ဒူးရင်းသီးသာခွေယိုင်
ကောက်ညှင်းဆန် - ၃၅၀ ဂရမ် ( 3 ½ cup) (တညရေစိမ်ထားပါ)
အုန်းနို့ - ၂၅၀ မီလီလီတာ
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆွမ်းမွှေးရွက် - ၂ ရွက်
လိပ်ပြာပန်း (အောင်မဲညို) - ၂၀ ပွင့်
ရေနွေး - အနည်းငယ်
ဒူးရင်းမလိုင်အတွက်လိုအပ်တာတွေကတော့
ဒူးရင်းသီး - ၁ လုံး
အုန်းနို့ - ၅၀၀ မီလီလီတာ
ဆား - အနည်းငယ်
သကြား - စားပွဲဇွန်း ၅ ဇွန်း
ဆန်မှုန့် - စားပွဲဇွန်း ၃ ဇွန်း
1. လိပ်ပြာပန်းကို ပန်းကန်လုံးအသေးမှာ ထည့်ပြီး ရေနွေးလောင်းထားပါ။
2. ပထမဦးဆုံး ဒူးရင်းမလိုင်လုပ်ရမှာဖြစ်ပါတယ်။ အိုးတစ်လုံးထဲကို အုန်းနို့၊ ဆား၊ သကြားထည့်ပြီး မွှေပေးပါ။
3. သကြားပျော်သွားလျှင် ဆန်မူန့်ကို ရေအနည်းငယ်နဲ့ဖျော်ပြီး ထည့်မွှေပေးပါ။
4. ပြီးလျှင် အိုးကို မီးဖိုပေါ်တင်ပြီး မွှေပေးပါ။ ဒူးရင်းသီးအသားကို ချေပြီး ထည့်ပါ။ အဆက်မပြတ်မွှေပေးပါ။
5. မုန့်သားတက်ပြီး မလိုင်ဖြစ်လျှင် မီးဖိုပေါ်မှချပြီး ထားပါ။
6. ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ဆန်ခါဖြင့်စစ်ထားပါ။ ပြီးလျှင် ပေါင်းအိုးနဲ့ဆန့်မည့်ခွက်ကို ရွေးထားပါ။ အုန်းနို့ကို ဆားထည့်ပြီး မွှေထားပါ။
7. ကောက်ညှင်းဆန်ကို ခွက်ထဲထည့်ပါ။ ပြီးလျှင် အုန်းနို့တစ်ဝက်ဆမ်းပါ။ ပြီးလျှင် ဆွမ်းမွှေးရွက်ထည့်ပြီး ပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။
8. မိနစ်၁၀ ခန့်ပေါင်းပြီးလျှင် ကျန်ရှိနေတဲ့ အုန်းနို့ထည့်မွှေပြီး နောက်ထပ် မိနစ် ၁၀ ခန့်ထပ်ပြီး ပေါင်းပါ။
9. ပြီးလျှင် အပြာရောင် လိပ်ပြာအရည်ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ၁၀ မိနစ်ခန့်ထပ်ပြီး ပေါင်းပါ။
10. ပြီးလျှင် တစ်ခါသုံးကိတ်မုန့်ခွက်ထဲထည့်ပါ။( ကောက်ညှင်းထည့်မဲ့ ကန်ကို ရိုးရိုးကန်သုံးပါက မကပ်စေရန်.ကောက်ထဲငှက်ပျောရွက်ခင်းပြီး ဆီနဲနဲသုတ်ထားပါ.) ပြီးလျှင် ပေါင်းထားတဲ့ ကောက်ညှင်းထည့်ပြီး ခဲဖတ် (သို့)ငှက်ပျောရွက်ကို ကောက်ညှင်းပေါ်မှာခင်းပြီး ဖိသိပ်ပေးပါ။
11. ပြီးလျှင် ကြိုက်နှစ်သက်သလို လှီးပြီး ဒူးရင်းမလိုင်နဲ့စားပါ။
by Chef Myint Oo Tha
ရွှေတောင်ခေါက်ဆွဲ
ကဲ-- ကြည့်လိုက်ကြရအောင်။
ရွှေတောင်ဟင်းရည်အတွက်…..
ကြက်ရိုး - ၅၅၀ ဂရမ်
ကြက်ရင်ပုံသား - ၅၀၀ ဂရမ် + ၃၀၀ ဂရမ်
နို့စိမ်း - ၂၅၀ မီလီလီတာ
ရေ - ၈ လီတာ
ဆား - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သားရေကျန်ဆီကျန်ဟင်းနဲ့ ရွှေတောင်ဟင်းရည်အတွက် အနှစ်…
ကြက်သွန်နီ - ၁၂၀ ဂရမ်
ကြက်သွန်ဖြူ - ၃၀ ဂရမ်
နနွင်းမှုန့် - အနည်းငယ်
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၂ ဇွန်း
ဆီ - စားပွဲဇွန်း ၃ ဇွန်း+ စားပွဲဇွန်း ၂ ဇွန်း
ရေ - ၄၀၀ မီလီလီတာ
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အုန်းနို့ဆီ..ချက်ရန်အတွက်……
အုန်းနို့ - ၁ ကီလိုဂရမ်
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ဆီချက်ရန်အတွက်…..
ငရုတ်သီးမှုန့်အကြမ်းဖတ် - စားပွဲဇွန်း ၃ ဇွန်း
ဆီ - စားပွဲဇွန်း ၅ ဇွန်း
ရွှေတောင်ခေါက်ဆွဲနဲ့စားရန်အတွက်…
ဂျုံခေါက်ဆွဲအစို - ၁ ပိသာ
ခေါက်ဆွဲအကြွပ်ကြော်
ငရုတ်သီးဆီချက်
မွှေးပဲမှုန့်အကျက်
ကြက်သွန်နီ
ကြက်သွန်မြိတ်
ငရုတ်သီးအကျက်မှုန့်
ချက်နည်းအဆင့်ဆင့်…….
1. ကြက်ရိုးဟင်းရည်အတွက် ကြက်ရိုးကို နူးအောင်ပြုတ်ထားပါ။ ပြီးလျှင် အရိုးကို ဆယ်ထားပါ။ ကြက်ပြုတ်ရည် ၂.၇ လီတာရအောင် ယူထားပါ။
2. ဟင်းအနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် တို့ကိုရောပြီး ထောင်းထားပါ။ ပြီးလျှင် တစ်ဝက်စီခွဲထားပါ။
3. ကြက်သားဟင်း ဆီကျန်ရေကျန်ချက်ရန်အတွက် ဆီအိုးတည်ပါ။ အိုးထဲကို ဆီ၃ ဇွန်းထည့်ပြီး ဆီပူလျှင် ထောင်းထားတဲ့ အနှစ်တစ်ဝက်ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်အစိမ်းနံ့ပျောက်ပြီး မွှေးလာရင်ကြက်သား ၅၀၀ ဂရမ်ထည့်ပါ။ ပြီးလျှင် ရေ ၄၀၀ မီလီလီတာ၊ ဆား၊ အသားမှုန့်ထည့်ပြီး ကြက်သားနူးပြီး ဆီကျန်ရေကျန်ချက်ပါ။
4. ရွှေတောင်ခေါက်ဆွဲဟင်းရည်ချက်ရန်အတွက် ကျန်တဲ့ဟင်းအနှစ်ကို ဆီသတ်ပေးရန် အိုးထဲကို ဆီ၂ ဇွန်းထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကြက်သား ၃၀၀ ဂရမ်ထည့်ပြီး ချက်ပါ။ ပြီးနောက် ကြက်ပြုတ်ရည်ထည့်ပါ။ နို့စိမ်းထည့်ပါ။ ဟင်းရည်ကျဲကျဲချက်ပါ။ အရသာအတွက် ဆား၊ အသားမှုန့် ထည့်ပါ။
5. ရွှေတောင်ခေါက်ဆွဲအတွက် အဓိကဖြစ်တဲ့ အုန်းနို့ဆီချက်ရန်…. အိုးအသေးတစ်လုံးထဲကို အုန်းနို့၊ ဆား၊ သကြားထည့်ပြီး ဆီပြန်သည်အထိ ကျိုထားပါ။
6. ငရုတ်ဆီချက်ရန်အတွက် အိုးအသေးတစ်လုံးထဲကို ဆီ ၅ ဇွန်းထည့်ပါ။ ဆီပူလျှင် ငရုတ်သီးအကြမ်းဖတ်ထည့်ပြီး မီးပိတ်ပါ။
7. မုန်ကြွပ်ကြော်(ခေါက်ဆွဲအကြွပ်ကြော်) ကြော်ထားပါ။
8. ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ပါးပါလှီးထားပါ။
9. ပွဲပြင်တဲ့အခါ ပန်းကန်ထဲကို ခေါက်ဆွဲထည့်ပါ။ ပြီးလျှင် ရွှေတောင်ခေါက်ဆွဲဟင်းရည်ထည့်ပါ။
10. ပြီးလျှင် ကြက်သားဆီကျန်ရေကျန်ဟင်း၊ ငရုတ်သီးဆီချက်၊ ပဲမှုန့်အကျက်မှုန့်၊ အုန်းနို့ဆီ၊ မုန့်ကြွပ်ကြော် ထည့်ပါ။ အစပ်ကြိုက်ပါက ငရုတ်သီးအကျက်မှုန့်ထည့်ပြီး စားနိုင်ပါတယ်။
by Chef Myint Oo Tha
ရခိုင်မုန့်တီ
ကျောက်ဖြူဘက်ရောက်မှ ချက်နည်းလေးသေသေချာချာမေးပြီး ပြန်ချက်ပြရတဲ့ မုန့်တီဖြစ်ပါတယ်။ ကျွန်တော့်အကျင့်အတိုင်း Flavor လေးပါအောင် ငါးရွှေကျပ်တိုက်လေး၊ နံနံပင်အမြစ်လေးပါ ထည့်ပေးထားပါတယ်။
ပါဝင်ပစ္စည်းများ (မုန့်အချိန် ၅၀ ကျပ်သားအတွက်)
ငါးရွှေ - ၃၀ ကျပ်သား
ငါးရွှေကျပ်တိုက် - ၁၀ ကျပ်သား
ရခိုင်မျှင်ငါးပိ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
နံနံပင်အမြစ် - ၅ ခု
ငရုတ်ကောင်းအမည်း - ၃၀ စေ့ (လှော်ထောင်းပြီး)
ပြုလုပ်နည်း
၁။ စိမ်းစားငါးပိကို ရေ ၅ လီတာနဲ့ ဆူပွက်အောင်တည်၍ သန့်စင်ထားသော ငါးရွှေနှင့် ငံပြာရည်ထည့်ပြီး နူးသည်အထိ ပြုတ်ပါ။
၂။ ငါးနူးလျှင် ဆယ်ယူပြီး အအေးခံထားပါ။ ငါးပြုတ်ရည်ကို ဆန်ခါနဲ့ စစ်ပြီး အနယ်များ ဖယ်ထုတ်ပါ။ စစ်ပြီးသား ပြုတ်ရည်မှာ ငါးရွှေကျပ်တိုက်ထည့်ပြီး ပြုတ်ပါ။ အသားပွပြီး အရည်မွှေးလာလျှင် အသားဖတ်ကို ဆယ်ယူပြီး အအေးခံထားပါ။ ပထမနည်းအတိုင်း အနယ်များစစ်ပြီး ဖယ်ထုတ်ပါ။
၃။ ငါးအသား ၂ မျိုးစလုံးကို အရိုးနွှင်ပြီး စစ်ပြီးသား ငါးပြုတ်ရည်မှာ ထည့်တည်ပါ။ နံနံပင်အမြစ်များ ထုထည့်ပေးပြီး ငရုတ်ကောင်းလှော်ထောင်းပြီးသားများ ထည့်ပြုတ်ပါ။ ဟင်းရည်ဆူလျှင် မုန့်တီအတွက် ဟင်းရည်ရပါပြီ။ ဟင်းရည်ခန်းလျှင် ရေနွေးရောပေးပါ။
အစပ်ချဉ် အရောအနှောအတွက်
မိုးမျှော်ငရုတ်သီးစိမ်း - ၂၀ တောင့်
ကြက်သွန်ဖြူ - ၁၀ မြွှာ
မန်ကျည်းမှည့်ရည် - ၂၀ဝ မီလီလီတာ (အဖတ်စစ်ထုတ်ပြီး)
ပြုလုပ်နည်း
ငရုတ်သီးတောင့်များနှင့် ကြက်သွန်ဖြူတို့ကို မီးပြင်းပြင်းမှာ လှော်ပြီး မညက်တညက် ထောင်းပါ။ မန်ကျည်းမှည့်ရည်မှာရောပြီး ဆားအနည်းငယ်ခတ်၍ ပြင်ဆင်ထားပါ။ မုန့်ပွဲကို မုန့်ဖတ်၊ အကြော်၊ ငါးဖယ်ကြော်၊ နံနံပင်တို့နှင့် ပြင်ဆင်ပြီး ဟင်းရည်၊ အစပ်ချဉ်တို့နဲ့ သုံးဆောင်နိုင်ပါပြီ။
....................
သစ်ထူး
Curry Noodle Soup
Red Curry Paste ကို အသုံးပြုပြီး ခေါက်ဆွဲလေး လုပ်ထားတာ ဖြစ်ပါတယ်။ ထိုင်းအုန်းနို့ခေါက်ဆွဲလို့ ခေါ်ရမှာပေါ့နော်။
ပါဝင်ပစ္စည်းများ
Red Curry Paste - စားပွဲဇွန်း၂ ဇွန်း
အုန်းနို့ - သံဘူး ၁ ဘူး
ဆန်ခေါက်ဆွဲ
ပဲပြား - ၁ တုံး
ငရုတ်သီးနီတောင့် - ၁ တောင့်
ပန်းပွင့်စိမ်း - အနည်းငယ်
ဆား - အနည်းငယ်
ကြက်သွန်ဖြူ - ၃ မြွှာ (နုပ်နုပ်စဉ်း)
ချင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)
ဆီ - အနည်းငယ်
သံပရာသီး - ၁ လုံး
ရေ
ပြုလုပ်နည်း
၁။ ဆန်ခေါက်ဆွဲကို ရေစိမ်ထားပါ။ အိုးတစ်အိုးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ နုပ်နုပ်စဉ်း၊ ချင်းနုပ်နုပ်စဉ်းတို့ကို ထည့်ပြီး ဆီသတ်ပါ။ Red Curry Paste ထည့်ပါ။ အုန်းနို့၊ ရေနှင့် ဟင်းခတ်များထည့်ပြီး သေချာလေး ရောမွှေပေးပါ။
၂။ ဆန်ခေါက်ဆွဲကို ထည့်ပြီး ကျက်အောင်ချက်ပါ။ ဆန်ခေါက်ဆွဲ ကျက်ပြီဆိုလျှင် ပန်းပွင့်စိမ်း၊ ငရုတ်သီးနီတောင့် ပါးပါးလှီး၊ ပဲပြား အနေတော် လှီးထားတာတွေကို ထည့်ပါ။ အရသာအနေတော် ပြင်ပြီးပြီဆိုလျှင် ပြင်ဆင်လို့ရပါပြီ။ သံပရာသီးကို အရည်လေး ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။
.......
ဆုမြတ်ဦး