Saturday, January 5, 2013

ကိုယ်ဝန် နှင့် ဘီပိုး


ကိုယ်ဝန်ရှိရင် ဘီပိုး ရှိ-မရှိ စစ်ရပါမယ်။ ကိုယ်ဝန်ဆောင်ရဲ့ခင်ပွန်း-အဖေါ်မှာ ဘီပိုးရှိရင်၊ ကိုယ့်မှာပါ ဘီပိုး ရှိ-မရှိ စစ်ဘို့ သူများတွေထက် လိုတယ်။ ကိုယ်ဝန်ဆောင်နေတုံး မိခင်လောင်းမှာ ဘီပိုး ရှိနေတယ်ဆိုရင် ကလေးမွေးဖွါးနေတုံး ကလေးဆီကိုပါ ကူးစေနိုင်တယ်။

ကိုယ်ဝန်နုကာစ မိခင်လောင်းမှာ ဘီပိုးရှိတာဆိုရင် ကလေးကို ကူးလာနိုင်ချေ ၁ဝ% ထက်နည်းပေမဲ့ ကိုယ်ဝန်ရင့်ပြီဆိုရင် ၉ဝ% အထိရှိနိုင်တယ်။ ကလေးကို ကူးပြီဆိုရင်တော့ ဆိုးတယ်။ ရောဂါလက္ခဏာတွေ မခံစားရသေးပေမဲ့ ပိုးရှိနေပြီဖြစ်တဲ့ ကလေးဟာ ၉ဝ% ဟာ ရောဂါပိုး သယ်ပို့ပေးနေသူ ဖြစ်နေမယ်။ ကလေးကြီးလာရင်လဲ ၂၅% ဟာ အသဲခြောက်တာ၊ အသဲကင်ဆာနဲ့ သေဆုံးနိုင်တယ်။

Delivery ဘယ်လိုနည်းနဲ့မွေးမလဲ
မွေးပေးမဲ့ ဆရာဝန်ကနေ မွေးခန်းကြိုတင်ပြင် ဆင်မှုတွေ အသေအခြာ လုပ်ရမယ်။ လိုအပ်တဲ့ ဆေးတွေ အဆင်သင့် ရှာထားမယ်။ ထိုးပေးမယ်။ အဲလိုမလုပ်ရင် မွေးလာမဲ့ ကလေးကို ၅၉% ရောဂါကူးစက်လိမ့်မယ်။ နာတာရှည် အသဲရောင်ဖြစ်စေမယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ ကလေးကို ဘာမှမဖြစ်စေပါ။ ဗိုက်ခွဲမွေးရင် ကလေးကို ကူးစေနိုင်တဲ့ အခွင့်အလမ်း နည်းနေမယ်လို့ ယူဆကြသလို ဘယ်လိုနည်းနဲ့မွေးမွေး မထူးဘူး လို့လဲ ယူဆကြတယ်။

At birth မွေးမွေးချင်းကလေးကို -
၁။ Hepatitis B vaccine ကာကွယ်ဆေး ပဌမအကြိမ် ထိုးပေးမယ်။

၂။ တခါတည်း Hepatitis B Immune Globulin (HBIG) ဆေးလဲထိုးပေးမယ်။

အဲလိုဆေး ၂ မျိုးကို မွေးပြီး ၁၂ နာရီအတွင်းထိုးပေးနိုင်ရင် ကလေးကို ပိုးကူးဘို့ ၉ဝ% စိတ်ချနိုင်တယ်။ နောက် တလတိတိမှာ ဒုတယအကြိမ် နဲ့ ၆ လ အပြည့်မှာ တတိယအကြိမ် ကာကွယ်ဆေး ဆက်ထိုးဘို့လိုတယ်။

Breast feeding ကလေးနို့တိုက်ခြင်း
မွေးမွေးချင်း ကလေးကို ကာကွယ်ဆေး ၂ မျိုးလုံးတိတိကျကထိုးပေထားရင် နို့တိုက်လို့လဲ ကလေးကိုကူးမှာကို ထူးပြီးစိုးရိမ်ရာ မလိုပါ။ တချို့က အတိုက်မခိုင်းဘူး။ အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယား မှာရှိတဲ့ Centers for Disease Control (CDC) ဌာနအဆိုအရ နို့မတိုက်ဘဲနေတာနဲ့ တိုက်တာတွေရဲ့ အဆိုး-အကောင်းတွေယှဉ်ရင် ကလေးကို နို့တိုက်သင့်တယ်လို့ ထောက်ခံ အားပေးပါတယ်။

Antepartum ကလေးမွေးပြီးတဲ့နောက်မှာ
• Hepatitis viruses A အေ ကာကွယ်ဆေး ထိုးသင့်တယ်။
• အရက်ရှောင်ရမယ်။
• Acetaminophen (Tylenol)/Paracetamol (ပါရာစီတမော) ဆေးမသောက်ပါနဲ့။
• သွေးမလှူပါနဲ့၊ တခြား ကိုယ်ခန္ဓာအစိတ်အပိုင်းလဲ မလှူပါနဲ့။
• သွားတိုက်တံ၊ ရေဇာ၊ လက်သည်းညှပ်၊ သူများတွေနဲ့ တွဲမသုံးပါနဲ့၊
• ဆေးရုံ၊ ဆရာဝန်တွေကို Hepatitis B carrier ကိုယ့်ရောဂါပိုးရှိနေတာကို ပြောပြပါ။
• အနည်းဆုံး တနှစ်တခါ ဆရာဝန်ပြပါ။
• ကိုယ့်မိသားစု၊ ယောက်ျား၊ ဇနီး အတူနေတွေကို ရှင်းပြပါ။
• HBsAg test positive ဖြစ်သူဟာ အသဲအခြေအနေသိရအောင် Liver function testing ပါလုပ်ပါ။

Hepatitis B Virus (HBV) ဘီပိုး
ကူးစက်ခံရသူရဲ့ သွေးထဲမှာ အများဆုံးစုနေတယ်။ တံတွေး၊ သုတ်ရည်၊ ဗဂျိုင်းနာအရည် နဲ့ အနာအဆာကနေ ထွက်တဲ့ အရည်တွေထဲမှာ နည်းနည်းသာတွေ့ရတယ်။ ဒီ ဗိုင်းရပ်စ်ပိုးဟာ အခန်းထဲ အပူချိန်မှာ ၇ ရက်အထိလောက် ရှင်နေနိုင်တယ်။
ပိုးဝင်ခံတဲ့နောက် ရက်ပေါင်း ၉ဝ ကနေ ၆ လ အတွင်း လက္ခဏာပြမယ်။ ရက်တိုပိုးဝင်လက္ခဏာတွေကတော့ အစား အသောက်ပျက်မယ်၊ ပျို့ချင် အန်ချင်မယ်၊ ကိုယ်ပူမယ်၊ ဗိုက်နာမယ်၊ အသားဝါမယ်။ ဆီးဝါမယ်။ ဝမ်းအရောင် ပျော့မယ်။ ဘူတဝက်လောက်မှာတော့ ရောဂါလက္ခဏာ မပြတတ်ဘူး။ ၁% လောက်ကတော့ သိပ်ဆိုးနိုင်တယ်။

ရက်တိုဖြစ်တဲ့သူတွေဟာ ကလေးငယ်လေးတွေဆိုရင် ၉ဝ% နာတာရှည်ဖြစ်မယ်။ ၅ နှစ်အောက်ကလေး ၃ဝ% နာတာရှည် ဖြစ်မယ်။ လူကြီးဆိုရင် ၂-၆% နာတာရှည်ဖြစ်မယ်။ မိခင်မှာ ဘီပိုး ရှိနေပေမဲ့ မွေးလာတဲ့ ကလေးမှာ မွေးရာပါ ချို့ယွင်းတာ မဖြစ်ပါ။ ကိုယ်အလေးချိန် နည်းတာ မပြည့်တာတော့ ဖြစ်နိုင်တယ်။

ကိုယ်ဝန်လာအပ်ရင် ဘီပိုးရှိ-မရှိ သွေးစစ်တာကို hepatitis B surface antigen (HBsAg) ခေါ်တယ်။ သံသယရှိသူအားလုံး၊ ဥပမာ မိသားစုဝင်တွေ၊ ဇနီး-ခင်ပွန်း-အဖေါ်တွေကို (HBsAg, antiHBc, antiHBs) တွေ စစ်ရမယ်။
• HBsAg = negative, anti-HBc = negative, anti-HBs = negative ဖြစ်နေသူဆိုတာ၊ ကောင်းတယ်။ ဒါပေမဲ့ တချိန်မှာ ကူးမလားဘူးမပြောနိုင်ဘူး။ ရောဂါ မပြီးသူဖြစ်တယ်။
• HBsAg = negative, anti-HBc = positive, anti-HBs = positive ဖြစ်နေသူဆိုတာ၊ ပိုကောင်းတယ်။ immune due to natural infection သူဟာ မသိမသာပိုးအဝင်ခံထားရာကနေ သဘာဝအရ ရောဂါပြီးနေတယ်။
• HBsAg = negative, anti-HBc = negative, anti-HBs = positive ဖြစ်သူဟာ immune due to hepatitis B vaccination
• ဘီပိုး ကာကွယ်ဆေးထိုးထာလို့ ရောဂါပြီးနေသူ ဖြစ်တယ်။
• HBsAg = positive, anti-HBc = positive, IgM anti-HBc = positive, anti-HBs = negative ဆိုသူဟာ acutely infected လောလောလတ်လတ် ပိုးဝင်တာခံနေရသူဖြစ်တယ်။
• HBsAg = positive, anti-HBc = positive, IgM anti-HBc = negative, anti-HBs = negative ဆိုသူဟာ chronically infected နာတာရှည်ပိုးဝင်နေသူဖြစ်တယ်။
• HBsAg ရှိနေတယ်ဆိုတာ ပိုးလတ်တလောအဝင်ခံရသူဖြစ်တယ်။ ၃-၅ ပါတ်မတိုင်ခင်က ဝင်ခဲ့သူဖြစ်မယ်။ ပိုးဝင်ပြီး နလံထရင် (၃-၄ လ ကြာရင်) ဒါကို မတွေ့တော့ဘူး။ အဲဒီအချိန်မှာ anti-HBs တွေ့လာမယ်။
• HBsAg positive ဖြစ်ပြီး၊ IgM anti-HBc မတွေ့သူဆိုတာ chronic infection နာတာရှည်ပိုးဝင်နေသူဖြစ်တယ်။
• HBsAg = negative, anti-HBc = positive, anti-HBs = negative ဆိုဟာ four interpretations possible (၄) မျိုးဖြစ်နိုင်တယ်။

1. May be recovering from acute HBV infection ရက်တိုရာကနေ နလံထလာသူ၊
2. May be distantly immune and test not sensitive enough to to detect very low level of anti-HBs in serum ရောဂါကိုပြီးပေမဲ့ စမ်းသပ်တဲ့အခါမှာ သွေးထဲမှာ နည်းနေသူ၊
3. May be susceptible with a false positive anti-HBc အပေါင်းပြတာ မမှန်လို့ ရောဂါပိုးဝင်တာခံရနိုင်သူ၊
4. May be undetectable level of HBsAg present in the serum and the person is actually a carrier သွေးစစ်တာမှာ နည်းလွန်းလို့ မပြပေမဲ့ သူများကို ကူးစေနိုင်သူ။

Prevention ကာကွယ်ဆေး
• အမေရိကားမှာ Recombivax HB (Merck and Co., Inc.) နဲ့ Engerix-B (SmithKline Beecham Biologicals) ၂ မျိုး သုံးတယ်။ ကိုယ်ဝန်ဆောင်နေလဲထိုးနိုင်တယ်။ ကလေးတွေကို 0.5 ml ထိုးတယ်။ အသက် ၂ဝ အထက်ကို 1.0 mL IM ထိုးတယ်။
• Acute Hepatitis B ရက်တိုပိုးရှိသူနဲ့ ထိတွေ့လိုက်ရလို့ (လိင်ဆက်ဆံလို့) ဆိုရင် ၁၄ ရက်အတွင်းမှာ HBV vaccine ထိုးပါ။ စုစုပေါင်း ၃ ခါထိုးရမယ်။ ချက်ချင်း၊ နောက် ၁ လ၊ ဒိနောက် ၅ လ။ နောက်ပြီး Hepatitis B immune globulin (HBIG) 0.06 mL/kg IM ကိုလည်း နောက် တင်ပါး၊ လက်မောင်းမှာ ထိုးပါ။
• တကယ်လို့ အရေပြား၊ အရေပြားနုရဲ့အပေါက်အပြဲ၊ ဒဏ်ရာကနေ ဝင်တာဆိုရင် HBIG ကို နောက် တလနေရင် တခါထပ်ထိုးပါ။
• Chronic HBV Infection နာတာရှည်ပိုးရှိနေသူကနေ (လိင်ဆက်ဆံတာဖြစ်ဖြစ်၊ အပ်-သွေးကြောင့်ဖြစ်ဖြစ်) ကာကွယ်ဘို့ hepatitis B vaccine တမျိုးထဲသာ လိုတယ်။
• Acute HBV infection ရက်တိုပိုးဝင်ခံရသူကို ရောဂါဆေးရယ်လို ပေးစရာမလိုပါ။ အထောက်အကူပြုကုသမှုသာ လိုတယ်။ သပ်ဆိုးသူကိုတော့ ဆေးရုံတင်ရမယ်။ Chronic hepatitis B နာတာရှည်ပိုးဝင်သူကို alpha-interferon ဒါမှမဟုတ် Lamivudine ဆေးပေးမယ်။ ကိုယ်ဝန်ဆောင်ကို ဒီဆေး ပေးနိုင်တယ်၊ မပေးသင့်ဘူး၊ အတိအကျ ပြောမရပါ။

• Hepatitis B (1) အသဲရောင် ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
• Hepatitis B (2) အသဲရောင် ဘီ ပိုး (၂) http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html

ဒေါက်တာတင့်ဆွေ (၂-၁-၂ဝ၁၃ )
ဒေါက်တာတင့်ဆွေ - ကိုယ်ဝန် နှင့် ဘီပိုး

No comments: