Saturday, May 4, 2013

လင်မယား ဆက်ဆံရေး မေးခွန်း (၃)


မေး။   ။သူငယ်ချင်း နှစ်ဦးက အကူအညီတောင်း မေးထားတာတွေ ဖြစ်ပါတယ်။ ရိုင်းတာပါရင်ခွင့်လွတ်ပါ။ သူငယ်ချင်း တယောက်က သူ့အမျိုးသမီးနဲ့ လိင်ဆက်ဆံတာ ပျော်ရွှင်မှုရစေချင်တယ်လို့ ပြောပါတယ်။ သူ့အင်္ဂါ ပိုကြီးချင်လို့ ဘာဆေး သုံးရမလဲ မေးပါတယ်။ဘေးထွက်ဆိုးကျိုး မရှိတဲ့ နည်းလမ်းများကို သိချင်ပါတယ်။

ဖြေ။   ။ လိင်အင်္ဂါ ကြီးထွားစေဖို့ ဘာဆေးကိုမှ မညွှန်းလိုပါဘူး။ ဘာကြောင့်လဲဆိုတော့မိန်းကလေးများက အမျိုးသားများကို လိင်ကိစ္စ စွဲလန်းစေတာက လိင်တံကြီးတာကြောင့်မဟုတ်လို့ပါပဲ။ အထိအတွေ့ ပြုစု ယုယ မှုကသာ အရေးကြီး ပါတယ်။ လေ့လာချက်တွေ အရမိတ်ဆွေရဲ့ သူငယ်ချင်းမှာ အရှည် ၂ လက်မခွဲထက် ရှည်တဲ့ လိင်တံရှိရင် အမျိုးသမီးကိုလုံလောက်တဲ့ အာသာပြေမှုကို ပေးစွမ်းနိုင်မှာပါ။ လိင်တံကြီးစေတဲ့ ထိုးဆေး၊ လိမ်းဆေး၊သောက်ဆေး အားလုံးက လူကို ဒုက္ခပေးပါတယ်။ အခန့်မသင့်ရင် ဖြတ်တောက် ပစ်ရတတ်ပါတယ်။အဲလို ထိုးဆေးတွေ ထိုးပြီး ၁ လက်မလောက်ပဲ ငုတ်တို ကျန်အောင် ဖြတ်ပစ်လိုက်ရတဲ့လူနာတွေ နှစ်စဉ်တွေ့ဖူး ပါတယ်။ ဒီတော့ လိင်ဆက်ဆံပုံ နည်းလမ်းတွေ၊ အာသာဖြေပုံနည်းလမ်းတွေနဲ့ အမျိုးသမီးကို ဆွဲဆောင်တတ်အောင်သာ သူငယ်ချင်းကို လေ့လာ ခိုင်းပါ။

မေး။   ။ နောက်ပြီး သူ့အမျိုးသမီးရဲ့ အင်္ဂါက ဆက်ဆံမှု များလာတော့ အရင်ကလောက်ဆက်ဆံလို့ မကောင်းတော့လို့ ပြောပါတယ်။ သူက စအိုဝနဲ့ အင်မတန်မှ လိင်ဆက်ဆံမှု ပြုလုပ်ချင်ပါတယ်။ သို့သော် သူ့အမျိုးသမီးမှ စအို လိင်ဆက်ဆံလျှင် HIV ပိုးရနိုင်သည်လို့ပြောပါတယ်။ သူတို့နှစ်ဦးလုံး ပိုးမရှိပဲနဲ့ ဆက်ဆံရင်ကော ပိုးရနိုင်လို့လား။

ဖြေ။   ။ အမျိုးသမီးနဲ့ အမျိုးသား လိင်ဆက်ဆံတာ မိန်းမကိုယ် Vagina လမ်းကြောင်းကသဘာဝက ပေးတားတဲ့ လမ်းကြောင်းပါ။ ဒါကို ဆက်ဆံရတာ အရသာ မကောင်းဘူး၊ပုံစံပြောင်းအောင် စအိုလမ်းကြောင်းကို အသုံးပြုမယ်ဆိုရင် သဘာဝမကျတဲ့နည်းလမ်းဖြစ်သွားပါတယ်။ စအိုကိုသုံးပြီး လိင်ဆက်ဆံရင် စအိုနံရံမှာ သွေးကြောတွေစုတ်ပြဲပြီး ကာယကံရှင် အတွက် မစင်လမ်းကြောင်းက ပိုးတွေ ကိုယ်ထဲကို ရောက်စေပါတယ်။ပိုးမရှိတဲ့ လင်မယားချင်း ဆက်ဆံလည်း မစင်ပေါက်က ပိုးတွေက ကိုယ်ထဲကို ပြဲစုတ်နေတဲ့စအိုနံရံကနေ ၀င်ရောက်နိုင်ပါတယ်။ အနောက်နိုင်ငံ (အပြာကားတွေမှာ) က လူတွေကတော့စအိုနဲ့ လိင်ဆက်ဆံတာကို ပုံမှန်လို့ ယူဆကြပေမယ့် ဆေးပညာ သဘောအရ စအိုကိုအသုံးပြုခြင်းက မသင့်တော်ဘူးလို့ ဆိုပါရစေ။

မေး။   ။ ဆရာ...နောက်တဦးကလဲ အိမ်ထောင်သည် တဦးပါပဲ။ သူက သူ့အမျိုးသမီးနဲ့ကလေးမရဖို့ အတွက် ဆေးမသုံးပဲ အရပ်က လူတွေပြောတဲ့အတိုင်း မိန်းမ ရာသီလာပြီး ၇ ရက်မလာခင် ၇ ရက် ဆက်ဆံရင် ကလေး မရဘူးဆိုတဲ့ အတိုင်း ကျင့်သုံးနေပါတယ်။ သို့ပေမဲ့သူ့အတွက် ယခု အခက်ခဲဖြစ်နေတာက သူ့အမျိုးသမီး ရာသီလာတိုင်း လိင်မဆက်ဆံဖြစ်ဘူးလို့ပြောပါတယ်။ တခါတလေ မထိန်းနိုင်လောက်အောင်ကို လိင်ဆက်ဆံချင်ပါတယ်လို့ပြောပါတယ်။ အဲ့အချိန် ဆက်ဆံရင် တချို့ လူပြောတာ ကလေး ရတတ်တယ်လို့ ပြောပါတယ်။ဆက်ဆံလို့ကော ရပါသလား။ (ကွန်ဒုံးနဲ့ ဖြစ်ဖြစ်ပေါ့)..သူငယ်ချင်းက ကလေး ရတာ မရတာထက်အဲ့လို ဆက်ဆံလိုက်လို့ သူအမျိုးသမီး ရောဂါတခုခု ရမှာ ပိုစိုးရိမ်တယ်လို့ပြောပါတယ်။ဆက်ဆံရင် ဘာဖြစ်တတ်ပါသလဲ။ ဖြေကြားပေးစေလိုပါတယ်။
ကျွန်တော်မိတ်ဆွေမေးခွန်းအပါ အထက်က ကျွန်တော်မေးထားတဲ့ မေးခွန်းပါ အပါပေါ့နော်) ဆရာလိုတိုင်ပင်လို့ရတဲ့ ဒေါက်တာရှိတာ ကျွန်တော် သူငယ်ချင်းက မယုံတာကို လက်တွေ့ပါပြချင်လို့ပါ။ သူက သူများ မင်းကိုလိမ်ပြီး လျှောက်မေးလိုက်မိရင် မင်းအရှက်ကွဲသေမှာလို့ ပြောလို့ပါ။ ဆရာပြန်စာ စောင့်နေပါ့မယ်။

ဖြေ။   ။ ကလေးမရစေဖို့ အများပြောတဲ့ ရက်ရှောင်နည်းကို အသုံးပြုရင် စိတ်မချရပါဘူး။ဆိုလိုတာက ရက်ရှောင်တဲ့နည်းက ကလေး ရစေတတ်ပါတယ်။ ရက်ရှောင်တယ်ဆိုတာက အမျိုးသမီးရာသီးသွေး မပေါ်ခင် ကာလကို တွက်ချက်ပြီး ၇ ရက် အလိုနဲ့ ၇ ရက် အပြီးမှာ လိင်ကိစ္စကိုမလုပ်ရင် ကလေးမရဘူးလို့ အများ သိထားကြတာပါ။ ဒီလို တွက်ချက်နည်းက ၂၈ ရက် တစ်ခါ ရာသီပုံမှန်လာတဲ့ အမျိုးသမီးတွေ အတွက် ဆိုရင်တော့ မှန်ကောင်း မှန်ပါလိမ့်မယ်။ သို့သော်တချို့ အမျိုးသမီးမတွေမှာ ရာသီသွေးနောက်ကျပေါ်တာ၊ ရာသီသွေး စောပေါ်တာ၊ တစ်လအတွင်းရာသီသွေး ၂ ခါပေါ်တာ စတာတွေ ဖြစ်ရင် အဲဒီ ရက်ရှောင်နည်းက အသုံးမတည့်တော့ ပါဘူး။

ဒီတော့ကလေးမလိုချင်ရင် သုံးစရာ အခြားနည်းတွေ ရှိပါတယ်၊ ဥပမာ ထိုးဆေး၊ သောက်ဆေး၊ကွန်ဒုံး၊ သားအိမ်ထည့် ပစ္စည်း စတာတွေပါ။ ကွန်ဒုံးကတော့ မိမိသဘောနဲ့သုံးလို့ရပေမယ့် တခြား နည်းလမ်းတွေကိုတော့ တတ်ကျွမ်း နားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး အသုံးပြု သင့်ပါတယ်။ ထိုးဆေး၊ သောက်ဆေး စတာတွေကဘေးထွက် ဆိုးကျိုး ရှိပါတယ်။ လူတိုင်းနဲ့ မတည့်ပါဘူး။ အမျိုးသမီး ရာသီလာရင်လိင်ဆက်ဆံတာကတော့ ကာယကံရှင်တွေရဲ့ သဘောသာဖြစ်ပါတယ်။ တစ်ချို့ အမျိုးသမီးတွေကရာသီလာချိန်မှာ လိင်ကိစ္စကို လုံးဝ စိတ်ဝင်စားလေ့ မရှိပါဘူး။ စိတ်မထိန်းနိုင်လို့ဆက်ဆံမယ်ဆိုရင်တော့ ကွန်ဒုံး သုံးပြီး ဆက်ဆံဖို့ အသိပေးပါ၇စေ။ ဘာကြောင့်လဲဆိုတော့ကလေးမလိုချင်ရင် တားလို့ ရအောင်လို့ပါ။

လမင်းကို

No comments: