Friday, May 3, 2013

ယူကေပညာရေးအကြောင်းသိကောင်းစရာများ


ယူကေပညာရေးအကြောင်းသိကောင်းစရာများနှင့် University of West of England, Bristol အကြောင်းဟောပြောပွဲ 
ယူကေပညာရေးအကြောင်းစိတ်ဝင်စားသော မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများအတွက်၊ ယူကေတွင်ပညာသင်ခြင်း အကြောင်း သိကောင်းစရာများနှင့် University of West of England, Bristol တွင်လေ့လာ သင်ယူနိုင်သည့် ဘာသာရပ်များ အကြောင်းဟောပြောပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ် မေလ (၈)ရက် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ၊ ဗြိတိသျှကောင်စီ စာကြည့်တိုက် တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
University of West of England (UWE), Bristol သည် ၁၅၉၅ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ကျောင်းပရ၀ဏ်လေးခုရှိကာ အနောက်တောင်အင်္ဂလန်၏ အကြီးဆုံးမြို့တော် Bristol တွင် တည်ရှိပြီး လန်ဒန်မှ မိနစ် (၉၀) ခန့် ကား (သို့မဟုတ်) ရထားဖြင့် ခရီးသွားအကွာဝေးတွင် တည်ရှိပါသည်။ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကျောင်းသားကျောင်းသူ (၃၀၀၀၀) ကျော်လာရောက် ပညာဆည်းပူးလျက်ရှိပါသည်။
UWE သည် Business Partner၊ Industry Partner များနှင့်ချိတ်ဆက်ထားခြင်းကြောင့် ကျောင်းသားကျောင်းသူများ၏ အလုပ်အကိုင်အတွက် များစွာအထောက်အကူပြုပြီး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှုတွင် အင်္ဂလန်တက္ကသိုလ်များ အဆင့် (၁၁) တွင်ရပ်တည်နေသည်။ UWE တွင် တက်ရောက်သော ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားပေါင်း (၄၀၀၀)ကျော်သည် Rolls Royce, BBC, HP, Motorola, Air Bus, British Aerospace, Virgin, BMW Williams Formula One, PriceWaterCoopers, Jaguar Cars အစရှိသော industrial partner များတွင် အလုပ်သင်အဖြစ် လုပ်ကိုင်နိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်ပါသည်။ Sandwich Year ပရိုဂရမ်အစီအစဉ် ပါရှိခြင်းကြောင့် ဒုတိယနှစ်ပြီးမြောက်သောသူများအနေဖြင့် မိမိလုပ်ကိုင်လိုသောနယ်ပယ်တွင် လစာရအလုပ်တစ်နှစ် အစီအစဉ်ကို လုပ်ကိုင်ခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ABE, NCC နှင့် HND ဒီပလိုများကိုင်ဆောင်ထားသူများအနေဖြင့် မိမိတို့ သင်ယူထား သည့်ဘာသာရပ်အသီးသီးအလိုက် Top Up ဒီဂရီပရိုဂရမ်များ၊ အလုပ်အတွေ့ အကြုံမလိုပဲ တက်ရောက်နိုင်သည့် MBA ပရိုဂရမ်များ၊ MBBS ဒီဂရီရရှိထားသူများအတွက် ဆက်လက် တက်ရောက်နိုင်သည့် ဘွဲလွန်ဘာရပ်များအကြောင်းနှင့် မိမိတို့ ပညာရေး မှတ်တမ်းများအလိုက်၊ တက်ရောက်ခွင့်ရရှိနိုင်မည့် အတန်းနှင့် ဘာသာရပ်ကင်းလွတ်ခွင့်များကိုပါ လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်းသိရသည်၊၊
ဟောပြောပွဲတွင် UWE Bristol မှ Senior Education Counselor မှ UWE Bristol ၏ သင်တန်းများနှင့် ဘာသာရပ်များ၊ ABE, NCC နှင့် HND လက်မှတ်များ ရရှိထားသော ကျောင်းသားများ UWE Bristol ရှိ Business Management နှင့် IT ဘာသာရပ်များတွင် တတိယနှစ်သို့
တိုက်ရိုက်တက်ရောက်နိုင်သောအခွင့်အလမ်းများနှင့် ပညာသင်ဆုများ အကြောင်း၊ UWE Bristol International College မှ တာဝန်ရှိသူတစ်ဦးက UWE Bristol တက္ကသိုလ်သို့ တိုက်ရိုက် တက်ရောက်ခွင့်မရနိုင်သော ကျောင်းသားကျောင်းသူများအတွက် Pre-University သင်တန်းများ ထားရှိသည့်အကြောင်း နှင့် ကျောင်းဝင်ခွင့်လျှောက်ထားခြင်းနှင့် ယူကေပညာရေးစနစ်နှင့် ဘာသာရပ်ဆိုင်ရာ ရွေးချယ်မှုများ အကြောင်းကို CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါသည်။
လူဦးရေကန့်သတ်ထားပါသဖြင့် တက်ရောက်မည့်သူများ (အမည်၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ) စာရင်းပေးသွင်းပါရန်နှင့် ဟောပြောပွဲအစီအစဉ်အသေးစိတ်ကို သိရှိလိုပါက ဖုန်းနံပါတ် ၂၅၄၆၅၈၊ ၂၅၆၂၉၀ - ၁ သို့ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်။

အသဲရောင် (ဘီ) ချွေးကနေ ကူးနိုင်သည်
ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ် ဆိုတဲ့ ကျန်းမာရေး သတင်းတပုဒ် ၂ဝဝ၇ ခုနှစ်က ထွက်ပါတယ်။ Hepatitis B အသဲရောင် (ဘီ) ပိုးဟာ ချွေးကနေလည်း ကူးစက်နိုင်တယ်လို့ ပါတယ်။ Contact sports အာကစား လုပ်သူတွေ အချင်းချင်း ချွေးကနေ ကူးနိုင်တယ်လို့ ဓါတ်ပုံနဲ့ ဖေါ်ပြထားပါတယ်။ သုတေသန လုပ်သူတွေက အိုလန်ပစ် နပမ်းသမား (ယောက်ျား အသက် ၁၈-၃ဝ) ၇ဝ ကို စမ်းခဲ့တာပါ။

HIV ကတော့ "မကူးစက်နိုင်တဲ့ နည်းလမ်းတွေ" ထဲမှာ ချွေးကိုလည်း ထည့်ထားတာ သတိပြုသင့်ပါတယ်။
• Touching or Hugging ထိကိုင်၊ ပွေ့ဖက်ခြင်း၊
• Utensils, Towels, Bedding မီးဖိုချောင်သုံး ပစ္စည်းတွေ၊ မျက်နှာသုတ်ပုဝါ၊ အိပ်ယာခင်း တွဲသုံးတာ၊
• Sweat or Tears ချွေး နဲ့ မျက်ရည်၊
• Swimming pools, Saunas, Hot tubs, Toilets ရေကူးကန်၊ ရေနွေး၊ အပူငွေ့၊ အိမ်သာ အတူသုံးတာ၊
• Coughs or Sneezes ချောင်းဆိုး၊ နှာချေ။

Hepatitis B virus အသဲရောင် (ဘီ) ဗိုင်းရပ်စ်ဟာ သွေး နဲ့ သွေးပါနေနိုင်တဲ့ ကိုယ်ခန္ဓာအရည်ကနေတဆင့် ကူးစက်နိုင်တယ်။ 

နည်းလမ်းတွေကတော့
(၁) Sexual contact လိင်ကတဆင့်၊
(၂) Blood transfusions and transfusion with other human blood products သွေးနဲ့ သွေးထဲကတခုခုကို လှူခြင်း နဲ့ သွင်းခြင်း၊
(၃) Re-use of contaminated needles and syringes ဆေးထိုးအပ်နဲ့ ဆေးထိုးပိုက် ပြန်အသုံးပြုခြင်း၊
(၄) Vertical transmission from mother to child ကလေးမီးဖွါးနေစဉ် မိခင်ကနေ ကလေးကို ကူးခြင်းတို့ဖြစ်တယ်။

မိခင်လောင်းဟာ HBsAg အပေါင်း ဖြစ်နေပြီး ဘာမှ မလုပ်ဘဲ (ဆေးမကုဘဲ) နေရင် သူကနေ မွေးလာမဲ့ ကလေးကို မွေးနေတုံးကူးနိုင်တဲ့ အခွင့်အလမ်း ၂ဝ% ရှိတယ်။ မိခင်လောင်းဟာ HBeAg အပေါင်းပြနေသူ ဆိုရင် သူကနေမွေးလာမဲ့ ကလေးကို မွေးနေတုံး ကူးနိုင်တဲ့ အခွင့်အလမ်း ၉ဝ% ရှိတယ်။

နောက်ပြီး အတူနေ မိသားစု အတွင်းမှာ အရေပြားနဲ့ အရေပြားနုတွေမှာ မြင်ရတာ ဖြစ်ဖြစ် မမြင်ရတာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာ အနာအဆာ ရှိတာကနေတဆင့် ကူးစက်နိုင်သေးတယ်။ HBV ပိုးပါနေတဲ့ တံတွေး-သွားရည်ကနေလဲ အဲလိုရှိနေသူကို ကူးလာနိုင်တယ်။

ဒါပေမဲ့ Hepatitis B တွေနေတဲ့ လူကြီးတွေရဲ့ ၃ဝ% မှာ ဘယ်နည်းလမ်းကနေ ကူးလာခဲ့သလဲဆိုတာ မေးမြန်းစစ်ဆေးလို့ မရတာတွေ့ရတယ်။ (ဘီ) ပိုးကာကွယ်ဆေး စနစ်တကျ ထိုးတားရင် ပိုးရှိသူမိခင်ကနေ နို့တိုက်လို့ကူးတယ်ဆိုတာ မတွေ့ရသေးပါ။

Sweat Can Transmit Viral Infections http://news.softpedia.com/news/Sweat-Can-Transmit-Viral-Infections-48302.shtml?fb_action_ids=304402569689733&fb_action_types=og.likes&fb_source=aggregation&fb_aggregation_id=288381481237582

ဒေါက်တာတင့်ဆွေ (၃ဝ-၄-၂ဝ၁၃ )
ဒေါက်တာတင့်ဆွေ - အသဲရောင် (ဘီ) ချွေးကနေ ကူးနိုင်သည်

No comments: