာရည်တို့ဖြင့် နယ်ပါ။

-           ငရုတ်သီးကို ကြက်သွန်ဖြူ/နီတို့ဖြင့် ထောင်း၍ ၀က်သားနှင့်ရောနယ်ပါ။

-           ထို့နောက် ဆီအနည်းငယ်ဖြင့် လုံးချက်ချက်ပါ။

-           ၀က်သားနူးခါနီးလျှင် ပုံးရည်ကြီးထည့်ပါ။ ဆီပြန်လျှင် ချ၍စားသုံးနိုင်ပါသည်။


ပုစွန်နဲ့ ဗုံလုံသီးကြော်ချက်အစပ်

လိုအပ်သောပစ္စည်းများ
ပုစွန်ဘော့ချိတ် အရွယ်တော် - ၃၀သား
ဗုံလုံသီးသေးသေးနုနု - ၁တောင့်
ပန်းငရုတ်ပွအတောင့်ရှည် - ၂တောင့်
ကြက်သွန်ဖြူ - ၄မွှာ
ကြက်သွန်နီ - ၂ ဥ
ငရုတ်ပွခြောက် ၂တောင့်
ဆီ - ၂ကျပ်ခွဲသား
ငါးပိစိမ်းစား - မန်ကျည်းစေ့ခန့်
ဆား၊နနွင်းမှုန့် - အနည်းငယ်စီ

ကြာမြင့်ချိန် - ၁၀မိနစ်ခန့်

ပုစွန်တွေကို ခေါင်းအမြီးဖြုတ်ပြီး ဆား၊နနွင်း သင့်ရုံနဲ့ နယ်ထားပါ။ ဗုံလုံသီးကို အပေါ်ခွံဓားနဲ့ခြစ်၊ အတွင်းအူတိုင်ထုတ်ပြီး အချောင်းရှည်လေးများဖြစ်အောင် လှီးထားပါ။ ပန်းငရုတ်ပွကို အရွယ်တော်လှီးဖြတ်ထားပါ။ ငရုတ်ပွခြောက် နှစ်တောင့်နဲ့ ကြက်သွန်ဖြူ/နီတို့ကို ညက်ညက်ထောင်းပြီး နနွင်းမှုန့်ပါလေရာမျှနဲ့ ဆီသတ်ပါ။ ငါးပိစိမ်းစားလေးကို ရေဖျော်ပြီး ဆီသတ် တဲ့ထဲ ထည့်မွှေပေးပါ။ ဆီသေပြီးအနံ့မွှေးလာရင် ဗုံလုံသီး ပန်းငရုတ်ပွတို့ကိုထည့်ပါ။ ဆားနည်းနည်းစီထည့်ပြီး ဗုံလုံသီးနူး တဲ့အထိ ရေနည်းနည်းခြင်းထည့်ချက်သွားပါ။ ဗုံလုံသီးနူးပြီး ရေခန်းရင် ပုစွန်ထည့်မွှေပေးပါ။ ပုစွန်လေးတွေ နီရောင်သမ်း ရင် အဖုံးအုပ်ပြီး အိုးချလိုက်ပါ။ အငွေ့နဲ့ဆက်ကျက်စေပြီး ခဏနေရင် အဖုံးဖွင့်ကာ ပူပူနွေးနွေး သုံးဆောင် နိုင်ပါတယ်။

ဒန့်သလွန်ရွက်ဟင်းချို

ပါဝင်သောပစ္စည်းများ
ဒန့်သလွန်ရွက် ၁၀ကျပ်သား၊ ကြက်သွန်နီ ဥကြီး ၁လုံး၊ ကြက်သွန်ဖြူ ဥ၃လုံး၊ ငရုတ်သီးခြောက် ၂တောင့်၊ ဆီ ၃စက်၊ ဆား အနည်းငယ်၊ ဟင်းချိုရည် ဟင်းချိုပန်းကန်နှင့် ၃လုံး၊

ပြင်ဆင်ပုံ
ဒန့်သလွန်ရွက်ကို အကြမ်းများသင်၍ ကျန်အရွက်များကို ရေစင်စင်ဆေးပြီး ဆန်ကာနှင့် ရေစစ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။ ငရုတ်သီးခြောက်ကို တူးအောင်မီးဖုတ်ပါ။

ချက်ပြုတ်ပုံအဆင့်ဆင့်
ချက်မည့်အိုးတွင် ဟင်းချိုရည်ထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်ထည့်ပါ။

အရည်ဆူလျှင် ဆားထည့်၊ ဒန့်သလွန်ရွက်များကိုထည့်၊ ဆီ သုံးစက်ပါထည့်၍ အဖုံးဖုံးထားပါ။

ဓားပြားရိုက်ပြီးသော ကြက်သွန်ဖြူအုပ်၊ ငရုတ်သီးခြောက်အုပ်ကာ အပေါ့အငန်မြည်း၍ ချပါ။

ပူပူနွေးနွေးသုံးဆောင်နိုင်ပါသည်။

Credit: Online Cooking Ebooks

No comments: