လမ်း၂၀
ဂဏန်းကော်ကြော် ဆိုတာ အိသက် တို့ ဟိုးငယ်ငယ်လေးတည်းက ရှိတယ်၊ စားလို့လဲ အင်မတန်
ကောင်းပဲ၊ အချက်သိရင်လုပ်ရအရမ်းလွယ်ပါတယ် လုပ်နည်းလေးရေးပေးလိုက်ပါတယ်နော်
ပါဝင်ပစ္စည်းများ
-ဂဏန်းသား
-ကော်မှုန့် စားပွဲတင်ဇွန်း ၆ဇွန်း( သုံးချပ်စာ )
-ကြက်ဥ ၃ လုံး ( နာနာခလောက်ထားပါ)
-ရေ
-ကြက်သွန်မြိတ်
-မုန်လာဥဖြူ
-ငရုတ်ဆီ
-ဆား၊ ကြက်သားမှုန့်
-ကော်မှုန့် စားပွဲတင်ဇွန်း ၆ဇွန်း( သုံးချပ်စာ )
-ကြက်ဥ ၃ လုံး ( နာနာခလောက်ထားပါ)
-ရေ
-ကြက်သွန်မြိတ်
-မုန်လာဥဖြူ
-ငရုတ်ဆီ
-ဆား၊ ကြက်သားမှုန့်
ကော်မှုန့်ကိုဆား၊
ကြက်သားမှုန့်နဲ့ ရေနဲ့ ကျဲကျဲဖျော် ထား၊ ဒယ်အိုးအပြားပေါ် ဆီများများထဲ့
ဆီပူလာရင် ကော်ရည်ကိုအိုးအပြည့်လောင်းထဲ့ပါ၊ ကြက်ဥရည်နဲနဲကို အပေါ်ကထပ်လောင်းပြီး
ကြော်နေရင်းအသာရောပါ၊ မမွှေပါနဲ့ ၊ ဂဏန်းသားကို ဖြန့်တင်ပြီး ရောကြော်ပါ၊
ဟိုဖက်ဒီဖက် လှန်ပေးပါ ၊ဇွန်းထိပ်လေးနဲ့ဖြတ်ပေးပါ၊အချပ်လိုက်မဖြစ်အောင် လို့ ပါ၊ နှစ်ဖက်လုံး
ကျွတ်သွားပြီဆိုရင် ကြက်သွန်မြိတ် လေးဖြူးပြီး မုန်လာဥဖြူ အချဉ်လေးနဲ့
တွဲစားလို့ရပါပြီ။
မုန်လာဥဖြူအချဉ်ရည်
အချဉ်ရည်လေးတွေကလဲ
ဒီလိုဆီကြော်မုန့်တွေမှာအလွန်အရေးပါ ပါတယ်၊ အအီပြေပြီး အရသာကို ပိုကောင်းစေလို့
လုပ်နည်းလေးရေးပေးလိုက်ပါတယ်နော်။
မုန်လာဥဖြူကိုပါးပါးလှီးပြီး
ငရုတ်ဆီ၊ ဆား၊ ကြက်သားမှုန့် တို့နဲ့ရောပြီးတွဲစားကြည့်ပါ၊ေ
Credit: Htet Family
No comments:
Post a Comment