Tuesday, July 7, 2015

HIV drugs should be given at diagnosis




မြောက်ကိုရီးယားဆေးကို ဂျန်ဆင်းကနေ မြေသြဇာသုံးပြီးထုတ်ထားတဲ့ Kumdang-2 ဓါတ်ပေါင်းဖြစ်တယ်။ ကျန်းမာရေး ပြဿနာမှန်သမျှ ထိုးဆေးတလုံးတည်းနဲ့ ပျောက်မယ်လို့ဆိုပါတယ်။ ဆေးဝဘ်ဆိုက်မှာ အာဖရိကမှာ စမ်းသပ်တော့ ၅၆% HIV ပျောက်ကင်းပြီး၊ ၄၄% က သိသိသာသာ တိုးတက်လာတယ်လို့ ရေးထားပါတယ်။

မင်္ဂလာပါဆရာ။ HIV နဲ့ပတ်သတ်ပြီး သမီးတခုလောက် မေးချင်လို့ပါဆရာ။ အခု ART က ပိုးထိန်းဆေးဆိုတော့ မြောက်ကိုရီးယားက ပိုးသတ်ဆေး ထိုးဆေးကိုစမ်းသပ်တာ အောင်မြင်တယ်ပြောထားတာတွေ့မိလို့။ ဟုတ်ပါသလား သိချင်လို့ပါရှင့်။

သုံးလေးရက်လောက်ကလည်း HIV ကိုပျောက်အောင် မြောက်ကိုရီးယားက လုပ်နိုင်တယ်ဆိုတာ ဟုတ်လားလို့ တခြားတယောက်က မေးတယ်။

ကုသရခက်တဲ့ (ပျောက်အောင်ကုမရသေးတဲ့) ရောဂါတွေမှန်သမျှ မြောက်ကိုရီးယားက ပျောက်အောင် လုပ်ပေးနိုင်တယ် ဆိုတဲ့သတင်းကို ၂ဝ၁၅ ဇွန်လ ၁၉ ရက်မတိုင်ခင်ကတည်းကထွက်နေတာပါ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကနေ HIV သာမက အီဗိုလာ၊ MERS ရောဂါနဲ့ ကင်ဆာတွေကို ပျောက်စေမယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်။
အဲဒီ မြောက်ကိုရီးယားကနေ လာတဲ့ သတင်းကို တခြားသတင်းဌာနတွေကရေးတော့ သည်လိုရေးပါတယ်။ မြောက်ကိုရီးယားက ဖိတိုရှော့မဟုတ်တဲ့ တကယ့်သတင်းကတော့ ဒုံပျံလက်နက်ဖြစ်တယ်တဲ့။ DPRK ရဲ့ အလွန်တရာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာန အဆိုအရ မြောက်ကိုရီးယား သိပ္ပံပညာရှင်တွေကနေ HIV၊ ကင်ဆာအမျိုးမျိုး၊ နှလုံးရောဂါတွေ၊ ပန်းသေပန်းညှိုရောဂါ၊ အရေပြားမကောင်းတာ၊ အီဗိုလာ၊ စတာတွေကို ပျောက်စေနိုင်ပြီလို့ ဆိုပါသတဲ့။ အားလုံအကုန်ဟာ အစစ်တွေလို့ပါ ထည့်ထားသေးတယ်။

မြောက်ကိုရီးယားဆေးကို ဂျန်ဆင်းကနေ မြေသြဇာသုံးပြီးထုတ်ထားတဲ့ Kumdang-2 ဓါတ်ပေါင်းဖြစ်တယ်။ ကျန်းမာရေး ပြဿနာမှန်သမျှ ထိုးဆေးတလုံးတည်းနဲ့ ပျောက်မယ်လို့ဆိုပါတယ်။ ဆေးဝဘ်ဆိုက်မှာ အာဖရိကမှာ စမ်းသပ်တော့ ၅၆% HIV ပျောက်ကင်းပြီး၊ ၄၄% က သိသိသာသာ တိုးတက်လာတယ်လို့ ရေးထားပါတယ်။
ဒီသတင်းကို တောင်ကိုရီးယားမှာ MERS ဖြစ်နေချိန်နဲ့ ချိန်ကိုက်ထုတ်လိုက်တာဖြစ်ပါတယ်။
ဒီသတင်းအရင်တရက်ကတော့ ကုလသမဂ္ဂအစီရင်ခံစာအရ မြောက်ကိုရီးယားမှာ မိုးခေါင်ရေရှားလို့ လူပေါင်း ၁ဝ့၂ သန်း အတိဒုက္ခရောက်နေတယ်လို့ ပါရှိပါတယ်။ ၂ဝ၁၃ WHO စာရင်းအရ မြောက်ကိုရီးယားမှာ TB တီဘီဝေဒနာသည်ပေါင်း ၁ဝဝဝဝဝ ရှိနေပါတယ်။

၃-၁-၂ဝ၁၅ နေ့က မြောက်ကိုရီးယား စစ်ရေးပြအခန်းအနားနဲ့ ကင်မရာတွေက မပြတဲ့ ပုံရိပ်များနဲ့ မြောက်ကိုရီးယားရဲ့ ပုပ်သိုးနေတဲ့ဘဝဆိုတဲ့ သတင်းတိုလေးတွေကို ကျွန်တော်တင်ခဲ့ပါသေးတယ်။
မြောက်ကိုရီးယားဟာ ဖိုတိုရှော့လုပ်ပြီး သူ့နိုင်ငံသားတွေနဲ့ ပြင်ပကမ္ဘာကို လိမ်ညာရာမှာ သူမတူအောင် ကျွမ်းကျင်လို့ ဒီသတင်းဆေးပညာကို ရေငုပ်သင်္ဘောကနေပစ်နိုင်တဲ့ (ဖိုတိုရှော့ မစ်ဆိုင်း) လို့ခေါ်ကြပါတယ်။

ဒေါက်တာတင့်ဆွေ (၁-၆-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ  - Photoshop Missile မြန်မာပြည်က ဆေးကြော်ငြာထက်သာတဲ့ မြောက်ကိုရီးယားက ပရိုပါဂန်ဒါ

Cuba stamps out mother-to-child HIV ကျူးဘားမှာ မိခင်ကနေ မွေးလာတဲ့ကလေးဆီ HIV ကူးစက်မှု ပယ်ဖျောက်နိုင်ပြီ

၃ဝ-၆-၂ဝ၁၅ နေ့ကလာတဲ့ ဆေးပညာသတင်းဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ အခုလိုပြောကြားလိုက်တာပါ။ HIV သာမက လိင်ကနေတဆင့်ကူးစက်တဲ့ (အရပ်ခေါ်ကာလသားရောဂါ) ဆစ်ဖလစ် ကူးစက်မှုကိုပါ မိခင်ကနေ ကလေးဆီ မကူးစေအောင် စွမ်းဆောင်နိုင်လိုက်တာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်တွေကို စောစောစီးစီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုရအောင်၊ ဆေးစစ်ခိုင်းတယ်။ ရောဂါပိုးရှိတာတွေ့ရင် ကလေးကိုမကူးစေဘို့ ဆေးပေးနိုင်အောင်လုပ်ခဲ့ရတယ်။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာမှာ အမျိုးသမီးပေါင်း ၁့၎ သန်းဟာ HIV ပိုးရှိနေတုံးမှာ ကိုယ်ဝန်ဆောင်နေရပါတယ်။ ဆေးမကုရင် ၁၅% ကနေ ၃၄% အထိ သူတို့ကနေမွေးလာမယ့် ကလေးကို ကူးစက်စေပါမယ်။ မွေးဖွါးဖြစ်စဉ်နဲ့ နို့တိုက်နေချိန်တွေမှာ အဲလိုကူးစက်မှာဖြစ်တယ်။ ကိုယ်ဝန်ကတည်းက ART ဆေးပေးထားရင် ကလေးကို ကူးစက်မှာက ၁% သာရှိပါတော့မယ်။ မွေးလာတဲ့ ကလေးကိုပါ ဆေးပေးရတာပါ။

နှစ်တိုင်း ကမ္ဘာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးပေါင်း ၁ သန်းမှာ ဆစ်ဖလစ်ရောဂါကူးစက်ခံနေရပါသေးတယ်။ စောစော ဆေးစစ်လို့ ကုသပေးထားရင် မွေးလာမယ့်ကလေးကို မကူးစေပါ။

ကျူးဘားမှာ ကိုယ်ဝန်ဆောင် ၂% မှာ HIV ရှိကြတယ်။ ကမ္ဘာမှာ HIV ကိုယ်ဝန်ဆောင် ၁ဝ ယောက်ထဲက ၇ ယောက်သာ ART ဆေးရနေကြတယ်။ အဲတာကဆင်းရဲသေးတဲ့တိုင်းပြည်တွေမှာဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်ကစပြီး HIV အသစ်ဖြစ်တာ ၉ဝ% ရှိတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ၈ နိုင်ငံမှာတော့ ကလေးတွေဆီ HIV ကူးစက်မှုကို ၅ဝ% မက လျှော့ချနိုင်လာပါတယ်။ ၂ဝ၁၄ မှာ နိုင်ငံပေါင်း ၄ဝ ကော်ျမှာ ၉၅% ကို HIV နဲ့ ဆစ်ဖလစ် စစ်ဆေးပေးနိုင်လာပါတယ်။

ကျူးဘားကို နမူနာထားပြီး ကျန်တိုင်းပြည်တွေမှာ HIV ပိုးရှိမိခင်တွေကနေ မွေးလာမယ့်ကလေးတွေဆီ မကူးစက်အောင် ဆောင်ရွက်ကြဘို့ လိုအပ်ပါတယ်။

စောစောလေးကပဲ ထိုင်းမှာ အလုပ်လုပ်နေကြတဲ့ စုံတွဲတခုမှာ ဇနီးမှာ ကိုယ်ဝန်ရှိလို့ ကိုယ်ဝန်အပ်မှ နှစ်ယောက်လုံးမှာ HIV ကူးစက်ခံနေကြတာသိရတယ်။ စိုးရိမ်လို့ ဘယ်လိုနည်းနဲ့မွေးရမလည်း၊ ကလေးနို့တိုက်ရင် ဘယ်လိုလည်း မေးလို့ ဖြေလိုက်ရတာ မိနစ်ပိုင်းသာရှိသေးတယ်။ မြန်မာပြည်မှာလည်း ကျူးဘားလိုဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းရပါတယ်။

ဒေါက်တာတင့်ဆွေ (၃ဝ-၆-၂ဝ၁၅)
ဒေါက်တာတင့်ဆွေ - Cuba stamps out mother-to-child HIV ကျူးဘားမှာ မိခင်ကနေ မွေးလာတဲ့ကလေးဆီ HIV ကူးစက်မှု ပယ်ဖျောက်နိုင်ပြီ

HIV drugs should be given at diagnosis

HIV ဆေးတွေကို ရောဂါရှာအမည်တပ်ချိန်ကတည်းက ပေးသင့်တယ်လို့ အမေရိကန်လေ့လာမှုတခုကနေ တွေ့ရှိလာပါတယ်။ လက်ရှိကတော့ ပိုးရှိနေပေမယ့် CD4 count သွေးဖြူဥအရေအတွက် နည်းလာမှသာ ပေးနည်းကို သုံးနေတာဖြစ်ပါတယ်။ ပိုးရှိနေသူတိုင်း ဆေးလက်လှမ်းမီဘို့တော့လိုပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နောက်ဆုံးလမ်းညွှန်က CD-4 ၅ဝဝ ရှိနေချိန်ကစပြီး ဆေးပေးဘို့ဖြစ်ပါတယ်။ အခုစမ်းသပ်မှုမှာ ၃၅ နိုင်ငံက ပိုးရှိနေသူပေါင်း ၄၆၈၅ ယောက်ကို US National Institutes of Health က ၂ဝ၁၁ ကနေ စမ်းခဲ့တာပါ။ ၂ဝ၁၆ အထိကြာပါမယ်။

ကြားဖြတ်လေ့လာမှုအရ AIDS ဖြစ်မှု၊ သေဆုံးမှု၊ ကျောက်ကပ်နဲ့ အသည်းထိခိုက်မှုတွေဟာ အဲလိုဆေးစောပေးလို့ ထက်ဝက်လျော့နည်းတာကို တွေ့ရပါတယ်။

HIV ကို အများဆုံးသွေးကိုစစ်တယ်။ HIV antibodies အင်တီဘော်ဒီကိုစမ်းတယ်။ ပျောက်အောင်ကုနိုင်တဲ့ဆေး မရှိသေးပါ။ Antiretroviral ဆေးကနေ ထိန်းထားနိုင်တယ်။ ၁၂့၉ သန်းက ART ဆေးရနေကြတယ်။ ကလေးတွေ ဆေးရနှုန်းနည်းတယ်။ အသိအမှတ်ပြုထားပြီး ဆေး (၂ဝ) ရှိပါတယ်။ ဆေးတခုစီမှာ နာမည်က အနည်းဆုံး ၃ မျိုး စီလောက်ရှိတယ်။ တချို့ကို ဥပမာ AZT ဆေးကို ဓါတုနာမည်ပေးတယ်။ သူ့ရဲ့ ဆေးနာမည်ရင်းက zidovudine ဖြစ်တယ်။ ဆေးရောင်းသူကပေးထားတာက Retrovir ဖြစ်တယ်။ တခါတလေမှာ အတိုကောက်နာမည် ZDV ခေါ်တယ်။

WHO ၂ဝ၁၄ နိုဝင်္ဘာမှာထုတ်ပြန်တဲ့ ၂ဝ၁၃ အကုန်အတွက် တကမ္ဘာလုံး HIV ကိန်းဂဏန်း
• HIV ပိုးရှိနေသူပေါင်း ၃၅ သန်းရှိတယ်။ ၃၉ သန်းအထိလည်း ရှိကောင်းရှိနိုင်တယ်။
• လူနာသစ် ၂့၁ သန်းရှိတယ်။
• အမျိုးသမီး ၅ဝ% နဲ့ ကလေး ၃့၃ သန်းပါဝင်တယ်။
• ဆာဟာရအောက်ပိုင်းမှာ ၂၄့၇ သန်းရှိတယ်။ အမေရိကမှာ HIV ပိုးရှိနေသူပေါင်း ၁့၂ သန်းရှိတယ်။
• ၂ဝ၁၃ တုံးက ၁့၅ သန်း (၂ဝ၁၁ မှာ ၁့၇ သန်း) သေဆုံးခဲ့တယ်။

ဒေါက်တာတင့်ဆွေ (၂၈-၅-၂ဝ၁၅)

BBC - http://www.bbc.com/news/health-32914219
ဒေါက်တာတင့်ဆွေ - HIV drugs should be given at diagnosis

No comments: