Friday, January 25, 2013

အိမ်ပြင်ထွက်ရင် ဒါလေးကို သတိရပါ



Charlize Theron မှ AIDS ရောဂါ တိုက်ဖျက်သည့် လုပ်ငန်းစဉ်များတွင် ပိုမို ပါဝင် လှုပ်ရှားကြရန် တိုက်တွန်းပြောကြား

 ဆွစ်ဇာလန် နိုင်ငံ ၊ ဒဲဗို့စ်မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများနှင့် ပတ်သက်သည့် ဆုကို လက်ခံရန် တက်ရောက်ခဲ့သည့်  တောင်အာဖရိကဖွား အမေရိကန် ရုပ်ရှင်သရုပ်ဆောင် Charlize Theron မှ ကမ္ဘာ့ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် AIDS ရောဂါ အမြစ်ဖြတ် ချေမှုန်းသည့် လုပ်ငန်းစဉ်များတွင် ယခုထက် ပိုမို ပါဝင် လှုပ်ရှားကြပါရန် တိုက်တွန်း ပြောကြားခဲ့သည်။

အာဖရိကအား ထောက်ပံ့ ကူညီနေသည့် African outreach foundation တည်ထောင်သူ တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးတမန် တစ်ဦးလည်း ဖြစ်သည့် Charlize Theron သည် အာဖရိက နိုင်ငံများမှ AIDS  ဝေဒနာရှင်များ အတွက် ကူညီ ထောက်ပံ့နေသူ ဖြစ်သည်။ ယနေ့ ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်သည့် AIDS ရောဂါ တိုက်ဖျက်ရေး အတွက် မဟာ ဗျုဟာများကို ဆွေးနွေးကြမည် ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံများမှ စီးပွားရေး ပညာရှင်၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၂၅၀၀ ကျော် တက်ရောက် ဆွေးနွေးလျက် ရှိသည်။

Source: AAP

အိမ်ပြင်ထွက်ရင် ဒါလေးကို သတိရပါ

Wikipedia blog ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်တွင် HIV ရောဂါကြောင့် သေဆုံးသူ ၂၅၀၀၀ ဦးရှိကြောင်းဖေါ်ပြထားသည့် အတွက် ( ၁ ) နာရီလျင် ၂ ဦးကျော်ခန့် HIV ရောဂါဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ရှိ ရပါသည်။ ယနေ့ခေတ် ယဉ်ကျေးမှုသည်လည်း ယဉ်ကျေးမှုပြောင်းကာစ မြန်မာနိုင်ငံကို သက်တမ်းတိုအောင် သေဆုံးမှုများအောင် လုပ်လာ နိုင်ပါသည်။

အာဖဂန်နစ်စတန်သည် HIV ရောဂါမဖြစ် သလောက်နည်းပါးပြီး ဘူတန်နိုင်ငံသည်လည်း ဖြစ်ပွားမူ အနည်းဆုံးဖြစ်ြပီး ဖြစ်ပွားမူ အများဆုံးမှာ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ အိန္ဒိယတို့ဖြစ်သည့် အတွက် နိုင်ငံ ရပ်ခြား သွားကလည်း ထိုနိုင်ငံများတွင် ဆင်ခြင် နေထိုင်သင့်ပါသည်။

လက်ရှိ ကမ္ဘာတွင် HIV ရောဂါဖြစ်နေသူ ၃၃ သန်းကျော်ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်ခန့်မှန်း (၂၄၀၀၀၀) ရှိနိုင်သည်ဟု UNAIDS မှ ခန့်မှန်းထားသည့် အတွက် ၁.၃ ရာနူန်းသာ ဖြစ်ပွားလျှက် ရှိသော်လည်း နောင်ပွင့်လင်းလာမည့် ယဉ်ကျေးမှု အတွက် ကြိုတင် ကာကွယ်တားဆီးမူများ လိုအပ်မည်ဟု ထင်ပါသည်။ ကမ္ဘာတွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံ ၁၆၆ နိုင်ငံရှိသည့် အနက် မြန်မာနိုင်ငံ ဖြစ်ပွားမူ အဆင့်သည် ၅၁ အဆင့်တွင် ရှိနေပါသည်။

ယနေ့ လူငယ်တွေရည်းစား ဖြစ်ပြီး ဘာဆက်ဖြစ်တာ များလာလည်း၊ အနှိပ်ခန်း၊ ခေါင်းလျော်ဆိုင် တစ်ချို့၊ နိုက်ကလပ်၊ ရေချိုခန်း တစ်ချို့၊ မူးယစ်ဆေး၊ ကာမအားတိုးဆေးတွေကြောင့် ဘယ်အမှောင် ထဲကို ရောက်နေလည်း ဒါတွေကြောင့် AIDS ရောဂါ အကြောင်း အရွယ်ရောက် သူတိုင်း သိသင့် လာတယ် လို့မြင်ပါတယ်။

မြန်မာနိုင်ငံတွင် HIV ရောဂါဖြစ်ပွား ရခြင်းမှာ မူးယစ်ဆေးကြောင့် ၄၃%၊ ပြည့်တန်ဆာကြောင့် ၃၁% ဖြစ်ပွားလျက် ရှိပါသည်။ တောင်အာဖရိက နိုင်ငံသည် အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးမှုနှုန်း အများဆုံး ဖြစ်ပြီး ၄င်းတို့၏ ပျမ်းမျှသက်တမ်းမှာ ၄၂ နှစ်ဖြစ်ပါသည်။ မြန်မာတွေလည်း သက်တမ်း ၄၂ နှစ် ဘ၀မရောက်အောင် အေအိုင်ဒီအက်စ်ရောဂါ လျော့နည်းစေရေး အတွက် ဆောင်ရွက် သင့်တာ လေးတွေ အကြံပြု ရေးသာ လိုက်ပါတယ်-------

၁။ မြန်မာတွေ အရှက်အကြောက် ကြီးတယ်ဆိုပြီး အဖြစ်မှန်ကို ဖွင့်မပြောရဲတဲ့ ဓလေ့ကို ရှောင်ကြဉ်ပြီး ပြောရဲအောင် ဦးစွာ လေ့ကျင့်ရပါမည်။

၂။ မိမိရဲ့ မကောင်းမှု လုပ်ခဲ့မှုကို လူသိမှာ စိုးသည့်စိတ်ကို ဖျောက်ပြီး ရင်ဆိုင်ဖြေရှင်း တတ်သည့် အကျင့်ကောင်းရှိအောင် လုပ်သင့်သည်။

၃။ မိမိမကောင်းမူ လုပ်ထားက ( ၃/၆ ) လတစ်ကြိမ် ဆေးစစ်ပါ။ (ထိုကာလတွင် အတူ နေခြင်းကို မည်သူနှင့် မဆိုရှောင် ကြဉ်ပါ။ )

၎။ အနှိပ်ခန်း၊ ကာရာအိုကေခန်း၊ ဂေါက်ကွင်းအချို့၊ နိုက်ကလပ်၊ အပျော်နေရာများတွင် တွေ့သော မည်မျှလှလှ၊ ငယ်ငယ်အမျိုးသမီး တိုင်းကို အဖေါ်မပါဘဲ အတူနေထိုင်ခြင်းမှ လုံးဝရှောင်ကြဉ်သင့်ပါသည်။

၅။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယ စသည့်နယ်စပ်ဒေသများ တွင်နေထိုင်သော အပျိုစဉ် ၀င်စ (၁၄) နှစ်အရွယ်ကိုပင် အဖေါ်မပါဘဲ ဆက်ဆံခြင်းမှ လုံးဝရှောင်ကြဉ်သင့်ပါသည်။ (ရောဂါ ပိုးသည် အသက်ရွယ်နှင့် မဆိုင်ပါ။)

၆။ အမျိုးသမီများ အနေဖြင့် မိမိရည်းစားကို မည်မျှပင် ချစ်စေကာမူ မပေးသင့်သည့် အရာကို မပေးမိအောင်ကြိုစားပါ။ ပေးမိက(ကွန်ဒုံး) အဖေါ်ကိုသုံးဖို့ လုံးဝမမေ့ပါနဲ့၊ မပါတဲ့ နေ့တော့ ရအောင်ငြင်းပါ။ (၁၅ မိနစ်/နာရီဝက် အပျော်ကြောင့် သေတတ်တယ်ဆိုတာ မမေ့ပါနဲ့ ဘယ်လို ပြောပြော မယုံပါနဲ့ စိတ်နောက်လည်း မလိုက်မိပါနဲ့)

၇။ ယောကျာ်း/မိန်းမ အားလုံး ကိုယ့်မှာရောဂါရှိ/မရှိ မသိလည်း အဖေါ်မပါဘဲ ဆက်ဆံမှုကို ဇနီး/လင်မှအပ မည်သူနှင့်မှ မဆက်ဆံပါနဲ့။

၈။ မိမိ မကောင်းမှုပြုလုပ်ထားက ခင်ပွန်းဖြစ်သူသည် မိမိဇနီးမယားနှင့် ရရှိလာမည့် ရင်သွေးကို မသတ်မိစေရန်အတွက် ပွင့်လင်းစွာ ပြောပြသင့်သည်။ ဇနီးစိတ်ဆိုးပြသာနာ တက်မည်စိုးကာ မပြော မိခြင်းကြောင်း နှစ်ဦးစလုံး ရောဂါရရှိနိုင်ပြီး လျှင်မြန်စွာ သေဆုံးသွားလျှင် ကျန်ရှိသား/သမီးများ မိဘမဲ့ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပွင့်လင်းစွာ ပြောဆိုညှိနှိုင်း ဆောင်ရွက် ကြရန်နှင့် ပြသာနာ မရှင်းဘဲ မဖြစ်လောက်ပါဘူးလို့ လုံးဝ လျှော့မတွေးပါနဲ့။ ဖြစ်လာလျှင် ဘယ်လိုဖြစ်သွားမလဲဆိုတာက ကြောက်စရာ အကောင်းဆုံးဆိုတာ မြင်ပါ။ (ကိုယ်ကြောက်တာရယ်၊ လိမ်တာရယ်ကြောင့် အားလုံးသေလိမ့်မယ်)။

၉။ အမျိုးသား၊ အမျိုးသမီးများ နှစ်ဦးစလုံး အိမ်ထောင်မပြုမီ သွေးစစ်ခြင်းကို ကိုယ်ကျူးလွန်ခဲ့မှု အပေါ်မူတည်ကာ (ပ)တစ်ကြိမ်၊ (၃) လတစ်ကြိမ်၊ (၆) လတစ်ကြိမ် စစ်ဆေးသင့်သည်။ (ဆေးမစစ်ဘဲ အိမ်ထောင်ပြုခြင်း လုံးဝရှောင်ကြဉ်သင့်သည်။ ဆေးစစ် ကာလအပျော် ရှောင်ပါ။)

၁၀။ အမျိုးသမီးတိုင်းသည် ဆက်ဆံပြီးတိုင်း ရေဆေးခြင်းသည် အိပ်ခ်ျအိုင်ဗွီဖြစ်ပွားမှုကို ၁၀% အထက် ကာကွယ်နိုင်ကြောင်း သိရသည့်တွက် ပြီးတိုင်း ရေသေချာ ဆေးရပါမည်။

၁၁။ ကွန်ဒုံး ရောင်းဝယ်မှု၊ ကြေငြာမှုများ ယခုထက် ပိုမို ပွင့်လင်းမြင်သာအောင် ပညာပေး ဆောင်ရွက်သင့်သည်။

၁၂။ ယောက်ျားတိုင်းသည် ငယ်စဉ်ကပင် မွေးရာပါအရေပြား ကိုဖြတ်သင့်သည်။ ထိုသို့ဖြတ်ခြင်းသည် အိပ်ခ်ျအိုင်ဗွီရောဂါ ဖြစ်ပွားမှုကို ၆၀% အထက် ကာကွယ်နိုင်ကြောင်း သုတေသန ပြုချက်များအရ သိရပါသည်။
ထိုသို့ ပြုလုပ်ထားသော်လည်း ကာမ ဆက်ဆံရာတွင် အဖော်ဖြင့်သာ ဆက်ဆံရမည်။ (ထိုကြောင့် မွတ်စလင် နိုင်ငံများ ဖြစ်ပွားမူနည်းပါသည်။)

၁၃။ မိမိကိုယ်ကို ရောင်းစားနေသော အမျိုးသား၊ အမျိုးသမီးများ၊ မိန်းမလျာများ (၆) လ တစ်ကြိမ် မဖြစ်မနေ စစ်ဆေးသင့်သည်။

၁၄။ အိပ်ခ်ျအိုင်ဗွီ ရောဂါရှိသူသည် ပွင့်လင်းစွာ ကြေငြာရဲက ကြေငြာရဲသင့်သည်။ မကြေငြာရဲက ကာမဆက်ဆံခြင်းကို လုံးဝရှောင်ကြဉ်ပြီး မိမိတစ်ဦးတည်းသာ ရောဂါရှိအောင် နေပြီး ကျန်သူများကို မသတ်မိအောင် အထူး ဂရုပြုရမည်။

၁၅။ အိပ်ခ်ျအိုင်ဗွီ ရောဂါသည်များကို ခွဲခြားဆက်ဆံခြင်းမှ လုံးဝ ရှောင်ကြဉ်ပြီး လူ့အဖွဲ့အစည်းအတွင်း ၀င်ဆန့်နိုင်ရေး ဆောင်ရွက်ပေးသင့်သည်။ (ခွဲခြားဆက်ဆံမှုသည် တိတ်တဆိတ် လူသတ်သမားများ ပိုမို မွေးထုတ်တတ်ပါသည်။)

၁၆။ အခြားနိုင်ငံတွင် အလုပ်လုပ်ပြီး ပြန်လာသောအမျိုးသား၊ အမျိုးသမီးများနှင့် တွေ့ဆုံက အဖော်သုံးရန်၊ ဆေးစစ်ခိုင်းရန် လုံးဝ(လုံးဝ)မမေ့ပါနဲ့။ (ယောကျာ်းများ မြိုကြီးမှ ပြန်လာက ဆေးစစ်ရမည်အ လုပ်လုပ်လာလျင် ဆေးစစ်ပါ၊ ဇနီးကလည်း စစ်ခိုင်းပါ။)

၁၇။ အေအာရ်တီဆေးအား ရောဂါဖြစ်သူတိုင်းကို တိုက်ကျွေးနိုင်အောင် နိုင်ငံတော်၊ လူမှု ကူညီရေးအသင်းတို့ အပြင်နိုင်ငံတကာ အကူအညီ များ ဖြင့်ဆောင် ရွက်ပေးသင့်သည်။

၁၈။ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲထားချိန်တွင် အဖော်အသုံးပြုရန် သတိမေ့လျော့မှုကြောင့် ရောဂါ ပိုမို ရရှိတတ်သည့်အတွက် အလွန်အကျွံသုံး စွဲမှု လုံးဝ(လုံးဝ)ရှောင်ကြဉ်သင့်တယ်။ (ထိုနေ့မျိုးတွင် လုံးဝဆက်ဆံခြင်း မပြုမိအောင် နေထိုင်သင့်သည်)။

၁၉။ အိပ်ခ်ျအိုင်ဗွီ ရောဂါဖြစ်က ရှက်စရာကောင်းသည်ဆိုသော အတွေးကိုဖျောက်ပြီး ဆေး ၀ါးများအားမှန်ကန်စွာသုံးစွဲက သာမန်လူတစ်ဦးလို နေထိုင်နိုင်ကြောင်း သိရှိပြီး ရင်ဆိုင်ရဲသည့် စိတ်ရှိအောင် လုပ်ရန်။

၂၀။ ဆေးထိုးအပ်အား မည်သည့် အတွက်ကြောင့်သုံးသုံး တစ်ခါသုံး ဆေးထိုးအပ်ကိုသာ သုံးရန်။

၂၁။ မည်သည့် အကြောင်းကြောင့် သွေးသွင်းသည်ဖြစ်စေ၊ သွေးစစ်ပြီး သားသွေးကိုသာသွင်း ရန်။ (မစစ်ရသေးသော သွေးအား မသွင်းလေ ကောင်းလေ ဖြစ်ပါသည်။)

၂၂။ ထိခိုက် ဒဏ်ရာများ ဖြစ်ပွားနေချိန် အိပ်ခ်ျအိုင်ဗွီ ရောဂါသည်များအား မကိုင်တွယ်မိရန် ဂရုပြုပါ။(ကိုင်တွယ်ရန်ရှိက အကာအကွယ် ကရိယာဖြင့်သာ ကိုင်/ထိသင့်သည်။)

၂၃။ ဆေးထည့် ကိရိယာများအား သေချာပိုးသတ်ပြီးမှ လူနာတိုင်းကို အသုံးပြုသင့်သည်။ (မိမိပေါ့ဆမူကြောင့် လူမသတ်မိအောင်လုပ်ပါ။)

၂၄။ မုဒိမ်းကျင့် ခံရ အမျိုးသမီးများ ငိုကြွေးခြင်းကို လုပ်ရင်း သုပ်ပိုးများကို ထမီ၊ အတွင်းခံတို့ဖြင့် ဆေးစစ်ခံနိုင်အောင် သုတ်ထားပြီးနောက် ရေရှိရာ နေရာရှာဖွေ၍ သေခြာဆေးကြောပါ။ သုပ်ပိုးရှိ အ၀တ်စားကို ရေမစိုအောင် သုတ်ပိုးမပျောက်အောင် ဂရုပြုပါ။ ရေဆေးပြီးက ဆေးရုံအမြန်ဆုံး သွားပြီး တားဆေးစားခြင်း၊ ထိုးခြင်းများ ကုဆရာဝန် ညွန်ကြာချက် အတိုင်းလုပ်ရန်။ အမှု့ဖွင့်ရန် အတွက်ဆုံးဖြတ်လုပ်ကိုင်ရန်။ (၃/၆) လ-နှစ်ကြိမ် ခွဲဆေးစစ်ပါ။ (ဥပဒေကြောင်း ညီညွတ်အောင် ပညာပေးသင့်သည်။)

၂၅။ ပြည့်တန်ဆာဆိုတာ ဘုရားလက်ထက် ကတည်းက ရှိခဲ့တာပါ။ နောင်လည်း ရှိနေမှာပါ။ လက်ရှိလည်း မြန်မာနိုင်ငံမြို့ ၅၀% မှာ ပြည့်တန်ဆာတွေ တိတ်တိတ်ပုန်း ရှိနေတယ်လို့ ထင်ပါတယ်။ အဲဒီလို တိတ်တိတ် ပုန်းရှိတဲ့ အတွက် ပြည့်တန်ဆာတွေကို ဆေးမစစ်ပေးနိုင်တော့ အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွား ကူးစစ်မှုဟာ ပိုမိုဖြစ်ပွား လာနိုင်တယ်လို့ ယူဆပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဘယ်မြို့၊ ဘယ်နေရာတွေမှာ တရားဝင်ခွင့်ပြုသင့်လဲ၊ မပြုသင့်လဲဆိုတာ နောင်လာနောင်သား အသက်ရှည် ကျန်းမာရေး အတွက် အမှန်တရားကို ရှေးရှုပြီး စဉ်းစားဆောင် ရွက်ပေးသင့်ပါတယ်။
(နယ်စပ် မြို့များတွင် ဦးစွာ ဖွင့်ခွင့်ပြုသင့်ပါသည်။ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းတွင် အဖြစ်များဆုံး ဖြစ်ပြီး ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်၊ ပဲခူး တို့တွင် ဒုတိယ အဖြစ်များပါသည်။)

၂၆။ ကွန်ဒုံး ပေါက်မူဖြစ်က ရေဆပ်ပြာဖြင့် မွေးရာပါကို သေချာဆေးကြောပါ။ ရေမရှိနေရာ ဖြစ်က ရေရှိနေရာရောက်အောင် သွားပြီး ဆေးကြော ခြင်းကို အမြန်ဆုံး လုပ်ပါ။ (၃/၆) လနှစ်ကြိမ် ဆေးစစ်ရန်၊ ဆေးစစ်စဉ် ကာလတွင် ဆက်ဆံခြင်း လုံဝရှောင်ကြဉ် သင့်သည် ၊ မရှောင်ကြဉ်က တစ်ခြားသူကိုပါ လူသတ်မူ ကြူးလွန်နိုင်သောကြောင့် ဖြစ်ပါသည်။

၂၇။ အနာရှိသော လက်နှင့် မကိုင်သင့်သည့်အရာ၊ မနိုက်သင့်သည် အရာ မည်သည့်အကြောင်းနှင့်မှ မနိုက်မိအောင် နေပါ အနိုက်မှား ရင်လည်း ရောဂါ ရတတ်ပါသည်။

၂၈။ ပါးစပ်ကို မဆင်မခြင် မသုံးမိပါစေနှင့် အရေ၀င်ကလည်း ရောဂါရတတ်သည်ကို မမေ့ပါနဲ့။
၂၉။ အေအိုင်ဒီအက်စ် ရောဂါသည်အား ဆေးရုံတိုင်းတွင် မှတ်ပုံတင်ခြင်း၊ ဓါတ်ခွဲခန်းတိုင်း တွင်မှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီး ဆေးသုတေသနဌာနသို့ လစဉ်ပေးပို့ကာ စာရင်းမှန်များ (၁) နှစ်တစ်ကြိမ်ထုတ် ပြန်ပြီး ကာကွယ်ကုသရေး ဆောင်ရွက်သင့်သည်။

၃၀။ အမျိုသမီးကွန်ဒုံးသုံးရေး ပညာပေး ဆွေးနွေးသင့်သည်။( အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသူများ ရီးစားရှိက ဆောင်သင့်သည်။)

၃၁။ ရောဂါဖြစ်က ကျွမ်းကျင် ဆရာဝန်များဖြင့် ကုသသင့်သည်၊ ရမ်းကု အတုအရောင်ဆရာ ၀န်များပပျောက်အောင် အစိုးရမှကြပ်မတ် သင့်သည်၊ ဆေးကုသစရိတ် လျော့နည်းအောင်လည်း စီမံပေးသင့်သည်။

၃၂။ ဆေးမှင်ကြောင်ထိုးရာတွင် လူတိုင်းကို ပိုးသတ်ပြီး ကိရိယာဖြင့်သာ အသုံပြုရေး ပညာပေး ကြပ်မတ်သင့်သည်။
၃၃။ ခွဲစိတ် ကရိယာများအား လူတစ်ဦးခြင်းစီ အတွက် ပိုးသတ်ပြီးကိရိယာကို သာသုးံခြင်း၊ အေအိုင်ဒီအက်စ် ရောဂါသည် အတွက် ခွဲခန်း၊ ခွဲစတ်ကရိယာ၊ သီးခြား အဆောင်ထားသင့်သည်။

၃၄။ ဆံပင်ညှပ်တိုင်း၊ကတုံးတုံးတိုင်း၊အရေပြားလှီးတိုင်း၊ဂေါ်လီသွင်းတိုင်း၊ ဂျယ်လီထိုးတိုင်း တစ်ခါသုံး ကရိယာကိုသာသုံးသင့်သည်။

၃၅။ အထက်တန်းကျောင်းများမှ စပြီး အေအိုင်ဒီအက်စ် ပညာပေးခြင်းကို ဆောင်ရွက်သင့် သည်။ (နယ်စပ်ဒေသများတွင် အလယ်တန်း အဆင့်ကျောင်းမှစ ဆောင်ရွက်သင့်သည်။)

၃၆။ ကိုယ်ဝန်ဆောင် မိခင်တိုင်း သွေးစစ်ပါ၊ ရောဂါရှိက လက်သည်ဖြင့် မမွေးဘဲ ဆေးရုံဆေး ခန်းတွင်မွေးပါ၊ မေွးခန်းအေအိုင်ဒီအက်စ် ရောဂါသည် အတွက် သီးခြားထားသင့်သည်။

၃၇။ အေအိုင်ဒီအက်စ် ရောဂါပညာပေးခြင်းကို နည်းလမ်းပေါင်းစုံဖြင့် အရွယ်ရောက်သူတိုင်း သိအောင် ပညာပေးသင့်သည်။

၃၈။ ဈေးနှုန်းသက်သာစွာနှင့် လွယ်ကူ လျင်မြန်စွာမှန်ကန်စွာ သွေးစစ်နိုင်ရေးမြို့တိုင်းနှင့် ကျေးလက် ဆေးပေးခန်းတိုင်းတွင် စီစဉ်ပေးသင့်သည်။

၃၉။ ဆေးစစ်ရာတွင် အများစုသည်နံမည် အမှန်ဖြင့် ဆေးမစစ်သည့်အတွက် မှတ်ပုံတင် အမှန်ပြောရန် ပြဌာန်းသင့်သည်။ သို့မှာသာ ဖြစ်ပွားနူန်း အမှန်ကို သိရှိနိုင်ပါမည်။ (မဟုတ်က လူထပ်နိုင်ပါသည်။)

၄၀။ ရောဂါရှိမှန်း သိလျက်နှင့် အခြားသူများအား အဖေါ်မပါဘဲ ဆက်ဆံသူအား လူသတ်မှု ဖြင့်အရေးယူနိုင်ရေး ဥပဒေပြဌာန်း သင့်သည်။(ကျား/မ မခွဲခြားဘဲ အရေးယူ သင့်သည်။)

၄၁။ ဆရာဝန်များ၏ ပေါ့ဆမူကြောင် အေအိုင်ဒီအက်စ်ရောဂါရရှိက စီစစ်အရေးယူနိုင်ရေး ဆောင်ရွက်သင့်သည်။ ဆေးရုံများမှ ပေးလျော်ရေး ဥပဒေ သတ်မှတ်သင့်သည် ထင်ပါသည်။

၄၂။ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရန်မှာ ယောက်ကျား အရေပြားဖြတ်၊ ကွန်ဒုံဆောင်၊ ကွန်ဒုံသုံး၊ ရေဆေး၊ ဆေးစစ်၊ ပွင့်လင်းစွာပြော၊ တစ်ခါသုံးအပ် ကရိယာသုံး၊ မနိုက်သင့်တာ မနိုက်နဲ့၊ဖြစ်လာသူကို ခွဲခြား မဆက်ဆံနဲ့၊ မှူးယစ်ဆေး၊ အရက် လွန်ကျွံ့ သုံးစွဲခြင်းရှောင်၊ ဖြစ်လာရင် ဆေးမှန်မှန်သောက် ဒါဆိုရင် လူငယ်တွေ အသက်ရှည်မှာပါ။

၄၃။ ထိုင်းနိုင်ငံသည် ၁၉၈၄တွင် (၁.၁)သန်းကျော် ရောဂါဖြစ်ပွားခဲ့ပြီး (၅) သိန်းကျော် သေဆုံးရာမှ အလေးထား ကာကွယ်မူကြောင့် ၂၀၀၉ တွင် ဖြစ်ပွားသူ (၅) သိန်းကျော်ရှိပြီး သေဆုံးမူမှာ (၂၈၀၀၀) သာဖြစ်အောင် ဟန်တား ကာကွယ်နိုင်မူအား လေ့လာ အတုယူ သင့်ပါသည်။ တရားဝင် ပြည်တန်ဆာ ရှိနေရာနှင့် တန်းတူ မြန်မာနိုင်ငံတွင် HIV ရောဂါဖြစ်ပွားမှုအား နိုင်ငံတော် အစိုးရနေဖြင့် အမျိုးသားရေး တာဝန်တစ် ရပ်အဖြစ် ဆောင်ရွက်သင့်ပါကြောင်း တင်ပြ လိုက်ရပါသည်။

၄၄။ လက်ရှိ အဖြစ်များတဲ့ နေရာတွေကတော့ မူဆယ်၊ တာချီလိတ်၊ ကောသောင်း၊ ထားဝယ်၊ ရေး၊ ဖားကန့်၊ မြစ်ကြီးနား၊ ကလေး၊ တမူးဒေသများ အဖြစ်များကြောင်း ကြားသိရ၍ မှန်ကန်မှု ရှိမ/မရှိ စီစစ်ခြင်း ဇုံသတ်မှတ်မှုအား ဖြစ်ပွားမှုလိုက် အဆင့်သတ်မှတ်ခြင်းများ ဆောင်ရွက် သင့်သည်။

Written By Worst PawOo

No comments: