Friday, November 10, 2017

ဖြေးဖြေးဖတ်၊ရေးရေးတွေးပြီးမြန်မြန်ပြင်ရမဲ့အရာ


ဒီနေ့"စံတော်ချိန်သတင်းစာ"မှာပါတဲ့မောင်မြင့်ဇော်ရဲ့ ဆောင်းပါလေးပါ။ ကျေးဇူးပြုပြီးအချိန်လေးယူပြီး အဆုံးထိဖတ်စေချင်ပါတယ်။ မဖြတ်ရက်လို့အစအဆုံး တင်လိုက်တာပါ။

 - မောင်မြင့်ဇော်

ဖြေးဖြေးဖတ်၊ရေးရေးတွေးပြီးမြန်မြန်ပြင်ရမဲ့အရာ။
###############################
အုပ်ချုပ်ရေးစာအုပ်တွေလိုက်မမှီတော့တဲ့..အပြင်။
=============================
စာအုပ်တွေထဲကအစိုးရအုပ်ချုပ်ရေးစနစ်တွေဟာ ဒီခေတ်ကြီးမှာတော့စာအုပ်တွေထဲမှာဘဲ ကျန်ခဲ့ပါပြီ။ အလျင်အမြန် ပြောင်းလဲလာတဲ့စနစ်တွေ၊ လူနေမူဘဝတွေရယ်၊ အတောမသတ်နိုင်တဲ့ လူ့လောဘတွေ၊ဆိုရှယ်မီဒီယာလွမ်းမိုးနိုင်မူ
ဂရပ်တွေ၊ နည်းပညာအသစ်အသစ်တွေက လူတွေအတွက် လွယ်ကူစေပေမဲ့ အုပ်ချုပ်သူတွေအတွက် တစ်ရက်ထက်တစ်ရက် ပိုခက်ခဲလာတယ်။ စာအုပ်ထဲ စနစ်တွေနဲ့လဲ ပိုဝေးဝေးလာတယ်။

အခွန်ကောက်တဲ့တာဝန်အပြင်..လုပ်နိုင်တာတွေ။
==============================
အစိုးရရဲ့ အဓိကဝင်ငွေက "အခွန်" ဆိုပြီးFinancial background ရှိတဲ့သူတွေ ပြောကြပါလိမ့်မယ်။ လက်တွေ့မှာ အခွန်ထက်မက ကျော်ပြီးတွေးနေ၊ လုပ်နေ၊ အောင်မြင်နေတဲ့ နိုင်ငံတွေအများကြီးပါ။ Export, SEZ, Boarder Trade, Strategic location advantages, FDIs flows, Ensuring, Business sustainability တို့လုပ်လို့ ရပါတယ်။
ဒီနေ့ ကိုယ့်ရှေ့ မျက်ဝါးထင်ထင်၊ ဖြစ်ပျက်၊ ပြုပြင် ပြောင်းလဲ၊ အောင်မြင်သွားတဲ့ ပတ်ဝန်းကျင်၊ အိမ်နီးနားချင်း တိုးတက်ပြီးရင်း တိုးတက်နေတဲ့နိုင်ငံတွေ ကြည့်ပါ။

FDI အတွက်အခြေခံတကယ့်အခြေခံလိုအပ်ချက်။
==============================
Business sustainability မှာလည်း ပါမစ်တော့ ပေးပါရဲ့.. ကျူးကျော်တို့၊ ဆန္ဒပြတာတို့၊ လွယ်ကူ မြန်ဆန်တဲ့ ငွေလဲစနစ်၊ တိကျတဲ့ အခွန်နှုန်းထား၊ နယ်စပ် ကုန်သွယ်မူ မြန်ဆန်ရေးတို့၊ စက်ရုံ အလုပ်ရုံ အကြီးစားတွေ အတွက် မရှိမဖြစ် လျှပ်စစ်မီး အပြင် စက်မူဇုံတွေရဲ့အခြေခံ အဆောက်အအုံဖြစ်တဲ့ အလုပ်သမား (ကျွမ်းကျင်/သာမန်) ရေမြောင်း၊ လမ်း၊ Transportation & logistics  စတာတွေလောက် အခြေခံလောက် လုပ်ထားနိုင်မှ အဆင်ပြေမှာ ပေါ့။ လာချင်မှာပေါ့။ ကိုယ်တောင် အခုအိမ်ဝယ်ရင် ရေ၊ မီးရမှ ဝယ်သေးတာ။

အခုစီးပွားရေးနဲ့လိုက်လျောညီထွေHarmony ။
=============================
အခု... စီးပွားရေး တိုးတက်မူလည် နှေးနေတယ်။ ရခိုင်ကိစ္စရဲ့ ဂယက်ကလည်းမသေးတာကိုလဲ ထည့်စဉ်စားရမှာ ဖြစ်ပါတယ်။ စာအုပ်ကြီးအရ...တင်းကျပ်စည်းမျဉ်းအသစ် ထုတ်တာတွေ၊ အခွန်အခ တိုးကောက်ခံတာတွေဟာ လက်တွေ့ ကျပါ့မလား? ဖြစ်ပါ့မလား..!! ဘယ်ကိုဦးတည်နိုင်မလဲ… ဆိုတာ စဉ်းစားစရာဖြစ်လာသလို၊ တွေးစရာ
ဖြစ်လာပြီ၊ ပြင်ဘို့ လိုအပ်တဲ့အရာဖြစ်လာပြီ။
စင်္ကာပူက "လီကွမ်းယူ"က ဘာပြောခဲ့သလဲ ဆိုရင် သူ့အစိုးရအတွက် ဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေ အနည်းဆုံး စီးပွာရေး နားလည်ရမယ်၊ ဥပဒေ နားလည်ရမယ်တဲ့။ အဲဒါ မူတစ်ခုလို ဖြစ်သွားပြီး ဒါတွေမှ မတတ်ရင်.. ဝင်ပြီး အရွေး မခံတော့ဘူး။ တကယ်တော့ လူများများအတွက် စီမံ၊ အုပ်ချုပ်တဲ့ ပညာဆိုတာ အရမ်းနက်နဲပါတယ်။
မောင်မြင့်ဇော်တို့ Public ဘာသာနဲ့ မဟာယူဘူးပေမဲ့၊ တတ်တယ်လို့ လုံးဝမပြောရဲပါဘူး။

Jim Collins ရဲ့Good to Great ထဲကစာ။
==========================
ကြုံတုံး...အုပ်ချုပ်ရေးနဲ့ ဆက်စပ်လို့.. စာရေးဆရာ သုတေသီ Jim Collinsရဲ့ အင်မတန် အောင်မြင်တဲ့ Good to Great စာအုပ် ထဲက First Who ..Then What (အရင်ဆုံး ဘယ်သူလဲဆိုတာ ရွေးပါ။ ပြီးမှ ဘာလုပ်မလဲ ဆိုတာ စဉ်စားတဲ့) အကြောင်း ပြောချင်ပါတယ်။

သူ့စာသားအတိုင်းပြောရရင်...
"If we get the right people on the bus, the right people in the right seat and wrong people off the bus" then we'll figure out how to take it someplace great.
သင့်လျော်အောင်ပြန်ရရင်....
အရင်ဆုံး အသင့်တော်ဆုံးသူကို မရမကရှာ... ပြီးရင် တကယ် လုပ်ပြနိုင်မဲ့ နေရာမှာထား...
အရေးကြီးဆုံးဟာ ပြောမယ်.... ခေတ်စနစ်ကို လိုက်မမှီ၊ အတွေးအခေါ် အမြင်မရှိတဲ့ မလိုအပ်တဲ့ လူပိုတွေကို ပြတ်ပြတ်သားသား၊ ဖယ်ရှားပစ်ပါ။ ပြီးရင် သူတို့ (လူတော်/လူမှန်) များက ဖြစ်ပေါ်နေတဲ့ အခြေအနေကို သုံးသပ်ပြီး၊ ဒီထက် သာလွန် ကောင်းမွန်တဲ့ နေရာကို..ခေါ်သွားပါလိမ့်မယ်တဲ့။

စာရေးသူကဒီစာအုပ်ကို..သုတေသန စီမံကိန်း တစ်ခုလို..သုတေသန အဖွဲ့ဝင် ၂၀ ကျော်နဲ့ ကမ္ဘာ့ အအောင်မြင်ဆုံး ဆိုတဲ့ စီးပွားရေး အဖွဲ့အစည်းပေါင်း ထောင်ကျော်၊ CEOတစ်ရာကျော် ကို နာရီပေါင်း ၁၅,၀၀၀ ကျော်၊ ၁၅နှစ်စာ မှတ်တမ်းတွေကို စနစ်တကျ၊ သုတေသန ပြုပြီးရေးသားခဲ့တာ။ ပေါ့သေးသေးတော့ မဟုတ်ဘူး။

"မအ" အောင် ကိုယ့်သမိုင်းကိုယ် သိအောင် လုပ်ပါ။
==============================
ဆောက်ဖြစ်မှ၊ ကျောင်းဒကာ၊ ဘူးသီးမှ အရီးတော်ချင်တဲ့ "ဘို" တွေကို မကြည့်နဲ့။
နဂိုကထဲ..ကိုယ်တို့ကို လူ့အောက်တန်းစား၊ ငါတို့ ကိုလိုနီ လုပ်ခဲ့တဲ့ နိုင်ငံ ဆိုတဲ့ အတွေးအမြဲ ရှိနေတဲ့သူတွေ၊
မောင်မြင့်ဇော် ဖတ်ဘူးသမျှ စာအုပ်တွေနဲ့ ဉာဏ်မှီသလောက်၊ ဆက်စပ်၊ တွေးတော မိတာလေး ပြောကြည့်မယ်။

BBC documents "Who really kill Aung San" အရ.. လွတ်လပ်ရေးပေးတုန်း ကလဲ သဘောရိုး မရှိခဲ့ဘူး။ ဓနသဟာယထဲ မပါနိုင်ဘူးဆိုတော့...အာဇာနည်နေ့ ဖြစ်လာတယ်။ ဂဠုန်ဦးစော ဖြစ်လာတယ်။ အဓိက အခန်းကပါတဲ့ SAS ကပ္ပတိန် ဗီဗီယန်ရဲ့ အပိုင်းဖျောက်ထားလိုက်တယ်။ မြန်မာ.. မြန်မာချင်း ရန်တိုက်ပေးတယ်။
အောင်မယ်...ဒင်း ဗီဗီယန်က ရာထူးတိုးပြီး မေဂျာ နဲ့တစ်ခါ၊ ရန်ကုန်အစိုးရ ဖြစ်မဲ့တဲတဲ.. ပြည်တွင်းစစ်ပွဲမှာတောင်.. ကရင်ဘက် ဝင်တိုက်ပေးရင်း ကျသွားတယ်ဆိုလားဘဲ။ ကရင်ဘက်က ချတာ ချစ်လို့ မထင်နဲ့.. သူတို့ ရည်ရွယ်ချက်နဲ့ သူတို့.. ကိုယ်တို့ အတွက် ဘာမှပါတာ မဟုတ်ဘူး။
ကဲကြည့်... လွတ်လပ်ရေး ပေးတာတောင် ပြည်မနဲ့ တောင်တန်းဆိုပြီး ခွဲကြည့်ချင်သေးတယ်။ ကိုယ့်နိုင်ငံမှမဟုတ်ဘူးနော်.. India ကိုကြည့် ဘာသာရေးမှိုင်းတိုက်ပေးတယ်။ "ဂျနာ"ကို တစ်မျိုးပြော၊ "နေရူး" ကို တမျိုးပြော၊ ကိုယ့်စကားကို သူ့စကားဖြစ်အောင်လုပ်၊ ရှုတ်ကုန်တော့ Bangladesh တွေ Pakistan တွေဖြစ်လာတယ်။ ဒေသအတွင်း မတည်ငြိမ်မူတွေဖြစ်လာတာ ကနေ့အထိဘဲ။

နှစ်တွေချီပြီး အရင်ကထဲက အကြံအစည်နဲ့ လုပ်လာတော့ သမိုင်းမသိဘဲ.. အမှန်ကို ဘယ်သူကမှ မကြည့်တော့ဘူး။ မမြင်တော့ဘူး။ ရှူးတိုက်ပေးတိုင်း ကိုက်ကြပေရော့ဘဲ။

ကိုယ်ခန့်မှန်းကြည့်တဲ့ ဖြစ်ကြောင်းရယ်နဲ့ ကုန်စဉ်။
=============================
ဆက်ကြဆို့...
တပည့်မွေးဖို့ လိုက်ရှာတယ်။ နိုင်ငံအနေနဲ့မရရင် လူအနေနဲ့ လိုက်ရှာတယ်။ ပြီးရင်ခိုင်း ကောင်းအောင် ဆုတွေ၊ တံဆိပ်တွေ ပေးတယ်။ ဟိုဘွဲ့၊ ဒီဘွဲ့တွေ ချီးမြှင့်တယ်။ တကယ့် ခေါင်းဆောင် အစစ်လဲပေးမိရော သူတို့ "က" ခိုင်းတဲ့အတိုင်း မ "က" တော့... ညှိုးလာတယ်။

တစ်ခါ တရုပ်တို့၊ အိန္ဒယတို့က ကမ္ဘာ့စီးပွား အင်အားကြီး နိုင်ငံတြွေ ဖစ်လာရော... အာရှဒေသတွင်း စိုးမိုးရေးအတွက် ပိုပြီး ခက်ခဲလာတော့၊ မြန်မာကို မျက်စိကျလာ ပြန်ရော... ပြောပြီးပါရော... ချစ်လို့ မဟုတ်ဘူးနော်။
အကွက်ရွှေ့ဘို့ Chessboard ထဲက pawn နယ်ရုပ် ကလေး ရှာတာ..။

One Belt one Road အကျိုးအကြောင်း။
===========================
"One Belt one Road" တရုတ်က ထကြေငြာလဲ ကြေငြာရော... ဒါကို မြန်မာက ကိုယ့်တိုင်းပြည်လဲ အကျိုးရှိ
မှာ မြင်တော့ ထောက်ခံတာပေါ့။ အတူတူ လုပ်ကြမယ်ပေါ့...။ ဒီမှာ အားလုံး အိုးနင်း၊ ခွက်နင်းတွေဖြစ်၊ သူ့သေတပန် သက်တစ်ဆုံး တပည့်နိုင်ငံတွေလည်း ဒါကြီး အောင်မြင်သွားရင်...ခွက်ကိုင်ပြီး တောင်းစားရမဲ့ကိန်း...။
ဒီတော့.... ဒီတပည့် အသစ်တော့ ပညာနဲ့ ရှင်းမှဘဲ....။ မဖြစ်ချေဘူးဆိုပြီး ဘယ်နေရာမှာ မီးပွားလေးများ ရှိနေမလဲလို့ စောင့်ကြည့်နေတဲ့အချိန်၊ ရခိုင်လဲဖြစ်ရော.. ဝိုင်းပီး အကြီးကြီး ဖြစ်အောင် ပွားလိုက်တာ ဘဲဗျာ။

စီးပွားရေးကိုတကယ်နားလည်ဘို့လိုပါသည်။
===========================
ဒီမှာ အဓိက ပြောချင်တာ....စီးပွားရေးကို စာတွေ့ မဟုတ်ဘူး လက်တွေ့ နားလည်ဖို့ပါဘဲ။
ဘာဖြစ်လို့လဲ???? တကယ့်တော့ နိုင်ငံရေးဆိုတာ စီးပွားရေး အကြီး တစ်ခုပါဘဲ။ consumer ရဲ့ needs and wants ကိုဘဲ ကြည့်ရတာ..။ လူတွေရဲ့အခြေခံ လိုအပ်ချက်ထက် ကျော်လွန် ဖြည့်ဆည်းပေးနိုင်ရင်.. ချစ်လာမှာဘဲ။

ရိုးရိုးတွေး၊ ရေးရေးမြင်အောင် ကြည့်တတ်ကြပါစေ။
==============================
လူတွေအတွက်က ရိုးရိုးလေး။ အခြေခံလိုအပ်ချက်က...စား၊ ဝတ်၊ နေရေး ဘဲ..။ ထိုထက် တစ်ဆင့်တက်မယ်။
လွယ်ကူ၊ မြန်ဆန်၊ လုံခြုံရေးဘဲ... စိတ်ပိုင်းဆိုင်ရာ အရ ငြိမ်းချမ်းမယ်။ ဘဝတိုးတက်ဖို့ တက်လမ်းရှိမယ်။ လွတ်လပ်မယ်။ အာမခံရှိမယ်ဆိုရင်... ပျော်ရွှင်မှာဘဲ။ တစ်ဦးချင်း ပျော်ရွှင်ရာကနေ မိသားစု၊ အဖွဲ့အစည်း၊ တဆင့်ဆင့်နဲ့ တိုင်းပြည်က ပျော်စရာကောင်းရရင်.. လူတွေ အတွေးအခေါ်၊ အကြံအစည်ကောင်းတွေ ရှင်သန်လာပြီး၊ လူအချင်းချင်း နားလည်မူတွေ ပိုတည်ဆောက် လာနိုင်မယ်။ အများအတွက် ဆိုတာ စဉ်းစားလာ ကြလိမ့်မယ်။

ဒါကြောင့် စီးပွားရေးကို နားလည်နိုင်စွမ်း ရှိရမယ်။ စီပွားရေးကောင်းမှ အခြေခံ လိုအပ်ချက်တွေ ပြည်စုံမယ်။ အခြေခံ လိုအပ်ချက်တွေ လူအများစု ပြည့်စုံမှ... အများက အများအတွက် စစဉ်းစားလာ လိမ့်မယ်။

အကြံပေး ကဝိများနဲ့ ဒုက္ခရောက်နေတဲ့ ကျနော်တို့။
=============================
စီးပွားရေး မတတ်ဘဲ လူကြီးထ လုပ်တော့.... အဆုံးထိ မမြင်တော့ဘူး။ သူများ အကွက်ရွှေ့တာ ခံရတာဘဲ။ သူများ ရွှီးသမျှ အမှန် ထင်တော့တာဘဲ။
သူတိုတော့ ဘာအရေးလဲ... အကြံပေး အနေနဲ့ လာတယ်။ မြန်မာပြည်က ရသမျှ.. သတင်း အချက်အလက်တွေ အပေါ်စီးက ယူတယ်။ မအောင်မြင်တော့ ဘာဖြစ်လဲ.. အဲဒီအစိုးရ ညံ့လို့ လက်ညှိုးထိုးပြီး.. Development Project မအောင်မြင်ဘူး...။ လူကို အခြေအနေ၊ ကိန်းဂဏန်းကို လက်ညှိုးထိုး။ ဖုတ်ဖက်ခါထပြီး နောက် နိုင်ငံငယ် တစ်ခုကို ကူးသွားရုံဘဲ။

အခန့်သင့်ရင် "Why Myanmar failed" ဆိုတဲ့ စာအုပ် ထုတ်ပြီး ရောင်းစားအုန်းမှာ...။ မြန်မာပြည်ရဲ့ အတွေ့အကြုံနဲ့ သူတို့က တောက်ပြောင် နေအုန်းမှာ...။ မြန်မာပြည် အကြောင်း ဘာမှ တိတိကျကျမသိ၊ ဟိုသံရုံး ပွဲတက် ဒီသံရုံးပွဲတက်၊ မြန်မာလိုလဲ မတတ်၊ ဖျာနဲ့လဲ တစ်ညတောင် မအိပ်ဘူးဘဲနဲ့.. အတိုင်ပင်ခံရဲ့ အတိုင်ပင်ခံ၊ အကြံပေးရဲ့ အကြံပေးလုပ်။ နိုင်ငံတကာက ဖိတ်တဲ့ပွဲတွေတက်ပြီး... မြန်မာ့အရေးကို မြန်မာ တစ်ယောက်မှ မပါဘဲ ပြောလိုက်တာ တကယ့် ပရောဟိတ်တွေ ကျနေတာဘဲ။

အဲဒီမှာလည်း မောင်မြင့်ဇော် ရင်နာတာ တစ်ခုရှိ သေးတယ်။ လူကြီးတွေပါရင် Promising Land, Promising frontier၊ မပါရင် Uncertainty.. one or two factors as concerns လေး ဘာလေးနဲ့။ အခုတော့ ကိုယ့် data တွေလဲ ပါသွားပြီ။ ကိုယ့်ကိုလဲ သူများ တံထွေးခွက်ထဲထည့်ခဲ့တယ်။ အခုဆို Strategy အသစ် ရလာတဲ့ အချက်
အလက်နဲ့ ဆွဲပြီးလောက်ပြီ။ ကိုယ့်အတွက်လား???
သူတို့ပြောတဲ့အတိုင်း လိုက်လုပ်လို့ ပျက်တဲ့နိုင်ငံ၊ ဒုက္ခရောက်ခဲ့တဲ့ နိုင်ငံ အများကြီး ဆိုတာလဲ မမေ့နဲ့
သတိချပ်ပါ။ ၁၉၉၇-၉၈ ASEAN Crisis ကိုဘဲကြည့်။ ပြောချင်တာ နားထောင်ပါ။ မေးမြန်းပါ။ စဉ်းစား
တွေးခေါ်ပြီး ကိုယ့်ဟာ ဖြစ်အောင် ပြင်ပြီးမှ သုံးပါ။ ဆုံးဖြတ်ချက်က ကိုယ့်ဆုံးဖြတ်ချက်သာ ဖြစ်ပါစေ။

အင်မတန် အားနာပြီး မျက်နှာပူပါတယ် အမေရေ
=============================
မြန်မာနိုင်ငံ တစ်ခုလုံးမှာ မောင်မြင့်ဇော် အင်မတန် အားနာပြီး မျက်နှာပူတာ တစ်ယောက်ဘဲ ရှိတယ်။ အဲဒါ အမေစုဘဲ။ တိုင်းပြည်အတွက်၊ ကမ္ဘာက ဝိုင်းကဲ့ရဲ့၊ ရက်စက်နေတာ၊ အမေ့ဘဝနဲ့ ရင်းပြီး တည်ဆောက်ခဲ့တဲ့ ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာကို တစစီ ဖြဲခြေ၊ ခြေမွ၊ နင်းခြေနေတာကို ပြုံးပြုံးကြီး အံတုရင်း ဝင်သက် ရှိသရွေ့၊ တစ်လက္မရွေ့ တစ်လက္မ၊ တစ်ပေရွေ့ တစ်ပေ သွားနေတယ်။ ဝေဖန်သူ၊ တိုက်ခိုက်သူကြား ခွန်းတုံ့မပြန်ဘဲ၊ ရှေ့လျှောက်နေတယ်။ တော်ရုံ ဘယ်သူမှ မရှိတဲ့သတ္တိပါ။ နောက်နောင်လဲ ရှိမှာ မဟုတ်တော့ပါဘူး။

အမေ ရေ....
မဟာမြိုင်ဆရာတော်ဘုရားကြီးတရားပြခဲ့သလို..
"ဟာ!!! မတွေ့တာကြာပြီ။ ပိန်သွားတယ်။ ဝလာတယ်။ အိုသွားတယ်။ နုလာတယ်ဆိုတာ.. ကိုယ့်ကို ပြောတာမဟုတ်ဘူး... သူတို့ ကိုယ်သူတို့၊ သူတို့ အကြောင်း ပြောနေကြတာ..တဲ့။

အခုလည်း သူတို့ဟာ သူတို့ သူ့တို့တွက်ပေးပြီး၊ သူ့တို့အတွက်ဘဲ ကိုယ်ဆီက သူတို့ ပြန်ယူသွားကြ တာပါ။ ပြန်မတောင်းခင်.. အမေ ပြန်ပေးချင်လဲ ပေးလိုက်ပါအမေ... သားတို့ နားလည်ပေးလို့ ရပါတယ်။

အိန္ဒိယက ငြိမ်းချမ်းရေး နိုင်ငံရေးဖခင်ကြီး မဟတ္တမ ဂန္ဒီကြီးတောင် သူတို့ Noble ဆုပေးရမှာ ကြောက်လို့၊ ဘာသာရေး တိုက်ပွဲတွေကို ရပ်အောင် မလုပ်နိုင်လို့ ဆိုပြီး မပေးခဲ့ပါဘူး။ ရှေးရှေးက လုပ်သမျှကို မသိကျိုးကျွန် ပြုခဲ့တာဘဲလေ. . .အမေ။

အရေးတကာ့အရေးကြီးဆုံးကိုပြောချင်ပါတယ်။
=============================
ကဲ. . . အရေးတကာ့ အရေးအကြီးဆုံး ပြောမယ်။
"မောင်မြင့်ဇော် အပါအဝင် မြန်မာနိုင်ငံသားတွေ သောက်ကျင့် မကောင်းတော့ပါ။ အလျင်အမြန်ပြင်၊ အခု ချက်ချင်း ပြင်ဘို့လိုပါပြီ။
-အချင်းချင်း မနာလိုစိတ် တအားကြီးတယ်။
ပညာမဲ့ လူတန်းစား အပေါ် တအား အခွင့်အရေး ယူတယ်။
-အရေးကြီးရင် သွေး မနီးဘူး။
-ပါတီစွဲ၊ ဌာနစွဲ၊ လူမျိုးစွဲ တစ်အား ကြီးတယ်။
-အရှည်ကို မမြင်ဘူး၊ သူများ မပြီးခင်ဝင် ဆရာ လုပ်ချင်တယ်။
-သတ္တိမရှိဘူး။ ကိုယ်ဒုက္ခ မရောက်ရင် ပြီးရော၊ ရှောင်တယ်။
-အချင်းချင်း ဒုက္ခရောက်ရင် လက်ပိုက်ကြည့် နေကြတယ်။
-အမြင် မကျယ်တော့ ရှုးတိုက်တာ ခံရတယ်။
-အချိန် တခုကို ရင်းနှီး မြုပ်နှံပြီး အလုပ် လုပ်ချင်စိတ် လုံးဝ မရှိကြဘူး။
-ကောလဟာလ အပေါ်မှာဘဲ နေချင်တယ်။
-ဆိုရှယ် မီဒီယာ ပေါ်မှာဘဲ ပျော်မွေ့ နေတယ်။
-လေများပြီး အလုပ်မဖြစ်ကြဘူး။

ဘာနဲ့သူများကိုယှဉ်မှာလဲ?
=================
အဲပြောကြည့်... ငါတို့ဘာနဲ့ တိုင်းပြည်ကောင်း တစ်ခု ဖြစ်အောင် တည်ဆောက်မှာလဲ?
ဘယ်မှာလဲ.. ကောင်းတဲ့တစ်ချက်?????? ဒီပုံစံအတိုင်းသွား... လောင်းရဲတယ်။ ဘယ်မှ မရောက်မှာကို..။

ဒီတော့ပြောချင်ပါတယ်။ အခုကစပြီး သောက်ကျင့်တွေ ပြင်ကြပါ။ စပြင်မဲ့သူ စောင့်မနေပါနဲ့။ ကိုယ်တို့ တစ်ဦးချင်းမှ... စိတ်ဓါတ်၊ အရည်အချင်း၊ ကူညီရိုင်းပင်းမူ စါနာစိတ် မရှိရင်၊ အရှည်ကို တွေးမျှော် တတ်တဲ့စိတ်၊ ငါ
ကစပြီး တိုးတက်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဆိုတဲ့စိတ်.. အခုချက်ချင်းမွေးကြစမ်းပါ။
မှတ်ထားနော်...
မြန်မာတွေ အသံတစ်သံတည်း ထွက်တဲ့ နေ့က
မြန်မာ အောင်မြင်ဘို့ လမ်းစ အပေါ်ရောက်တဲ့ နေ့ဘဲ။

--------မောင်မြင့်ဇော်------------------
Via: Alvis Wyne

No comments: