Saturday, January 28, 2017

HR ​တွေက ဘယ်​ဘက်​ကလဲ? ရာထူးတိုးချင်ရင်?

HR ​တွေက ဘယ်​ဘက်​ကလဲ?
---------------------------------


HR Professional တွေအနေနဲ့ လုပ်ငန်းတွေမှာ ရပ်တည်နေရတဲ့ အခန်းကဏ္ဍ (၃) ခုရှိတဲ့အကြောင်း Michigan University က ပါမောက္ခဖြစ်သူ Dr. Dave Ulrich က သူရေးတဲ့စာအုပ် Human Resource Champions မှဖေါ်ပြခဲ့ပါတယ်။
HR Professional တွေရပ်တည်နေရမယ့် အခန်းကဏ္ဍ (၃) ခုကိုကောင်းကောင်း နားလည်သဘောပေါက်တဲ့ HR Professional တွေဟာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု နဲ့ဆိုင်တဲ့ လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင် တွေကိုရောက်ရှိအောင်မြင်ဖို့၊ ၀န်ထမ်းတွေမှာရှိတဲ့ အရည်အချင်း၊ အရည်အသွေးတွေကိုအကောင်းဆုံးအသုံးချဖို့၊ ၀န်ထမ်းတွေရဲ့ ကျွမ်းကျင်မှု၊ ပါရမီထူးတွေကိုစီမံခန့်ခွဲနိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိလာအောင် စွမ်းဆောင်ပေးနိုင်ဖို့လုပ်ဆောင်ရာမှာ ဦးစီးဦးဆောင်လုပ်နေသူတွေပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်တွေမှာ HR Professional တွေအနေနဲ့ ရပ်တည်ရမယ့် အခန်းကဏ္ဍ (၃) ခုကတော့
Strategic Partner လို့ခေါ်တဲ့ လုပ်ငန်းရှင်ရဲ့လက်တွဲဖော်
Employee Advocate လို့ဆိုတဲ့ ၀န်ထမ်းတွေရဲ့ရှေ့နေ နဲ့
Change Champion ဖြစ်တဲ့ ပြောင်းလဲမှု ချန်ပီယံ တို့ပဲဖြစ်ပါတယ်။

အခန်းကဏ္ဍတစ်ခုချင်းဟာ HR နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ အရေးကြီးပါတယ်။ HR Professional တွေရပ်တည်ရမယ့် အခန်းကဏ္ဍ (၃) ခုဟာ HR Professional တွေအတွက် သုံးချောင်းထောက် ထိုင်ခုံလေးတွေနဲ့ တူပါတယ်။ သုံးချောင်းထောက် ထိုင်ခုံလေးတွေဟာ ခြေတစ်ခုခု ကျိုးသွားရင် ထိုင်လို့ အဆင်မပြေတော့သလို HR Professional တွေအနေနဲ့လည်း ရပ်တည်ရမယ့် အခန်းကဏ္ဍ တစ်ခုခု ကျိုးပဲ့သွားရင် လုပ်ငန်းရှင်နဲ့ ၀န်ထမ်းတွေ အကြားမှာ ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်တော့ပါဘူး။ အခန်းကဏ္ဍတစ်ခုချင်းက HR တွေအပေါ်ဘယ်လို သက်ရောက်မှုရှိနေတာလဲကိုစဉ်းစားကြည့်ကြပါမယ်။

Strategic Partner (လုပ်ငန်းရှင်ရဲ့လက်တွဲဖော်) 
ဒီဘက်ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရတဲ့ HR Professional တွေအနေနဲ့ အရေးကြီးတာက မိမိတတ်သိ၊ နားလည်း၊ ကျွမ်းကျင်ထားတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ လုပ်ငန်းအကျိုးစီးပွားတိုးတက် အောင်မြင်အောင် ပံ့ပိုးပေးနိုင်ဖို့အရေး ကြီးပါတယ်။ ဒီလိုအခြေအနေတွေမှာ HR Professional တွေအနေနဲ့ လုပ်ငန်းရှင်ရဲ့ နေရာကနေ မိမိတို့ကိုမိမိတို့ အစားထိုး စဉ်းစားတတ်ဖို့လိုအပ်လာပါပြီ။ လုပ်ငန်းအနေနဲ့ မျှော်မှန်းထားတဲ့ ရေတိုရေရှည် ရည်မှန်းချက်၊ ပန်းတိုင်တွေကို ပေါက်ရောက်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကိုထည့်သွင်းစဉ်းစားရတော့မှာပါ။ HR ဌာနကမျှော်မှန်း ချမှတ်ထားတဲ့ ရေတိုရေရှည် ရည်မှန်းချက်တွေဟာလည်း လုပ်ငန်းကြီးတစ်ခုလုံး အတွက်ချမှတ်ထားတဲ့ လုပ်ငန်းရည်မှန်းချက်ကို အထောက်အပံ့ဖြစ်နေဖို့ လိုအပ်ပါတယ်။

တခါတလေဖြစ်တတ်တာက မိမိတို့လုပ်ငန်းက ဈေးကွက် အတွင်းမှာရှိတဲ့ လုပ်ငန်းတွေနဲ့ မတူထူးခြားတဲ့ ပုံစံ၊ မဟာဗျူဟာတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ရေတို၊ ရေရှည် ရည်မှန်းချက်တွေ ချမှတ်ထားတယ်။ ဒီလို အများနဲ့ မတူ ထူးခြားတဲ့ ပုံစံ၊ မဟာဗျူဟာတွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အရယူဖို့အတွက် အရယူပေးနိုင်တဲ့ အရည်အသွေးပြည့် ၀န်ထမ်းတွေ လိုအပ်မှာဖြစ်ပါတယ်။ ဒီအချိန်မှာ HR ဌာနက အရည်အချင်းပြည့်ဝတဲ့ ၀န်ထမ်းတွေကို ရာထူး၊ လစာ၊ ခံစားခွင့်ကောင်းကောင်း မပေးဘဲ နည်းနည်းနဲ့ ကြဲကြဲဝိုင်းချင်တဲ့ Cost Leadership Strategy နဲ့ သွားဖို့ HR ဌာနရဲ့ ရည်မှန်းချက်ပန်းတိုင် တွေကိုချမှတ်မယ်ဆိုရင် လုပ်ငန်းသွားချင်တဲ့ ပန်းတန်ကိုရောက်ဖို့အတွက် နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။

ဒါကြောင့်မို့ HR ဌာနရဲ့ရည်မှန်းချက်ပန်းတိုင်တွေ၊ လုပ်ဆောင်ချက်တွေဟာ လုပ်ငန်းကြီး တစ်ခုလုံးရဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက်အထောက်အကူပြုနေဖို့ လိုအပ်သလို လုပ်ငန်းခွင်မှာရှိတဲ့ ၀န်ထမ်းတွေအားလုံးကို လူမှန်နေရာမှန် စီမံခန့်ခွဲနိုင်ဖို့နဲ့ ၀န်ထမ်းတွေရဲ့ ကြိုးစားအားထုတ်ပံ့ပိုးမှုတွေ ရရှိလာအောင် လုပ်ယူဖို့လိုအပ်ပါတယ်။ HR Professional တွေအနေနဲ့ လုပ်ငန်းနဲ့ တသားတဲ့ ကျပြီးစနစ်တကျစီမံခန့်ခွဲနိုင်တဲ့ စနစ်တွေကိုအကောင်အထည်ဖေါ်တဲ့ အခြေအနေမှာ ၀န်ထမ်းတွေနဲ့ HR Professional တွေဟာ လုပ်ငန်းကြီးရဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့ ပံ့ပိုးပေးသူတွေဖြစ်လာမှာဖြစ်ပါတယ်။

HR Professional တွေအနေနဲ့ လုပ်ငန်းရှင်က အားကိုးလေးစားပြီး အကြံဥာဏ် တောင်းယူရတဲ့ လုပ်ငန်းရှင်ရဲ့ လက်တွဲဖေါ်တွေ ဖြစ်ဖို့အတွက် အဓိက လိုအပ်တာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေးသလို တွေးတတ်ဖို့၊ HR ဌာနကလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေဟာ လုပ်ငန်းအတွက် ကောင်းကျိုး၊ ဆိုးကျိုးဘယ်လောက်ရှိလဲသိရှိနားလည်ဆင်ခြင်တတ်ဖို့၊ လုပ်ငန်းရဲ့ ၀င်ငွေလည်ပတ်မှုသဘောတရားအချို့ကိုနားလည်တတ်ဖို့ နဲ့ မကုန်သင့်တဲ့ ၀န်ထမ်းရေးရာကုန်ကျစရိတ်တွေမကုန်ကျဖို့အတွက် စီမံခန့်ခွဲ တတ်ဖို့တွေပဲဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲတတ်ဖို့ဆိုတဲ့နေရာမှာ လက်တွေ့ဆန် ဖို့လိုအပ်ပါတယ်။ လုပ်ငန်းရှင်တွေဟာ အများအားဖြင့် ဒီလုပ်ဆောင်ချက် လုပ်လိုက်ရင် သူတို့ဘာတွေ ပေးလိုက်ရမှာလဲ၊ အကျိုးကျေးဇူးအနေနဲ့ ဘာတွေ ပြန်ရမှာလည်းဆိုတဲ့ မေးခွန်းမျိုးကိုပဲ မေးတတ်ကြလို့ပါ။ ဒီမေးခွန်းတွေအတွက် ကောင်းမွန်တဲ့ အဖြေတွေပေးနိုင်ပြီဆိုရင်တော့ စာဖတ်သူဟာ လုပ်ငန်းရှင်က အားကိုးလေစား အကြံအဥာဏ်တောင်းယူရတဲ့ လုပ်ငန်းရှင်ရဲ့ လက်တွဲဖေါ် ဖြစ်လာပါလိမ့်မယ်။

Employee Advocate (၀န်ထမ်းတွေရဲ့ ရှေ့နေ) 
Advocate ဆိုတဲ့စကားလုံးက ဥပဒေဘာသာရပ်က စကားလုံးပါ။ ရှေ့နေပါ။ မြန်မာစကားတကယ်ကောင်းပါတယ်။ ရှေ့နေဆိုတဲ့ စကားလုံးမှာ ရှေ့ကနေရ မယ်လို့ပြောထားတာဖြစ်ပါတယ်။ ဒီလိုပါပဲ ၀န်ထမ်းရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပြီဆိုရင်လိုအပ်ပါက ၀န်ထမ်းတွေရဲ့ ရှေ့နေအဖြစ် ရပ်တည်ပေးရမယ့်အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ စာရေးသူ လက်လှမ်းမီသလောက် HR အများစုဟာ ၀န်ထမ်းရေးရာကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပြီဆိုရင် ၀န်ထမ်းတွေကိုပဲ အပြစ်ဖို့တတ်ကြတာများတယ်။ စာရေးသူရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် လုပ်ငန်းခွင်လည်းမထိခိုက်၊ လုပ်ငန်းရှင်ရော ၀န်ထမ်းရောအတွက်ပါ မထိခိုက်မယ့် အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို  တတ်နိုင်သမျှရှာဖွေ စဉ်းစား အကြံပေးဖို့လိုအပ်တယ်လို့ ယူဆမိပါတယ်။ ၀န်ထမ်းရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ခု ဖြစ်လာပြီဆိုရင် ၀န်ထမ်းတွေ အနေနဲ့ HR ကနေ အသင့်တော်ဆုံးဖြစ်မယ့် အကြံအဥာဏ်တွေ ပေးစေချင်ကြပါတယ်။

လုပ်ငန်းရှင်ဘက်ကလည်းဒီလို အကြံအဥာဏ် ကောင်းတွေကို မျှော်လင့်နေတတ် ကြပါတယ်။ ၀န်ထမ်းရေးရာနဲ့ ပတ်သက်တဲ့ ပြဿနာတွေမဖြစ်အောင်၊ လုပ်ငန်းရည်မှန်းချက်တွေကို ၀န်ထမ်းတွေနဲ့ အကောင်အထည်ဖေါ်ရာမှာ ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည် အရည်အချင်းတွေပြောင်မြောက်ကောင်းမွန်ပြီး အလုပ်လုပ်ချင်စိတ် Motivation တွေမြှင့်တင်ပေးနိုင်အောင်ပဲ HR ဌာနကို သီးသန့်ထားရှိခြင်းမဟုတ်ပါလော။

Change Champion (ပြောင်းလဲမှု ချန်ပီယံ)
လုပ်ငန်းခွင်ဆိုတာ ပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်တိုင်းမှာ ပြောင်းလဲမှုတွေကို အကောင်အထည်ဖေါ်ရပါတယ်။ ဒီဘက်ခေတ်မှာ အရင်ပုံစံအဟောင်းကြီး တွေနဲ့ပဲ လုပ်ငန်းရှင်သန်ဖို့မဖြစ်နိုင်တော့ပါဘူး။ ပိုမိုတိုးတက်ကောင်းမွန်မှုတွေ ရလာအောင် ပြုပြင်ပြောင်းသင့်တာတွေကို ပြုပြင်ပြောင်းလဲရပါတယ်။ ဒီလိုပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်လာတဲ့အခါမှာ HR Professional တွေအနေနဲ့ ပြောင်းလဲမှုကို ကမကထပြုဆောင်ရွက် အကောင်အထည် ဖေါ်ဖို့လိုအပ်ပါတယ်။

ပြောင်းလဲမှုတစ်ခုလုပ်တိုင်းမှာ အပြောင်းအလဲကို လက်ခံတဲ့သူတွေ ရှိသလို အပြောင်းအလဲကို ခုခံမယ့်သူတွေရှိလာမှာဖြစ်ပါတယ်။ လုပ်ငန်းပိုမို တွင်ကျယ်ဖို့ ပြောင်းလဲမှုတွေလုပ်တဲ့နေရာမှာ ၀န်ထမ်းတွေရဲ့ စိတ်မကျေမနပ်မှုတွေ အပြောင်းအလဲကို ခုခံမယ့်အနေအထားတွေကို အနည်းဆုံးလုပ်နိုင်တဲ့ အသင့်တော်ဆုံး နည်းလမ်းမျိုးကို စဉ်းစားရွေးချယ် တာဟာ HR Professional တွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။ တချို့ကိစ္စတွေဟာ HR တွေကိုယ်တိုင်မပြောင်းလဲလို ကြတဲ့ အကြောင်းအရာတွေကို လုပ်ငန်းရေရှည် ရပ်တည်ဖို့အတွက် ပြောင်းလဲရတာ တွေရှိတတ်ပါတယ်။ အပြောင်းအလဲလုပ်ဖို့လိုအပ်လာလို့ ပြောင်းလဲတဲ့အခါမှာ ၀န်ထမ်းတွေ အများစုရဲ့အမြင်က HR တွေလုပ်လို့၊ HR တွေကြောင့်လို့ မြင်တတ် ကြပါတယ်။ တကယ့်ဖြစ်ရပ်က HR တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှု မရှိခဲ့ရင်တောင် HR တွေကြောင့်လို့ ၀န်ထမ်းတွေပြောသံကြားရတာတွေဟာ တကယ်တော့ အဲဒီဝန်ထမ်းတွေက HR တွေကိုသူတို့ရဲ့ မသိစိတ်မှာ အားကိုးနေကြလို့ ဖြစ်နိုင်ပါတယ်။ ဥပမာ၊ လုပ်ငန်းအခြေအနေကြောင့် ၀န်ထမ်းတွေလျှော့ဖို့ လိုအပ်လာတဲ့အချိန်မှာ ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် နည်းလမ်းတွေသုံးပြီး ၀န်ထမ်းတွေကိုလျှော့ရပါတယ်။

အဲလိုအခြေအနေမျိုးမှာဆို ၀န်ထမ်းတွေ ဘယ်လိုပဲပြောနေပါစေ။ HR တွေအနေနဲ့ သူတို့အတွက် ဘယ်လောက် အရှေ့ကနေရပ်တည်ပေးနိုင်လောက်လဲ၊ Employee Advocate လုပ်ပေးနိုင် လောက်မလဲဆိုတာကို မျှော်လင့်စောင့်စားနေတတ်ကြပါတယ်။ တကယ်တော့ အပြောင်းအလဲတစ်ခုကို အဆင်ပြေပြေ ပြောင်းလဲနိုင်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ဒီနေရာမှာအရေးကြီးတာက လုပ်ငန်းရှင်ရဲ့လက်တွဲဖော် တဖြစ်လဲ ၀န်ထမ်းတွေရဲ့ ရှေ့နေဖြစ်ရမယ့် HR တွေရဲ့ ပြောင်းလဲနိုင်မှုစွမ်းရည်တွေပဲ ဖြစ်ပါတယ်။

အထက်မှာဖေါ်ပြခဲ့သလို HR တွေဟာ လုပ်ငန်းခွင်တွေမှာ အခန်းကဏ္ဍ (၃) ခုနဲ့ ရပ်တည်နေရပါတယ်။ အများအားဖြင့်ကြားရတဲ့ မေးခွန်းတစ်ခုကတော့ HR ဆိုတာ ၀န်ထမ်းဘက်ကလား၊ လုပ်ငန်းဘက်ကလား ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေအတွက် အဖြေကတော့ HR Professional တွေရပ်တည်ရမယ့် အခန်းကဏ္ဍ (၃) ခုအပေါ်မှာပဲရပ်တည်သွားမှာပါ ဆိုတာပဲ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဖြေနဲ့အတူ လိုက်နာကျင့်သုံးဖို့အထူးလိုအပ်ပါတယ်။  တကယ်တော့ HR တွေဟာ ၀န်ထမ်းဘက်ကလူ မဟုတ်သလို လုပ်ငန်းဘက်ကလူ မဟုတ်ရပါဘူး။ တစ်ဖက်ဖက်ကို ပါသွားရင် HR တွေကျဆုံးနိုင်ပါတယ်။ အကြောင်းကတော့ သုံးချောင်းထောက် ထိုင်ခုံဆိုတာ ခြေတစ်ချောင်းကြိုးရင် ထိုင်လို့မရလို့ပဲဖြစ်ပါတော့တယ်။

လေးစားစွာဖြင့်

ပိုင်စိုး (Management)

Ref; The New Roles of the Human Resources Professional By Susan M. Heathfield

2017 မှာ ရာထူးတိုးဖို့အတွက် ပြင်ဆင်ထားကြပါ။
----------------------------------------------------
#ရာထူးတိုးချင်ရင်ဒါလေးတွေတော့ပြင်ဆင်ထားပါ


လုပ်ငန်းခွင်တွေမှာရှိတဲ့ ဝန်ထမ်းအ ချို့ဟာ သူတို့လက်ရှိရာထူးမှာပဲ ပိတ်ဆို့ နေပြီး တိုးတက်မှုမရှိဘူးလို့ ယူဆတတ်ကြ ပါတယ်။ ဒီလိုပိတ်ဆို့နေတယ်၊ တိုးတက်မှု မရှိဘူးဆိုတဲ့နေရာမှာ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေ မှာ အဲဒီဝန်ထမ်းတွေဟာ တစ်ဆင့်မြင့်ရာ ထူးတာဝန်တွေကိုထမ်းဆောင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုတာ သူတို့ ကိုယ်တိုင်သတိမမူမိဘဲ ရှိနေတတ်ပါ တယ်။

 တကယ်လို့စာဖတ်သူဟာ တစ် ဆင့်မြင့်တဲ့ ရာထူးတာဝန်တွေကို ထမ်း ဆောင်ဖို့အတွက်ရာထူးတိုးချင်တယ်ဆို ရင် ထိုက်သင့်သလောက်တော့ စိတ်ရှည် တတ်တဲ့သူတစ်ဦးဖြစ်ဖို့လိုအပ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ မိမိသက်ဆိုင်ရာ နယ်ပယ်မှာ ဘယ်နေရာအထိအရောက် သွားမယ်ဆိုတဲ့ရည်မှန်းချက်မျိုးရှိပြီး တိုး တက်လိုစိတ်၊ ကြိုးစားလိုစိတ်ရှိဖို့လိုအပ်ပါ တယ်။ ဖြစ်တတ်တာက တချို့ဝန်ထမ်း တွေဟာ ဘာမှတာမလုပ်တာ ရာထူးမတိုး တာကိုထိုင်ညည်းနေတတ်မျိုးတွေရှိတတ် ပါတယ်။ မိမိရာထူးတိုးချင်ရင် ဘာတွေကို ပြင်ဆင်ရမလဲဆိုတာကိုသိထားမယ်ဆိုရင် ဒီလိုထိုင်ညည်းနေတာထက် ရာထူးတိုးဖို့ အလားအလာပိုမိုများလာမှာဖြစ်ပါတယ်။

- Make sure people know you are doing a great job.
 မိမိကအကောင်းဆုံးစွမ်းဆောင်နိုင် တယ်ဆိုတာ မိမိရဲ့ကြီးကြပ်သူ၊ စီမံခန့်ခွဲသူ၊ မန်နေဂျာတွေနှင့် သက်ဆိုင်သူတွေသိ  အောင်လုပ်ပါ။ လုပ်ငန်းစွမ်းဆောင်ရည်အ ကဲဖြတ်အမှတ်တွေနှင့် မလုံလောက်ပါဘူး။ အကဲဖြတ်ချက်တွေလုပ်တဲ့နေရာမှာ လူ  တွေဖြစ်တဲ့အတွက် ဘက်လိုက်မှုတွေ၊ အ မှားအယွင်းတွေရှိနေလို့ပါပဲ။ ဒီလိုသိ အောင်လုပ်တဲ့နေရာမှာ မိမိမှာရှိတဲ့လူမှု ဆိုင်ရာဆက်ဆံရေးအရည်အချင်းဟာ လည်း အရေးကြီးပါတယ်။

- Make sure the right people know you want a promotion.
 မိမိအကောင်းဆုံးစွမ်းဆောင်နိုင် တယ်ဆိုတာ သိသွားရုံသက်သက်နဲ့တော့
စီမံခန့်ခွဲသူ၊ မန်နေဂျာတွေဟာ မိမိရာထူး တိုးတက်ချင်တယ်ဆိုတာသိမှာ မဟုတ်ပါ ဘူး။ လက်ရှိလုပ်ငန်းတာဝန်တွေကို အ ကောင်းဆုံးစွမ်းဆောင်နိုင်ပြီး တစ်ဆင့်မြင့် လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်လို ကြောင်းကို ပြောသင့်ပြောထိုက်တဲ့အချိန် မှာ မိမိမန်နေဂျာနှင့်ဆွေးနွေးဖို့ နှောင့်နှေး မနေပါနှင့်။ မိမိဘက်ကလုပ်ငန်းစွမ်း ဆောင်ရည်လည်းကောင်းတယ်၊ တစ်ဆင့် မြင့်တဲ့လုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင် ဖို့အတွက် လိုအပ်တဲ့ ဗဟုသုတ၊ အရည် အချင်းတွေကိုတတ်နိုင်သမျှလည်း ဖြည့် ဆည်းပြီးပြီ၊ တစ်ဆင့်မြင့်တဲ့ရာထူးနေရာမှာ လည်း လစ်လပ်နေတယ်ဆိုရင်တော့ မိမိ မန်နေဂျာကိုရာထူးတိုးခြင်းကိစ္စနှင့်ပတ် သက်ပြီးဆွေးနွေးပါ။

- Seek out new skills.
 ပေါက်ဆိန်ကိုသွေးပါ။ လက်ရှိရာထူး မှာရှိနေတဲ့ လုပ်ငန်းတာဝန်တွေကိုအ ကောင်းဆုံးစွမ်းဆောင်နိုင်ရုံနှင့် အဆင်မ ပြေနိုင်ပါဘူး။ မိမိမှာရှိတဲ့အရည်အသွေး တွေပိုမိုတိုးတက်လာအောင် လိုအပ်တဲ့လေ့ လာမှုတွေ၊ သင်ယူမှုတွေပြုလုပ်ပါ။ ပေါက် ဆိန်ဟာ သစ်ပင်တွေခုတ်ပါများလာရင် တုံးလာတတ်ပါတယ်။ ဒါကိုမသွေးဘဲ ဒီအ တိုင်းပဲ ဆက်ဆက်ခုတ်နေရင်တော့ လုပ် ငန်းစွမ်းဆောင်ရည်ကျကျလာပါလိမ့်မယ်။

- Groom a successor.
 မိမိအောက်ရာထူးတစ်ဆင့်နိမ့်တဲ့ ဝန် ထမ်းတွေအထဲကမှ မိမိတာဝန်ကိုထမ်း ဆောင်နိုင်သူတစ်ယောက်ရှိအောင် လုပ် ထားပါ။ လက်ရှိရာထူးနေရာမှာ မိမိဟာ မရှိမဖြစ်ကိုအရေးပါနေတယ်လို့ သက်ဆိုင် ရာစီမံခန့်ခွဲသူတွေက သတ်မှတ်ခံနေရပြီ ဆိုရင် ရာထူးတိုးဖို့အလားအလာကို ဟန့် တားစေနိုင်ပါတယ်။ အကြောင်းကတော့ မိမိကိုလက်ရှိထက် တစ်ဆင့်မြင့်တဲ့ရာထူး တာဝန်ကိုတိုးပေးလိုက်ရင် မိမိနေရာမှာ အစားထိုးမယ့်သူ အဆင်သင့်မရှိပါက တိုးမ ပေးတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိအရိုက်အရာခံမယ့်သူတစ်ယောက်ကို လက်ရှိလုပ်ငန်းတာဝန်တွေကျွမ်းကျင်မှုရှိ လာအောင် စနစ်တကျသင်ကြားပေးထား ပြီး အခြေအနေပေးလာရင် မိမိဟာ တစ် ဆင့်မြင့်ရာထူးတာဝန်ကိုထမ်းဆောင် လိုကြောင်း၊ ထမ်းဆောင်ရန်လည်း အ ထိုက်အလျောက်ပြင်ဆင်ပြီးကြောင်း၊ မိမိ ရာထူးနေရာကိုလည်း အစားထိုးနိုင်သူအ တွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောဆို ဆွေးနွေးရပါမယ်။ ဒီနေရာမှာတစ်ခုရှိတာ က မိမိထက်တစ်ဆင့်မြင့်ရာထူးနေရာဟာ လစ်လပ်နေဖို့ Vacancy ဖြစ်နေဖို့တော့ လို အပ်ပါတယ်။

- Knock your opportunity door.
 အခွင့်အလမ်းတံခါးကိုခေါက်ပါ။ မိမိ ဘက်ကလိုအပ်တဲ့ အရည်အသွေး၊ ဗဟုသု တ၊ လုပ်ငန်းကျွမ်းကျင်မှုတွေရှိလာပြီဆိုရင် အခွင့်အလမ်းတံခါးကိုခေါက်ပါ။ တစ်ခါ တလေမှာ မပြောမပြီးမတီးမမြည်အခြေ အနေတွေရှိတတ်ပါတယ်။ အခွင့်အလမ်း တံခါးကိုတည်ဆောက်ခဲ့ပြီး မိမိဟာရာထူး တိုးတက်မှုတံခါးပေါက်အတိုင်းလျှောက် လှမ်းလိုကြောင်းကို သက်ဆိုင်ရာစီမံခန့် ခွဲသူတွေသိအောင် တံခါးခေါက်ဖို့ လိုအပ် ပါတယ်။ မိမိလိုချင်တဲ့အခြေအနေကို ပြေ တတ်ဆိုတတ်တဲ့အရည်အချင်း Assertiveness Skills  ဟာ ဒီနေရာမှာအရမ်းအ ရေးကြီးပါတယ်။

အကြံပြုချက်များ
---------------------
• မိမိမှာ တိကျသေချာတဲ့အသက်မွေး ဝမ်းကြောင်းဆိုင်ရာရည်မှန်းချက်တွေ ရှိ တယ်ဆိုရင်တော့ ကွာဟချက်ဆန်းစစ်မှု  Gap Analysis ကိုလုပ်ကြည့်ပါ။ မိမိမြော်မှန်းထားတဲ့ ရည်မှန်းချက်တွေကိုရောက်ရှိ ဖို့အတွက် လိုအပ်တဲ့အတွေ့အကြုံ ဗဟု သုတ၊ အရည်အချင်းတွေနှင့် လက်ရှိ မိမိမှာရှိနေတဲ့ဗဟုသုတ၊ အရည်အချင်း တွေရဲ့လိုအပ်ချက်၊ ကွာဟချက်ကိုဆန်း စစ်ကြည့်ပါ။ မိမိမသိသေး၊ မကျွမ်းကျင် သေးတဲ့အကြောင်းအရာတွေမှာ မိမိကိုယ် မိမိရိုးရိုးသားသား ဆန်းစစ်ဝေဖန်ပြုပြင်ဖို့ ကြိုးစားပါ။

- စိတ်ရှည်ခြင်းဟာ အောင်မြင်မှုဆီကို အရောက်ပို့ပေးနိုင်ပါတယ်။ ဒါပေမဲ့ အချိန် ကာလတစ်ခုအထိပဲ စိတ်ရှည်ဖို့လိုအပ် တာပါ။ အချိန်တွေလိုအပ်တာထက်ပိုပြီး စိတ်ရှည်းသီးခံရင်လည်း မျှော်fမှန်းထားတဲ့ ပန်းတိုင်တွေကနေလွဲချော်သွားတတ်ပါ တယ်။

• မိမိကိုယ်ကို စိတ်ဓာတ်အင်အားတွေ တိုးတက်နေအောင် အမြဲဖန်တီးထားပါ။
-အခွင့်အလမ်းရလာပါက အမိအရဖမ်းယူ ပါ။
- အထက်အောက်ဆက်ဆံရေး၊ ရေပြင်ညီ ဆက်ဆံရေးတွေကောင်းမွန်အောင် နေ ထိုင်ပြုမူပြောဆိုပါ။
 ဖော်ပြခဲ့တဲ့ အကြောင်းအရာအချက် အလက်တွေဟာ သေချာပေါက်ရာထူး တိုးတက်မယ်လို့ မပြောနိုင်ပေမဲ့ ရာထူးတိုး တက်ဖို့ အခွင့်အလမ်းတွေမှာ အများထက် သာလွန်စေမှာဖြစ်ပါတယ်။

ပိုင်စိုး (Management)

Ref:
www.wikihow.com/How to Get a Promotion

Credit: ဆရာပိုင်စိုးရဲ့ FB Page

No comments: