မာလာကြက်ခြေထောက်သုပ်
ကြက်ခြေထောက်ကို နူးနေအောင် ပြုတ်ပြီးမှ သုပ်ထားတဲ့ ကြက်ခြေထောက်သုပ်ပါ။ စီချွမ်းငရုတ်ဆီ မွှေးမွှေးလေးနဲ့ ချဉ်စပ်အရသာမို့ ကြိုက်နှစ်သက်ကြမှာပါ။ ကြက်ခြေထောက်ကို နူးအောင်ပြုတ်ဖို့တော့ လိုပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ခြေထောက် – ၁၅ ချောင်း
ပဲငံပြာရည်အကျဲ – စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်အပျစ် – စားပွဲဇွန်း ၂ ဇွန်း
ဆီ – စားပွဲဇွန်း ၂ ဇွန်း
အသုပ်သုပ်ရန် ဆော့စ်အတွက် ပါဝင်ပစ္စည်းများ
စီချွမ်းငရုတ်ဆီ – စားပွဲဇွန်း ၂ ဇွန်း
ပဲငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
ရှလကာရည် – စားပွဲဇွန်း ၂ ဇွန်း
သခွားသီး – ၁ ခြမ်း
မြေပဲလှော် – စားပွဲဇွန်း ၂ ဇွန်း
နှမ်းလှော် – စားပွဲဇွန်း ၁ ဇွန်း
ချင်း – ၁၅ ဂရမ် (နုပ်နုပ်စဉ်းပါ)
ကြက်သွန်ဖြူ – ၂၀ ဂရမ် (နုပ်နုပ်စဉ်းပါ)
ကြက်သွန်မြိတ် – ၂ ပင် (ပါးပါးလှီးပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
စီချွမ်းငရုတ်ကောင်းစေ့ကြော် (ဆီ + စီချွမ်းငရုတ်ကောင်းစေ့)
ပြုလုပ်နည်း
၁။ ကြက်ခြေထောက်ကို သန့်ရှင်းအောင်ဆေးပြီး ရေစစ် ထားပါ။ ခြောက်သွေ့အောင် Kitchen Paper ဖြင့် သုတ်ပါ။
၂။ ပြီးလျှင် ပဲငံပြာရည် ၂ မျိုးနဲ့ နယ်ပါ။
၃။ ပြီးလျှင် ဆီအိုးတည်ပြီး ကြက်ခြေထောက်ကို ကြော်ပါ။ နီညိုရောင်သန်းလျှင် ရေထည့်ပြီး နူးအောင် ပြုတ်ပါ။
၎။ သခွားသီးကို ထက်ခြမ်းခြမ်းပြီး ပါးပါးလှီးပါ။
၅။ စီချွမ်းငရုတ်ကောင်းစေ့ကို ဆီနည်းနည်းဖြင့် မွှေးလာအောင် ကြော်ထားပါ။
၆။ ပန်းကန်လုံးကြီးတစ်လုံးထဲ စီချွမ်းငရုတ်ဆီ၊ ရှလကာရည်၊ သခွားသီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ စီချွမ်းငရုတ်သီးကြော်၊ ပဲငံပြာရည်၊ ဆားနှင့် ရေ နည်းနည်းထည့်ပြီး သမအောင် မွှေထားပါ။
၇။ ပြီးလျှင် နီညိုရောင်သန်းပြီး ပွလာတဲ့ ကြက်ခြေထောက်ထည့်ပြီး မွှေပါ။
၈။ ပြီးလျှင် မြေပဲလှော်၊ နှမ်းဖြူးပြီး သုံးဆောင်ပါ။
ခရမ်းချဉ်သီးထောပတ်ထမင်းနဲ့ ယူနန်စတိုင်လ်ကြက်ပေါင်ကြော်
ခရမ်းချဉ်သီးထောပတ်ထမင်း
ဆန် - ၄ ခွက် ( ပေါင်းအိုးထဲကခွက်)
ရေ - ၅ ခွက် (ပေါင်းအိုးထဲကခွက်)
ခရမ်းချဉ်သီးမှည့်မှည့် - ၄ လုံး ( ၂၇၀ ဂရမ်)
ခရမ်းချဉ်သီးအနှစ် (သံဘူး) - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
ကြက်သွန်နီ - ၁၀၀ ဂရမ်
နာနတ်ပွင့် - ၂ ပွင့်
သစ်ကြံပိုးခေါက် - ၁ ချောင်း
ကရဝေးရွက် - ၂ ရွက်
ဖာလာစေ့ - ၄ စေ့
ထောပတ် - ၃၀ ဂရမ်
ဆီ - စားပွဲဇွန်း ၅ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
စပျစ်သီးခြောက် - စားပွဲဇွန်း ၂ ဇွန်း
သီဟိုဠ်စေ့ကြော် - စားပွဲဇွန်း ၃ ဇွန်း
ပြုလုပ်ပုံ
1. ခရမ်းချဉ်သီးပြုတ်ရန် အိုးထဲကို ရေထည့်ပြီး ဆူအောင်တည်ထားပါ။
2. ရေဆူလာလျှင် ခရမ်းချဉ်သီးထည့်ပြုတ်ပါ။ ခရမ်းချဉ်သီးအက်ကွဲပြီး နူးရင် ဆယ်ပြီးအအေးခံထားပါ။
3. ပြီးလျှင် ခရမ်းချဉ်သီးကို ဆန်ခါဖြင့်တိုက်ပြီး အနှစ်ယူထားပါ။
4. ရတဲ့ ခရမ်းချဉ်သီးအနှစ်ထဲကို ဘူးထဲမှ ခရမ်းချဉ်သီးအနှစ်နဲ့ရောပြီး မွှေထားပါ။ အရောင် ပိုပြီးလှစေချင်တဲ့အတွက်ပါ။
5. ပြီးလျှင် ကြက်သွန်နီကြော်ဖို့အတွက် ဆီအိုးတည်ပါ။ ဆီပူလာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီထည့်ပြီး ကြော်ပါ။ (ထောပတ်နဲ့ကြော်လည်းရပါတယ်)
6. နီညိုရောင်သန်းလျှင် ဆယ်ထားပါ။ ကြော်ဆီကိုလည်း သိမ်းထားပါ။
7. ဆန်ကို ၃ ကြိမ်ဆေးပြီး ဆန်ခါဖြင့်စစ်ထားပါ။
8. ရေစစ်သွားရင် လျှပ်စစ်ထမင်းပေါင်းအိုးထဲထည့်ပါ။ ပြီးနောက် ခရမ်းချဉ်သီးအနှစ်ထည့်ပါ။ ကြက်သွန်နီကြော်နဲ့ အကြော်ဆီတစ်ဝက်ထည့်ပါ။ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက်၊ ဖာလာစေ့၊ ဆား၊ အသားမှုန့်ထည့်ပါ။ ပြီးလျှင် ရေထည့်ပြီး နှံ့စပ်အောင်မွှေပြီးချက်ပါ။
9. ထမင်းကျက်ပြီး ခလုတ်တက်သွားရင် ကျန်တဲ့ ကြက်သွန်နီကြော်၊ ထောပတ်၊ စပျစ်သီးခြောက်၊ သီဟိုဠ်စေ့ထည့်ပြီး မွှေပေးပါ။
ယူနန်စတိုင်လ် ကြက်ပေါင်ကြော်
ကြက်ပေါင် - ၆ ပေါင် ( ၅၅၀ ဂရမ်)
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်း
ဆန်အရက် - စားပွဲဇွန်း ၁ ဇွန်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Spicy salt - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ(ထောင်းထားပါ) - ၂၀ ဂရမ်
ချင်း(ထောင်းထားပါ) - ၁၅ ဂရမ်
ဂျုံမှုန့် - အနည်းငယ်
ကြော်ရန်ဆီ - အနည်းငယ်
Spicy Salt လုပ်ရန်အတွက်….
ဆား - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
စီချွမ်းငရုက်ကောင်းစေ့ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ထောင်းထားပါ)
တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံ
1. ပထမဦးဆုံး ဒယ်အိုးအသေးတစ်လုံးထဲကို ဆား၊ ထောင်းထားတဲ့ စီချွမ်းငရုပ်ကောင်းစေ့၊ တရုတ်မဆလာထည့်ပြီး မီးအေးအေးဖြင့်လှော်ပါ။ ၂-၃ မိနစ်လှော်ပြီးရင် အအေးခံထားပါ။
2. သန့်ရှင်းထားတဲ့ကြက်ပေါင်ကို ဇလုံထဲထည့်ပါ။ ပြီးလျှင် လှော်ထားတဲ့ ဆား ငရုတ်ကောင်းစေ့၊
ပဲငံပြာရည်၊ ဆန်အရက်၊ သကြားထည့်ပြီး ၂-၃ နာရီခန့်ထပ်ထားပါ၊ မကြာမကြာ အထပ်အောက်လှန်ပေးပါ။
3. ပြီးလျှင် ဆီအိုးတည်ပြီး ကြော်ပါ။ နီညိုရောင်သန်းလာသည်အထိ ကြော်ပါ။
အုန်းထမင်းနဲ့မွန်အုန်းနို့ကြက်သားဟင်း
အုန်းထမင်းအတွက်…
ပေါ်ဆန်မွှေး - ၄ ခွက် ( ထမင်းပေါင်းအိုးထဲမှခွက်)
အုန်းနို့ - ၁ ၁/၂ ခွက် ( ၂၀၀ ml) + ၂၀၀ ml
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီshallots - 4 လုံး ( ၄၀ ဂရမ်)
ရေ - ၃ ၁/၂ ခွက် ( ထမင်းပေါင်းအိုးထဲကခွက်)
မွန်အုန်းနို့ကြက်သားဟင်းအတွက်
ကြက်သား - ၆၀၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ချင်း - ၁၀ ဂရမ် (ထောင်းပြီးထားပါ)
စပါးလင် - ၂ ချောင်း
မရမ်းပြား - ၂ ပြား
အသားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ရေ - ၂၀၀ မီလီလီတာ
ဆီ - စားပွဲဇွန်း ၃ ဇွန်း
အနှစ်အတွက်ထောင်းရန်လိုအပ်တာတွေကတော့…
ကြက်သွန်နီ - ၁၀၀ ဂရမ်
ကြက်သွန်ဖြူ - ၂၀ ဂရမ်
ငရုတ်သီးခြောက်အတောင့်ပွ
အဆင့်ဆင့်ချက်ပြုတ်နည်း (လျှပ်စစ်ထမင်းပေါင်းအိုးနဲ့ချက်နည်း)
1. ဆန်ကိုရေဆေးပြီး ထမင်းပေါင်းအိုးထဲထည့်ပါ။ ပြီးလျှင် ဆား၊ သကြား၊ အုန်းနို့၊ ရေထည့်ပြီး ချက်ပါ။
2. ပေါင်းအိုးခလုတ်တက်ပြီး ထမင်းကျက်ရင် အုန်းနို့အပျစ်ထပ်ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် အဖုံးဖုံးပြီး ၅မိနစ်ခန့်ပြန်နှပ်ထားပါ။
3. ကြက်သားဟင်းချက်ဖို့အတွက် အနေတော်တုံးထားတဲ့ ကြက်သားကို ဆား၊ နနွင်း၊ ချင်းရည်နဲ့နယ်ပြီး နှပ်ထားပါ။
4. အနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်ရောပြီး ထောင်းထားပါ။
5. စပါးလင်ကို ဓားပြားရိုက်ထားပါ။
6. ပြီးလျှင် ထောင်းထားတဲ့အနှစ်ထည့်ပြီး ဆီသတ်ပေးပါ။
7. မွှေးလာသည်နှင့် ကြက်သားထည့်ပါ။ ကြက်သားမှထွက်လာသော ရေကုန်ပြီး အသားတင်းလျှင် ရေနဲ့အုန်းနို့ထည့်ပါ။
8. ဆူလာရင် စပါးလင်၊ မရမ်းပြား၊ ဆား၊ အသားမှုန့်ထည့်ပြီး ချက်ပါ။ ဆီကျန်၊ ရေကျန်ချက်ပါ။
ချက်ပြုတ်ပြသူ - မြင့်ဦးသာ
🔺" ကြက်ကာလသားဟင်း ချက်နည်း 😋
————————————————
💥ကြက်ကာလသားဟင်းချက်နည်းဆိုတာဟာ ..
နေရာဒေသအလိုက် ကွာခြားမူ့ ပေါ်မူတည်ပြီး ဟင်းချက်နည်း ကွဲပြားကာ အရသာကောင်းမွန်ပုံခြင်း မတူညီကြပါဘူး ။
🔳 ပါဝင်ပစ္စည်းများ ...... ( လူ ၅ ယောက်စာ )
( ကြက်သား ၂၀ သား / ဘူးသီး တစ်စိတ် / ပင်စိမ်းရွက် အနည်းငယ် / ကြက်သွန်ဖြု ၃ မွာ / ကြက်သွန်နီ ၁ လုံး / ဂျင်း လက်တစ်ဆစ် / ငရုပ်ပွသီးခြောက် ၃ တောင့် / စပါးလင် အနည်းငယ် / ဆီ ၅ ကျပ်သား / ဟင်းခတ်မူန့် အနည်းငယ် / စိမ်းစား ငါးပိ အနည်းငယ် / ငံပြာရည် ၂ ဇွန်း ) ....
..
👉🏿ဟင်းချက်ပုံ နည်း အဆင့်ဆင့်
🔺ပထမဆုံး ကြက်သွန်နီ ၊ ဂျင်း ၊ စပါးလင် ၊ ကြက်သွန်ဖြု ၊ ငရုပ်ပွ ကို သေချာ ရေသန့် စင်ပြီး ညက်နေအောင်ထောင်းပါ ။ ပြီးလျင်
ဆီအိုးတည်ပြီး ထောင်းထားတဲ့ ငရုပ်သီးအနှစ်ကိုထည့်ပြီး မွေးနေအောင်ဆီသပ်ပါ ။ ပြီးလျင် ကြက်သားအစိမ်းကို ထည့်ပြီး ရောမွေပြီးသွားလျင်
ရေ ၁ လီတာခန့် ထည့်ပြီး ဟင်းအိုးပူလာအောင် ခုနထားပါ ။ ရေဆူလာလျင် ဘူးသီးပါးပါးလှီးထားတာထည့် ၊ စိမ်းစားငါးပိ အနည်းငယ် ဟင်းခတ်မူန့်  ၊ ငံပြာရည် အနည်းငယ်ထည့်ပြီး ၅ မိနစ်ခန့် ထားပါ ။ ဟင်းအိုးပွက်လာလျင်တော့ ပင်စိမ်းခတ်ပြီး အသင့်စားသုံးနိုင်တဲ့ ကြက်ကာလသားချက် ရပါပြီ ။😋
ဟင်းချက်နည်းက တကယ်တော့ မခက်ပါဘူး ။
ဒါပေမယ့်
ဒီအချက်လေးတွေ သိထားဖို့  လိုပါတယ် ။
🔺ဂျင်းနဲ့  စပါးလင်ကို အသုံးပြုတဲ့အခါ ညက်နေအောင် ထောင်းနိုင်ဖို့ လိုပါတယ် ။
🔺CP ကြက်ဆိုလျင် အညီအနံ့ ကင်းအောင် သန့် စင်ပြီး မချက်ခင် တစ်ဝက်ခန့်  ကျက်နေအောင် ပြုပ်ထားဖို့ လိုပါတယ် ။
🔺အိမ်ကြက်ဆိုလျင်တော့ အသားပိုအိပြီး စားလို့ ကောင်းနေမှာပါနော် ။
..
မြို့ မေတ္တာဆိုင်မှာ " ကြက်ကာလသားဟင်း နှင့် လိုက်ဖက်ညီတာဆိုရင် ဆိတ်လဖက်ထောင်း ရယ် ၊
ရှူးရှဲငါးပိထောင်းပါ ...
....
[ ' မြို့မေတ္တာ Traditional Cuisine ']

No comments:
Post a Comment