ကွန်ဒုံး
မဆောင်ရဲခြင်းကြောင့် HIV/ADIS ကူးစက်မှုနှုန်း မြင့်မားနိုင်
ကွန်ဒုံးများအား
သက်သေအဖြစ် အသုံးပြု၍ ပြည့်တန်ဆာ အမျိုးသမီးများကို ဖမ်းဆီ မှုများကြောင့်
မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါ ကူးစက်မှုနှုန်း ပိုမို မြင့်မား လာနိုင် သည်ဟု
နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့မှ ဥပဒေ အကြံပေး အကျိုးဆောင် တစ်ဦးက
ပြောကြားကြောင်း သိရသည်။ကွန်ဒုံးများကို သက်သေအဖြစ် အသုံးပြုပြီး ပြည့်တန်ဆာ အဖြစ် မဖမ်းဆီးရန် ၂၀၀၉ ခုနှစ်တွင် ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ကျန်းမာရေး ၀န်ကြီးဌာနမှ တရားဝင် ထုတ်ပြန် ခဲ့သော်လည်း လက်ရှိ အချိန်အထိ ဖမ်းဆီး နေဆဲ ဖြစ်သောကြောင့် ပြည့်တန်ဆာ လုပ်ကိုင် နေသူများ ကွန်ဒုံး မသုံးဆောင်ရဲကြသဖြင့် HIV/AIDS ကူးစက် ခံရမှု ပိုမို များပြား လာခြင်း ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ရောဂါ ကူးစက်မှုနှုန်း မမြင့်မား စေရန် နယ်မြေ ဒေသ အသီးသီးတွင် ပညာပေး ဆွေးနွေးခြင်းများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် သင့်ကြောင်းနှင့် HIV/AIDS ရောဂါ မကူးစက် နိုင်စေရန် ကွန်ဒုံးကို အသုံးပြု သင့်ကြောင်း ကမ္ဘာ့ ဆရာဝန်များ အဖွဲ့မှ ဒေါက်တာ စည်သူ ကပြောကြားသည်။
မြန်မာနိုင်ငံတွင် HIV/AIDS နှင့် ပတ်သက်၍ WHO မှ ထုတ်ပြန်ချက် အရ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း HIV ကူးစက်သူ ဦးရေ ၂၄၀၀၀၀၊ AIDS ဖြစ်ပွားသူ ဦးရေ ၁၂၀၀၀၀ နှင့် HIV/AIDS ကြောင့် သေဆုံးသူ ဦးရေ ၁၅၀၀၀ ရှိကြောင်း သိရှိရသည်။
မြဝတီ - ကွန်ဒုံး မဆောင်ရဲခြင်းကြောင့် HIV/ADIS ကူးစက်မှုနှုန်း မြင့်မားနိုင်
တစ်နှစ်တာရဲ့
အဓိပ္ပါယ် ပြည့်ဝစွာနဲ့ မေ
HIV/AIDS
နဲ့ပတ်သက်ပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတော်များအနက် ဒီဇင်ဘာ တစ်ရက်နေ့မှာ
ကျင်းပတဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ကို လူသိများကြပြီး မေလ အတွင်းမှာ ကျင်းပလေ့
ရှိတဲ့ အောက်မေ့ သတိရဖွယ် မီးထွန်းပွဲကိုတော့ လူသိ နည်းသေးပါတယ်။ ကမ္ဘာ
တစ်ဝန်းမှာတော့ မေလရဲ့ တတိယပတ် တနင်္ဂနွေမှာ ကျင်းပဖို့ သတ်မှတ်ထားပေမယ့် ဒေသအလိုက်
အဆင်ပြေ သင့်လျော်တဲ့ အချိန်မှာလည်း ကျင်းပတတ်ကြပါတယ်။
အောက်မေ့ သတိရဖွယ် မီးထွန်းပွဲဟာ
ကမ္ဘာ့ ရှေးအကျဆုံးနဲ့ အကြီးကျယ်ဆုံး HIV/AIDS ဆိုင်ရာ အခမ်းနား တစ်ခု အဖြစ်
သတ်မှတ်ထားခြင်း ခံရပြီး ၁၉၈၃ ခုနှစ် စတင်ကျင်းပခဲ့တာ ယခုဆိုရင် ၂၉ ကြိမ်
တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စတင် အကောင်ထည် ဖော်ခဲ့သူတွေကတော့ ဆန်ဖရန်စ္စကိုမှ
ဘော်ဘီကမ်းဘဲလ်၊ ဘော်ဘီရေးနိုးလ်၊ ဒန်ကျူနာ နဲ့ မက်ခ်ဖယ်လ်မန်း တို့ပဲဖြစ်ပါတယ်။
ကျင်းပတဲ့ မူလ ရည်ရွယ်ချက်ကတော့
HIV/AIDS ရဲ့ သက်ရောက်မူကို ခံစားရတဲ့ မိသားစုဝင် သူငယ်ချင်း မိတ်ဆွေများ အတွက်
ဂုဏ်ပြု အမှတ်တရ စီစဉ်ခဲ့ပေမယ့် ဒီထက်မက ပိုမို အဓိပ္ပါယ်လေးနက်ကြောင်း ဖော်
ထုတ်တွေ့ရှိ ခဲ့ကြပါတယ်။ HIV/AIDS ဆိုင်၇ာ လုပ်ငန်းတွေမှာ ကွန်ရက်ချိတ်ဆက်မှု၊
စွမ်းဆောင်ရည် တိုးတက်ဖွံ့ဖြိုးရုံသာမက ပြည်တွင်းပြည်ပ မူဝါဒ ချမှတ်သူတွေ အပေါ်
ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေ အတွက် အရေးဆိုနိုင်ပါတယ်။ လူထုအတွင်း အခြေခံ
ဗဟုသုတတွေ တိုးပွားအောင်လည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ သေဆုံးသူတွေကို သတိရ
အောက်မေ့သလို ကျန်ရှိသူတွေ အတွက်လည်း လုပ်စရာတွေ လုပ်သင့် တာတွေ လုပ်ဖို့
ကျန်နေသေးတာတွေကို ဒီမီးထွန်းဆုတောင်းပွဲက တဆင့် လူတွေကို သတင်းစကားတွေ ပါးထားတဲ့
အတွက် နှစ်စဉ်ကျင်းပတဲ့ ပွဲတစ်ပွဲ အဖြစ်ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါတယ်။
“လူတွေ အများကြီး စိတ်ဝင်စားမလား
ပါဝင်မလားဆိုတာ ကျွန်တော်တို့ မခန့်မှန်း နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကက်စထရို
လမ်းကနေ မြို့တောခန်းမထိ ချီတက်တဲ့ အခါမှာ ပထမတော့ ကျွန်တော်တို့ အဖွဲ့လေးပဲ
ရှိပြီး နောက်တော့ လမ်းတစ်လျှောက် ဘယ်ကနေ ပေါ်လာမှန်း မသိတဲ့ လူတွေ ပါဝင်လာပြီး
လမ်းတလမ်း လုံးကို ပြည့်သွားတော့တာ ပါပဲ။ ”ဒါကတော့ မေ ၂၊ ၁၉၈၃ ရက်နေ့ လမ်းလျှောက်
ချီတက်ပွဲကို သတိတရ ပြန်ပြောပြတဲ့ အဖွဲ့ထဲမှ တစ်ဦးတည်းသော ဆက်လက် ရှင်ကျန်သူ
ဟန့်ဝီလ်ဆင် ရဲ့ အမှတ်တရ စကားပဲ ဖြစ်ပါတယ်။ အောက်မေ့ သတိရဖွယ် မီးထွန်းပွဲ
ကျင်းပတိုင်း မတူညီတဲ့ ကြွေးကြော်သံ ဆောင် ပုဒ်တွေကို ဖော် ထုတ်လေ့ ရှိပါတယ်။ ၁၉၈၃
မှာတော့ Fighting for our lives ရှင်သန် ရပ်တည်ဖို့ တိုက်ပွဲဝင်စို့ ဖြစ်ပြီး
ခွဲခြားဆက်ဆံမှုများကလည်း အပြင်းထန်ဆုံးကာလ၊ သတင်း အချက်လက် မပြည့်စုံမှု အများဆုံးကာလ
လည်းဖြစ်ပါတယ်။ လမ်းလျှောက်သူများ လက်ထဲမှာ ကိုင်ထားတဲ့ ကဒ်များမှာ ရေးထားတာကတော့
HIV ပိုးထိန်းဆေး AZT ကို အခမဲ့ ရဖို့တောင်းဆို ထားပါတယ်။ ရှေး လူများမှာ AZT
တမျိုးတည်း ကိုပဲ သောက် ရပြီး ရေရှည်မှာ ဆေးယဉ်ပါးမူတွေ ကြုံခဲ့ရပါတယ်။ ယခု
အခါမှာတော့ အတွဲအစပ် အနည်းဆုံး သုံးမျိုးပေါင်း ဆေးတွေနဲ့ ခေတ်မှီ ကုထုံးတွေ
ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။ ၂ဝ၁၂ အတွက် ဆောင်ပုဒ် ကတော့ Promoting Health and
Dignity Together လူသားဆန်မှုနဲ့ ကျန်းမာရေး ပြိုင်တူ မြှင့်တင်ပေး ဖြစ်ပြီး
ရက်သတ်မှတ် ပေးထားတာကတော့ မေလ ၂ဝ ပဲဖြစ်ပါတယ်။ ၂၀၁၃ အတွက်ဆောင်ပုဒ်ကတော့ “In
solidarity” ဖြစ်ပြီး ရက်သတ်မှတ် ပေးထားတာကတော့ မေ ၁၉ ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး အောက်မေ့
သတိရဖွယ် မီးထွန်း ဆုတောင်းပွဲကိုတော့ ၁၅၊ ၅၊ ၂ဝဝ၅ မှာ MPG (Myanmar Positive
Group) က ဦးဆောင်ပြီး ရွေတိဂုံ ဘုရားတောင်ဘက်မုခ် ရွှေကျင်ဓမ္မာရုံမှာ
International HIV/AIDS Alliance နှင့် ရတနာ့မေတ္တာ အဖွဲ့တို့ရဲ့
ပူးပေါင်းကူညီမှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့
ဒဂုံစင်တာ၊ Junction8 တို့ရဲ့ ကြေကွဲစရာ အဖြစ်များနဲ့ မငြိမ်မသက်မှုများ ကြားမှာ
အောက်မေ့ သတိရ ဖွယ်မီးထွန်းပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ MPG ရဲ့
သက်တမ်းဟာ နှစ်လသား အလွန်သာ ရှိသေးသည်ကိုတွေ့ရ ပါတယ်။ စာရေး ဆရာမ
ဒေါ်သန်းမြင့်အောင် ကလည်း ကိုယ်တိုင် တက်ရောက်ခဲ့ရုံ သာမက အောက်မေ့ သတိရဖွယ်
မီးထွန်းပွဲ ဆိုပြီး အလင်တန်း ဂျာနယ်မှာ ရေးသား မှတ်တမ်းတင် အားပေးခဲ့ပါတယ်။
ဆရာမရဲ့ နောက်ပိုင်းထုတ်တဲ့ လူမှုဘဝ ….ပရဟိတနယ်ပယ် လူမှုရေး ဆောင်းပါးများ စာအုပ်
မှာလည်း ထပ်မံ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
ယခု အခါမှာတော့ မြန်မာပြည်
အနှံ့အပြားမှာ တနိုင်တပိုင် ကျင်းပနေကြပြီး မီဒီယာများမှ ဖော်ပြမှု အားနည်းနေသလို
ဦးဆောင်ကျင်းပသူများမှလည်း မီဒီယာများကို မဆက်သွယ်ရဲမှုကြောင့် လူထု
သိရှိမှု နည်းနေသေးခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ မှာတော့ တစ်နှစ်ထက်
တစ်နှစ် ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်လာပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၊
အနုပညာရှင်များ ပါဝင်မူ အားကောင်းလာပေမယ့် လိုအပ်ချက်တွေ များစွာ ရှိနေပါသေးတယ်။
www.candlelightmemorial.org မှာ သတင်း အချက်အလက် အပြည့်အစုံ
ရယူနိုင်ပါတယ်။ သူတို့နိုင်ငံတွေမှာတော့ အထိမ်းအမှတ် မဂဇ္ဇင်း
ထုတ်ဝေတဲ့ အပြင်၊မီးထွန်းပွဲ တစ်ပွဲ အတွက် လုပ်ဆောင်ရန် လမ်းညွှန်ချက် ကိုပင်
ထုတ်ဝေ ပေးထားတာကို တွေ့ရပါတယ်။ လှပဝေဆာတဲ့ ကမ္ဘာ အရပ်ရပ်က မီးထွန်းပွဲ ဓာတ်ပုံတွေ
အပြင် အသင့် အသုံးပြုနိုင်တဲ့ ဖိတ်စာကဒ် ဒီဇိုင်းများကိုလည်း တင်ပေးထားပါတယ်။
မိမိကျင်းပတဲ့ ပွဲကိုလည်း တစ်ကမ္ဘာလုံးကို ချပြလို့ ရအောင် ရယ်ဂျစ္စတာ ပြုလုပ်ပုံ
အဆင့်ဆင့်နဲ့ စီစဉ်ပေး ထားပါတယ်။မြန်မာနိုင်ငံက ပြည်တွင်း မီးထွန်းပွဲ
လှုပ်ရှားမှုများ ရှိသော်လည်း အင်တာနက်မှာ တင်ပြထားခြင်းများ နည်းနေပါသေးတယ်။
မီးထွန်းပွဲ လုပ်ဖို့ တချို့
အဖွဲ့အစည်းတွေက ရန်ပုံငွေ ချပေးတတ်ပြီး၊ တနိုင်တပိုင် လုပ်ချင်သူများ အတွက်လည်း
နေရာ၊ ဖယောင်းတိုင်နဲ့ စိတ်ပါဝင်စားသူ လူတစ်စုရှိရင် လုပ်လို့ရပါပြီ။
ပွဲကြီးတွေမှာတော့ ဘာသာ ပေါင်းစုံက သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များရဲ့
ဆုတောင်းမှုနဲ့ စတင်ကြပြီး၊ အနုပညာရှင်များ သီဆိုမှု၊ ကလေးများ အစီအစဉ်၊
မီးထွန်းပြီး တစ်မိနစ် ငြိမ်သက် ဆုတောင်းမှု၊ အကျွေးအမွေး တည်ခင်းမှု၊ အမှတ်တရ
မှတ်တမ်းရေးခြင်း၊ မီးထွန်းပွဲ အကြောင်း ဟောပြောခြင်း တို့အပြင် အမှတ်တရ အင်္ကျ
ီများလည်း ဝတ်ဆင်ကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံး
နာဂစ်မုန်တိုင်းဟာ ၂ဝဝ၈ မေ လမှာ ဖြစ်ပွားခဲ့တဲ့ အတွက် တပေါင်းတစည်းတည်း မုန်တိုင်း
အတွင်း သေဆုံးသူတွေ အတွက်ပါ ဆုတောင်းပေးကြတာ တွေ့ရပါတယ်။ မန္တလေးမြို့မှာတော့
တမူထူးခြားစွာ ဒီဇင်ဘာလ ၁ ရက် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနားနှင့်
မီးထွန်းပွဲကို သိပ်မကွာဘဲ တဆက်တည်း ကျင်းပတာကို တွေ့ရပါတယ်။
မီးထွန်းပွဲများကို နိုင်ငံအနှံ့ တနိုင်တပိုင်ပဲဖြစ်ဖြစ်
ကြီးကျယ် ခမ်းနားစွာပဲ ဖြစ်ဖြစ် ကျင်းပပေးနိုင်ရင် HIV/AIDS ရဲ့ သက်ရောက်မှုကို
ခံစားနေရတဲ့ မိသားစုဝင်၊ အိမ်ထောင်ဖက်၊ မိတ်ဆွေ သူငယ်ချင်းများ အတွက်
ကွယ်လွန်သွားပြီဖြစ်တဲ့ မိမိတို့ ချစ်ခင်သူကို တခမ်းတနား ဆုတောင်းပေးခွင့်ရပြီး၊
လူထုအတွင်း ခွဲခြားဆက်ဆံမူတွေ လျော့နည်းစေဖို့နဲ့ ဆေးဝါး ကုသမှုများ လက်လှမ်းမီရေး
စတဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီးကို အသိပေး သတိပေးဖို့
အခွင့်အလမ်း တခုလည်း ဖြစ်ပါတယ်။ ထို့ကြောင့် ပွဲစီစဉ်သူများနဲ့ မီဒီယာ
သမားများကြား လွတ်လပ် ပွင့်လင်းစွာ ဆက်သွယ် သတင်းဖော်ပြဖို့ အချိန် ကျရောက်ပြီ
ဖြစ်ကြောင်းနဲ့ အနုပညာရှင်များရဲ့ ပူးပေါင်း ပါဝင်မှု မြှင့်တင်ရန်
လိုအပ်ကြောင်းကို တိုက်တွန်း ရေးသား လိုက်ရပါတယ်။ နောက်ဆုံး နိဂုံးချုပ် အဖြစ်
ဘော်ဘီကမ်းဘဲလ်ရဲ့ စကားလေးကို မျှဝေလိုက်ရပါတယ်။
“AIDS နဲ့ သေးဆုံး သွားသူတွေ၊ ဆက်လက်
ရှင်သန်နေသူတွေနဲ့ ကူးစက် မခံရသူတွေ အားလုံးဟာ ကျွန်တော့ရဲ့ မိသားစုဝင်တွေ ပါပဲ။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အတူတကွ ကာကွယ် တားဆီးရေးနဲ့ ကုသ မှုတွေ
ဆောင်ရွက်နေလို့ ပါပဲ။”
မြင့်မြတ်နိုင်
No comments:
Post a Comment