Saturday, November 10, 2018

iPad Pro (2018) အကြောင်း



Tablet လောကမှာ ဘုရင်လို့ ပြောလို့ရတဲ့ iPad တွေဟာ အခုဆိုရင် Laptop လောကကို ကြီးစိုးချင်လာပုံရပါတယ်။

"ဟာ မင်းဟာက ဖြစ်နိုင်ပါ့မလားကွာ မင်း iPad က ငါတို့လို Keyboard တို့ Trackpad တို့မှမပါတာ။ ပြီးတော့ 4K Display လည်းမဟုတ်ဘူး၊ Game လည်းမရဘူး" ဘာညာ စသဖြင့်ပြန်ပြောကြပါလိမ့်မယ်။ စာရေးသူက OS Platform မတူ လျောက်နေတဲ့ လမ်းချင်းမတူတဲ့ Mac နဲ့ Windows or iOS နဲ့ Android OS ကိုယှဉ်လေ့မရှိပါဘူး။ ဒီ iPad Pro ကလဲ Windows Laptop တွေကို ကြီးစိုးနိုင်တယ်လို့ ပြောလိုက်တာကလဲ iPad Pro ရဲ့ Software နဲ့ Hardware ကြောင့်မဟုတ်ပါဘူး။ Functions & Features တွေကြောင့်ပါ။

စာရေးသူ ဘယ် Tablet မှကြိုက်လေ့သူမဟုတ်ပါ။ Tablet ဆိုတာကလဲ ဖုန်းတစ်လုံးကို အပြားကြီးအောင်လုပ်ထားတာကလွဲလို့ ဘာမှမထူးပါလို့ခံယူထားလို့ပါ။ ဒါမဲ့ Tablet ရဲ့ အသုံးဝင်တဲ့ နေရာတွေရှိပါတယ်။ ဥပမာ Office သမားတွေ တစ်နေရာနဲ့တစ်နေရာ နေ့စဉ်နဲ့အမျှ Tablet ထက် လေးလံလှတဲ့ Laptop သယ်ရတာ ကြာရင် ငြီးငွေ့လာပါလိမ့်မယ်။ ပြီးတော့ ကိုယ်ရဲ့ Office Data တွေကို ဖုန်းထဲထည့်ပြီးသုံးလို့ရပေမဲ့ Screen သေးသေးနဲ့ စာပြန်ရေး စာပြန်ပြင်တို့ကြတော့ Laptop လောက်မပြည့်စုံပြန်ဘူး။ ဖုန်းတွေက Office နဲ့ပက်သက်ရင် Read and Analyze အနေအထားပဲရှိတယ်။ ဒီတော့ Laptop လောက်လဲ မလေးလံ၊ Office Software တွေကိုလည်း သုံးလို့ရတဲ့ Tablet ကအဆင်ပြေဆုံးပါ။ နောက်တစ်ခုက Multimedia Device အဖြစ်အသုံးဝင်မှု - ဖုန်းတွေမှာ 4K တွေ Full HD Video တွေ ကြည့်လို့ရနေတယ်ဆိုပေမဲ့ Screen သေးနေတာက လူအချို့ကို အားမရစေမှာအမှန်ပါပဲ။ ဒီတော့ Tablet နဲ့ ဇိမ်ယူမှအဆင်ပြေဆုံးဖြစ်မှာပါ။ Gaming လဲအတူတူပါပဲ (not Pro Gaming)။

အခုအသစ်ထွက်လာတဲ့ iPad Pro ဟာ Office and Media Device အနေနဲ့ မဟုတ်တော့ပါပဲ Graphic ပိုင်းကိုပါ Pro အနေနဲ့ အသုံးပြုလို့ရပါပြီ။ ဆိုတော့ Tablet တစ်လုံးက Office လောက်ပဲအသုံးဝင်မှုကနေ အခုဆို Graphic သမားတွေအတွက်ပါ ဖြစ်လာပါပြီ။ အရင်က ပုံဆွဲ၊ Retouch ကိုင်ရုံအဆင့်ကနေ ပိုပြီးတိုးတတ်လာတော့ Apple အနေနဲ့ ကြွားလုံးထုတ်တာ မမှားပါဘူး။

Photoshop သုံးရတာကွာ ဘာထူးဆန်းလို့လဲ?? ဆိုရင် မထူးဆန်းပါဘူး။ ဒါမဲ့ 3GB Size ရှိတဲ့ Photoshop PSD file ကို Lag ခြင်းမရှိပဲ သုံးလို့ရတာက တစ်ကယ်ကိုကျွတ်စ်ဆင်ကြီးပါ။ အဲ့ 3GB File မှာ Layer ပေါင်း 12,000 x 12,000 ဆိုတော့ ကဲမြှောက်ကြည့်ပေတော့...
အဲ့လောက်များတဲ့ Layers တွေရှိတဲ့ဖိုင်ကို 10 သိန်းဝန်းကျင်ရှိတဲ့ Windows Laptop တွေ Lag ခြင်းမရှိပဲ သုံးလို့ရဖို့ကမလွယ်ကူလှပါ သို့သော် iPad Pro ကအေးဆေးပါ။ 92% သော Windows Laptop တွေထက်မြန်တယ်လို့ပြောသွားတာက တကယ်များဖြစ်နေမလား?? ...

Apple Device တွေဟာ Display မှာ Color မှန်တယ်လို့ နာမည်ကြီးပြီး Graphic သမားတွေအကြိုက်များပါတယ်။ iPad Pro မှာ Brightness 484 nits ရှိပြီး Microsoft Surface Pro 6 နဲ့ Samsung Galaxy Book 2 ထက်ပိုလင်းပါတယ်။ Laptop Mag ရဲ့ပြောကြားချက်အရ Color Accuracy ပိုင်းမှာဆိုရင် OLED သုံး Galaxy Book 2 ထက်ပို ပိုကောင်းတယ်၊ Surface Pro က iPad Pro ထက်ပိုပြီး Color Slightly ဖြစ်တယ်ဆိုပေမဲ့ Accuracy ပိုင်းမှာတော့ iPad Pro ကိုမမှီပါဘူး... အရင် iPad Pro အတိုင်း 120Hz Display နဲ့ True-tone Display ဘာညာ Features လေးတွေပါလာပါတယ်။ Resolution ကတော့ အကြမ်းဖြစ်တဲ့အတွက် ထည့်မရေးတော့ဘူး... Design ပိုင်းကတော့ ရိုးရှင်းတယ် ပိုလှတယ် ဘောင်ပါးတယ် ဒါပါပဲ။ MacBook and Mac Mini လို့ 100% Recycled Aluminum မဟုတ်ဘူးထင်ပါတယ်။


နောက်တစ်ခုက Performance (Crazy Fast Performance) 

iPhone XS A12 Bionic ထက် ပိုမြန်သော A12x (7nm) ဟာ Performance Core ၄ လုံးနဲ့ High-efficiency Core ၄ လုံးနဲ့ပါ။ GPU က အရင်ထွက်ခဲ့တဲ့ iPad Pro A10x ထက် ၂ ဆပိုမြန်ပါတယ်။ NBA Live ကိုဆော့ပြပြီး ကြေငြာသွားတာ ရုပ်ထွက်ကတော့ ရှယ်ပဲ။ Geekbench 4 နဲ့ စမ်းသပ်ချက်တွေထွက်လာတော့ iPad Pro 12.3-inch ဟာ Microsoft Surface Pro 6 i5 နဲ့ Dell XPS 13 i7 ထက်ပိုမြန်နေပါတယ်။

Snapdragon 850 သုံးထားတဲ့ Samsung Galaxy Book 2 ဟာ iPad Pro နဲ့ယှဉ်ရင် ရလဒ်က အစွန်အဖျားတောင်မရှိ၊ Sad 😞

Video Rendering ပိုင်းမှာဆိုရင် Adobe Rush App ကိုသုံးပြီး 12 mins ရှိတဲ့ 4K Video ကို Rendering လုပ်တာ 7 mins and 47 secs ပဲကြာပါတယ် (အတော်ကြာသွားလား :3) ဒါဟာ MacBook Pro 13-inch ထက်ပိုမြန်နေပါတယ်။ MacBook Pro မှာ 25:53 ၊ Surface Pro 6 မှာ 31:54၊ Dell XPS မှာ 31:03 ပါ။

Photo Rendering မှာဆိုရင်လည်း 50 RAW files တွေကို Adobe Lightroom နဲ့ JPG အဖြစ်ပြောင်းတာ 59 sec နဲ့ပြီးတယ်ဗျာ :3 Surface Pro 6 မှာ 01:35၊
MacBook Pro မှာ 01:36၊ Dell XPS မှာ 02:01 ပါ။ OS မတူတဲ့ ဟာကိုယှဉ်တယ်ဆိုပေမဲ့ Electronic Device တွေမှာ Performance ဟာ မြန်လေ၊ တိကျလေ လူပိုကြိုက်လေပါ။ သို့သော် Photoshop က 2019 မှသုံးလိုရမှာပါ။

နောက်ပြီး Layers တွေအများကြီးရှိတဲ့ 3GB PSD file ကို AR App အချို့နဲ့ ပေါင်းပြီး AR 3D Photo တွေအဖြစ် လဲပြောင်းလဲလို့ရပါသေးတယ်။ ဆိုတော့ ဒီလောက်ကြမ်းနေတဲ့ Performance နဲ့ Tablet ဆိုတော့ Lag နေတာနဲ့တိုင်ပတ်နေတဲ့ W User တွေကို အာရုံစိုက်သွားစေမှာအမှန်ပါပဲ။ နောက်ဆိုရင် intel ကိုတောင် Apple သုံးပါတော့မလား??? ကိုယ်တောင် လိုချင်နေမိ...

Camera and Security 

အရင်က iPad Camera တွေက သုံးစားလို့မရအောင် ဝဲပါတယ်။ အခုတော့ iPad Pro Camera က iPhone တွေလို Function တွေနဲ့ ရှယ်သုံးလို့ရပါပြီ။ သို့သော် OIS မပါသေးပါ (ရေးရမှာပျင်းလို့) Security ကတော့ Touch ID ဖြုတ်လိုက်တဲ့အတွက် FaceID ဖြစ်သွားတယ်။ နည်းပညာကတော့ iPhone X/XS တို့နဲ့အတူတူပါပဲ။ FaceID ကို Portrait ပဲဖြစ်ဖြစ် Landscape ဖြစ်ဖြစ်ဖွင့်လို့ရပါတယ်။ ဒါကလဲ iPhone X မှာကတည်းက ရတာပါ။ Iris Scanner နဲ့တော့ ကွာပ 👀

Type-C and Speaker

ပြောင်းလိုက်တာဝမ်းသာဆုံးပဲ၊ အသုံးဝင်တဲ့ ပစ္စည်းတစ်ခုက ချိတ်ဆက်မရရင် အတော်ဂွကျတယ်။ အခုလိုပြောင်းလဲလိုက်တော့လဲ Camera လား Memory Card Reader လား ဘာလား ညာလား စသဖြင့် လွယ်လွယ်ကူကူ ချိတ်ဆက်လို့ရလာတယ်။ အထူးသဖြင့် 5K Monitor နဲ့ချိတ်ဆက်လို့ရပြီး သုံးလို့ရတာကို အတော်လေး အကြိုက်တွေ့မိပါတယ်။ Lighting Cable တွေတောင် Type-C တစ်ဖက် Lighting Connector တစ်ဖက် ပြောင်းထုတ်မှ iPad နဲ့ကော MacBook အသစ်တွေနဲ့ကော ချိတ်ဆက်ရတာ အဆင်ပြေမှာပါ။ Speaker ၄ လုံးနဲ့လာတယ်။ ပိုကျယ်တယ် ပိုကောင်းတယ်ပေါ့...

Apple Pencil & Keyboard 

အရင်လို မဟုတ်ပဲ Pen မှာ Gesture လေးတွေပါတယ်။ ပြီးတော့ Magnetic Connector ပါလို့ iPad Pro Body နဲ့ကပ်ပြီး အားသွင်းလို့ရပါတယ်။ ကပ်လို့ရတာဖြစ်တဲ့အတွက် အရင်လို့ ပျောက်ဖို့အခွင့်အရေးနည်းသွားတာပေါ့။  ဒါက Surface Pro ကိုလိုက်တုတာပါ။ ပုံဆွဲတာတို့ စာရေးတာတို့မှာ Pen ကို Double Tap လုပ်ရုံနဲ့ Tools တွေပြောင်းလို့ရပါတယ်။ Keyboard ကတော့ International မှာအဆင်ပြေမယ်ထင်ပါတယ်။ Local မှာ မြန်မာစာ လက်ကွက်ရမရက မသိ??

ဆိုတော့ iPad Pro ဟာ Multi Media Device တစ်ခုအနေနဲ့မဟုတ်ပဲ အလုပ်တွင်ကျယ်စေမဲ့ Office
ပိုင်းတွေ၊ အရင်လို ပုံဆွဲ၊ Retouch ကနေ ပိုပြီး Advance ဖြစ်လာတဲ့ Graphic ပိုင်းတွေ အထိအသုံးဝင်လာတာဆိုတော့ ပြီးခဲ့တဲ့ နှစ် 92% Laptop တွေကို Kill နိုင်တာ တစ်ကယ်များလား?? Music ပိုင်းမှာတောင် Pro ဆန်ဆန်သုံးလို့ရနေတာ နောက်ပိုင်း iMovie မဟုတ်ပဲ Final Cut တို့ထိရလာမယ်ဆိုရင် Windows Laptop ထက် မျက်ခုံးလှုပ်စရာပါ။ ကျွန်တော်အထင် Final Cut၊ Motion၊ Logic X တို့က MacBook ရဲ့ အဓိက App တွေဖြစ်နေတော့ iPad အပေါ် လွယ်လွယ်နဲ့ ပေးရောက်မယ်မထင်ဘူး... သို့သော် ယခုအနေအထားမှာတင် iPad Pro က Microsoft နဲ့ Third Party Laptop Company တွေအတွက် မျက်ခုံးလှုပ်စရာ အဆင့်ရောက်လာပါပြီ။


“Observe Here, Trust Yourself”

Planet X

#planetx #apple #ipadpro

No comments: