Monday, November 13, 2017

အလေးချိန် VS လေ့ကျင့်ခန်းအကြိမ်အရေအတွက် (Weight Vs Repetitions)

++++++++++++++++++++++++++++++++++++++++++++++++

မေး။   ။ အကြိမ်ရေနည်းပီး Weight အကြီးစားကစားတာနဲ့အကြိမ်ရေများပီး Weight အသေးစားကစားတာဘယ်လိုကွာခြားချက်ရှိလဲ?

ဘယ်လောက်လေ့ကျင့်ခန်းအကြိမ်အရေအတွက်(Reps)ပြုလုပ်နိုင်စွမ်းအရေအတွက်နှင့် ဘယ်လောက်လေးလံသောအလေးပမာဏအားမယူနိုင်စွမ်းပြီးမြောက်မူ့အကြိမ်အရေအတွက် (Set)ဆိုတဲ့အချက် ၂ ချက်ဟာကာယလေ့ကျင့်ခန်းအတွက် အလွန်အရေးကြီးပါတယ်။ အကြိမ်အရေအတွက်(Reps) များများကို Weight နဲနဲနှင့်ကစားခြင်း(သို့) Weight များပြီး အကြိမ်အရေအတွက်(Reps)နည်းနည်းကစားခြင်းဆိုတာ ကာယဗလကစားသူရဲ့ အဓိကရည်ရွယ်ချက်အပေါ်မူတည်ပါတယ်။

မေး။    ။ Reps နဲ့ Set ဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ဆိုတာဘာလဲ?
Reps ဆိုတာကတော့ Repetition ထပ်ခါထပ်ခါပြုလုပ်နိုင်စွမ်းအရေအတွက်ကို အင်္ဂလိပ်စကားအတိုကောက်အဖြစ် Reps ဟုခေါ်ဆိုပြီး၊ Set ဆိုတာ လေ့ကျင့်မူ့တခုပြီးမြောက်မူ့အရေအတွက်ကိုခေါ်ဆိုကြတာဖြစ်ပါတယ်။ ဥပမာဆိုကြပါစို့၊ နာရီစက္ကန့်တံတခု၏ ၁ချက်ရွေ့လျားမူ့ဟာ ၁ စက္ကန့်ဖြစ်ပြီး အချက် ၆၀ ရွှေ့လျားမူ့ကို ၁ မိနစ်ဟုသိနားလည်ကြပါတယ်။ အလားတူစွာဘဲ အချက် ၆၀ ရွေ့လျားမူ့ဟာ Reps ဟုနားလည်ပြီး ၁ မိနစ်ဟာ Set ဟုနားလည်လိုက်ပါ။

မေး။    ။ အလေးတိုးရမှာလား? အကြိမ်ရေတိုးပြီးကစားရမှာလား?

အကြမ်းဖျဉ်းအားဖြင့် ခွန်အားတိုးတက်စေဖို့ဆိုရင်တော့  ၁ ကြိမ်မှအများဆုံး၆ ကြိမ်(Reps)အထိသာမယူရနိုင်သောအလေးချိန်ကိုရွေးချယ်ပြီး၊ ၁ကြိမ်မှ၃ကြိမ်အရေအတွက်(Set)ပြီးမြောက်အောင်လုပ်ဆောင်သင့်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်လျော့ချဖို့ဆိုရင်တော့ ၁၀ ကြိမ်မှာ အများဆုံး ၁၂ ကြိမ်(Reps) အထိသာမယူရနိုက်သောအလေးချိန်ကိုရွေးချယ်ပြီး၊ ၁ကြိမ်မှ၃ကြိမ်အရေအတွက်(Set)ပြီးမြောက်အောင်လုပ်ဆောင်သင့်ပါတယ်။

ကြွက်သားဖွံ့ဖြိုးဖို့ဆိုရင်တော့ ၁ ကြိမ်မှအများဆုံး ၃ ကြိမ်(Reps)အထိသာမယူရနိုင်သောအလေးချိန်ကိုရွေးချယ်ပြီး၊ ၆ ကြိမ်မှ ၈ ကြိမ်အရေအတွက်(Set)ပြီးမြောက်အောင်လုပ်ဆောင်သင့်ပါတယ်။ (Beginner များအတွက်ရည်ညွန်းပါသည်။)

ကျန်းမာဖို့နှင့်ကိုယ်ခံအားတိုးတက်စေဖို့ဆိုရင်တော့ ၁ ကြိမ်မှအများဆုံး ၃ ကြိမ်(Reps)အထိသာမယူရနိုင်သောအလေးချိန်ကိုရွေးချယ်ပြီး၊ ၁၂ ကြိမ်မှ ၁၆ ကြိမ်အရေအတွက်(Set)ပြီးမြောက်အောင်လုပ်ဆောင်သင့်ပါတယ်။

မေး။     ။ အကြိမ်ရေအတွက်နည်းတာကောင်းလား၊ များတာကောင်းလား?
ကာယဗလနယ်ပယ်မှာ အရေအတွက်အကြိမ် ၂၀ ဟာခန္ဓာကိုယ်၏ခံနိုင်ရည် Breaking point တခုအဖြစ်သတ်မှတ်ထားကြပါတယ်။ ယေဘူယျအားဖြင့်၊ အလေးချိန်နည်းနည်း(Less Weight)နှင့်အကြိမ်အရေအတွက်များများ(More Reps)ပြုလုပ်ခြင်းဟာ ကြွက်သားရဲ့ခံနိုင်ရည်စွမ်းအား(endurance)တိုးတက်စေဖို့ဖြစ်ပြီး၊ (More Weight)လေးလံသောအလေးချိန်နှင့်အကြိမ်အရေအတွက်နည်းနည်း(Less Reps)ကစားခြင်းဟာ ခွန်အားနှင့်ကြွက်သားများကိုကြီးထွားစေပါတယ်။ ထို့ကြောင့် အကြိမ်ရေအတွက်နည်းလွန်းလျှင်လုံလောက်သော ကြွက်သားလှုံ့ဆော်မူ့မရရှိနိုင်ပါ။ အကြိမ်ရေများလွန်းလျှင်လည်း ကြွက်သားဖွံဖြိုးမူ့ထက်ကျော်လွန်၍ ခံနိုင်ရည်စွမ်းအင်အပိုင်းသို့တိုးတက်ဖြစ်ပေါ်စေသည်ဟုမှတ်သားယူပါ။

မေး။    ။ ခန္ဓာကိုယ်ရဲ့အန္တာရယ်ကင်းစွာ မယူနိုင်တဲ့အလေးချိန်ကို ဘယ်လိုသိနိုင်မလဲ?
ဒီမေးခွန်းရဲ့အဖြေမှာအနည်းငယ်အငြင်းပွားဖွယ်ရာတွေဖြစ်နိုင်ပါတယ်။ ပထမဦးဆုံးအကြိမ်(ပထမဦးဆုံးအကြိမ်-သေချာစွာသဘောပေါက်ရန်ထပ်ပြောခြင်းပါ) ကြီးမားသောအလေးပမာဏကို မယူနိုင်ခြင်းဟာ ၎င်းအလေးချိန်ပမာဏကိုကောင်းစွာမယူနိုင်တယ်ဟုကောက်ချက်ချလို့မရပါဘူး။ ကာယဗလနယ်ပယ်မှာတော့ ဘယ်လောက်ကြီးမားသောအလေးပမာဏမယူနိုင်သလဲဆိုတာ ဘယ်နကြိမ်မြောက်မယူနိုင်သလဲဆိုတဲ့ အပေါ်မှာသတ်မှတ်ကြပါတယ်။ ထိုအချက်ဟာကာယဗလ(Fitness) နှင့်အလေးမ(Power Weight Lifting)အားကစားရဲ့ကွာခြားချက်ဘဲဖြစ်ပါတယ်။ သာမန်လူသားတိုင်းအတွက် ပေါ့ပါးသောအလေးချိန်ပမာဏအား အကြိမ်အရေအတွက်များစွာမယူနိုင်ပြီး၊ ကြီးမားသောအလေးချိန်ဆိုလျှင်တော့ အကြိမ်အနည်းငယ်သာမယူနိုင်တာဟာ သဘာဝဖြစ်စဉ်တခုပါ။ သင်ဘယ်လောက်အလေးချိန်ကို အန္တာရယ်ကင်းစွာမယူနိုင်တယ်ဆိုတာသိရှိဖို့ဆိုရင်တော့ မည်သည့်လေ့ကျင့်ခန်းမျှ အစမပြုခင်၌ အလေးတုန်းကိုထမ်းမယူပြီး ထိုင်ထလုပ်ကြည့်ခြင်းဖြင့် သိရှိမှတ်သားနိုင်ပါတယ်။ အများဆုံးအကြိမ်၂၀ ရောက်ရှိချိန် (သို့) မရောက်ရှိခင်မှာသင်ဟာ နာကျင်ခက်ခဲနေပြီဆိုလျှင်တော့ ရပ်တန့်လိုက်ပါ။ ၎င်းအလေးချိန်ပမာဏဟာ သင့်အမြင့်ဆုံးမယူနိုင်သောအလေးချိန်ဘဲဖြစ်ပါတယ်။ အကြိမ် ၂၀ အထိသက်သာစွာ ထိုင်ထပြုလုပ်နိုင်သေးလျှင်အလေးထပ်တိုးပါ။

မေး။     ။ လေ့ကျင့်ခန်းတခုပြီးမြောက်ပြီး Set တခုနှင့်တခုကြားမှာ ဘယ်လောက်အနားယူသင့်သလဲ?
ပြင်းထန်တဲ့ခွန်အားကိုအသုံးပြုရတဲ့လေ့ကျင့်ခန်းဆိုလျှင်တော့ Set တခုနှင့်တခုအကြားအချိန်ပိုယူပြီးအနားယူသင့်ပါတယ်။ ၂ မိနစ်မှ ၅ မိနစ်ထက်မပိုသင့်ပါ။
.
ပုံမှန်ကာယလေ့ကျင့်ခန်းမျိုးစုံအတွက်ကတော့ ၃၀ စက္ကန့်မှ ၁ မိနစ်ဟာလုံလောက်သောအနားယူခြင်းဖြစ်ပါတယ်။ ၁ မိနစ်ထက်ပို၍အနားမယူသင့်ပါ။
.

စာဖတ်သူအတွက် ဗဟုသုတအနည်းငယ်မျှဖြစ်ခဲ့မည်ဆိုလျှင်ရေးရကျိုးနပ်ပါတယ်။

ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါကြောင်း။

လေ့ကျင့်ခန်း၊ အစားအစာ၊ အဆီချခြင်းနှင့် Workout ဝါသနာပါသူများအတွက် ဆောင်းပါးများ ဆက်ဖတ်လိုပါက Group ထဲ ဝင်ရောက်လေ့လာနိုင်ပါကြောင်း။

ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်အချိုးအစားအား ဝံကြွားစွာပိုင်ဆိုင်နိုင်ပါစေ။

ဒေါမနစ်

 ၄ ရက် သြဂုတ်လ ၂၀၁၆ (SGT 17:25)

No comments: