Friday, January 13, 2017

ငါးခေါင်းကြော်နှပ် - ပုဇွန်​ ဆီပြန် - ငါးသလောက်ပေါင်း

ပဲငါးပိငါးခေါင်းကြော်နှပ် 
(Fried Fish Head Braise With Spicy Soyabean Sauce)
................................


 ငါးခေါင်းဟင်းချို၊ ငါးခေါင်းခေါက်ဆွဲပြုတ်၊ ငါးခေါင်းဟင်းဆိုပြီးအမျိုးမျိုးထဲမှ ငါးခေါင်းကြော်နှပ်နည်းလေးကိုပြောပြမှာပါ။ ကြော်ထားတဲ့ ငါးခေါင်းကိုတရုတ်ပဲငါးပိ၊ ချင်း၊ ငရုတ်သီးစိမ်းလေးနဲ့ ပြန်နှပ်ထားတဲ့ဟင်းလေးကဟင်းရည်စပ်စပ်လေးမို့ အရမ်းစားကောင်းတဲ့ ငါးခေါင်းဟင်းတစ်မျိုးပါ။

ပါဝင်ပစ္စည်းများ
• ငါးတန်ငါးခေါင်း (fish head) - 1 kg
• ဆား (salt) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် (white pepper powder) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပြောင်းဖူးမှုန့် (corn flour) - စားပွဲဇွန်း ၃ ဇွန်း
• ငါးကြော်ရန်ဆီ (cooking oil)
• ပဲငံပြာရည် အကြည် (light soy sauce) - စားပွဲဇွန်း ၁ ဇွန်း
• ခရုဆီ (oyster sauce) - စားပွဲဇွန်း ၂ ဇွန်း
• တရုတ်ဆန်အရက် (chinese cooking wine) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• တရုတ်နှမ်းဆီမွှေး (sesame oil) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• တရုတ်ပဲငါးပိ (fermented soyabean) - စားပွဲဇွန်း ၄ ဇွန်း (နုပ်နုပ်စဉ်းထားပါ)
• ငရုတ်သီးစိမ်း (bird eye’s chili)   - ၂၀ တောင့် (35 gm)
• ချင်း (ginger) - 55 gm (နုပ်နုပ်စဉ်းထားပါ)
• ကြက်သွန်ဖြူ (garlic) - 40 gm (နုပ်နုပ်စဉ်းထားပါ)
• ကြက်သွန်နီ(onion) - 100 gm (နုပ်နုပ်စဉ်းထားပါ)
• ဟင်းခတ်မှုန့် (chicken powder) - လက်ဖက်ရည်ဇွန်း ၁  ဇွန်း
• ရေ (water) - 400 ml
• ကြက်သွန်မြိတ် (spring onion) - ၂ ပင်
• နံနံပင် (coriander leaves) -    ၂ ပင်

ချက်ပြုတ်နည်း
၁။ ငါးခေါင်းကိုသန့်ရှင်းအောင်ဆေးပြီးအတုံးကြီးကြီးတုံးထားပါ။
၂။ ပြီးရင် ငါးခေါင်းကိုဆား၊ ငရုတ်ကောင်းမှုန့်နှင့်ရောပြီးနယ်ထား ပါ။ ပြီးရင် ပြောင်းဖူးမှုန့်နှင့် ကပ်ပြီးကြော်ပါ။ ပြီးရင် ဆယ်ထား ပါ။
၃။ ငါးကြော်နေစဉ်မှာ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး စိမ်းနဲ့ တရုတ်ပဲငါးပိ တို့ကို နုပ်နုပ်စဉ်းထားပါ။
၎။ ပြီးရင် ဒယ်အိုးထဲဆီ ၇ ဇွန်းထည့်ပြီး ဆီပူသည်နှင့် နုပ်နုပ်စဉ်း ထားတဲ့ ပါဝင်ပစ္စည်းအားလုံးကိုထည့်ပြီး ဆီသတ်ပေးပါ။
၅။ အနံ့မွှေးလာသည်နှင့် ပဲငံပြာရည်၊ ခရုဆီ၊ နှမ်းဆီမွှေး၊ ဆန် အရက်၊ ဟင်းခတ်မှုန့််တို့ ထည့်ပြီးမွှေပေးပါ။
၆။ ပြီးရင် ရေထည့်ပါ။  ရေဆူသည်နှင့် ကြော်ထားတဲ့ ငါးကြော် ထည့်ပြီးနှပ်ပါ။
၇။ ဟင်းရည်ပျစ်စေရန်ပြောင်းဖူးမှုန့်ကို ရေအနည်းငယ်နှင့် ဖျော် ပြီးဆူနေတဲ့ ဟင်းရည်ထဲလောင်းထည့်ပါ။
၈။ ပြီးရင် ကြက်သွန်မြိတ်ထည့်မွှေပေးပါ။ စားသုံးမည့်ပန်းကန် ပြားထဲ ပြောင်းထည့်ပြီး နံနံပင်အုပ်ပေးပါ။

......................................
Delicious Food From All Over The World By
Myint OoTha
for Food Magazine

ပုဇွန်ဆီပြန် (လွယ်ကူမြန်ဆန် စားလို့ အလွန်ကောင်းတဲ့နည်း)


ဒီချက်နည်းလေးကတော့ အိစံရဲ့ အဒေါ်အရင်းချက်နည်းလေးပါ။ အိစံရဲ့ အဒေါ်က လူကြုံရှိတိုင်း မြန်မာပြည်ကနေ ပုဇွန်ထုပ်တွေကို ဒီချက်နည်းလေးနဲ့ချက်ချက်ပြီးထည့်ပေးလေ့ရှိပါတယ်။ စားလို့ ကောင်းတဲ့ အပြင် ၂ ရက်လောက် အထားခံပါတယ်။  အိစံတို့ တအိမ်လုံးကတော့ ပုဇွန်ဆီပြန်ချက်ရင်ဒီနည်းလေးကိုပဲ အရမ်းကြိုက်ကြပါတယ်။ အခုချက်နည်းမှာက ကြက်သွန်ဖြူကို များများသုံးထားလို့ ပိုမွှေးစေပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ခေါင်းပါသောပုဇွန် - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ကြက်သွန်ဖြူ - ၁၂ မွှာ
၃။ ဂျင်း - လက်တဆစ်ရဲ့ တ၀က်
၎။ မြန်မာငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၅။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၇။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၈။ ဆီ - ထမင်းစားဇွန်း ၇ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ပုဇွန်ကို အခွံခွာပြီး သန့် စင်ထားပါ။ သန့် စင်ထားသော ပုဇွန်ကို ငံပြာရည်၊ သကြား(သို့ ) အချိုမှုန့် ၊ ဆနွင်း၊ အရောင်တင်မှနု့် တို့ ဖြင့် နယ်ရ်ျ အနည်းဆုံး နာရီဝက်ခန့် နှပ်ထားပါ။ ဂျင်း၊ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။
၂။ ဒယ်အိုးတခုထဲကို ဆီထည့်အပူပေးပြီး ဆီပူလာလျှင် ညက်နေအောင်ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူကို ထည့်ရ်ျဆီသတ်ပါ။ ဂျင်း၊ကြက်သွန်ဖြူများ အနည်းငယ် ရွှေဝါရောင်သန်းလာလျှင် နှပ်ထားသော ပုဇွန်များကိုထည့်ပါ။ ရေ ထမင်းစားဇွန်း ၆ ဇွန်းလောက်ထည့်ပြီး အုပ်ထားပါ။
၃။ ဆီပြန်လာလျှင် အပေါ့အငံမြည်း၇်ျ မီးဖိုပေါ်မှချပါ။
၎။ အနံအရမ်းမွှေး စားလို့ အလွန်ကောင်း၊ လွယ်ကူမြန်ဆန်စွာချက်လို့ ရတဲ့ ပုဇွန်ဟင်းကို ၂ ရက်လောက်ထားရ်ျ သုံးဆောင်နိုင်ပါပြီ။



No comments: