Monday, July 13, 2015

Apps Based On Mobile Internet


မိုဘိုင်း အင်တာနက်အခြေခံ ဆက်သွယ်ရေး အပလီကေးရှင်းများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာနက်အသုံးပြုမှုများလာသည်နှင့်အမျှ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ရာတွင် မိုဘိုင်းဖုန်းများဖြင့် ဖုန်းပြောရုံသာမက အင်တာနက်အခြေခံ ဆက်သွယ်ရေးအပလီကေးရှင်း (Messenger) များကိုလည်း အသုံးပြု၍ ဆက်သွယ်လာကြသည်။ Messenger များသည် အင်တာနက်အခြေခံ၍ အလုပ်လုပ်ခြင်းဖြစ်သဖြင့် စာလုံးများသာ ပေးပို့နိုင်သည့် ပုံမှန်မက်ဆေ့စနစ်ထက် ပို၍သာလွန်ကောင်းမွန်သည်။ ဓာတ်ပုံများ၊ စတစ်ကာများ၊ အသံဖိုင်နှင့် သီချင်းများ၊ ဗီဒီယိုဖိုင်များကိုပါ ပေးပို့နိုင်သည့်အပြင် အသံပြောဆိုခြင်း၊ မက်ဆေ့များပေးပို့ခြင်းတို့တွင် ပုံမှန်ဖုန်းခေါ်ဆိုခနှင့် မက်ဆေ့ပို့ခများထက်လည်း ပို၍သက်သာသည်။

ပုံမှန်ဖုန်းလိုင်းအခြေခံဆက်သွယ် ခြင်းထက် ဈေးနှုန်းသက်သာခြင်း ကြောင့် Messenger များကို နိုင်ငံ တကာတွင်လည်း အသုံးပြုနေကြပြီး နိုင်ငံအလိုက် သုံးသည့်Messenger များလည်း အမျိုးမျိုးရှိသည်။Messenger များကို ထုတ်လုပ်သူများ အနေဖြင့် အခြေခံအားဖြင့် အခမဲ့ ပေးထားကြရာ နိုင်ငံတကာဈေးကွက် မှMessenger များကို Android Application များ အခမဲ့တင်ပေး ထားသည့် 1mobile.com တွင် ရယူ နိုင်ပြီး စမ်းသပ်အသုံးပြုနိုင်သည်။Messengerအချင်းချင်းဆက်သွယ် သည်ထက်ပိုကာ မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းများကို တိုက်ရိုက်ဖုန်းပြောနိုင် သည့် ဝန်ဆောင်မှုများကိုမူ အခကြေး ငွေဖြင့် ရောင်းချကြသည်။

မြန်မာနိုင်ငံတွင်မူ ဆင်းကတ်များ ဈေးနှုန်းလျော့ကျလာကာ မိုဘိုင်းဖုန်း များကို အသုံးများလာသည့် ၂ဝ၁၃ ခုနှစ်အတွင်းမှစ၍ စတင်အသုံးပြုခဲ့ ကြပြီး ယခုအချိန်အထိလည်း အများ ဆုံး အသုံးပြုနေကြသည့် ဆက်သွယ် ရေး အပလီကေးရှင်းမှာ ဗိုက်ဘာ(Viber) ဖြစ်သည်။ ဖုန်းသုံးသူ အများစုအနေဖြင့် ဗိုက်ဘာကိုသာ သုံးနေကြဆဲ ဖြစ်သော်လည်း နိုင်ငံ တကာမှMessenger ထုတ်လုပ် သူများက မြန်မာနိုင်ငံဈေးကွက်သို့ လာရောက် မိတ်ဆက်နေပြီဖြစ်ရာ အခြားMessenger သစ်များကိုလည်း အသုံးပြုနိုင်ပြီဖြစ်သလို စမ်းသပ် သုံးနေကြသူများလည်း ရှိနေပြီ ဖြစ် သည်။ ပြည်တွင်းဈေးကွက်သို့ လာ ရောက်မိတ်ဆက်ထားသည့်Messenger များအပါအဝင် နိုင်ငံတကာ တွင် ထိပ်တန်းအဆင့်ရောက်နေပြီး အခမဲ့လည်းသုံးနိုင်သည့် Messenger အချို့ကို ဖော်ပြလိုက်ပါသည်။

Viber
မြန်မာနိုင်ငံတွင် အသုံးအများဆုံး ဖြစ်နေသော ဗိုက်ဘာသည် အင်တာ နက်လိုင်းအမျိုးမျိုးဖြင့် သုံးနိုင်သည့်Messenger ဖြစ်ကာ အခမဲ့ ရယူနိုင် သည်။ ဖုန်းနံပါတ်ဖြင့်သာ ဗိုက်ဘာ အကောင့်ကို ဖွင့်ရသဖြင့် Name နှင့် Password များ သီးခြား မလိုအပ်သလို ဖုန်းတစ်လုံးလျှင် ဗိုက်ဘာအကောင့်တစ်ခုသာ သုံးနိုင် သည်။ ဗိုက်ဘာထည့်ထားသည့် ဖုန်း အချင်းချင်းစာပို့ခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများပို့ခြင်း၊ အသံမက်ဆေ့ပြော ခြင်းတို့ကို အခမဲ့သုံးနိုင်ပြီး ဗိုက်ဘာ မထည့်ထားသည့်ဖုန်းများသို့ တိုက်ရိုက် ဖုန်းခေါ်နိုင်သည့် ဝန်ဆောင်မှုကိုမူ အခကြေးငွေထပ်ပေး၍ ဝယ်ယူနိုင် သည်။ ပြည်ပဖုန်းများသို့ ဆက်သွယ်ရ သူများအနေဖြင့် ပုံမှန်ဖုန်းလိုင်းမှ ပြောချင်းထက် ဗိုက်ဘာ၏ တိုက်ရိုက် ဖုန်းခေါ်ဆိုဝန်ဆောင်မှုViber Out ကို ဝယ်ယူထားခြင်းက ကုန်ကျစရိတ် သက်သာမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ဗိုက်ဘာသည် မြန်မာနိုင်ငံဈေးကွက်သို့လည်း ဝင် ရောက်လာနေပြီဖြစ်ရာ မြန်မာစတစ် ကာများကို စတင်ထုတ်လုပ်ပေးထား ပြီဖြစ်သလို ဂိမ်းအချို့လည်း ကစား နိုင်ပြီဖြစ်သည်။ ဗိုက်ဘာ၏ အခမဲ့ သုံးနိုင်သည့် ဝန်ဆောင်မှုများကို 2G မှ4G အထိ အင်တာနက်လိုင်းအမျိုးမျိုး တွင် သုံးနိုင်အောင်လုပ်ပေးထားသဖြင့် အသံပိုင်းတွင် အရည်အသွေးအနည်း ငယ်နိမ့်ကျသော်လည်း မြန်မာနိုင်ငံ ကဲ့သို့ အင်တာနက်လိုင်းနှေးသေး သည့် နိုင်ငံအတွက်မူ နေရာတိုင်းတွင် သုံးနိုင်သည့် အသင့်လျော်ဆုံးMessenger တစ်ခုဖြစ်သည်။

Whats App
Whats App သည်လည်း2G မှ 4G အထိ နက်ဝပ်အမျိုးမျိုးနှင့် ဝိုင်ဖိုင်နက်ဝပ်များ အပါအဝင် မည်သည့်အင်တာနက်လိုင်းဖြင့်မဆို သုံးနိုင်သည့်Messenger တစ်မျိုးဖြစ် သည်။Whats App စ ကို ထည့်သွင်း ထားသည့် ဖုန်းအချင်းချင်း စာပို့ခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများပို့ခြင်း၊ အသံ မက်ဆေ့ပြောခြင်းတို့ကို အခမဲ့သုံးနိုင် သည်။Whats App ကို ဖုန်းအမျိုးမျိုး ပေါ်တွင် လျှင်မြန်စွာသုံးနိုင်သလို အင်တာနက်ချိတ်ဆက်ရာတွင်လည်း မြန်ဆန်သဖြင့် စတင်ထုတ်လုပ်သည့် ၂ဝ၁၃ခုနှစ်မှ ယခုအချိန်အထိ အချိန် တိုအတွင်း ကမ္ဘာအနှံ့တွင် လူသုံးများ လာသည့်Messenger ဖြစ်လာသော် လည်း မြန်မာနိုင်ငံတွင်မူ အသုံးနည်း သေးသဖြင့် ဗိုက်ဘာကဲ့သို့ မြန်မာ လူမျိုးအချင်းချင်း (Chat) စာပို့ စကားပြောရန် အဆင်မပြေသေးသည် ကို တွေ့ရသည်။

WeChat
WeChat သည်လည်း နိုင်ငံတကာ တွင် လူသုံးများပြီးဖြစ်သည့်Messenger တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ သို့လည်း စတင်ဝင်ရောက်လာပြီ ဖြစ် သည်။WeChat Application ကို ထည့်သွင်းထားသူချင်း အင်တာနက်မှ တစ်ဆင့် တစ်ဦးချင်းနှင့် အဖွဲ့လိုက် မက်ဆေ့ပို့ခြင်း၊ တစ်ဦးချင်း ဖုန်းခေါ် ဆိုခြင်း၊ အဖွဲ့လိုက်ဖုန်းခေါ်ဆိုခြင်း၊ ရုပ်သံ(Video Call) ခေါ်ဆိုခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဓာတ်ပုံနှင့် ဗီဒီယိုများကို အပြန် အလှန်ပေးပို့ရာတွင် လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ချက် အသစ်များကိုလည်း ထည့်သွင်းထား ကြောင်း၊ အင်တာနက်မှ သူငယ်ချင်း များသာမက မိမိဖုန်းတည်ရှိရာ အနီး ဝန်းကျင်မှWeChat အသုံးပြုနေ သူများကိုပါရှာဖွေ၍ စကားပြော ဆိုနိုင်မည့် GPS အခြေခံFriend Radar နှင့် Nearby စသည့် လုပ်ဆောင်ချက် အသစ်များလည်း ပါဝင်ကြောင်း WeChat မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။ မြန်မာဘာသာဖြင့် ရေးသားထားသည့် မြန်မာစတစ်ကာ အသစ် ၄၅ မျိုးကိုလည်း အခမဲ့ ဒေါင်းလုပ်ပြုလုပ်အသုံးပြုနိုင်သည်။ ဂိမ်းအချို့ကိုလည်း WeChat သုံးသူ အချင်းချင်း ယှဉ်ပြိုင်ကစားနိုင်သည်။

Line
Line သည် တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသူ သန်း ၆ဝဝ ခန့်ရှိနေပြီး အကောင်းဆုံးMessenger မ များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အင်တာ နက်လိုင်း မကောင်းချိန်တွင်ပင် လျှင်မြန်စွာသုံးနိုင်သည့် Line Application ကို ယခုအချိန်တွင် မြန်မာနိုင်ငံတွင်လည်း စတင်အသုံးပြု လာကြသည်ကို တွေ့ရသည်။ တစ်ဦး ချင်းနှင့် အဖွဲ့လိုက် စာပို့စကားပြော ခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများ ပေးပို့ခြင်း တို့ကို အခမဲ့ပြုလုပ်နိုင်သည်။Line သည် မူလက ဆက်သွယ်ရေးအပလီ ကေးရှင်းတစ်ခုအဖြစ်မှ နောက်ပိုင်း တွင် ဆိုရှယ်နက်ဝပ်တစ်ခုအသွင်ဖြစ် လာပြီး Post များရေးသားခြင်းနှင့် အခြားသူများရေးသည့် ပို့စ်များတွင် Comment များရေးသားခြင်း တို့ကို ပါ ပြုလုပ်နိုင်လာသည်။

Skype
Skypeသည် ယခင်က ကွန်ပျူ တာများတွင် နာမည်ကြီးခဲ့ပြီးဖြစ်သည့် မက်ဆင်ဂျာဖြစ်ကာ မိုဘိုင်းအင်တာ နက် အသုံးများလာချိန်တွင် မိုဘိုင်း ဗားရှင်းများကို ထုတ်လုပ်လာခြင်းဖြစ် သည်။Skype ကို ထည့်သွင်းထားသည့် ဖုန်းအချင်းချင်း စာပို့ခြင်း၊ ဗီဒီယိုများ ပို့ခြင်း၊ အသံပြောခြင်းနှင့် ဗီဒီယိုချက် ပြောချင်းများကို အခမဲ့လုပ်နိုင်သလို Skype အကောင့်များကို ဝယ်ယူ၍ ကမ္ဘာအနှံ့မှ ဖုန်းများသို့ ဈေးနှုန်း ချိုသာစွာဆက်သွယ်နိုင်သည်။ လွန်ခဲ့ သည့် သုံးနှစ်ခန့်ကအထိ မြန်မာ နိုင်ငံမှ အင်တာနက်ဆိုင်များတွင် နိုင်ငံတကာသို့ ဖုန်းခေါ်ပေးသည့် ဝန်ဆောင်မှုကို Skype ကိုအသုံးပြု၍ လုပ်ခဲ့ကြသောကြောင့် Skype ၏ ဈေးနှုန်းချိုသာခြင်းနှင့် အရည် အသွေးကောင်းခြင်းတို့ကို မြန်မာ လူမျိုးများ သိထားပြီးဖြစ်သလို နိုင်ငံ တကာသို့ ဖုန်းခေါ်ဆိုမှုများ လုပ်နေ ရသူများအနေဖြင့်လည်း Skype ကို အသုံးပြုနေကြဆဲဖြစ်သည်။

သူရဖြိုး

No comments: