Saturday, March 5, 2016

Mental Health စိတ်ကျန်းမာရေး




Mental Health စိတ်ကျန်းမာရေး 

စိတ်လှုပ်ရှားမှု ကောင်းမွန်ပြီး စိတ်ရောဂါကင်းရှင်းနေရင် စိတ်ကျန်းမာတယ်လို့ခေါ်တယ်။ ဘဝမှာ အပြုသဘောဆောင်၊ အပေါင်းလက္ခဏာအမြင်ရှိ၊ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကျော်လွှားရာမှာ အလျော့အတင်းရှိပြီး၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ခြင်းပင်ဖြစ်တယ်။ လူတဦးအနေနှင့် လူ့အဖွဲ့အစည်းကို ကောင်းကျိုးချမ်းသာဖြစ်စေဘို့ ပြုမူ-နေထိုင်တတ်ရန်လို့လည်း ဆိုနိုင်တယ်။ စိတ်ကျန်းမာရေးပြဿနာကများတယ်။ ကမ္ဘာ့ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးကြီးတရပ် ဖြစ်နေတယ်။ ရောဂါပေါင်းစုံ၏ ၁၄% ရှိတယ်။ ကူးစက်ရောဂါများမှအပဆိုရင် ၂၈% ရှိတယ်။ ကမ္ဘာ့လူဦးရေ၏ ၃ဝ% မှာ စိတ်ရောဂါ တမျိုးမျိုးရှိနေကြတယ်။

အများဆုံးဖြစ်တယ့် စိတ်ရောဂါတွေက -
၁။ စိတ်ကျရောဂါ။
၂။ အရက်စွဲရောဂါ။
၃။ စကီဇိုဖရီးနီးယားရောဂါနဲ့
၎။ ဒီမင်းရှားရောဂါတွေ့ဖြစ်ကြတယ်။

စိတ်ကျန်းမာရေး ကျား-မ ရွေးတယ်
စိတ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေကို ဆန်းစစ်လိုက်ရင် ယောက်ျားတွေမှာ ဖြစ်ကြရတာနဲ့ မိန်းမတွေမှာ ဖြစ်ကြရတာ မတူပါ။ အမျိုးသမီးများမှာ စိုးရိမ်စိတ်လွန်ကဲတာ နဲ့ စိတ်ဓါတ်ကျဆင်းတာ အဖြစ်များတယ်။ ယောက်ျားတွေကတော့ မူးယစ်-ဆေးဝါးစွဲတာနဲ့ လူနေမှုအသိုင်းအဝိုင်းနဲ့ အဆင်မပြေတာတွေ အဖြစ်များတယ်လို့ အမေရိကန် စိတ်ပညာအသင်းကနေ ထုတ်ပြန်လိုက်ပါတယ်။ မူမှန်မဟုတ်တဲ့ စိတ်ပညာဂျာနယ်ထဲမှာ လူတွေ အများဆုံးဖြစ်တတ်တဲ့ စိတ်ရောဂါတွေနဲ့ ကျား-မ ခွဲခြား လေ့လာချက်ကို ဖေါ်ပြလိုက်ပါတယ်။ အမျိုးသမီးတွေဟာ စိုးရိမ်စိတ် လွန်ကဲမှုတွေကနေ အတွင်းဘက် ဦးတည်တဲ့ စိတ်လှုတ်ရှားမှုတွေ ဖြစ်စေတာများတယ်။ ဒါတွေက ဆုတ်ခွါ-ကင်းပြတ်မှု၊ အထီးကျန်မှု၊ စိတ်ဓါတ်ကျခြင်းတွေကနေ ဆက်လာတာတွေ ဖြစ်တယ်။

အမျိုးသမီးတွေဟာ စိတ်ဓါတ်ကျတာ ပိုဖြစ်တယ်။ ဘာလို့လဲဆိုတော့ ယောက်ျားတွေထက် ပိုပြီး ထပ်ခါထပ်ခါ လုပ်တတ်ကြတယ်။ ပြသနာဖြေရှင်းရေးထက် အနုတ်သဘော စိတ်ခံစားမှုကို ထပ်ခါထပ်ခါ လုပ်လေ့များကြလို့ဘဲ။ ဒီတွေ့ရှိချက်ကနေ စိတ်ရောဂါကာကွယ်ရေးနဲ့ ကုသရေးမှာ လိင်ခွဲခြားဆောင်ရွက်ရမယ်လို့ သိလာစေပါတယ်။

အမျိုးသမီးတွေဟာ စိတ်ရောဂါအဆင့် မရောက်ခင်မှာ စိတ်မတည်ငြိမ်-စိုးရိမ်စိတ်တွေ ဖြစ်လာတယ်။ ဘေးပါတ်ဝန်းကျင်ကနေ ဖိစီးမှုတွေကို အတွင်းဘက်ဆီ သွင်းယူတတ်ကြတယ်။ စိတ်ကျနေကြတဲ့ စိုးရိမ်စိတ်ကဲနေကြတဲ့ အမျိုးသမီးတွေကို ထပ်ခါထပ်ခါ ဖြစ်မလာစေအောင် လုပ်ရပါမယ်။ ယောက်ျားတွေဆိုရင် ဘာတွေလုပ်ပါဆိုတဲ့ အစီစဉ်ချပေးတာနဲ့ ကြမ်းတမ်စိတ်ကနေ ဖျက်ဆီးချင်စိတ် မဟုတ်တဲ့ဆီ ဦးတည်ပေးဘို့ ဖြစ်ပါတယ်။

ယောက်ျားတွေဟာ စိတ်လှုတ်ရှားမှုတွေကို အပြင်ဘက်ဆီ ဦးတည်ကြတယ်။ ဒါ့ကြောင့် ကြမ်းတမ်းမှု၊ ယာယီ-တုံ့ပြန်မှု၊ သွေးဆောင်မှုနဲ့ လုပ်သင့်တာကိုမလုပ်ခြင်းဆိုတာတွေကို ရွေးချယ်တတ်တယ်။ လိင်ခြားနားမှုဟာ အတွင်းဘက် ဦးတည်ခြင်းနဲ့ အပြင်ဘက်ဆီ ဦးတည်ခြင်းတွေပါ ခြားနားကြတာဖြစ်တယ်။

၂ဝဝ၁-၂ဝဝ၁ အတွင်းက National Institutes of Health မှာရှိတဲ့ ကိန်းဂဏန်းတွေကို လေ့လာခဲ့တယ်။ အသက် ၁၈ နှစ်အထက် လူပေါင်း ၄၃ဝ၉၃ ယောက်ကို လေ့လာတာ ဖြစ်တယ်။ အဲဒီအထဲမှာ အမျိုးသား = ၄၃%၊ အမျိုးသမီး = ၅၇% (အဖြူ = ၅၆့၉%၊ အသားဝါ-ညို = ၁၉့၃%၊ အမည်း = ၁၉့၁%၊ အာရှ၊ ဟဝိုင်ယီနဲ့ ပင်လယ်နေ = ၃့၁%၊ ဌာနေလူနီ နဲ့ အလာစကာ = ၁့၆%၊) ပါတယ်။ စိတ်ရောဂါ အမျိုးအစားပေါင်း ၅၃ မျိုးခွဲထားတယ်။ (ဘာသာမပြန်တော့ပါ။)

နာမည်ကျော် ဒတ်ခ်ျ ပန်းချီဆရာကြီး Vincent van Gogh (ဗင်းဆင့်-ဗန်ဂိုး) မှာ စိတ်ကျရောဂါရှိပြီး အဲဒီအချိန်က ကုသနည်းမရှိသေးလို့ သူ့ကိုယ်သူ သတ်သေသွားခဲ့ရတယ်။

အခြားသော စိတ်ရောဂါရှိတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ
1. ဂီတပညာရှင် ဗီသိုဘင်၊
2. ဗြိတိသျှဝန်ကြီးချုပ် ဝစ်စတန်ချာချီ၊
3. သဘာဝသိပ္ပံညာရှင် ချားလ်ဒါဝင်၊
4. တီထွင်သူ အယ်ဒီဆင်၊
5. စာရေးဆရာ အားနက်စ် ဟယ်မင်ဝေး၊
6. ကဗျာဆရာ ဗစ်တာဟူးဂိုး၊
7. အမေရိကန်သမတ ဂျက်ဖါဆင်၊
8. အမေရိကန်သမတ လင်ကွန်း၊
9. ပိသုကာ မိုက်ကယ်အိန်ဂျယ်လို၊
10. မီးအိမ်ရှင်မ ဖလောရင့် နိုက်တင်ဂေး
11. သိပ္ပံပညာရှင် နူတန်

1. Adjustment disorder

Anxiety disorders
2. Acute Stress Disorder
3. Panic Disorder
4. Agoraphobia w/o history of Panic Disorder
5. Social Phobia
6. Specific Phobia
7. Obsessive-Compulsive Disorder
8. Post-traumatic Stress Disorder
9. General Anxiety Disorder

Childhood Disorder
10. Attention-Deficit Hyperactive Disorder
11. Asperger’s Disorder
12. Autistic Disorder
13. Conduct Disorder
14. Oppositional Defiant Disorder
15. Separation Anxiety Disorder
16. Tourette’s Disorder

Eating Disorder
17. Anorexia Nervosa
18. Bulimia Nervosa Mood Disorder
19. Major Depressive Disorder
20. Bipolar Disorder (Manic Depression)
21. Cyclothymic Disorder
22. Dysthymic Disorder

Cognitive Disorders (Delirium, Dementia, Amnestic Disorders)
23. Delirium
24. Multi-Infarct Dementia
25. Dementia Associated with Alcoholism
26. Dementia of the Alzheimer Type
27. Dementia Personality Disorders
28. Paranoid Personality Disorder
29. Schinoid Personality Disorder
30. Schizotypial Personality Disorder
31. Antisocial Personality Disorder
32. Borderline Personality Disorder
33. Histrionic Personality Disorder
34. Narcissistic Personality Disorder
35. Dependant Personality Disorder
36. Avoidant Personality Disorder
37. Obsessive-Compulsive Personality Disorder

Schizophrenic and other Psychotic Disorders
38. Schizophrenia
39. Delusional Disorder
40. Brief Psychotic Disorder
41. Schizophreniform Disorder
42. Schizoaffective Disorder
43. Shared Psychotic Disorder

Substance-Related Disorders
44. Alcohol Dependence
45. Amphetamine Dependence
46. Cannabis Dependence
47. Cocaine Dependence
48. Hallucinogen Dependence
49. Inhalant Dependence
50. Nicotine Dependence
51. Upload Dependence
52. Phencyclidine Dependence
53. Sedative Dependence

ဒေါက်တာတင့်ဆွေ

Delusional disorder အမြင်သွေလွဲခြင်း စိတ်ရောဂါ 

 ဆန်းပြားရှုတ်ထွေးခြင်းမရှိတဲ့အရာတွေကို ရှိနေတယ်လို့ ထင်မှတ်နေတဲ့စိတ်ရောဂါဖြစ်ပါတယ်။ ဆန်းပြားရှုတ်ထွေးခြင်း ဆိုတာတွေက တစ္ဆေသူရဲလို မဟုတ်ဘဲ၊ တကယ်လည်းရှိနိုင်တဲ့အမှားမျိုး ဖြစ်တယ်။

ဥပမာ သူ့ကို ချစ်နေ၊ မုန်းနေတယ်လို့ ထင်မှတ်တာ၊ သူ့ နောက်ကနေ လူဆိုးကလိုက်နေတယ်လို့ ထင်မှတ်တာမျိုး။ အဲလိုထင်မှတ်မှားနေတာတွေက မူးယစ်ဆေးဝါးကြောင့်၊ ကိုယ်ကာယကျန်းမာရေးကြောင့်၊ (စကီဇိုဇရီးနီးယား) စိတ်ရောဂါကြောင့် မဟုတ်ရပါ။ ဒီရောဂါ ခံစားရှိနေပေမဲ့ နေ့တဓူဝ အလုပ်တွေမှာ တက်တက် ကြွကြွ လုပ်နေတဲ့သူသာ ဖြစ်ပြီး၊ အခုလို ထင်မှတ်မှားတာကလွဲရင် လူကောင်းဘဲ။ တချို့လူ့အသိုင်းအဝိုင်း၊ ဘာသာရေးယုံကြည်မှုတွေက ဒါမျိုး ဖြစ်နေ၊ ရှိနေသူကို လေးစားသမှုပြုတတ်ကြတယ်။ ကိုးကွယ်နေတတ်ကြတယ်။

လက္ခဏာ အင်္ဂါ (၆) ရပ်ရှိတယ်။
(၁) Erotomania တစိမ်းတရံ နာမယ်ကြီးတယောက်၊ သူ့ထက် အဆင့်အတန်းမြင့်သူတယောက်နဲ့ ချစ်နေတယ်လို့ ထင်မှတ် မှားနေတယ်။ ချစ်စိတ်ကလဲ အလွန်ပြင်းပြတယ်။ သူထင်နေတဲ့သူဆီ ဖုန်းဆက်၊ စာရေး၊ သွားလည်ပတ်တာမျိုး လုပ်တယ်။ သွားကယ်ဆယ်ရတာမျိုးသဘော လုပ်တယ်။ တကောက်ကောက် လိုက်နေမယ်။

(၂) Grandiose ထင်ပေါ်ကျော်စောနေတယ်၊ သိပ်သြဇာအာဏာ ရှိတယ်၊ နာမယ်ကြီး တယောက်နဲ့ နီးစပ်မှု ရှိနေတယ်လို့ ထင်မှတ်မှားခြင်း၊ သူများတွေထက် ပါရမီရှိနေသလို၊ သူများ မတွေ့-မသိတာကို တွေ့-သိသလို၊ သူများထက် ဘာသာရေး ဥာဏ်အလင်းတွေ ရနေသလို ထင်မှတ်မှားနေမယ်။

(၃) Jealous မနာလို-ဝန်တိုမှု၊ သူ့ ဇနီး-ခင်ပွန်းက သု့အပေါ် သစ္စာမရှိဘူး ထင်မှတ်နေတာ။ ရှိတ်စပီးယား ပြဇာတ်တခုလို Othello syndrome ဆိုတာ ဖြစ်နေမယ်။ သူ့အပေါ် သစ္စာမရှိဘူး ထင်နေတာကို တားဆီးပိတ်ပင်တာမျိုးလုပ်မယ်။ ဒါအတွက် ဒေါသထွက်မယ်။ သတ်တာဖြတ်တာအထိ ကြမ်းတမ်းမှု ဝင်လာနိုင်တယ်။

(၄) Persecutory တစုံတယောက်ကနေ သူ့နောက်က တစိုက်မတ်မတ် လိုက်လံနေတယ်လို့ ထင်မှတ်မှားခြင်း၊ အများဆုံး တွေ့ရတယ်။ သူ့ကိုဖြစ်ဖြစ်၊ သူ့ရဲ့ ရင်းနှီး ကျွမ်းဝင်သူကိုဖြစ်ဖြစ် တယောက်ကနေ မတရား ပြုမူနေတယ်လို့ ထင်တာ။ သူ့ကို လိုက်လံ နှောင်ယှက်နေတယ် ထင်နေတာ၊ ဒါပေမဲ့ တခြားစိတ်ရောဂါတွေမှာ အဲလို ဖြစ်နေသူတွေလိုတော့ ပုံမပျက်ဘူး။

(၅) Somatic type သူ့ကို အကောင် (အင်းဆက်) ကကိုက်နေတယ်၊ သူ့ကိုယ်ခန္ဓာက ပုံမှန်အလုပ် မလုပ်ဘူး၊ အနံ့ဆိုး ထွက်နေတယ်၊ သူ့ကိုယ်မှာ အရုပ်ဆိုးနေတာ ရှိနေတယ် စသဖြင့် ထင်မှတ်မှားနေတာမျိုး။

(၆) Mixed လက္ခဏာအင်္ဂါရပ်တွေ တခုမက ရောဖြစ်နေခြင်း။

ဝေဒနာရှိသူဟာ သူထင်မှတ်နေတာကို တစိုက်မတ်မတ် တမူထူးပြီး ပြောပြနေမယ်။ သူထင်မှတ်နေတာကနေ သူ့ဘဝ လမ်းကို ပြောင်းလဲ၊ သက်ရောက်စေလိမ့်မယ်။ သူ့ကို မေးရင် လှို့ဝှက်မှုတွေ၊ သံသယဝင်တာတွေ ဖြစ်နေတာ တွေ့ရမယ်။ သူ့မှာ ဟာသရယ်လို့ မရှိဘူး။ သူ့အထင်ကို အထိမခံနိုင်ဘူး၊ လုံးဝလျှော့ပေးမှာ မဟုတ်ဘူး။ သွားငြင်းလိုက်ရင် စိတ်တို-ရန်လိုလာလိမ့်မယ်။ သူဖြစ်နေရတာက သူ့လူမှု-ဘာသာရေး နောက်ခံနဲ့ ဆိုင်ချင်မှ ဆိုင်နေတတ်တယ်။

သူ့ထင်မြင်ချက်အတိုင်း လိုက်လုပ်တာ မှန်သမျှကို နားလည်ကြည့်လို့ ရပေမဲ့ ပုံမှန် မဟုတ်ဘူး။ သူ့ကိုသိ-ကြည့်နေ သူတွေကတော ဒီလိုဖြစ်နေတာဟာ တမူထူးနေတယ်၊ တခုခုဖြစ်နေတယ်ဆိုတာ သိတယ်။ ဒီလို ဖြစ်တာက ပင်မ စိတ်ဝေဒနာသာ ဖြစ်ပြီး၊ စိတ်ရောဂါတခုခုရဲ့ လက်အောက်ခံ အမျိုးအစား မဟုတ်ဘူး။ နာတာရှည် ဖြစ်တယ်။ တချို့မှာ တသက်လုံး ဖြစ်နေမယ်။ သူထင်မှတ်မှားနေမှုက သူ့ဟာနဲ့သူ ကျိုးကြောင်းဆီလျှော်မှု ရှိနေတာမျိုး၊ တသမတ်ထဲလဲ ဖြစ်နေတာမျိုး။ သူများတွေရဲ့ ကျိုးကြောင်းဆီလျှော်မှုနဲ့ ခြေဖျက်လို့ မရဘူး။ သူ့ (လောဂျစ်) က သပ်သပ်။ သူ့ကိုယ်သူ သိပ် ဦးစားပေးတယ်။ သူများတွေက အသေးအဖွဲလေးလို့ ယူဆပေမဲ့ သူ့မှာက သိပ်အရေးပါနေတတ်တယ်။

တိတိကျကျတော့ ဘာ့ကြောင့်ဖြစ်လဲဆိုတာ မသိသေးပါ။ ရောဂါကို အသက်ရမှ ခံစားရသူမျိုးဟာ မိသားစုဘဝနဲ့ ဆိုင်နေတတ်တယ်။ ငယ်ငယ်က စည်းကမ်း သိပ်တင်းကြပ်တဲ့ မိဘတွေ အောက်မှာ ကြီးပြင်းလာရတာမျိုး။ အရာရာမှာ သိပ် Sensitive အထိမခံ-ရွှေပန်းကန် ဖြစ်နေရင် ဒါမျိုး ဖြစ်တတ်တယ်။ တခြား ပိုပြီး ပြင်းထံတဲ့ စိတ်အခြေအနေမျိုး ဥပမာ Bipolar disorder, Schizophrenia တို့နဲ့ တွဲနေတတ်သေးတယ်။ Schizophrenia လို အဆီအငေါ်မတည့် စကားတွေ၊ အမူအယာတွေ မပြော-မရှိဘူး။ သူများ မမြင်-မကြားတာမျိုး မြင်-ကြားတာ မရှိဘူး။ Schizophrenia လောက်လဲ အဖြစ် မများဘူး။

ကုသရင် Drug therapy ဆေးရော Psychotherapy စိတ်ပညာအရပါ လုပ်ရတယ်။ ခက်တာက ဖြစ်နေသူက သူ့ကိုယ်သူ လူကောင်းဘဲ မှတ်ပြီး ဆေးကုတာ မခံချင်ဘူး။ ဆေးထဲမှာ Atypicalantipsychotic ကို သုံးတယ်။ Schizophrenia မှာလဲ ဒီဆေးသုံးပါတယ်။ Risperidone, Quetiapine, Olanzapine ဆေးတွေ ဖြစ်တယ်။ ဒါနဲ့ မသက်သာရင် Pimozide, Fluphenazine decanoate, Fluphenazine enanthate ဆေးတွေသုံးရတယ်။ လူနာက မခံချင်စိတ်ဖြစ်လို့ ထိန်းမရတာ ဖြစ်လာရင် Haloperidol ထိုးဆေးနဲ့ ငြိမ်အောင် လုပ်ပေးရတယ်။ Lorazepam ဆေးလဲ ပေးနိုင်တယ်။ သိပ်ဆိုးတဲ့ သူတွေကို Clozapine ဆေးနဲ့ ကုရပြန်တယ်။ ရေရှည်အတွက် Antidepressants နဲ့ Anxiolytics ဆေးကို နေ့တိုင်း သောက်စေရတယ်။ စိတ်အထူးကု ဆရာဝန်ကနေ Cognitive therapy, Empathy နည်းသုံး ကုပေးမယ်။

အသက် ၁၈ နောက်ပိုင်း ဖြစ်တတ်ပြီး ၄ဝ ကျော် လောက်မှာ ဖြစ်တာ ပိုများတယ်။ အမျိုးသမီးတွေမှာ နဲနဲလေး ပိုများတယ်။ (၅၆့၅%) လို့ စပိန်သုတေသနတခုကဆိုတယ်။ ယောက်ျားတွေမှာက Paranoid delusions ပိုဖြစ်ပြီး၊ အမျိုးသမီးတွေမှာ Delusions of erotomania ပိုဖြစ်လေ့ရှိတယ်။ အိမ်ထောင်ကျပြီးသူ၊ အလုပ်အကိုင်ရှိသူ၊ လူမှုအသိုင်းဝိုင်းနိမ့်ကျသူ၊ အမျိုးသမီးဆိုရင် မုဆိုးမ၊ ယောက်ျားဆိုရင် လိင်ဆက်ဆံမှုကိုရှောင်ကျဉ်တတ်သူ၊ တိုင်းတပါးကိုထွက်လာရသူတွေမှာ အဖြစ်များနေတာ တွေ့ရတယ်။

Dr. တင့်ဆွေ
၂၅-၉-၂ဝ၁ဝ

Bipolar Disorder စိတ်အခြေနှစ်ခွရောဂါ 


ကတ္တီပါဘိနပ်စီးရွှေထီးဆောင်း ဝတ္ထုကိုရေးခဲ့တဲ့ ဆရာမောင်သာရကွယ်လွန်တဲ့အတွက် အလွန်နှမြောတသဖြစ်ရပါတယ်။ ဝတ္ထုကို ရုပ်ရှင်လည်းရိုက်တယ်။ သီချင်းလည်းရှိတယ်။ စန္ဒရားတင်ဝင်းလှိုင်ရေးပြီး ခင်ညွန့်ရည်သီဆိုထားပါတယ်။

 (ဘိုင်ပိုလာ ဒစ်အော်ဒါ) စိတ်နှစ်ခွအခြေအနေရှိတဲ့ နာမည်ကြီးတွေကတော့ မတ်တွိန်း၊ အက်ဂါ အယ်လင် ပိုး၊ အားနက်စ် ဟယ်မင်ဝေး၊ ဗင်းဆင့် ဗန်ဂိုး၊ တို့ဖြစ်ပါတယ်။

Manic depression လို့လည်းခေါ်တယ်။ အစွန်းနှစ်ဖက်ကို ပြောင်းပြောင်း သွားတတ်တဲ့ စိတ်အခြေအနေတခု ဖြစ်တယ်။ (ရိုလာ-ကော်စ်တာ) စီးနေရသလိုမျိုး တခါတလေ ထိပ်ဖျားရောက်နေရင် ဘာမဆို သူလုပ်ရင် ဖြစ်မယ်ထင်ပြီး၊ နောက် အောက်ကျပြန်ရင် ရစရာ-နေစရာမရှိ စိတ်ဓါတ်ကျနေမယ်။ ဘယ်လောက်ကြာကြာ အတက်မှာရောက်နေမယ်လို့ အောက်မှာ ရောက်နေမယ်လို့ ပြောမရဘူး။ မတူကြဘူး။ အနောက်နိုင်ငံတွေမှာ လူကြီးပိုင်း လူဦးရေရဲ့ ၂% မယ် ခံစားနေကြရတယ်။

အကျပိုင်း လက္ခဏာတွေ
ဆေးမကုရင် စိတ်ဓါတ်အကြီးအကျယ် ကျနေမယ်။ ဝမ်းနည်း-ပူဆွေးနေမယ်။ အားအင် ကုန်ခမ်းနေမယ်။ မျှော်လင့်ချက် ကင်းမဲ့နေမယ်။ စိုးရိမ်စိတ်တွေ ကဲနေမယ်။ ဘာကိုမှ အာရုံမစိုက်နိုင်ဘူး။ တချိန်က စိတ်ဝင်တစားရှိခဲ့တာတွေလဲ အာရုံမထားချင်တော့ဘူး။ လူကလဲ ပိန်ချုံးလာမယ်။ အိပ်ရေးပျက်မယ်။ သတ်သေချင်စိတ် ဖြစ်လာမယ်။

အတက်ပိုင်းလက္ခဏာတွေ
အရာရာသာယာနေမယ်။ အကောင်းဘဲမြင်-ထင်နေမယ်။ ဘာမဆို ငါလုပ်နိုင်တယ်လို့ သွေးနားထင်ရောက်နေမယ်။ ဘဝင်မြင့်နေမယ်။ စိတ်မြန်-ကိုယ်မြန်ဖြစ်နေမယ်။ အိပ်နေစရာမလိုသလိုဖြစ်နေမယ်။ စကားတွေ ဖေါင်နေအောင်များမယ်။ သူ့ကို တဖက်ဖက်ဆွဲယူလို့ အင်မတန်လွယ်တယ်။ ပြိုင်ဆိုင်မှု အတွေးပဲဝင်နေမယ်။ ဆောက်တည်ရာမရ၊ ဂနာမငြိမ် ဖြစ်နေမယ်။ အချိန်တွေ အရမ်းသုံးမယ်။ လိင်မှုကိစ္စ သိုသိပ်မှုမထားဘူး။ ကားမောင်တာကအစ အမြန်မောင်းမယ်။ မူးယစ်ဆေးဝါးလဲ သုံးစွဲလာမယ်။ အဲလိုလက္ခဏာတွေ တနေ့ထဲမှာ ၃-၄ မျိုးဖြစ်နေမယ်။

အမျိုအစား (၁) နဲ့ (၂) ရှိတယ်။ အမျိုအစား (၁) ရှိနေသူဟာ အတက်ပိုင်း လက္ခဏာတွေ ရှိမယ်၊ ဒါမှမဟုတ် ရောထွေးနေတာမျိုး နဲ့ အကျပိုင်းဖြစ်တာ ရောထွေးနေမယ်။ အမျိုအစား (၂) ရှိနေသူဟာ စိတ်ဓါတ် အကြီးအကျယ်ကျနေပြီး အတက်ပိုင်းဖြစ်တာ နည်းမယ်။ နောက်ပြီး Hypomania ခေါ်တဲ့ အပြော့စား တက်ကြွမှုမျိုး ရှိတတ်တယ်။ သူ့အဖို့တော့ (ပါတီ) ချိန်ဘဲ။ ပျော်စရာ ရီစရာတွေ များနေမယ်။ မိသားစုဝင်တွေ အပေါင်အသင်းတွေကတော့ သူ စိတ်မူပြောင်နေတာ သတိထားမိကြတယ်။

နှစ်မျိုးတွဲ အခြေအနေ
တပြိုင်နက်ထဲမှာ စိတ်တက်ရော စိတ်ကျပါ တွဲနေတယ်။ ခန့်မှန်းရခက်တာ ဖြစ်လာနိုင်တယ်။ ဥပမာ သူနှစ်သက်တာမျိုးကို အားတက်သရော လုပ်နေရချိန်မှာ ဝမ်းနည်းပက်လက် ဖြစ်လာမယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီ စိတ်အခြေနှစ်ခွ ရောဂါ ခံစားရသူတွေမှာ ပိုဖြစ်ကြတယ်။ တချို့တွက်ဆတာက လူနာ ၇ဝ% မှာ အဲလိုဖြစ်တယ်တဲ့။

ဘာလို့ ဒီရောဂါ ဖြစ်လာသလဲ
ဆရာဝန်တွေက အတိအကျ မသိကြပါ။ အများသဘောတူတဲ့ ဖြစ်နိုင်ချေ (သီအိုရီ) တခုကတော့ ဦးနှောက်မှာ ဓါတ်ပစ္စည်းတွေ အနည်း-အများ ပုံမှန်မဟုတ်လို့ ဖြစ်မယ်လို့ ယူဆတယ်။ ဓါတ်ပစ္စည်းတွေ များနေချိန်မယ် စိတ်တက်ကြွနေပြီး နည်းနေရင် စိတ်ကျမယ်။

ဘယ်လိုလူတွေမှာ လာဖြစ်သလဲ
ယောက်ျား-မိန်းမ အတူတူဖြစ်တယ်။ အသက် ၁၅ နဲ့ ၃ဝ ကြားမှာ စတယ်။ မိသားစုထဲမှာ တယောက်မက ရှိနေတတ်တယ်။ ဒါပေမဲ့ မျိုးဗီဇတခုထဲကြောင့်တော့ မဖြစ်နိုင်ဘူး။ စိတ်သောကရောက်စရာ၊ မူးယစ်ဆေးဒဏ်၊ စတာတွေကနေ အတက်-အကျကို စေ့ဆော်နိုင်တယ်။

အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်ခွင်မှာ နေ့တဓူဝအလုပ်တွေကို ထိခိုက်စေတယ်။ ၈၈% မှာ အလုပ်မယ် တိုးတက်လမ်းတွေ အတားအဆီး ဖြစ်ကြရတယ်။ ၆ဝ% သော လူနာတွေက ဆေးဝါး၊ အရက်သေစာ သုံးစွဲကြတယ်။ Reckless manic phase ဆောက်တည်ရာမရ အဆင့်မှာ လုပ်ကြတာ များတယ်။

တခြား ဒီရောဂါ မရှိသူတွေထက် သေကြောင်းကြံစီတာ ၁ဝ-၂ဝ ဆ ပိုဖြစ်ကြတယ်။ မကြံစီခင်မှာ သတ်သေချင်တဲ့ စကားမျိုး ပြောတတ်ကြတယ်။ သတ်သေဘို့ အစီအစဉ်တွေ တခုပြီးတခု လုပ်လာမယ်။

ဒီရောဂါဆိုတာ သေခြာအောင် လုပ်ရမယ်။ Extreme mood swings စိတ်မူပြောင်းခြင်း အပြင်စား နဲ့ ခွဲခြားရမယ်။ Neurological disorders အာရုံကြောရောဂါ၊ Substance abuse မူးယစ်ဆေးသုံးစွဲတာ၊ Thyroid problem လည်ပင်းကြီးဟော်မုန်းများရောဂါ၊ HIV (အိတ်ခ်ျအိုင်ဗွီ)၊ ADHD ပါတ်ဝန်းကျင် သတိမမူရောဂါ၊ တချို့ဆေးတွေရဲ့ Side effects ဘေးထွက်-ဆိုးကျိုး နဲ့ Psychiatric disorders တခြားစိတ်ရောဂါတွေနဲ့ ခွဲခြားရမယ်။

ဆေးပေးတာ အများကြီးသက်သာစေတယ်။ Mood stabilizers ဆေးမျိုးသုံးတယ်။ Antipsychotic drugs စိတ်ရောဂါဆေးတွေ နဲ့ Anticonvulsant drugs အတက်သက်သာဆေး တွေလဲ ပေးတယ်။ ဆေးကြာကြာ သောက်နေရတယ်။

စကားပြောနည်းနဲ့ ကုသတာလဲ လုပ်တယ်။ Cognitive behavioral therapy နည်းလဲလုပ်တယ်။ Interpersonal therapy နည်းလဲရှိတယ်။ Social rhythm therapy နည်းလဲရှိတယ်။

လူနေမှုပုံစံ ပြုပြင်ပေးတာ ကောင်းတယ်။ လုပ်ရမဲ့အလုပ်တွေကို အချိန်ဇယားချပြီး လုပ်စေတာကောင်းတယ်။ အိပ်ချိန်၊ အလုပ်ချိန်၊ စားချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်တွေ တိတိကျကျ သတ်မှတ်ထားရတယ်။ အရက်၊ ဆေးဝါး မသုံးစေအောင် လုပ်ရမယ်။ မဟုတ်ရင် ရောဂါလက္စဏာတွေကို ပိုဆိုးစေနိုင်တယ်။

Electroconvulsive Therapy (ECT) လျှပ်စစ်သုံး ကုသနည်း။ တချို့လူနာတွေအတွက် ကောင်းတယ်။ ဆိုးဝါးတဲ့ အခြေအနေအတွက် မြန်မြန် သက်သာစေတယ်။ ဆေးပေးနည်း၊ စိတ်ကုနည်းနဲ့ မရသူတွေအတွက်လဲ သုံးနိုင်တယ်။

မိတ်ဆွေ အပေါင်းအသင်နဲ့ မိသားစုဝင်တွေကို ဒီရောဂါအကြောင်း ပြောပြ-သင်ပြပေးထားသင့်တယ်။ ရောဂါ အတက်-အကျအကြောင်း၊ စိတ်မပျက်ကြဘို့လိုကြောင်း၊ မကြောက်ဘို့လိုကြောင်း၊ ထောက်ကူမှုပေးတာ အရေးပါကြောင်း။ ဝေဒနာသည်တွေဟာ သူတို့မှာ ရောဂါရှိနေတာကို မသိကြ၊ လက်မခံကြဘူး။ သန်းပေါင်းများစွာ အဲလိုဖြစ်နေတာ၊ ဆေးကုရင် သက်သာကောင်းမွန်မှာ၊ ကိုယ့်အပြစ် မဟုတ်ပါဘူး ဆိုတာတွေ ဖျောင်းဖျ-နာချ ဆေးကုဘို့ တိုက်တွန်းကြရပါမယ်။

Dr. တင့်ဆွေ
၁-၃-၂ဝ၁၆

 

No comments: