Wednesday, January 11, 2017

Misconception - တရားဘာဝနာအပေါ်လွဲမှားသောအယူအဆ


Misconception #1လွဲမှားသောအယူအဆ(၁) 

Meditation is just a relaxation technique

တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း
တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း မျိုးမလုပ်သင့်ပါ။ 

စိတ်ရောကိုယ်ပါအနားရပြီး အပန်းပြေခြင်းသည်
တရားအားထုတ်ခြင်း၏အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဝိပဿနာဘာဝနာ(Vipassana-style meditation)သည်ထိုမျှမက
လေးနက်သောပန်းတိုင်ကိုရည်ညွန်းသော်ငြားလည်း အားထုတ်သူယောဂီများစုက အပန်းဖြေအနားယူခြင်းနည်းလမ်းတစ်ခုမျှသာယူဆလေ့ကျင့်ကြသည်။

တရားအားထုတ်နည်းအမျိုးမျိုးတို့သည်စိတ်၏အာရုံစူးစိုက်ခြင်း(သမာဓိ)ကိုအလေးအနက်ထားကြသည်။စိတ်ကိုအာရုံတစ်ခုခုပေါ်၌သော်လည်းကောင်း၊အရူခံ(စိတ်၊ဝေဒနာ၊ဝင်သက်ထွက်သက်၊ကသိုဏ်းပရိကံ)တစ်ခုခုပေါ်၌သော်လည်းကောင်း
ငြိမ်သက်စွာတင်ထားခြင်းဖြစ်သည်။အလေးအနက်အပြင်းအထန်လေ့ကျင့်နိုင်လျှင်ဈာန်ဟုခေါ်သော၊ပီတိသုခချမ်းသာတိုဖြင့်ပြည့်ဝသည့်အဆင့်မြင့်သမာဓိကိုရရှိနိုင်သည်။ဈာန်သည်အာရုံတစ်ခုတည်း၌အချိန်ကြာမြင့်စွာတည်ငြိမ်နေသော(ဧကဂ္ဂထာ)စိတ်မျိုးဖြစ်သည်။

သာမာန်စိတ်တို့ထက်သာလွန်သောပီတိချမ်းသာသုခဖြင့်ပြည့်ဝနေသောခံစားမူတစ်မျိုးဖြစ်သည်။အားလုံးသောကမ္မဌာန်းနည်း(၄၀)သည်ထိုအဆင့်တွင်လမ်းဆုံးကြသည်။

ထိုအဆင့်သည်ပန်းတိုင်ဖြစ်ပြီး၊သင့်လည်းထိုအဆင့်သို့ရောက်ရှိပါကဘဝတစ်ခုလုံး၏ကျန်အချိန်အားလုံးကိုထပ်ခါထပ်ခါလေ့ကျင့်နေခြင်းဖြင့်ကုန်ကောင်း
ကုန်လွန်စေလိမ့်မည်။ဈာန်သည် ဝိပဿနာဘာဝနာမဟုတ်ပါ။ ဝိပဿနာဘာဝနာ၌သတိတရားမြဲမူလိုအပ်သည်။သတိတရားဖြစ်ရန် သက်တောင့်သက်သာအာရုံစူးစိုက်စွမ်းရှိရမည်။

ပီတိ၊သုခနှင့်အပန်းပြေမူသည် တရားအားထုတ်ခြင်း၏ ဘေးထွက်ပစ္စည်း(by products)၊ ပန်းတိုင်၏ရှေးပြေး(precursors)
နှင့်မိမိတရားအားထုတ်နည်းမှန်မမှန်စစ်ဆေးနိုင်သည့်စံအရာမျှသာဖြစ်သင့်သည်။ သိုသော်ပီတိ၊သုခနှင့်အပန်းပြေမူတို့ကိုပန်းတိုင်အဖြစ်မသတ်မှတ်သင့်ပါ။

ဝိပဿနာဘာဝနာသည် အလွန်လေးနက်သိမ်မွေ့သော ဗုဒ္ဓဘာသာ၏ကျင့်စဉ်ဖြစ်ပြီး ကိလေသာတရားများ
မှလွတ်မြောက်ရန်၊ စင်ကြယ်ရန် နှင့် စိတ်အဆင့်ဆင့် တိုးတက်ပြောင်းလဲရန်တို့ဖြစ်သည်။

Misconception #2 လွဲမှားသောအယူအဆ(၂)

Meditation means going into a trance
အသိတရားကင်းလွတ်၊မေ့မျောနစ်မောနေရန် လွဲမှားစွာတရားအားထုတ်ခြင်း

အသိတရားမှကင်းလွတ်၊မေ့မျောသွားအောင်ပြုလုပ်နိုင်သောနည်းလမ်းများရှိကောင်းရှိနိုင်ပါသည်။ 

ဝိပဿနာဘာဝနာသည်
အသိတရားကင်းလွတ်၊မေ့မျောနစ်မောသွားအောင်လေ့ကျင့်ခြင်းမဟုတ်ပါ။ ဝိပဿနာဘာဝနာသည် မိမိကိုယ်ကိုအိပ်မွေ့ချခြင့်၊စိတ်ညို့ခြင်း (hypnosis)
လည်းမဟုတ်ပါ။ မိမိစိတ်ကို အသိတရားကင်းလွတ်သွားအောင်(Black out) အားထုတ်ခြင်းလည်းမဟုတ်ပါ။ သင့်ကို
သင်ခံစားမူကင်းသည့်ဟင်းသီးဟင်းရွက်အဖြစ်ရောက်အောင်ကြိုးစားနေတာမျိုးမဖြစ်သင့်ပါ။ထိုသို့မဖြစ်အောင်ကြိုးစားခြင်းကသာနည်းမှန်ဖြစ်သည်။

တရားဘာဝနာပွားများခြင်းဖြင့် သင်ခံစားမှု၏ အပြောင်းအလဲခြင်းများကို တစ်ထက်တစ်စပိုပြီးနားလည်လက်ခံနိုင်လိမ့်မည်ဖြစ်သည်။ သင့်ကိုသင်
ပို၍တိကျရှင်းလင်းပြတ်သားစွာလက်ခံနိုင်ရန်သင်ယူအားထုတ်သင့်သည်။တရားဘာဝနာအားထုတ်ရန်ကြိုးစားသင်ယူခြင်းဖြင့် ကမ္မဌာန်းအာရုံ၌နစ်မျောနေသော
စိတ်အဆင့်များဖြစ်ပေါ်လာမည်။ အသိတရားကင်းလွတ်ခြင်းမျိုးမဟုတ်ပါ။ အသိကင်းနေ သည့်အခိုက် (In hypnotic trance) တစ်စုံတစ်ယောက်က
ယောဂီ၏စိတ်ကိုလာရောက်ထိန်းချုပ်နေခြင်းဖြစ်ပြီး၊အဆင့်မြင့်သမာဓိရရှိ(ဈာန်ဝင်စား) နေသည့်ယောဂီသည်မိမိ၏ကိုယ်ပိုင်သတိရားအောက်တွင်ရူမှတ်နေခြင်းဖြစ်သည်။

အသိကင်းနေခြင်းသည်စိတ်၏အပေါ်ယံဖြစ်စဉ်မျှသာဖြစ်ပြီး ဝိပဿနာဘာဝနာမဟုတ်ပါ။အဆင့်မြင့်သမာဓိ(ဈာန်)သည် သတိတရားမြရန်အတွက်အထူးလိုအပ်သောအဆင့်တစ်ခုဖြစ်သည်။
ဝိပဿနာဘာဝနာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ သတိတရားမြဲရန်လေ့ကျင်ပျိုးထောင်ခြင်း(the cultivation of mindfulness or awareness)
ဖြစ်သည်။သင်တရားအားထုတ်နေစဉ် ဘာကိုမျှ မသိ၊မကြားဘဲ အသိကင်းမဲ့နေခဲ့လျှင် သင်သည် ဝိပဿနာဘာဝနာကိုပွားများနေခြင်းမဟုတ်ပါ။

Misconception #3 လွဲမှားသောအယူအဆ(၃)
Meditation is a mysterious practice which cannot be understood
တရားအားထုတ်ခြင်းကို နားမလည်နိုင်သည့် ဂန္ဓာရီဆန်ဆန်ကျင့်စဉ်အဖြစ်လွဲမှားစွာလက်ခံခြင်း

တရားအားထုတ်ခြင်းသည် အဆင့်အမျိုးမျိုးသော သိစိတ်များ(levels of consciousness)
နှင့်သက်ဆိုင်ပြီး၊သရုပ်ဖော်ပြောဆိုနိုင်ရန်အတွက်အလွန်ခက်ခဲနက်နဲသည်။အချို့သောအချက်အလက်များကိုစကားလုံးများဖြင့်ဖော်ပြပြောဆိုရန်ခက်ခဲသည်ဆိုသော်လည်း
လုံးဝနားမလည်နိုင်သောကိစ္စမျိုးတော့မဟုတ်ပါ။စကားလုံးများဖြင့်ဖော်ပြမူကို ကျော်လွန်၍
နားလည်နိုင်စွမ်းဖြစ်သည်။သင့်မည်ကဲ့သိုလမ်းလျှောက်ရမည်ကိုနားလည်သော်လည်း
သင့်၏နာဗ်ကြောများနှင့်ကြွက်သားများကမည်ကဲ့သိုလှုပ်ရှားလုပ်ဆောင်ပေးကြသည်ကို အစီစဉ်တကျအတိအကျဖော်ပြရန်အတွက်မဖြစ်နိုင်ပါ။ သိုသော်သင်လမ်းကောင်းကောင်းလျှောက်နိုင်သည်။

ထိုအတူ ကိုယ်တိုင်လက်တွေ့တရားဘာဝနာပွားများခြင်းဖြင့်နားလည်နိုင်ပါသည်။စိတ္တဇဆန်သည်ဝေါဟာရများဖြင့်လေ့လာသင်ယူရန်မဖြစ်နိုင်သည့်အရာမျိုးမဟုတ်ပါ။လက်တွေ့ လေ့ကျင့်ခံစားနိုင်ပါသည်။

တရားဘာဝနာပွားများရုံဖြင့်ကြိုတင်တွက်ဆခန့်မှန်းထားသောရလဒ်များ အလိုလျှောက်ရရှိလိမ့်မည်ဟုလှေနံဓားထစ်မမှတ်သားသင့်ပါ။ ဘာဝနာလုပ်ငန်းသည် လုပ်တိုင်းဖြစ်သည့်ပုံသေနည်း(formula)လည်းမဟုတ်ပါ။ဘယ်တရားထိုင်ချိန်၌(session)မှာဘာတွေဖြစ်လာလိမ့်မည်ဆိုသောကြိုတင်ခန့်မှန်းချက်များမည်သည့်အခါမျှ မမှန်နိုင်ပါ။ တရားထိုင်ချိန်တိုင်း၌စုံစမ်းမူများ(investigation)၊လက်တွေ့စမ်းသပ်မူများ(experiment)နှင့်စွန့်စားခန်းများ(adventure)ဖြစ်နေလိမ့်မည်။ယခင်တရားအချိန်များမှာရရှိခဲ့သည့်ခံစားချက်များ၊သင်ခန့်မှန်းထားသည့်အတိုင်း
ရရှိခဲ့ပါကသင့်တရားအလုပ်တွင်တိုးတက်မူရှိကြောင်း ဖော်ပြချက်(indicator)ဖြစ်သည်။ထိုဖော်ပြချက်အရ သင်သည်ဘာဝနာပန်းတိုင်သို့သွားရာလမ်းကြောင်းမှန်ပေါ်တွင်ရောက်ရှိနေပြီဖြစ်သည်။

Misconception #4 လွဲမှားသောအယူအဆ(၄)
The purpose of meditation is to become a psychic superman
အဘိဥာဏ်ရ စူပါမန်းဖြစ်ရန် ရည်ရွယ်၍ တရားအားထုတ်ခြင်း
တရားအားထုတ်ခြင်းရည်ရွယ်ချက်မှာ သတိတရားစွဲမြဲမူ၌တိုးတက်ရန်(To Develop Awareness)ဖြစ်သည်။

မိမိစိတ်ဘာဖြစ်နေသည်ကိုစောင့်ဖတ်ခြင်းသည်လည်းအဓိကမဟုတ်ပါ။ကောင်းကင်၌ပျံနိုင်ခြင်းသည်တရားအားထုတ်ခြင်း၏ပန်းတိုင်မဟုတ်ပါ။ပန်းတိုင်အစစ်မှာ ကိလေသာတို့မှ
လွတ်မြောက်ရန်ဖြစ်သည်။အဘိဥာဏ်စွမ်းအားနှင့်တရားအားထုတ်ခြင်းတို့မှာအပြန်အလှန်ခက်ခဲနက်နဲစွာစပ်ဆက်နေကြသည်။
တရားအားထုတ်ခါစယောဂီများသည်အဘိဥာဏ်ကိစ္စများကို တွေးမိကောင်း တွေးမိပေလိမ့်မည်။အချို့သောယောဂီများလွန်ခဲ့သည့်ဘဝဟောင်းများကိုမှတ်မိကောင်းမှတ်မိပေလိမ့်မည်။
ထိုကဲ့သို့မှတ်မိခြင်းမျိုးကိုကောင်းစွာဖွံဖြိုးပြီး စိတ်ချရသောအဘိဥာဏ်၏အစွမ်းဟုမခေါ်ဆိုနိုင်ပါ။အလွန့်အလွန်ရေးပါသောအရာအဖြစ်လည်းမသတ်မှတ်သင့်ပါ။

ထိုအဘိဥာဏ်ကိစ္စများကြောင့် ငြိကပ်တတ်သောတဏှာကို ဖြစ်ပေါ်စေတတ်သောကြောင့်အားထုတ်ခါစယောဂီများအတွက်
အလွန်အန္တရာယ်များလှသည်။လမ်းမှန်ပေါ်မှလွင့်စင်သွားအောင်ဖျားယောင်းတတ်သောထောင်ချောက်များ (ဥပက္ကိလေသာ ၁၁ပါး)
ဖြစ်သည်။အဘိဥာဏ်ကိစ္စကို အလေးမပြုမိအောင်ကြိုးစားခြင်းသည်နည်းကောင်းတစ်ခုဖြစ်သည်။အဘိဥာဏ်အစွမ်းများရသည်ဖြစ်စေ၊မရသည်ဖြစ်စေမည်မျှမထူးခြားပါ။

ယောဂီ၏တရားထိုင်သက်တမ်းတစ်လျှောက်တွင် အဘိဥာဏ်အစွမ်းများရရန် သီးသန့်လေ့ကျင့်ခန်းများ အားထုတ်ကောင်းအားထုတ်ခဲ့မည်။ အဘိဥာဏ်အစွမ်းရရန်
အလွန်ပင်ခဲယဉ်းသည်။အလွန်အဆင့်မြင့်သည့်၊ဈာန်ဆိုက်သောသမာဓိကို လေ့ကျင့်အောင်မြင်ခဲ့ပြီးသူ
(ကသိုဏ်၁၀ပါး၌ စတုတ္ထဈာန်ရောက်အောင် ဝသီဘော်၅တန်ဖြင့်ကျွမ်းကျင်စွာအားထုတ်နိုင်သူ)သာ
အန္တရာယ်နည်းပါးစွာ အလွန်ခက်ခဲသောအဘိဥာဏ်အစွမ်းကိုရရှိရန် လေ့ကျင့်နိုင်သည်။ ဝေနေယျသတ္တဝါများခြေချွတ်ရန်ရည်ရွယ်၍
အဘိဥာဏ်အစွမ်းများရရန် အားထုတ်သင့်သည်။

ဆယ်စုနှစ်ပေါင်းများစွာ အဆက်မပြတ် အားထုတ်ရန်လိုအပ်သည်။ မိမိနှင့်သင့်လျှော်သည်လုပ်ငန်းခွင်ကို(သတိတရားစွဲမြဲရန်) ဇောက်ချပြီး
ဥပက္ကိလေသာ ၁၁ပါး တို့မှလွန်မြောက်အောင်ကြိုးစားပါလေ။

Misconception #5 လွဲမှားသောအယူအဆ(၅)
Meditation is dangerous and a prudent person should avoid it
တရားအားထုတ်ခြင်းအန္တရာယ်များသောကြောင့် ဆင်ခြင်တွေးခေါ်တတ်သူများရှောင်ကြဉ်သင့်သည်။

အရာရာတိုင်း၌အန္တရာယ်ရှိသည်။လမ်းဖြစ်ကူးနေစဉ်ဘတ်စ်ကားဝင်တိုက်နိုင်သည်။ရေချိုးနေစဉ်အတွင်းလည်ပင်းရိုးကျိုးနိုင်သည်။တရားထိုင်နေစဉ်အတွင်းသင့်၏အတိတ်မှမှတ်ဥာဏ်များအားလုံးမေ့ပျောက်သွားနိုင်သည်။

ကြိုးစားပြီးမေ့ဖြစ်ထားသောကြောက်စရာကောင်းသည့်အတိတ်ကအဖြစ်အပျက်များ တရားအားထုတ်နေစဉ် ပြန်လည်ပေါ်လာနိုင်သည်။

လုံးဝအန္တရာယ်မရှိသည့်အရာဆိုတာမရှိနိုင်ပါ။အရာရာတိုင်းသည်အန္တရာယ်ရှိသည့်အတွက်အချိန်ပြည့်ခေါင်းမူးခြုံ၍နေရမည်ဟုလည်းမဆိုလိုပါ။ စစ်မှန်သောရှင်သန်ရပ်တည်ခြင်းမဟုတ်ပါ။
အသက်မသေခင်ဘဝဆုံးနေခြင်းသာဖြစ်သည်။ဘယ်အန္တရာယ်နှင့်တွေဘို့ ဘယ်လောက်ဖြစ်နိုင်ခြေများသည်။ဘယ်လိုအန္တရာယ်မျိုးနှင့်ကြုံတွေ့ နိုင်သည်။ကြုံတွေ့ ခဲ့သော်မည်သို့ရင်ဆိုင်ရမည်ဆိုတာပြင်ဆင်ထားသင့်သည်။

လက်စွဲစာအုပ်များ၏ရည်ရွယ်ချက်မှာထိုစိန်ခေါ်မူများကိုကျော်လွှားလွန်မြောက်ရန်ဖြစ်သည်။ ဝိပဿနာဘာဝနာ၏ရည်ရွယ်ချက်မှာသတိတရားစွဲမြဲမူတိုးတက်ရန်(develop awareness)ဖြစ်သည်။

ဝိပဿနာဘာဝနာသည်အန္တရယ်မရှိပါ။ဝိပဿနာဘာဝနာသည်အန္တရယ်များကိုကျော်လွှားရန်အတွက်သာဖြစ်သည်။သတိတရားလက်ကိုင်ထားခြင်းဖြင့်အန္တရယ်များမှလုံခြုံစေသည်။တရားဘာဝနာကို စနစ်တကျလေ့ကျင့်အားထုတ်ခြင်းဖြင့်သိမ်မွေ့စွာတဖြည်းဖြည်းတိုးတက်လာပေလိမ့်မည်။ဖြေးဖြေးနှင့်မှန်မှန်လေ့ကျင့်လျှင်သင့်၏တရားအားထုတ်မှုသည် သဘာဝအတိုင်းတိုးတက်လာပါလိမ့်မည်။မည်သည့်အရာကိုမျှအတင်းအကြပ်အပြုလုပ်သင့်ပါ။
အချိန်ပြည့်တရားစခန်းတွင်ကျွှမ်းကျင်သောအရည်အခြင်းရှိသည့်ကမ္မဌာန်းဆရာကောင်းနှင့်လေ့ကျင့်သင်ကြားပါကအလွန်လျှင်မြန်စွာတိုးတက်အောင်မြင်လာလိမ့်မည်။ လွယ်ရာကစပြီးဖြေးဖြေးမှန်မှန်လေ့ကျင့်ပါကအားလုံးပြီးမြောက်အောင်မြင်လိမ့်မည်။

Misconception #6 လွဲမှားသောအယူအဆ (၆)
Meditation is for saints and holy men, not for regular people
တရားအားထုတ်ခြင်း ရဟန်းသံဃာများအတွက်သာဖြစ်ပြီး သာမာန်လူများနှင့်မဆိုင်ပါ။

အမေရိကန်မှနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များနှင့်ဘတ်စကက်ဘောချန်ပီယံများကိုသာမာန်လူတို့ထက်စွမ်းဆောင်ရည်မြင့်မားသူများအဖြစ် လက်ခံထားသကဲ့သို့ရဟန်းတော်များသည်

ရိုသေမြတ်နိုးဖွယ်ရာဂုဏ်တို့ဖြင့်ပြည်စုံသောကြောင့်ရဟန်းတော်များသာ ကမ္မဌာန်းတရားနှင့်ဝိပဿနာဘာဝနာတို့ကို အားထုတ်ရမည်ဟုအာရှဒေသ၌ ကျယ်ကျယ်ပြန့်ပြန့်လက်ခံယူဆထားကြသည်။
ထိုသူများသည်စွမ်းနိုင်သူများဖြစ်ကြပြီး ရှားပါးသော အရည်အချင်းများပိုင်ဆိုင်ကြသည်။မြင့်မြတ်သောရသေ့၊ရဟန်းများအားလုံးနီးပါး တရားဘာဝနာပွားကြသည်။ သိုသော်ထိုသူများသည်
ရသေ့၊ရဟန်းများဖြစ်သောကြောင့်တရားအားထုတ်ခြင်းမဟုတ်ကြပါ။သံသယာဘေးကိုကြောက်ရွှံ့ ၍ တရားဘာဝနာ၌ မွေလျော်သောကြောင့်သာရသေ့၊ရဟန်းများအဖြစ်သတ်မှတ်ခေါ်ဆိုခံရခြင်းဖြစ်သည်။

တရားဘာဝနာပွားများခြင်းကသာ စင်ကြယ်မြင့်မြတ်သူ အဖြစ်သို့ရောက်စေခြင်းဖြစ်သည်။ ရသေ့၊ရဟန်းမဖြစ်ခင်ကတည်းက တရားအားထုတ်ကြသူများဖြစ်သည်။

လုံးဝဖြူစင်သည့်သီလအကျင့်ရှိသူသာတရားအားထုတ်သင့်သည်ဟု ယောဂီအများစုက လွဲမှားစွာနားလည်လက်ခံထားကြသည်။ ထိုနည်းသည် အလုပ်ဖြစ်နိုင်သောနည်းတစ်ခုမဟုတ်ပါ။သီလမြဲရန်အတွက်
စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မူ(mental control) သည်အနိမ့်ဆုံးအခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်။ အခြေခံ ၅ပါးသီလ(သို့) ၈ပါးသီလတို့ကို မစောင့်စည်းနိုင်၊
ဖြူစင်စွာမလိုက်နာနိုင်လျှင်သမာဓိထူထောင်ရန်မဖြစ်နိုင်ပါ။ ဗုဒ္ဓနည်းအရတရားဘာဝနာပွားများရန်သီလ၊သမာဓိ၊ပညာသည် အခြေခံအုပ်မြစ်ဖြစ်သည်။ ကျင့်စဉ်နက်ရှိုင်းလာလေလေ
ထိုသိက္ခာသုံးပါးမှာပို၍ဖွံဖြိုးလာလေလေဖြစ်သည်။သိက္ခာသုံးပါး(သီလ၊သမာဓိ၊ပညာ)သည် အပြန်အလှန် ဆက်စပ်နေသောကြောင့်တစ်ချိန်မှာတစ်ခုချင်းစီဖွံ့ ဖြိုးရန်လေ့ကျင့်ခြင်းထက်
တစ်ပြိုင်နက်ဖွံ့ဖြိုးရန်လေ့ကျင့်ခြင်းကပို၍မှန်ကန်သည်။သီလအကျင့်(လုံးဝ)ပြည့်စုံအောင်မြင်ပေါက်မြောက်အောင်စောင့်ဆိုင်းနေသောယောဂီလောင်းသည် မည်သည့်အခါမှမျှ
စတင်တရားအားထုတ်ဖြစ်လိမ့်မည်မဟုတ်ပေ။ထိုယောဂီလောင်းသည် ရေချိုးရန်အတွက်သမုဒ္ဒရာကြီးတစ်ခုလုံးငြိမ်သက်လုံးဝငြိမ်သက်သွားအောင်စောင့်နေသူနှင့်တူသည်။

သီလအဆင့်အမျိုးမျိုးရှိပါသည်။ အခြေခံအဆင့်သီလမှာ တစ်စုံတစ်ယောက်ကချမှတ်ပေးသော စည်းမျဉ်းစည်းကမ်း၊ဥပဒေ (rules and regulations )
ဖြစ်သည်။သင့်နိုင်ငံ၏ဥပဒေ(သို့)သင့်ကျောင်းစည်းကမ်း(သို့)သင့်ဖခင့်ချမှတ်ထားလိုက်နာရန်အချက်များဖြစ်သည်။မည်သူကချမှတ်သည်ဖြစ်စေထိုဥပဒေ၊စည်းကမ်းတို့ကိုသိနားလည်ပြီးလိုက်နာရန်ဖြစ်သည်။

ထိုဥပဒေ၊စည်းကမ်းတို့မှာရှင်းလင်းလွယ်ကူ၍ တိကျပြတ်သားပြီး၊ စည်းကမ်းတစ်ခုချိုးဖောက်တိုင်းတစ်ချက်အရိုက်ခံရလျှင်ဆိုလျှင်ချန်ပင်ဇီမျောက်တစ်ကောင်ပင်လိုက်နာလိမ့်သည်။ ထိုအခြေခံအဆင့်သီလ၌
တရားဘာဝနာအားထုတ်ခြင်းမလိုအပ်ပါ။ဥပဒေ၊စည်းကမ်းနှင့် ရိုက်မည့်ဒုတ်(အပြစ်ဒဏ်)တို့သာလိုအပ်သည်။ဒုတိယအဆင့်သီလမှာ စောင့်ကြည့်နေသည့်သူ၊ ရိုက်မည့်ဒုတ်မရှိပဲအထက်ပါစည်းကမ်းအားလုံးကို
လိုလိုလားလားလိုက်နာခြင်းဖြစ်သည်။ထိုစည့်ကမ်းများကိုသင့်၏အဇ္ဈတသန္တာန်မှ သိစိတ်ဖြင့်ကော၊မသိစိတ်ဖြင့်ပါပင်ကိုယ်သဘောအတိုင်းလက်ခံလိုက်နာခြင်းဖြစ်သည်။

စည်းကမ်းတစ်ခုချိုးဖောက်တိုင်းလည်းသင့်ကိုယ်သင်အပြစ်ပေးပါလိမ့်မည်။ ထိုအဆင့်သို့ရောက်ရန် အနည်းငယ်မျှသော စိတ်ထိန်းချုပ်မှုလိုအပ်သည်။

သင်ပရမ်းပတာလုပ်ကိုင်တတ်လျှင်၊ သင်၏အသွင်အပြင်အမူအရာမှာလည်းပရမ်းပတာဖြစ်နေလိမ့်မည်။ စိတ်ဓါတ်အဆင့်အတန်းမြင့်မားလာခြင်းသည်
စိတ်ပရမ်းပတာဖြစ်မှုကိုနည်းပါးစေသည်။

တတိယအဆင့်သီလကို ကိုယ်ကျင့်တရား(ethics)လို ခေါ်ဆိုရမှာပါ။
အမြင့်ဆုံးသောအဆင့်ဖြစ်ပြီးလုံးဝကွာခြားသောအဆင့်တစ်ခုကိုရောက်ရှိခဲ့ပြီဖြစ်သည်။ ကိုယ်ကျင့်တရားမည်သည်အာဏာပိုင်(သို့ )ခိုင်းစေသူမှချမှတ်သော စည်မျဉ်းစည်းကမ်းများ
မျက်စေ့ပိတ်၊နားပိတ်ကိုလိုက်နာခြင်းမျိုးမဟုတ်ပါ။ထိုအဆင့်၌ အခြေအနေ၊အချိန်အခါနှင့်ကိုက်ညီမည့် အပြုအမူကိုကိုယ်တိုင်ရွှေးချယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။

အမှန်တကယ်ဥာဏ်ရည်မြင့်မားစွာဖြင့်အခြေအနေအားလုံးအတွက် အကောင်းဆုံးနှင့်အသင့်တော်ဆုံး တုံ့ပြန်မူတို့ကိုဖန်တီးနိုင်ပြုမူနိုင်ပြီဖြစ်သည်။ထိုအပြင်
အတ္တအကျိုးထက်အများအကျိုးကိုပေါ်မှာအခြေခံသည့်ဆုံးဖြစ်ချက်တွေကိုရဲဝံစွာချနိုင်မည်ဖြစ်သည်။အခြေအနေတစ်ရပ်လုံး၏အကောင်းရာကောင်းကျိုးကိုသိမြင်နိုင်စွမ်းရှိပြီး
အတ္တနှင့်ပရကို ဟန်ညီညီထိန်းနိုင်မည်ဖြစ်သည်။

လောဘ၊ဒေါသနှင့်မောဟတို့ကင်းလွတ်ပြီး မိမိ၊သူတပါး အကျိုးများမည့်နည်းလမ်းများဖြင့်သာ တွေ့ ကြုံသမျှကိစ္စတို့ကို
လွန်မြောက်စေလိမ့်မည်။ထိုကဲ့သို့ စိတ်ထားမျိုးကို တရားဘာဝနာပွားများခြင်းဖြင့်သာ ရရှိနိုင်သည်။မည်သည့်နည်းလမ်းမျိုးနှင့်မျှ ထိုကဲ့သို့မြင့်မားမွန်မြတ်သော
စိတ်ထားမျိုးကိုမရရှိနိုင်ပေ။ပြဿနာတိုင်းကိုရူထောင့်တိုင်းမှအဆင်ပြေအောင်ကြိုးစားခြင်းသည်ဘောလုံးများစွာကိုလေထဲ၌မြောက်ကစားခြင်းနှင့်ဆင်တူပြီး
မည်သည့်ထူးချွန်ထက်မြက်မူကမစွမ်းနိုင်ပါ။အမြဲတန်းအတွက်အလွန်ပင်ပန်းသောကိစ္စရပ်လည်းဖြစ်သည်။တရားဘာဝနာအားထုတ်ခြင်းမှရရှိသည့် အဆင့်မြင့်သမာဓိကသာ
အမှားအယွင်းမရှိပြီးမြောက်အောင်မြင်နိုင်သည်။


Misconception #7 လွဲမှားသောအယူအဆ (၇)
Meditation is running away from reality
တရားအားထုတ်ခြင်းအမှန်တရားများမှထွက်ပြေးခြင်း
တရားအားထုတ်ခြင်းသည်အမှန်တရားနှင့်ရင်ဆိုင်ခြင်းဖြစ်သည်။ 

တရားအားထုတ်ခြင်းဖြင့်လည်းဘဝ၏နာကြည်းဖွယ်ရာများမှမလွတ်မြောက်သွားပါ။

ဘဝကိုနက်ရှိုင်းစွာနားလည်နိုင်ပြီး အမှန်တရားကိုရဲရဲရင်ဆိုင်နိုင်သောခွန်အားကို ရရှိနိုင်သည်။

ဝိပဿနာဘာဝနာသည်သင်မြင်တွေ့ သည်အတိုင်း ဘဝကိုလက်တွေ့ ကျကျ (ဓမ္မဓိဌာန်ကျကျ) တွေ့ကြုံခံစားနိုင်ရန် ရည်ရွယ်သည့် အလေ့အကျင့်တစ်ခုဖြစ်သည်။

ထင်ယောင်ထင်မှားမူများကိုမောင်းထုတ်နိုင်ပြီးသင်ကိုသင်မသိမသာလိမ်ညာနေမူများမှလွတ်မြောက်စေနိုင်သည်။အရှိကိုအရှိအတိုင်း၊ (သဘာဝကို သဘာဝအတိုင်း၊ မမြဲမူကို အမြဲသည့်အတိုင်း)
သင်ကိုသင် အမှန်အတိုင်း တွေ့ မြင်စေသည်။ သင်၏အားနည်းပျော့ညံ့မူများကို အရင်းခံကာ သင့်ကိုယ်သင်
ဟန်ဆောင်လိမ်ညာလှည့်ဖျားမူဝဲသြဃ(wheel of illusion)ထဲက မလွတ်မြောက်အောင်ချည်နှောင်ထားသည်။
ဝိပဿနာဘာဝနာသည် သင်၏ပြဿနာများကိုဖုံးကွယ်မေ့ပျောက်အောင်မစွမ်းဆောင်နိုင်ပါ။

သင်ကိုသင်အမှန်အတိုင်း အတိအကျ တွေ့ မြင်နိုင်အောင်သာလေ့ကျင့်ယူခြင်းဖြစ်သည်။

အရှိကိုအရှိအတိုင်းလုံးဝ ရူမြင်လက်ခံနိုင်မှသာ တိုးတက်သော ပြောင်းလဲမူကိုသင်ကိုယ်တိုင်ပြုလုပ်နိုင်မည်ဖြစ်သည်။

Misconception #8 လွဲမှားသောအယူအဆ (၈)
Meditation is a great way to get high
တရားအားထုတ်ခြင်းသည် ဘဝမြင့်များရန်အတွက်ကောင်းဆုံးလမ်း

တစ်ခါတစ်ရံ တရားအားထုတ်ခြင်း နှစ်သက်ဖွယ်ကောင်းသောပီတီသုခပြည့်ဝသောချမ်းသာသည့်ခံစားမူများရရှိနိုင်ပါသည်။ ထိုခံစားမူများသည်တရားအားထုတ်ခြင်း၏ပန်းတိုင်မဟုတ်သလိုအမြဲတန်းလည်းမရရှိနိုင်ပါ။ သမာဓိထူထောင်ရန်၊သတိတရားမြဲရန်စသောမှန်ကန်သည့်ရည်ရွယ်ချက်များဖြင့်အားမထုတ်ဘဲ
ထိုချမ်းသာသုခကိုတောင့်တ၍တရားဘာဝနာကိုအားထုတ်ပါက ပို၍ပင်ထိုခံစားမူများကိုရရှိရန်ခက်ခဲပေလိမ့်မည်။

စိတ်တင်းကျပ်မူများမှပြေလျော့ခြင်းဖြင့်အနားယူအပန်ပြေမူမျိုးဖြစ်ပေါ်လာသည်။ ထိုအနားယူအပန်ပြေမူမှတဆင့်ပီတိသုခများရရှိနိုင်သည်။

တရားအားထုတ်ခြင်းမှပီတိသုခကိုလိုက်လံရှာဖွေနေခြင်းကြောင့်မွန်းကြပ်သောစိတ်ထားမျိုးဖြစ်ပေါ်လာကာဘာဝနာ၏ဖြစ်စဉ်တစ်ခုလုံးကိုပျက်စီးစေသည်။

ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ချမ်းသာသုခတို့သည်မတောင့်တသည်အခိုက်အတန့်၌သာလွယ်ကူစွာရရှိနိုင်သည်။ထိုပီတိသုခသည်ပန်းတိုင်မဟုတ်၊တစ်ခါတစ်ရံမှရလေ့ရှိသော
တရားအားထုတ်ခြင်း၏ဘေးထွက်ပစ္စည်းမျှသာဖြစ်သည်။အချိန်ကြာကြာနေစဉ်ရက်ဆက်တရားအားထုတ်ခြင်းဖြင့်ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ချမ်းသာသုခတို့မကြာခဏရရှိနိုင်သည်။
ထိုပီတိသုခအကြောင်းကို အဆင့်မြင့်ယောဂီများထံမှ တလေသံတည်း (ငြင်းချက်မရှိ)ကြားနိုင်သည်။

Misconception #9 လွဲမှားသောနားလည်မူ (၉)
Meditation is selfish
တရားအားထုတ်ခြင်းသည် တကိုယ်ကောင်းဆန်၊အတ္တကြီးခြင်းဖြစ်သည်။

တရားအားထုတ်သည့်ယောဂီများကိုတကိုယ်ကောင်းဆန်သူ၊ အတ္တကြီးသူများအဖြစ် သတ်မှတ်တတ်ကြသည်။ကူရှင်ပေါ်၌ငြိမ်သက်စွာထိုင်ပြီးတရားအားထုတ်နေသည့်ယောဂီများသည်
သွေးလှူရန်ဆေးရုံသို့သွားနေသူများလည်းမဟုတ်ပါ၊သဘာဝဘေးအန္တရယ်ဒုက္ခသည်များကိုအကူအညီပေးရန်အလုပ်ရှုပ်နေသူများလည်းမဟုတ်ကြပါ။ ဘာကြောင့်တရားအားထုတ်နေသနည်း?

ယောဂီ၏ဆန္ဒကိုဆန်းစစ်ကြည့်ပါ။ဘာကြောင့် ယောဂီတစ်ယောက် တရားအားထုတ်နေသနည်း?။ ထိုယောဂီ၏ရည်ရွယ်ချက်မှာကိလေသာတရားများဖြစ်သည့် ဒေါသ၊လောဘနှင့်မောဟတို့ကို
မိမိစိတ်အစဉ်မှမောင်းထုပ်နေခြင်းဖြစ်သည်။ ကိလေသာတရားကို အပြီးသတ် မောင်းထုပ်ရန် အဖန်တလဲလဲကြိုးစားနေခြင်းဖြစ်သည်။

ထိုကိလေသာတရားများသည်အခြားသူများပေါ်တွင်ထားရှိရမည့်ဗြဟ္မာစိုရ်(မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ)တရားများမဖြစ်ပေါ်အောင်နှောက်ယှက်ပိတ်ပင်တတ်သောကြောင့်ဖြစ်သည်။
ထိုကိလေသာတရားများကို အပြီးတိုင်မပယ်ရှားနိုင်သ၍ ယောဂီတစ်ယောက်ပြုလုပ်သည့်အများကောင်းရာကောင်းကျိုးကိစ္စများသည် (သံသရာအတွက်)
မိမိကောင်းစားရေးနှင့် မိမိ အတ္တ၏အဆွယ်အပွားမျှသာဖြစ်သည်။ "ကူညီမူ" ဆိုသည့်ခေါင်းစဉ်တတ်ပြီး တစ်စုံတစ်ယောက်(သို့) မိမိကိုယ်ကို
ထိခိုက်နစ်နာစေခြင်းသည် အလွဲမှားဆုံးကစားပွဲဖြစ်သည်။ အဆင့်မြင့်ယောဂီတစ်ယောက်၏ဘဝကိုဆန်းစစ်လျှင် အများအကျိုးအတွက်
ကိုယ့်အကျိုးစွန့်လွှတ်ရမည့် လူမူရေးပရဟိတလုပ်ငန်းများကို ဆောင်ရွက်လေ့မရှိသည်ကိုတွေ့ ရှိနိုင်သည်။

အမှန်မှာကျွန်ပ်တို့သည်ကျွန်ပ်တို့ထင်တာထက်ပို၍အတ္တကြီးကြသည်။ အကန့်အသတ်မရှိလွတ်လပ်ခွင့်ရခဲ့လျှင်အတ္တသည် အနှစ်သာရရှိသောလုပ်ငန်းကိစ္စများကို
မြောင်းထဲသို့ရောက်အောင်လုပ်နိုင်သည်။တရားဘာဝနာပွားများခြင်းဖြင့်ကျွန်ပ်တို့သည် မိမိအတ္တ၏ခိုင်းစေမူများ နှင့် နုးညံသောလှည့်ဖြားမူများကိုထင်ရှားအောင်
သတိထားလိမ့်မည်ဖြစ်သည်။ထိုအခါမှသာအမှန်တကယ်အတ္တကင်းစင်လိမ့်မည်ဖြစ်သည်။မိမိ၏အတ္တကိုသန့်စင်အောင်ကြိုးစားခြင်းသည်အတ္တကြီးသည်အလုပ်မဟုတ်ပါ။


Misconception #10 လွဲမှားသောနားလည်မူ (၁၀)
When you meditate, you sit around thinking lofty thoughts
တရားအားထုတ်ခြင်း ထိုင်၍စဉ်းစားတွေးခေါ်နေခြင်းဖြစ်သည်။
တရားဘောကို လေးလေးနက်နက် ဆင်ခြင်ကြည့်ရှုခြင်း နည်းများစွာရရှိပါသည်။ ထိုနည်းများသည် ဝိပဿနာဘာဝနာမဟုတ်ပါ။

ဝိပဿနာသည် သတိတရားမြဲအောင်လေ့ကျင့်ခြင်းဖြစ်သည်။ အရှိအတိုင်းသိအောင်လုပ်ခြင်းဖြစ်သည်။

ဝိပဿနာဘာဝနာ ရိုးရှင်းသည့်ကျင့်စဉ်တစ်ခုဖြစ်သည်။ နှစ်သက်မူ၊မနှစ်သက်မနှင့်အတွေးပုံရိပ်တို့မပါဝင်သော
ကိုယ်တွေ့တိုက်ရိုက်ရူပွားမူဖြစ်သည်။ ဘဝ၏ ခဏတိုင်း၊ ခဏတိုင်းကိုအရှိအတိုင်းဟုတ်တိုင်းမှန်စွာ(ယထာဘူတကျ)စွာတွေမြင်အောင်အားထုတ်ခြင်းဖြစ်သည်။

Misconception #11 လွဲမှားသောနားလည်မူ (၁၁)
A couple of weeks of meditation and all my problems will go away
နှစ်ပတ်၊၁လ တရားစခန်းဝင်ရုံဖြင့် ပြဿနာအားလုံးအဆင်ပြေသွားလိမ့်မည်။

တရားအားဘာဝနာသည်အခါတည်း၊ချက်ချင်း၊အပြီးပျောက်ကင်းစေသည့် " အုံဖွ"မန်းဆေးတစ်မျိုးမဟုတ်ပါ။ပြောင်းလဲမူကိုချက်ချင်းတွေ့ ကောင်းတွေ့ ပါလိမ့်မည်။

အနှစ်သာရရှိသည့်အကျိုးရလာဒ်ကောင်းကိုတော့နှစ်ပေါင်းများစွာကြာမှရှိနိုင်လိမ့်မည်။ကျွန်ပ်တို့၏စကြာဝဋ္ဌာကြီးကို ဤကဲသို့ခက်ခဲမူများဖြင့်
ဖွဲ့စည်းတည်ဆောက်ထားသည်။ တစ်နေ့တစ်ညနှင့်ရရှိနိုင်သောအရာသည်ဘာမျှတန်ဘိုးရှိမည်မဟုတ်။ တရားအားဘာဝနာပွားများခြင်းသည် အတိုင်းအတာတစ်ခုအထိ
ခက်ခဲလမ့်မည်။နှစ်ပေါင်းများစွာ စည်းကမ်းကောင်းကောင်းနှင့် စနစ်တကျအနစ်နာခံလေ့ကျင့်ရသည့် ကျင့်စဉ်ဖြစ်သည်။တရားထိုင်တိုင်းရလာဒ်ကောင်းတွေရရှိနိုင်သည်။

အချို့သောရလာဒ်များသည်ဖော်ပြခြင်းငှာမစွမ်းနိုင်အောင်သိမ့်မွေ့ နက်နဲကြသည်။ ထိုရလာဒ်များသည်စိတ်၏အနက်ရှိုင်းဆုံးနေရာ၌တည်ရှိနေပြီး အချိန်အတန်ကြာမှာထွက်ပေါ်လာသည်။
ယောဂီတစ်ယောက်သည် သိသာထင်ရှားသောပြောင်းလဲမူရလာဒ်ကို တရားထိုင်တိုင်း တစ်စိုက်မတ်မတ်လိုက်လံရှာဖွေနေခဲ့လျှင် ထိုယောဂီသည်
သိမ့်မွေ့  နက်နဲသောတိုးတက်ပြောင်းလဲမူကိုလက်လွက်ဆုံးရှုံးလိမ့်မည်။ ထိုအခါ သူမှာမည်သည့်ပြောင်းလဲမူ၊တိုးတက်မူမျှမရရှိပါဆိုပြီး
စိတ်ခွန်အားတွေလျော့ကျလာပြီးလက်မြောက်အရှုံပေးမှာသေချာသည်။သည်းခံခြင်း(ခန္တီပါရမီ)သည် အဓိကကျသည်။ တရားအားထုတ်ခြင်းမှဘာကိုမျှသင်ခန်းစာအဖြစ်မရရင်တောင်မှ
သည်းခံခြင်းသဘောကိုသင်ယူပြီးဖြစ်မှာသေချာသည်။ သည်းခံခြင်း ဘဝအတွက် အဖိုးတန်ဆုံးသောသင်ခန်းစာဖြစ်သည်။

Credti: ဓမ္မနဒီ

No comments: