Tuesday, January 3, 2017

♪ “Asus ZenBook UX310UA” ♫


နေ့စဉ်သုံးဖို့အတွက် တန်ဖိုးကြီးအလူမီနီယမ်ကိုယ်ထည် တပ်ဆင်ထားတဲ့ laptop ကိုလိုချင်ရင် Asus Zenbook UX310UA ကိုရွေးချယ်နိုင်ပါတယ်။ ခန့်ညားလှပပြီး သယ်ယူရလွယ်ကူပါတယ်။ စတိုင်ကျပြီး စွမ်းဆောင်ရည်က Apple MacBook ကို ယှဉ်နိုင်ပါတယ်။ Asus ZenBook UX310UA ဟာ စတာလင်ပေါင် ၆၉၉ တန်ကြေးရှိပါတယ်။ ဈေးမသေးပေမယ့် ဒီနေ့ခေတ် စွမ်းရည်မြင့် laptop များရဲ့ ၆၀ ရာခိုင်နှုန်းဈေးသာရှိပါတယ်။ Specification များကတော့ ရောင်းချမယ့် နိုင်ငံအလိုက်ကွဲပြား မှာပါ။ ဗြိတိန်မှာ Intel Core i5 CPU, 128GB SSD, 500GB Hard Drive, 8GB RAM Model ကို ရောင်းချ မှာပါ။ Intel Core i3 CPU, Full HD Display, 4GB RAM ပါတဲ့ ဈေးသက်သာ တဲ့ မော်ဒယ်ကိုပေါင် ၅၄၉ သတ်မှတ်ထားပါတယ်။ 

<မျက်နှာပြင်>

Asus ZenBook UX310UA ရဲ့ မျက်နှာပြင်ဟာ အဓိကကျတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ သူနဲ့တန်ဖိုးတူလက်တော့များထက် ကောင်းမွန်ပါတယ်။ စတာလင်ပေါင် ၇၀၀ တန်လက်တော့အနေနဲ့ သူ့ရဲ့ မျက်နှာပြင် ကြည်လင်ပြတ်သားမှုနဲ့ အရောင်အသွေးစုံလင်မှုကအားရစရာပါ။ သူ့ရဲ့မျက်နှာပြင်ဟာ sRGB အရောင်စံနှုန်းရဲ့ ၉၄.၁ ရာခိုင်နှုန်း ကို ထုတ်လုပ် ပေးနိုင်တယ်လို့ စွမ်းဆောင်ရည် အကဲဖြတ် ကြည့်တဲ့အခါမှာ ပြသနေပါတယ်။ သူနဲ့ တန်ဖိုးတူ လက်တော့များဟာ ၇၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ပေးနိုင်ပါ တယ်။ Windows 10 ထည့်သွင်းထားတဲ့ လက်တော့ဟာ အရောင်များ အသေးစိတ် ကျသလို အရောင်စုံလင်လှပါတယ်။ စတာလင်ပေါင် ၁၀၀၀ လောက်သုံးရင်တော့ sRGB 100 ရာခိုင်နှုန်းထုတ်လုပ်ပေးတဲ့ လက်တော့ကို ရမှာပါ။ ဒါပေမယ့် Asus ZenBook UX31-0UA ကလည်း အထင်ကြီးစရာပါပဲ။ Asus Splendid Application က အရောင်များတိုးမြှင့်ခြင်း၊ စာဖတ်တဲ့အခါမှာ မျက်စိမပျက်အောင် Blue Light Filter ထည့်သွင်းခြင်းတို့လို မျက်နှာပြင် Settings များကိုပြင်ဆင်ပေးပါတယ်။ ဒါဟာ Retina စတိုင်လက်တော့ဖြစ်ပါ တယ်။ သာမန်အကွာအဝေးကနေသုံးရင် အသေးစိတ်ကျကျ မြင်ရပါတယ်။ မျက်နှာပြင် Resolution မှာ 3200×1800 Pixels ဖြစ်ပြီး LCD Screen ဖြစ်ပါ တယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၇၆ ဖြစ်ပါတယ်။ ဒါဟာ လက်တော့တစ်လုံးအတွက် အလွန်မြင့်မားပါတယ်။ အထူးသဖြင့် စတာလင် ပေါင် ၇၀၀ တန်လက်တော့အတွက်ဖြစ်ပါတယ်။ အမြင့်ဆုံးစကရင် Brightness အနေဖြင့် 377cd/m ဖြစ်တာကြောင့် နေပူထဲမှာတောင် သုံးရတာ အဆင်ပြေပါတယ်။ အားနည်းချက်တစ်ခုက မျက်နှာပြင်ကို အနောက်ကို များများ ခေါက်ချိုးလို့မရတာဖြစ်ပါတယ်။ အလုပ်စားပွဲမှာသုံးရင်တော့ အဆင်ပြေပေမယ့်ပန်းခြံလိုနေရာမျိုးမှာ ပေါင်ပေါ်တင် သုံးရင်တော့ အခက် တွေ့မှာပါ။ ဒါတွေဟာ သေးငယ်တဲ့ ပြဿနာတွေပါ။ စဉ်းစားသင့်တဲ့ အချက် က သူ့ရဲ့ Display Contrast ဟာ 409: 1 လောက်သာ ရှိတာပါ။ အချို့ လက်တော့တွေက 1000:1 ကျော်တောင် ရှိပါတယ်။ Asus ကတော့ 500:1 ရှိတယ်လို့ပြောပါတယ်။ 

<ဒီဇိုင်း>

Asus Zenbook UX310UA မှာ Hard Drive နဲ့ SSD ၂ ခုစလုံးတပ်ဆင် ထားတာကြောင့် အခြားတန်ဖိုးသင့် Zenbooks Series များနဲ့ယှဉ်ရင် အနည်းငယ်ကြီးမားပါတယ်။ ဒါပေမယ့် အရမ်းမထူဘဲပေါ့ပါးပါတယ်။ သူဟာ သာမန်လက်တော့ဖြစ်ပြီး ထိတွေ့မျက်နှာပြင် မပါပါဘူး။ ၃၆၀ ဒီဂရီ ခေါက်ချိုး နိုင်တဲ့ မျက်နှာပြင်လည်း မဟုတ်ပါဘူး။ Asus Zenbook UX310UA ဟာ ၁၉ မီလီမီတာအထူရှိပြီး ၁.၄၅ ကီလိုဂရမ်အလေးချိန်ရှိပါတယ်။ အလုပ်သွား အလုပ်ပြန်သယ်ဆောင်သွားလို့ အဆင်ပြေပါတယ်။ အခြား ၁၃ လက်မ ZenBook တွေလိုပဲအလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ ငွေနဲ့ဖျော့တော့တဲ့ ရွှေရောင် များကို ရွေးချယ်နိုင်ပါတယ်။ 

<ဆက်သွယ်မှုများ>

Asus ZenBook UX310UA ဟာ Apple ရဲ့ နောက်ဆုံးထုတ် MacBook Air ထက် ကဏ္ဍများစွာ Update ဖြစ်ပါတယ်။ ZenBook အဟောင်းများမှာလို မဟုတ်ဘဲ Asus ZenBook UX310UA မှာ USB-C 3.1 Port တစ်ခုပါပါတယ်။ USB-C ဟာ USB စံနှုန်း အသစ်တစ်ခုဖြစ်ပါတယ်။ USB 3.1 Port ဖြစ်တဲ့ အတွက် လာမယ့် ၂၄ လအတွင်းမှာ ထုတ်လုပ်ကြမယ့် တွဲဖက်သုံးကိရိယာ များနဲ့လည်းအဆင်ပြေစေမှာဖြစ်ပါတယ်။ Asus ZenBook UX310UA မှာ Full-Zize HDMI တစ်ခု၊ SD Card Slot တစ်ခု၊ ပုံမှန် USB သုံးခုပါပါတယ်။ မပြော ပလောက်တဲ့ အားနည်းချက်တစ်ခုက Full- Size USB ဟာ 3.0 Port ဖြစ်နေ တာပါ။ အခြား ၂ ခုမှာ ဒေတာကူးပြောင်းရင် နှေးကွေးတဲ့ USB 2.0 ဖြစ်ပါ တယ်။ လက်တော့မှာကီးဘုတ်၊ မောက်တို့ ချိတ်ဆက်ရင် ပြဿနာမရှိပေမယ့် External SSD တပ်ရင် ဘယ်ဘက်မှာ USB 3.0 Port ကိုသုံးရမှာဖြစ်ပါတယ်။ 

<စွမ်းဆောင်ရည်>

အခု Review လုပ်တဲ့ Asus ZenBook UX310UA မှာ Intel Core i5-6200U CPU, 8GB DDR4 2133 MHz RAM , 128 GB SSD, 500GB Hard Drive တပ်ဆင်ထားပါတယ်။ အဲဒီအတွက် စုစုပေါင်း 628GB Storage ပိုင်ဆိုင် ပါတယ်။ သူ့လို ပါးလွှာတဲ့ အခြားလက်တော့များမှာ 128 ကနေ 256GB အထိလောက်ပဲ ၀င်ဆံ့ပါတယ်။ Windows 10 ထည့်ထားတဲ့ SSD ဟာ အလွန်လျင်မြန်ပါတယ်။ Intel i5-6200U CPU မှာ 2.3GHz Dual-Core Processor တပ်ဆင်ထားပြီး ဘက်ထရီသိပ်မစားတဲ့ အတွက် အချိန်ကြာကြာ သုံးနိုင်ပါတယ်။ ဘယ်လိုအလုပ်မျိုးကိုမဆိုလုပ်နိုင်ပါတယ်။ Geekbench 3 နဲ့ စမ်းသပ်တဲ့အခါမှာ MultiCore စမ်းသပ်မှုမှာ အမှတ် ၅၇၉၀ နဲ့ Single Core စမ်းသပ်မှုမှာ အမှတ် ၂၅၄၄ ရရှိပါတယ်။ Geekbench 4 အမှတ်များ ကတော့ ၅၈၆၆ နဲ့ ၃၁၇၅ အသီးသီးရရှိ ပါတယ်။ Asus ZenBook UX310UA ဟာ စွမ်းရည်မြင့်ဂိမ်းများကစားဖို့မကောင်းပါဘူး။ ဂရပ်ဖစ်နိမ့်ပြီး HD Resolution Game ကစားရင် ပျမ်းမျှအားဖြင့် တစ်စက္ကန့်လျှင် ၁၅.၃ ဖရိမ်နှုန်းလောက် ပဲရရှိပါတယ်။ Full HD Game ကစားရင် တစ်စက္ကန့်လျှင် ၄ ဖရိမ်အထိ ကျသွား ပါတယ်။ ဒါဟာ Specifications ချင်းတူညီတဲ့ အခြားလက်တော့များရဲ့ စွမ်းဆောင်ရည်ထက် နိမ့်ကျပါတယ်။ Productivity Benchmark အမှတ် ၂၀၉၇ ရတာကတော့ ကောင်းမွန်ပါတယ်။ Asus Zen Book UX310UA ဟာ နေ့စဉ်အလုပ်ကိစ္စများအတွက်သုံးရင် အဆင်ပြေကောင်းမွန်ပေမယ့် စွမ်းရည်မြင့်လက်တော့ တစ်လုံး မဟုတ်ပါဘူး။ Intel Core i5 Laptop အများစုမှာလိုပဲ Asus ZenBook UX310UA မှာ Passive Cooling အစား ပန်ကာများ တပ်ဆင်ထားပါတယ်။ တိတ်ဆိတ်တဲ့ အခန်းထဲမှာဆိုရင် အသံဆူတာသိသာပါတယ်။

<ဘက်ထရီသက်တမ်း>

Asus ZenBook UX310UA မှာ Intel Core i5 ကိုသုံးထားပေမယ့် ဘက်ထရီ သက်တမ်းက အလွန်ကောင်းမွန်ပါတယ်။ HD Video ကြည့်ရင် ၈ နာရီနဲ့ ၁၀ မိနစ် အသုံးခံပါတယ်။ အားမသွင်းထားဘဲတစ်နေ့တာလုံးအလုပ်လုပ် နိုင်ပါ တယ်။ အလုပ်မျိုးစုံ လုပ်ချင်သူများအတွက် Asus ZenBook UX310UA က ကောင်းမွန်ပါတယ်။ 



Asus က Apple ရဲ့ ၁၂ လက်မ MacBook မှာလို Asus ZenBook UX310UA မှာ Scissor Mechanism Design ကို သုံးထားပါတယ်။ အလွန်ပြည့်စုံ ကောင်းမွန်တဲ့ ကီးဘုတ်တစ်ခုဖြစ်ပါတယ်။ Zen-Book UX Series တွေမှာ မပါတဲ့ အဓိကအရာ တစ်ခုဖြစ်သည့် Keyboard Backlight ကို Asus ZenBook UX 310UA မှာထည့်ပေးထားပါတယ်။ သူ့ရဲ့ Trackpad ဟာ ကြီးမားပြီး ထိပ်မှာဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ ခလုတ်များကို လည်းထည့်သွင်းထား ပါတယ်။ ဖန်မျက်နှာပြင်နဲ့အုပ်ထားတဲ့ အတွက် Trackpad ရဲ့တုံ့ပြန်မှုက အနည်းငယ်တုံ့ဆိုင်းတာကိုတွေ့ရပါတယ်။ 

<သုံးသပ်ချက်>

Asus ZenBook UX310UA ဟာဘက်စုံကောင်းမွန်တဲ့ လက်တော့တစ်လုံးဖြစ် ပါတယ်။ ခန့်ညားတဲ့ ဒီဇိုင်းပိုင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ စွမ်းဆောင်ချက် များစွာထည့်သွင်းပေးထားပါတယ်။ ဒီနှစ်ထုတ် တန်ဖိုးသင့်လက်တော့များ ထဲမှာတော့ အကောင်းဆုံးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် အားနည်းတဲ့ အပိုင်းလေးတွေတော့ရှိပါတယ်။ မျက်နှာပြင်ဟာ အတောက်ပဆုံး အနေအထားမှာမရှိပါဘူး။ Trackpad ရဲ့ မျက်နှာပြင်ဟာ ချောမွေ့မှုမရှိတာကိုတွေ့ရပါတယ်။ စပီကာ အရည်အသွေးကလည်း အားနည်းပါတယ်။ အဲဒီအချက်တွေကလွဲရင် Asus ZenBook UX310UA ဟာ ၀ယ်ယူသင့်တဲ့ လက်တော့ တစ်လုံးဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments: