Thursday, March 31, 2016

Body odor - Bad breath - Hyperhidrosis





၁။ ဆရာရှင့် သမီးမှာဖြစ်နေတဲ့ပြဿနာကို လူသိရှင်ကြားမမေးရဲလို့ပါရှင့်။ သမီးမှာ အရမ်းပြင်းတဲ့ ကိုယ်နံ့ရှိပါတယ်ရှင်။ ဘေးကလူတွေ အနှောက်အယှက်ဖြစ်ရလောက်အောင်ပါ။ သမီး ၁၅ နှစ်လောက်ကစပြီး အခု ၂၄ နှစ်ရှိပါပြီရှင်။ တခါတရံ သက်သာသလိုရှိပေမယ့် တခါတခါအရမ်းဆိုးပါတယ်ရှင်။ ချွေးနံပျောက်ဆေး roll on များသုံးလို့မရပါ။ ပိုဆိုးစေပါတယ်ရှင်။ ဒါနဲ့ ကျောက်ချဉ် ထုံးရည်ကြည် စတဲ့သဘာဝပစ္စည်းများ အသုံးပြုသော်လည်း  ခဏသာထိမ်းနိုင်ပြီး ချွေးထွက်လာရင် ပြန်ဆိုးသွားပါတယ်ရှင်။ ရေလည်းပုံမှန်ချိုးပါရဲ့ဘာလို့မှန်းမသိပါရှင်။ အစားအသောက်ကြောင့် ဖြစ်မှာဆိုးလို့ အနံပြင်းတဲ့ ကြက်သွန်နီဖြူမျိုးတွေ မစားပါရှင်။ မိန်းကလေးတယောက်အတွက် အရမ်းကိုအနှောက်အယှက် ဖြစ်ရပါတယ်ရှင်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုမရှိတော့ပါရှင်။ သောက်ရမည့်ဆေးနဲ့ သင့်တော်တဲ့ ဆရာဝန်ရှိရင် ညွှန်ကြားပေးပါရှင်။

၂။ ကျနော် နာမည်က (့) ပါ။ ကျနော့် ကောင်မလေးနာမည်က (့) ပါ။ အသက်က ၂၆ နှစ်ရှိပါပြီ အပျိုပါဆရာ။ ခန္ဓာကိုယ်အနံ့နဲ့ပက်သတ်ပြီး သိချင်လို့ပါ။ သူ့မှာ ဘာမှန်းမသိတဲ့ အနံတစ်ခုရနေလို့ပါ။ သူနဲ့ ရည်းစားမဖြစ်ခင် အချိန်တွေတုန်းကတော့ သိပ်ပြီးအနံ့မရမိဘူး။ ရည်းစားဖြစ်ပြီးတော့ ပူးပူးကပ်ကပ်လဲ ရှိလာတော့ သူ့ဆီက အနံ့တစ်ခုကို သတိထားမိလားတယ်။ ကျနော်ထင်တာ သူခံတွင်းနံ့ ဆိုးတယ်လို့ပဲ ထင်ခဲ့မိပါတယ်။ သူ့ကို Listerine နဲ့လဲ ပလုပ်ကျင်းခိုင်းပါတယ်။ အနံ့ကပျောက်မသွားပါဘူး။ နောက်တော့မှ သူအိပ်နေတဲ့အချိန် ပါးစပ်ပိတ်နေတုန်း နှာခေါင်းကလေကို အထုတ်အသွင်းလုပ်တိုင်း အဲဒီအနံဆိုး ထွက်နေတာပါ။ သူ့ခံတွင်းအနံ့က လုံးဝမဆိုးပါဘူး။ အသက်ရှူတဲ့အချိန် ခန္ဓာကိုယ်တွင်းက ထုတ်တဲ့လေက အနံ့ဆိုးပါလားတယ်လို့ ထင်ပါတယ်။ အနံစပြီး ရခါစက မြင်းရဲ့ မစင်အနံနဲ့ တူပါတယ်။ နောက် တစ်ဖြေးဖြေးနဲ့တော့ မျှစ်ချဉ်နံ့လိုလို ဘာလိုလိုနဲ့ ချဉ်စူးစူး အနံရပါတယ်။ ကျနော်ပဲ အနံ့ ယဉ်လာတာလား သူအနံ့ကပဲ ပြောင်းတာလားတော့ မသိပါခင်ဗျာ။ ဘယ်လိုကုသရင် ပျောက်ကင်းနိုင်မယ်ဆိုတာကို လမ်းညွန်ပေးပါခင်ဗျာ။

လူ့ကိုယ်နံ့အဆိုးကို ဗက်တီးရီးယားနံ့လို့ ပြောနိုင်တယ်။ ချွေးထွက်ရင် ဒီအကောင်တွေက ပေါက်ပွါးတယ်။ ချွေးနံ့ သက်သက်မှာ အနံ့မရှိပါ။ ကိုယ်နံ့တွေကို Bromhidrosis, Apocrine Bromhidrosis, Bromidrosis, Osmidrosis, Ozochrotia, Fetid sweat လို့ ဆေးပညာအရ အမျိုးမျိုး ခွဲထားတယ်။
  • Diet စားတဲ့အစားအသောက်၊
  • Lifestyle လူနေမှုပုံစံ၊
  • Gender ကျား-မ၊
  • Genetics မျိုးဗီဇ၊
  • Health ကျန်းမာရေးအခြေအနေ၊
  • ဆေးဝါးတွေကနေ သက်ရောက်စေတယ်။
ကိုယ်ကနေ ချင်စူးစူး၊ Vinegar-like smell (ဗနီဂါ) နံ့လိုရတာဟာ Propionic acid ဖြစ်လာ-ရှိလာလို့ပါ။ ဗက်တီးရီးယားကနေလာတယ်။
• Staphylococcus
ဗက်တီးရီးယားကနေဖြစ်ရင် Isovaleric acid ဆိုတာမျိုး ရှိနေမယ်။ cheese types ဒိန်ခဲနံ့လို ဖြစ်နေမယ်။
• Skin flora
အရေပြားမှာနေကြတဲ့ ပိုးတွေထဲမှာ Corynebacterium တွေပါတယ်။ Lipases enzymes (အင်ဇိုင်းမ်) တွေထွက်စေတယ်။ ဒါတွေကနေ ချွေးထဲကအဆီနဲ့ ဓါတ်ပြုမယ်။ ထွက်လာတာတွေကနေ Body odor ကိုယ်နံ့ရဲ့ Characteristic aroma အနံ့ထူးခြားမှုကို ရစေတယ်။
• Genetics
မျိုးဗီဇ ကနေလဲ သက်ရောက်တယ်။ Major histocompatibility complex (MHC) (မော်လီကျူး) တွေကနေ ဖြစ်စေတယ်။ ရောဂါပြီးစနစ်နဲ့ဆိုင်တယ်။ စမ်းသပ်တဲ့အခါ လူတွေမှာရော အကောင်တွေမှာပါ MHC composition ကွဲပြားမှု များရင် ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်နိုင်စွမ်းရှိတာ တွေ့ရတယ်။ သုတေသနတခု အလိုအရ မျိုးဗီဇတခုဟာ Earwax နားဖါလိုဘဲ အနံ့ကို ဖြစ်စေတဲ့ Codes မျိုးရှိတယ်။
ကိုယ်နံ့ရှိရင် (၁) Propionic acid (ပရိုပိုင်ယောနစ်အက်စစ်) နဲ့ (၂) Isovaleric acid (အိုင်ဆိုဗယ်လဲနစ်အက်စစ်) ၂ မျိုးကြောင့်ဖစ်ြတယ်။ ဗနီဂါနံ့ရရင် ပဌမအက်စစ်ဖြစ်မယ်။ ဒိန်ခဲနံ့ဆိုရင် ဒုတိယအက်စစ်ဖြစ်မယ်။ လူတိုင်းမှာ ချွေထွက် (ဂလင်း) ပေါင်း ၃-၄ သန်းရှိတယ်။ အမျိုးအစား (၂) ခုရှိတယ်။ (၁) Eccrine glands အမျိုးအစားကအများဆုံး။ ကိုယ်အပူချိန်ကိုထိန်းပေးနေတယ်။ (၂) Apocrine glands ကတော့ ချိုင်းနဲ့ ပေါင်ခြံလိုနေရာတွေမှာရှိတယ်။ ရင်သား၊ မျက်ခွံ၊ နားရွက်တွေမှာလည်းရှိတယ်။ အနံ့တမျိုးရှိတယ်။ လိင်စိတ်နဲ့ဆက်စပ်မှုရှိတယ်။ Pheromones ပါနေရင် တဖက်သားကို ဆွဲဆောင်မှုဖြစ်စေတယ်။
ခြေဆီနံ့ဆိုးတာလည်း ဗက်တီးရီးယားတွေကြောင့်ဖြစ်တယ်။ မှိုပိုးလည်းပါနိုင်တယ်။
၁။ နေ့စဉ် ရေခပ်နွေးနွေးနဲ့ရေချိုးပါ။
၂။ အဝတ်အစားကို သဘာဝထုတ်လုပ်တာကိုကောင်းတယ်။ ခြည်ထည်း၊ ပိုး၊ သားမွှေး။
၃။ အစားအသောက်ရွေးပါ။
၎။ Aluminum chloride ကနေ ချွေးထွက်သက်သာစေတယ်။
၅။ ချိုင်းသန့်အောင်ဂရုစိုက်ပါ။ ဗက်တီးရီးယားသေစေတဲ့ဆပ်ပြာသုံးနိုင်တယ်။ (မှတ်ချက် အဲလိုဆပ်ပြာနဲ့ မိန်မကိုယ်ကို အမြဲဆေးသန့်ဘို့မသင့်ပါ။)
၆။ ကိုယ်မွှေးရိတ်သင့်တဲ့နေရာကို အချိန်ကျရင်ရိတ်ပေးပါ။
၇။ Botulinum toxin ထိုးဆေးကို တချို့နေရာတွေမှာသုံးတယ်။
၈။ ခြေအိတ်ကို ခြည်ထည်သုံးပါ။ လဲလဲပေးပါ။ ခရီးကြာသွားရရင် နားလို့ရချိန်မှာ လေသလပ်ပေးပါ။ ခြောက်သွေ့စေပါ။ အသစ်လဲပါ။ ခြေထောက်ကိုမကြာမကြာဆေးပါ။ လက်ဖက်ပင်ဆီသုံးနိုင်တယ်။ တမာသုံးနိုင်တယ်။ ခြေထောက်ကို Pumice stone ကျောက်နဲ့ပွတ်တိုက်ဆေးကြောပါ။
၉။ Deodorants အနံ့ပျောက်ဆေး၊ Antiperspirants ချွေးထွက်သက်သာဆေး၊ Disinfectants (Triclosan) ပိုးသတ်ဆေး၊ ပိုးသေဆေးတွေပါတဲ့ သဘာဝထွက်ကနေလုပ်ထားတဲ့ အထူးဆပ်ပြာ (Ribwort and Liquorice)Chlorophyllin ointments လိမ်းဆေး၊ ဖျန်းဆေး။ Chlorophyllin supplements စားဆေးတွေကို သုံးနိုင်တယ်။
၁ဝ။ တကိုယ်ရေသန့်ရှင်းရေး ပိုလုပ်ရမယ်။
ဒေါက်တာတင့်ဆွေ

Bad breath ခံတွင်းနံ့ မကောင်းရင်

ဆရာရေမင်္ဂလာပါရှင့်။ ကျွန်မအသက်က ၂၃ နှစ်ပါ။ ကျွန်မငယ်စဉ်ကတည်းက ခံတွင်းအနံ့အသက်မကောင်းပါ။ ငယ်စဉ်အခါက တိုက်ဖွိုက်၊ အဆုတ် TB လိုရောဂါကြောင့် ဆေးတော်တော်များများသောက်ဖူးပါတယ်။ သွားနှင့်ခံတွင်း သန့်ရှင်းမှုကိုလဲ ဂရုစိုက်ပါတယ်။ ဝမ်းမှန်ပေမယ့် ဝမ်းဝအောင်မသွားတာကပုံမှန်လိုဖြစ်နေပါတယ်ဆရာ။ ဝမ်းနုတ်ခြင်းတွေ ပြုလုပ်ပေမယ့် ခံတွင်းနံ့ဆိုးခြင်းက မသက်သာပါဘူးဆရာ။ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းစေပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကို ပျောက်ကင်းအောင် လုပ်ဆောင်ရမည့်အချက်များကို ညွှန်ကြားပေးပါနော်။ ကျေးဇူးတင်ပါတယ်ဆရာ။
လူတွေထဲက ၂၅% ဟာ အနည်းနဲ့အများ ခံတွင်းနံ့ မကောင်းကြပါ။ Bad breath ခံတွင်းနံ့ မကောင်းတာကို ဆေးစာနဲ့ Halitosis ခေါ်တယ်။ သွား-ခံတွင်းရောဂါနဲ့ တခြား ကျန်းမာရေး အခြေအနေတွေကနေ ဖြစ်စေတယ်။ 

အစားအသောက် ကြောင့်လဲ ဖြစ်စေတယ်။ ၈၅-ဝဝ% ဟာ ခံတွင်းနဲ့ ဆိုင်တယ်။ အသား-ငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဆေးငုံတာတွေကြောင့်လဲ အနံ့ မကောင်းစေဘူး။ လူဝလို့လဲ ဖြစ်တတ်တယ်။

အစားအစာတွေကို ပါးစပ်ကနေ စားသောက်လိုက်ပြီးရင် ကျေချက်ပြီးနောက် သွေးထဲရောက်မယ်။ နောက်မှာ အဆုပ်ကို ရောက်ရာကနေ အသက်ရှူထုတ်တော့ ဆိုင်ရာ အနံ့ထွက်စေတယ်။ ပါးစပ်ထဲမှာ အစားအစာတွေ ကပ်သတ် ကျန်နေရင် (ဗက်တီးရီးယား) တွေ ပေါက်ဖွါးစေမယ်။ သူတို့ထဲမှာ အနံ့ ဆိုးစေတာမျိုးတွေ ရှိတယ်။ Bacteria ကနေ toxins အဆိပ်လို ဖြစ်လာစေနိုင်တယ်။ ဆေးမကုရင် သွားဖုံးရော မေးရိုးပါ ရောဂါ ရစေနိုင်တယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားရင် Brushing and flossing ပါးစပ်ဆေး၊ သွားတိုက်တာတောင်မှ ခဏတာ အနံ့ ဖုံးပေးတာ လောက်သာ တတ်နိုင်တယ်။
သွားတု တပ်တာ နေရာမကျရင်၊ (ရိစ်) မှိုရောဂါရရင်၊ သွားပိုးစားရင်လဲ အနံ့မကောင်းတာ ဖြစ်စေနိုင်တယ်။
• Dry mouth (Xerostomia)
ပါးစပ်ခြောက်နေတာဖြစ်လို့လဲ ဖြစ်နိုင်သေးတယ်။ တံတွေးဟာ ပါးစပ်ကို သန့်ရှင်းပေးတယ်။ အက်စစ်ဓါတ်ကို ဖြေပေးတယ်။ သေသွားတဲ့ (ဆဲလ်) တွေကိုလဲ ရှင်းပေးတယ်။ တံတွေးနည်း-ခြောက်နေရင် အဲလို ကောင်းကျိုးတွေ မဖြစ်စေတော့ဘဲ ပုပ်နံ့ထွက်လာစေတယ်။ ပါးစပ်ခြောက်နေတာက ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။ Salivary gland တံတွေး ထွက်အိတ်တွေ ရောဂါရနေလို့လဲ ဖြစ်စေတယ်။
နူမိုးနီးယား၊ လေပြွန်ရောင်၊ နာတာရှည် (ဆိုင်းနပ်စ်) ရောဂါ၊ တာရှည်နှာရည်ယိုတာ၊ ဆီးချို၊ အက်စစ်ရည် အထက် ဆန်ရောဂါ၊ အသဲရောဂါ နဲ့ ကျောက်ကပ် ရောဂါတွေ ကြောင့်လဲ အာခေါင်ခြောက် နေနိုင်တယ်။

(၁) လျှာ
Don’t let your tongue become a dirty carpet!
လျှာကို ညစ်ထေးနေတဲ့ ကော်ဇောလို မဖြစ်ပါစေနဲ့လို့ တင်စား ပြောကြတယ်။ ဘာလို့လဲဆိုတော့ ခံတွင်းနံ့ မကောင်းတာကို လျှာကြောင့်ဖြစ်ရတာ ၈ဝ-၉ဝ% ရှိတယ်။ လျှာမှာနေတဲ့ (ဗက်တီးရီးယား) ကနေ Malodorous compounds နဲ့ Fatty acids တွေ ဖြစ်လာစေတယ်။ လူတိုင်းမှာရှိနေတဲ့ အဲလို ပိုးတွေက လျှာရဲ့ နောက်ပိုင်းမှာနေကြလို့ သန့်ရှင်းရေးလုပ်တာ မထိရောက်စေဘူး။ နှာရည်ယိုနေတာ၊ အာခေါင် ခြောက်နေတာတွေကြောင့် ပိုဆိုးစေတယ်။ Anaerobic bacteria အမျိုးအစားပိုးတွေက ပိုဆိုးစေတယ်။ ကြာတော့ Putrescent smell of indole, Skatole, Polyamines အနံ့တွေ ဒါမှမဟုတ် Rotten egg ဥပုပ်တဲ့အနံ့မျိုး ထွက်မယ်။ Volatile sulfur compounds (VSCs) အနံ့မျိုးဖြစ်တယ်။ Hydrogen sulfide, Methyl mercaptan, Allyl methyl sulfide နဲ့ Dimethyl sulfide တွေကို ဆိုလိုတာဖြစ်တယ်။ ဒီလိုကြောင့်ဖြစ်သူတွေက Mints, Mouth sprays, Mouthwash တွေ သုံးနိုင်တယ်။ ဒါတွေကလဲ အနံ့ဆိုကို ဖုံးပေးတာသာဖြစ်တယ်။ လျှာကို သန့်ရှင်းရေးက ပိုအရေးကြီးတယ်။

(
၂) Mouth ပါးစပ်၊ ပါးစပ်ထဲမှာ ဗက်တီးရီးယား အမျိုးအစားပေါင်း ၆ဝဝ ကျော်ရှိတယ်။ အဒီထဲက တချို့တွေက အနံ့ဆိုး ထွက်စေအောင် လုပ်နိုင်တယ်။ သူတို့ကနေ Proteins (ပရိုတင်း) တွေကို ချေဖျက်ပြီး Amino acids (အမိုင်နိုအက်စစ်) တွေ ထွက်လာမယ်။ ဆက်ပြီး Hydrogen sulfide နဲ့ Methyl mercaptan တွေ ဖြစ်တဲ့ အနံ့ဆိုး ဓါတ်ငွေ့တွေ ဖြစ်စေမယ်။ Bad mouth ဆိုတာ အာဖရိက ကလာတဲ့ ကျိန်စာသဘော ဖြစ်ပြီး ဒီခေတ်မှာ သူများအပြစ်တင်တာကို ပြောတာဖြစ်တယ်။ ဗမာတွေကတော့ ခံတွင်းနံ့ ကောင်းချင်ရင် မုသား မပြောပါနဲ့တဲ့။

(
၃) Gum disease သွားဖုံးရောဂါတွေကြောင့်လဲ ဖြစ်တယ်ဆိုတာကို အားလုံးကတော့ လက်မခံပါ။
(
၎) Nose နှာခေါင်း၊ ဒုတိယလိုက်တယ်။ Sinus infections (ဆိုင်းနပ်စ်) ရောဂါ ထိပ်ခပ်နာ နဲ့ Foreign bodies ပြင်ပ-ပစ္စည်း ဝင်နေတာတွေကနေ ဖြစ်စေမယ်။
(
၅) Tonsils အာသီးရောဂါကနေ (ဆဲလ်) ပျက်စီး-သေဆုံးတာတွေကြောင့် အနံ့ဆိုး ထွက်နိုင်တယ်။ ၃-၅% မှာဖြစ်တယ်။
(
၆) Esophagus အစာမြိုပြွန်မှာ Hiatal Hernia နဲ့ GERD ရောဂါရနေရင်ဖြစ်မယ်။ Zenker’s diverticulum ရောဂါ ကနေလဲ ဖြစ်တယ်။
(
၇) Stomach အစာအိမ်ကြောင့် သိပ်မဖြစ်စေတတ်ပါ။ လေချင်တက်တာတော့ ဖြစ်မယ်။
(
၈) Systemic diseases တခြားရောဂါတွေကတော့ Fetor hepaticus ရောဂါ၊ အသက်ရှူလမ်း အောက်ပိုင်း ရောဂါတွေ၊ ကျောက်ကပ်ရောဂါတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါ နဲ့ Metabolic dysfunction ရောဂါ၊ လျှာ-ကင်ဆာ၊ လည်ချောင်း-ကင်ဆာ နဲ့ အစာမြိုပြွန်-ကင်ဆာတွေ ဖြစ်တယ်။

Management ဘယ်လိုကုသမလဲ
• Good oral hygiene
ခံတွင်း သန့်ရှင်းပါ။ Fluoride toothpaste (ဖလိုရိုက်) ပါတဲ့ သွားတိုက်ဆေးနဲ့ တနေ့ ၂ ကြိမ် သွားတိုက်ပါ။ အစာစားပြီးရင်လဲ သွားတိုက်ပါ။ သွားပွတ်တံကို ၂-၃ လ တခါ အသစ်လဲပါ။
• Floss
ဒါမှမဟုတ် Interdental cleaner သွားကြားသန့်ရှင်းနည်း တနေ့တခါ လုပ်ပါ။
သွားအတုကို ညအချိန် ဖြုတ်ထားပြီး သန့်ရှင်းပေးပါ။
သွားဆရာဝန်နဲ့ ပုံမှန် (တနှစ် နှစ်ခါ) စစ်ဆေးကုသပါ။
ရေများများ သောက်ပါ။
• Chewing gum
ငုံပါ။ ဖြစ်နိုင်ရင် သကြား မပါတာကို ငုံပါ။ Sucking on candy စုပ်ရတဲ့ အစားအစာမျိုးကနေ သွားရည် ပိုထွက်စေတယ်။ သကြားမပါရင် ပိုကောင်းတယ်။
ကြော်ညာပြီး ရောင်းနေတဲ့ Mouthwashes ပါးစပ်ဆေး ဆေးရည်တွေကို သတိပြုသုံးပါ။ ခဏလောက်သာ အနံ့ဆိုးကို ဖုံးပေးမယ်။ Astring-O-Sol, Colgate, Dentyl pH, Listerine, Oral-B, Sarakan, Scope နဲ့ Tantum verde တွေဖြစ်တယ်။ Oral-B ကို ၂၀၀၉ ကတည်းက ရောင်းခွင့်ပိတ်လိုက်ပြီ။
• Antiseptic mouth-rinse
တွေက ပိုးတွေသေစေမယ်။ 3G Mouthwash, All-Fresh, Alna Biotech, Am Pm Mouthwash, Ampm Mouthwash, Angelica Mouthwash, Antiplaque Mouthwash, Antiseptic & Antiplaque Mouthwash, Chlorex Mouthwash, Chlorhexadine Gluconate Mouth Wash, Chlorhexidine Mouthwash, C-Nate–Chlorhexidine Gluconate, Dysinc Mouthwash, FRESHO Mouthwash, Gumdent Mouthwash, Herbal Mouthwash, Listerine Liquid Mouthwash, Mouthwash (AMPM), Nirmal Mouth Wash, Oral care Flavours and Fragrances, Oraline Mouthwash (Chlorhexidine Mouthwash) နဲ့ Speedent Mouth Wash တွေ ဖြစ်တယ်။
လျှာကို ညင်ညင်သာသာ တနေ့ ၂ ခါ သန့်ရှင်းပါ။ လျှာပေါ်က Bacterial biofilm ဗက်တီးရီးယား၊ Debris အစာ အကြွင်းအကျံတွေ နဲ့ Mucus အကျိအချွဲတွေကို Tooth brush, Tongue cleaner, Tongue brush/scraper စတဲ့ လျှာဆေးကရိယာ သုံးပါ။ ဇွန်းနဲ့လဲ လုပ်လို့ ရပါတယ်။ လျှာကို မခိုက်မိပါစေနဲ့။ လျှာနောက်နားမှာ V-shaped ပုံရှိနေတဲ့ Taste buds အရသာခံ အသီး-အဖုလေးတွေကို မထိခိုက်စေပါနဲ့။
• Gargling
တခုခုစားပြီးတိုင်း ပါးစပ် ပလုပ်ကျင်းပါ။ Streptococcus salivarius K12 ဆေးလဲသုံးနိုင်တယ်။ Antibacterial mouthrinses က အကျိုးရှိစေတယ်။ ဗက်တီးရီးယားတွေကိုနိုင်တဲ့ Cetylpyridinium chloride, Chlorhexidine, Zinc gluconate, Essential oils, နဲ့ Chlorine dioxide တွေကို သုံးတယ်။ တချို့က Odor eliminators အနံ့ကိုနိုင်တဲ့ Oxidizers တွေကိုလဲ သုံးတယ်။
အိမ်သုံး-ဆေးနည်းတွေ = Areca nut ကွမ်းသီး-အစို၊ Betel leaf ကွမ်းရွက် နဲ့ Betel leaf ကွမ်းသီး-အခြောက်တွေကို ဝါးခိုင်းတယ်။ တချို့က ဒီလိုလုပ်တာ Squamous cell carcinoma ကင်ဆာ ဖြစ်စေမလား စိုးရိမ်တယ်။ Lemon သံပုရာ-ရှောက်သီး၊ Clove လေးညှင်း၊ Cardamon seeds ဖါလာစေ့၊ Aniseed စမုန်စပါး၊ Apple ပန်းသီး၊ Zinc သွပ်ဓါတ်ပါတဲ့ အစားအစာတွေ၊ Green tea ရေနွေးကြမ်း၊ Baking soda (ဆိုဒါ)၊ Hydrogen peroxide ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက် တွေကိုလဲ သုံးနိုင်တယ်။
သွား-ခံတွင်း ကောင်းနေပေမဲ့ အနံ့မကောင်းသေးရင် တခြား ကျန်းမာရေး စစ်ဆေးရမယ်။
နာတာရှည် ပါးစပ်နဲ့ မကောင်းသူတွေကို ကုရတာ ခက်တယ်။ တာရှည်ဖြစ်နေရင် Periodontal disease သွားဖုံးရောဂါကို ဆက်ဖြစ်စေနိုင်တယ်။ Plaque on teeth သွားအပေါ်ဖုံအလွှာ ဖြစ်လာရင် အဲလိုရောဂါ ဖြစ်စေတယ်။
Mouthwashes သုံးပြီး Chronic halitosis နာတာရှည် ခံတွင်းနံ့ ဆိုးနေတာကို ကောင်းစေတယ်လို့ သုတေသနက သက်သေမပြနိုင်ပါ။ ကိုယ့်ခံတွင်းနံ့ကို သိပ်ကောင်းစေချင်လို့ ဆေးလာကုသူတွေထဲက ကဲသူတွေကို Halitophobia ဆိုတာ Delusion halitosis လို့ ခေါ်တယ်။ အလိုလို ကြာညိုနံ့ သင်းချင်နေသူကို ပြောတာပါ။

Dr. တင့်ဆွေ

Hyperhidrosis ချွေးထွက် များလွန်းလို့

ဆရာရှင့် မေးခွန်းတခုမေးပါရစေ။ ကျွန်မသည် အသက်၎ဝ။ ကလေး ၂ ယောက်မိခင်ဖြစ်ပါသည်။ ဒုတိယကလေး မီးဖွားချိန်မှစ၍ ချွေးအရမ်းထွက်ပါတယ်။ ကျွန်မ ညအိပ်ချိန် ပိုပြီးချွေးပိုထွက်ပါတယ်။ ခေါင်းချွေးပိုထွက်ပါတယ်။ ကျွန်မတို့သည် တောင်ပေါ်မြို့အအေးပိုင်းတွင်နေထိုင်ပါသည်။ သို့ပေမဲ့ကျွန်မသည် ညစဉ်ချွေးအရမ်းပြန်နေပါသည်။
ချွေးထွက် များမှ သွေးထွက် နည်းမယ်ဆိုတာ စစ်သင်တန်း ဆောင်ပုဒ် တခုပါ။ စစ်ရေးနဲ့ ဘာမှ မဆိုင်သူတွေ နေရင်း-ထိုင်ရင်း ချွေးထွက်များတာ ကျန်းမာရေး မေးခွန်း ဖြစ်လာတယ်။ နဖူးကချွေး ခြေမ ကျအောင်လုပ်ရပေမဲ့ ဝမ်းမဝသူတွေ အတွက်ကတော့ စီးပွါးရေး-ပုစ္ဆာ ဖြစ်ပါမယ်။ ချွေးရော သွေးပါ ရင်းရှာနေရဆဲပါ။

ချွေးထွက်တာကို Perspiration, Transpiration, Diaphoresis ခေါ်တယ်။ အရေပြားမှာရှိတဲ့ ချွေးအိတ်တွေကနေ ရေနဲ့ ဓါတ်ဆားတွေ ထွက်စေတာပါ။ ဦးနှောက်ထဲက Hypothalamus ကနေထိန်းပေးတယ်။ ချွေးထွက်တာက ကောင်းစေဘို့ပါ။ ကိုယ်ပူချိန် သမမျှတပေးလို့ ချွေးထွက်ရင် အေးသွားစေတယ်။ ပျို့ချင်၊ အန်ချင်လာရင် ချွေးပြန်တယ်။ စိတ်လှုတ်ရှားလို့ ထွက်တဲ့ ချွေးက လက်ဖဝါး၊ ခြေဖဝါး၊ ချိုင်းကြားနဲ့ နဖူးက ထွက်တယ်။ ရာသီဥတု ပူရင် တကိုယ်လုံးက ထွက်တယ်။ သွေးဆုံးချိန်၊ ဝတဲ့သူတွေမှာ ပိုထွက်တယ်။ လူ့အရေပြားကနေ ရေက အငွေ့ပြန် ထွက်နေတာကို မမြင်နိုင်ပါ။ မြင်ရရင် ချွေးခေါ်တယ်။

ချွေးနံ့လို့ ပြောကြတယ်။ ချွေးသန့်သန့်က အနံ့မရှိပါ။ ချိုင်း၊ ဆီးစပ် နဲ့ ဦးရေမှာ အမွှေး-ဆံပင်တွေပေါက်နေလို့ ချွေးနဲ့အတူ အဆီ ပါနေတယ်။ ဗက်တီးရီးယားကနေ အဆီကို သက်ရောက်တော့ Pungent odour အနံ့ ဆိုးစေတယ်။ ဆေးပညာမှာ ကိုယ်နံ့ကို Apocrine Bromhidrosis, Osmidrosis, Ozochrotia ဆိုပြီး ခေါ်တယ်။ ကိုယ်နံ့တိုင်းက မဆိုးပါ။ ကြာညိုနံ့ သင်းနေတာ ကုသိုလ်ထူးလို့ မဟုတ်ပါလား။ ဂန္ဓာရုံ ကောင်းလွန်းသူများ လူတယောက်ကို မမြင်သေးခင် အနံ့ရတာနဲ့ ဘယ်သူ-ဘယ်ဝါ ခွဲတတ်ကြတယ်။ အဲလိုလူတွေက သူများသွားကို မကြွားရဲဘူး၊ လူတွေထက် အနံ့ခံ ပိုကောင်းကြတာက တိရစ္ဆာန်တွေ မဟုတ်လား။
ချွေးထွက် များတာကို Hyperhidrosis ခေါ်တယ်။ တသက်လုံးတော့ မဟုတ်ပါ၊

  အကြာကြီး ဖြစ်နေတတ်တယ်။ မွေးရာပါလား၊ နောက်မှ ဖြစ်လာတာလား ရှိသေးတယ်။ ငယ်ကတည်းက ချွေးထွက်များသူတွေ ဘာလို့ဆိုတာ တိတိကျကျ မပြောနိုင်ပါ။ ယူဆတာက Nervousness or excitement စိတ်လှုတ်ရှားမှု များလွန်းတာ၊ Sympathetic over activity လိုတာထက် ပိုအလုပ် လုပ်တာ ထင်ရပါတယ်။ ဆရာမေးတာ မဖြေနိုင်ရင် ကျောင်းသားခမြာ ချွေးပြန်လာသလို။ နောက်မှ လာဖြစ်သူတွေထဲမှာ လည်ပင်းကြီး၊ ဆီးချို၊ ဂေါက်၊ ဦးနှောက် ရောဂါရှိသူ၊ ခါးကို ထိခိုက်မိရာကနေ အထဲက အာရုံကြော ထိသူ၊ အဝေးဖျား-အာရုံကြော ရောဂါရှိသူ၊ ရင်ခေါင်းထဲမှာ ကင်ဆာ-ရောဂါ ရှိသူ၊ ပြဒါး အဆိပ်သင့်သူ ဖြစ်နိုင်တယ်။

တကိုယ်ရေ-သန့်ရှင်းရေး နဲ့လဲ ဆိုင်တယ်။ ရေချိုး၊ မျက်နှာသစ် သူများထက် ပိုရမယ်။
ရေမွှေးတွေ အလွန်အကြွံ သုံးပြီး၊ ကိုယ်နံ့ ဖျောက်ကြတာကို Heavy perfume, Heavy Cologne ခေါ်ခံရတယ်။ အနံ့ကို လွှမ်းပေးတာပါ။
• Deodorants
အနံ့ပျောက်ဆေး၊ Antiperspirants ချွေးထွက် သက်သာဆေး၊ Disinfectants ပိုးသတ်ဆေး၊ စပါယ်ရှယ်-ဆပ်ပြာတွေ သုံးပေးရင် သက်သာစေတယ်။
ယာယီ သက်သောအောင် Talc or baby powder ပေါင်ဒါ သုံးနိုင်တယ်။
အခု Anti-perspirant sticks အတောင့်ကို တွင်တွင်-ကျယ်ကျယ် သုံးလာတယ်။
ချိုင်းချွေး ထွက်တာ များသူတွေ Underarm liners အခုအခံ သုံးနိုင်တယ်။ ချွေးကို စုပ်ယူပေးတယ်။
• Disposable underarm liners
ပြန်သုံးလို့ရတဲ့ ချိုင်း အခုအခံ ပေါ်လာတယ်။ ချိုင်းဖက်က ဝါဂွမ်း၊ အဝတ်အစား ဖက်က နိုင်လွန် ဒါမှမဟုတ် (ဗီနိုင်းလ်) သုံးတယ်။ ၁၈၆၉ ကတည်းက Kleinert ကနေ စထုတ်ခဲ့တာ ဖြစ်တယ်။
• Sweax
ကထုတ်တဲ့ Disposable liners တခါသုံးက ယောက်ျား၊ မိန်းမ ၂ မျိုးရတယ်။ Peel and Stick ခွါ-ကပ် ပါဘဲ။
• Aluminium chloride
လိမ်းဆေးကို ချိုင်းချွေးထွက် များသူတွေ သုံးနိုင်တယ်။
စားဆေး Oxybutynin ထိရောက်တယ်။ ဘေးထွက်-ဆိုးကျိုး မကင်းပါ။ အိပ်ချင်တယ်၊ အာခေါင် ခြောက်တယ်။
• Glycopyrrolate (Robinul)
ဆေးလဲသုံးတယ်။
စိတ်လှုပ်ရှားတာနဲ့ ဆက်နေသူတွေကို Antidepressants စိတ်ဆေး ပေးတယ်။
• Hypnosis
အိပ်မွေ့ချ ကုသနည်းလဲ လုပ်တယ်။
• Botulinum toxin type A (Botox or Dysport)
ထိုးဆေးက တခါ ထိုးထားရင် ၄-၉ လ ခံတယ်။
ခွဲစိတ်နည်းလဲ လုပ်ပေးတယ်။ Sweat gland suction, Retrodermal Currettage, Axillary Liposuction, Laser Sweat Ablation, Endoscopic Thoracic Sympathectomy, Lumbar Sympathectomy, Percutaneous Sympathectomy နည်းတွေ အမျိုးမျိုးရှိတယ်။
• Foot odor
ခြေအိပ်ဝတ်ရသူများ ခြေဆီထွက် ခြေနံ့ဆိုးတာလဲ ပြဿနာတခုဘဲ။
o Polyester
နဲ့ Nylon ခြေအိပ်တွေ အသုံးများတာက ဝါဂွမ်း-ခြေအိတ်လောက် ဒီနေရာမှာ မကောင်းဘူး။
o Propionic acid (Propanoic acid)
အများဆုံး သုံးကြတယ်။
o
ဈေးအချိုဆုံးကတော့ Sodium bicarbonate ဆော်ဒါမှုံ့ ဖြစ်ပါတယ်။
o
အရင်က ရုရှားစစ်သားတွေ Allspice (ဂျမေကာ-ပက်ပါ) ရွက်ကို စစ်ဖိနပ်ထဲ ထည့်သုံးကြဘူးတယ်။
o Zinc and Castor Oil cream
ကြက်ဆူဆီ လိမ်းလို့ လဲရတယ်။ ဗမာပြည်ကနေ ရုရှားကို (အိတ်စပို့တ်) လုပ်သင့်တယ်။
ယောက်ျားတွေရဲ့ ချွေးထဲမှာ Pheromone ဆိုတဲ့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ ဟော်မုန်း သဘော ဆောင်တဲ့ သတ္တိ ရှိတယ်လို့ ယုံကြည်ရတယ်။ အမြဲထွက်နေတာတော့ မဟုတ်ဘူး။ လိင်စိတ်အရ ထွက်တဲ့အခါမှာ၊ သူ့ (ပါတနာ) က သိပ်သဘောကျပါမယ်။

ချွေးထွက်တဲ့အိတ် (Sweat glands) ရှိတဲ့အကောင်တိုင်းကနေ ရေနဲ့ဓါတ်ဆားတွေကို အရေပြားကနေ ထုတ်ပေးနိုင်တယ်။ Transpiration, Diaphoresis လို့လဲ ဆေးစကားမှာ သုံးတယ်။ လူတွေမှာ ချွေးထွက်ပေးပြီး ကိုယ်ရဲ့အပူချိန်ကို ထိန်းညှိတာပါ။ ချွေးထွက်ရင် အေးသွားစေတယ်။

ချွေးထွက်တာက အိုက်မှသာ မဟုတ်ပါ။ ပျို့လာတဲ့အခါ၊ ဂဏာမငြိမ်ဖြစ်တဲ့အခါတွေမှာလဲ ထွက်တယ်။ ချွေးထွက်နည်းတဲ့ အကောင်ထဲ ခွေးလည်းပါတယ်။ မြင်းကတော့ လူလိုဘဲ ဂျိုင်းက ချွေးထွက်တယ်။ ချွေးထွက်စေအောင်လုပ်ပေးတာက အရေပြားပေါ်မှာရှိတဲ့ အပူချိန်ကိုသိတဲ့ အာရုံခံနဲ့ ဦးနှောက်ထဲက Hypothalamus နေရာတွေက ဖြစ်တယ်။ စိတ်လှုတ်ရှားမှုကြောင့် ထွက်တဲ့ချွေးက လက်ဖဝါး၊ ခြေဖဝါး၊ နဖူးတွေကသာ ထွက်တတ်ပြီး၊ ကိုယ်လက်လှုတ်ရှားလို့ ထွက်တာက တကိုယ်လုံးက နေထွက်တယ်။

ချွေးထဲဘာတွေပါတယ်ဆိုတာ တယောက်နဲ့တယောက်မတူဘူး။ ရေ၊ Lactate နဲ့ Urea ဆိုဒီယံ၊ ပိုတက်ဆီယံ၊ ကယ်လ်စီယံ၊ မက်ဂနီဆီယံ၊ စတာတွေပါတယ်။ တနေ့တနေ့ ချွေးကနေ ရေ ကုန်သွားတာဟာ (၁ဝဝ) ကနေ (၈ဝဝဝ) မီလီလီတာအထိရှိတယ်။ ဓါတ်ဆားကလည်း ၃၅ဝ (မီလီမိုးလ်)၊ ဆိုဒီယံ ၃ဝ-၆၅ (မီလီမိုးလ်) စတာတွေ ထွက်စေတယ်။
ချွေးထွက်လွန်တာကို Hyperhidrosis ခေါ်တယ်။ လွန်တယ်ဆိုတာကလည်း တကိုယ်လုံးနဲ့ လက်၊ ခြေ၊ ဂျိုင်း၊ ပေါင်ခြံ၊ နေရာတခုခုဆိုပြီး မတူဘူး။ မွေးရာပါနဲ့ နောက်မှဖြစ်တာ ၂ မျိုးရှိတယ်။ မွေးရာပါတွေက ငယ်ကတည်းကဖြစ်တယ်။ ကြီးမှဖြစ်သူတွေဆိုရင် Thyroid လည်ပင်းအကြိတ်၊ Pituitary ဦးနှောက်အကြိတ်၊ ဆီးချို၊ Tumors ကင်ဆာ၊ Gout ဂေါက်ရောဂါ၊ သွေးဆုံးတာ၊ မာကြူရီအဆိပ်သင့်တာ နဲ့ ဆေးဝါးတွေကြောင့်ဖြစ်နိုင်တယ်။

ရောဂါမရှိဘဲ ချွေးထွက်များသူတွေမှာ စိတ်လှုတ်ရှားမှု၊ အစားအသောက်၊ အနံ့အသက်တွေကလည်းဖြစ်စေတယ်။ Aluminium chloride ဆေးကို ဂျိုင်းချွေးထွက်များသူတွေကိုပေးတယ်။ ၃-၅ ရက်ပေးပြီး သက်သာတာကို ကြည့်ဘို့ လိုတယ်။ ချွေးထွက်တဲ့အိတ်တွေကို Botulinum toxin A ထိုးဆေးပေးရင် ၄-၉ လခံတယ်။ စားဆေးထဲမှာ Oxybutynin (Ditropan) ဆိုတဲ့ ဆီးမထိန်းနိုင်သူတွေကိုပေးတဲ့ဆေး။ Glycopyrrolate (Robinul), Propantheline bromide (Probanthine), Benzatropine (Cogentin) ဆေးတွေလည်းပေးနိုင်တယ်။ စိတ်လှုတ်ရှားမှုကြောင့်ဆိုရင် Antidepressants နဲ့ Anxiolytics ဆေးတွေပေးရတယ်။ ခွဲစိတ်ကုသနည်းမှာ (ETS) နည်းနဲ့ အာရုံကြောတမျိုးကို ဖြတ်ပေးရတာ။

ချွေးနဲ့ ကိုယ်နံ့ဆိုင်တယ်။ လူတယောက်နဲ့ တယောက် ထူးခြားမှုရှိတတ်တယ်။ အနံ့ကို သူများထက် ပိုသိသူတွေရှိတယ်။ တချို့တိရစ္ဆာန်တွေက လူ့ထက် ပိုကောင်းသလိုမျိုး။ ကိုယ်နံ့ကို အစားအသောက်၊ ကျား-မ၊ မျိုးဗီဇ၊ ကျန်းမာရေး အခြေအနေ၊ သောက်နေတဲ့ဆေးဝါး တွေကနေဖြစ်စေတယ်။

Propanoic acid ဆိုတာ အရွယ်ရောက်သူ လူ့ချွေးထဲမှာပါတယ်။ (အက်စစ်တစ်-အက်စစ်)နဲ့ ဆင်တူလို့ ဟင်းချက်ရာမှာ သုံးတဲ့ (ဗနီဂါ) အနံ့မျိုးရတယ်။ လူ့ကိုယ်နံ့ရော နားဖါရောကိုပါ ပြဌာန်းတဲ့ မျိုးဗီဇဆိုတာရှိတယ်။ ကိုယ်နံ့ကို သူများ မနံအောင် Deodorants, Antiperspirants, Disinfectants ဆိုတာတွေအပြင် စပါယ်ရှယ် ဆပ်ပြာ၊ ရေမွှေး၊ (စပရေး) တွေကို လှိုင်လှိုင်သုံးကြတယ်။
သန့်ရှင်းရေး၊ အစားအသောက်၊

အနားကပ်လာရင် အာပုတ်စော်နံသူတွေ အများကြီး။ Bad breath ကို Halitosis လို့ ခေါ်တယ်။ ခံတွင်းထဲမှာ ဗက်တီးရီးယား စတာတွေရှိနေတာကြောင့်ဖြစ်တယ်။ Halitophobia ဆိုတာ အာပုတ်နံ့ကို ကြောက်တဲ့ရောဂါ နာမည်ပါ။ သွားဆရာဝန်တွေဆီ လာတဲ့လူထဲက တတိယအများဆုံးလို့ ဆိုပါတယ်။ ခံတွင်းကနေ အနံ့ဆိုလာတာက ၉ဝ% လောက် ရှိတယ်။ ကြက်သွန်ဖြူ-နီ၊ အသား-ငါး၊ ဒိန်ခဲ၊ နောက်ပြီး အဝလွန်သူ။ အရက်-ဆေးလိပ် သောက်သူ၊ ပါးစပ်ထဲဆေးငုံသူ၊ (ကျွန်တော်လည်း ပါတယ်။) ပါးစပ်ကို ပိပ်ရင် ပိတ်ထား၊ ဒါမှမဟုတ် မလှုတ်ရှားတာကြောင့် အောက်စီဂျင်နည်းတာနဲ့ အိပ်ရာထမှာပိုဆိုးတယ်။

Dr. တင့်ဆွေ
Email: drswe01@gmail.com

Note: ကျနော်ဖတ်ဖြစ်သော စာများ ဝေငှသင့်သည်ထင်သောစာများ ဆောင်းပါးများကို သူငယ်ချင်းတို့ကိုဝေငှလာတာ ဆယ်စုနှစ်တစ်ခုနည်းပါးရှိလာပါပြီ။ အခုတော့ နယ်ကိုပြန်တော့မှာဖြစ်တာကြောင့် အင်တာနက် Connection ပေါ်မူတည်ပြီး ဝေငှနိုင်မလား မပြုလုပ်နိုင်ဘူးလားဆိုတာ ဖြစ်လာပါတော့မယ်။ တတ်နိုင်သမျှ ပြန်ဝေငှချင်တာပေါ့။ ကျနော့်ကိုမမေ့သွားနဲ့နော် ။

No comments: