Monday, March 28, 2016

LogDog Ant- Hacker & Security - mDirectory - Myanmar Kyat Converter - Facebook Locked





ဒီတစ်ခါ အရင် တင်ထားခဲ့ဖူးတဲ့  Apk လေး တစ်ခုပါ  ဒေါင်းမရလို့  ပြန်တင်ပေးပါလို့ တောင်းဆို ထားကြတဲ့ သူငယ်ချင်းတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်။
မိမိ အကောင့်တွေကို ဟက်ကာတို့ရဲ့ အနှောင့်အယှက်ကိုကာကွယ်ဖို့ အတွက် LogDog Anti Hacker Security APK  လေးပါ။
 
ဘယ်လိုကာကွယ်မလဲဆိုရင် APK လေးကိုဒေါင်းယူပြီး မိမိတို့ ဖုန်းတွင် install ပြုလုပ်ပြီး Apk ရဲ့ ညာဘက်အပေါ်က + အပေါင်လက္ခဏာကို ကလိပေးပြီး
ကာကွယ်လိုတဲ့ Facebook, Gmail, Yahoo Mail, Blog, Dropbox, Box, စသည်များအနက် မိမိကာကွယ်ထားချင်တဲ့ဟာကို ရွေးလို့ ကလိပေးပြီး Login ဝင်ထားလိုက်ပါ
ထိုကဲ့သို့ မိမိကာကွယ်လိုတဲ့ Accounts များစွာအားလုံးကို နည်းတူ Login ဝင်ထားလိုက်ပြီး ဒီ Apk လေးကို ဖုန်းတွင်အမြဲဆောင်ထားလိုက်ပါ==> ဟက်ကာတွေ ဟက်လာခဲ့ရင် ထို
Accounts များကိုမဝင်ရောက်နိုင်ဘဲ ဝင်လာတဲ့ အန္တရယ်ကို ဖျက်သိမ်းပေးမှာဖြစ်ပါတယ်။
 
ကဲ့ အသုံးလို့တဲ့ သူငယ်ချင်းများ ဆောင်ထားကြပေါ့ဗျာ။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

Android ဖုန်းအသုံးပြုသူတိုင်းအတွက် မြန်မာ Website နှင့် Blog ၆၀၀ ကျော်ကို စုစည်းထားတဲ့ mDirectory 1.0 Apk


Myanmar Mobile Directory ဆိုသည်မှာ Android ဖုန်းအသုံးပြုသူတိုင်းအတွက် ရွှေမြန်မာတို့၏ Webstite များ Blog များကို အလွယ်တကူ ဖတ်ရှုလေ့လာ
နိုင်ရန်အတွက် Website နှင့် Blog ၆၀၀ ကျော်ကို စုစည်းတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။ လတ်တလော မြန်မာ နိုင်ငံတွင် ပေါ်ပြုလာ အဖြစ်ဆုံး ဖြစ်သော
လူကြည့်အများ Website နှင့် Blog များကို ဦးစားပေး ထည့်သွင်းထားပါသည်။ mDirectory တွင်ပါဝင်သော Website နှင့် Blog များမှာ -
1. တရာတော် Website များ (ဗုဒ္ဓဘာသာ၊ ခရစ်ယာန်)၊
2. မြန်မာ Bank Website များ
3. သတင်းဆိုင်ရာ Website များ
4. ရုပ်ရှင် နှင့် သီချင်း Website များ
5. အားကစား ဆိုင်ရာ Website များ
6. ကျန်းမာရေး ဆိုင်ရာ Website များ
7. ကွန်ပြူတာ နည်းပညာ Website များ
8. မိုဘိုင်းဖုန်း နည်းပညာ Website များ
9. စာပေ၊ ဂျာနယ်၊ မဂ္ဂဇင်း Website များ ... ပါဝင်ပါတယ် ...
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဖုန်းထဲ့မှာပင် နိုင်ငံတကာ ငွေ Change နှုန်းအတိုင်း တွက်ချက်ပေးနိုင်မယ့် Myanmar Kyat Converter Apk


Android OS နှင့် Tablet  ချစ်သူများအတွက်   မိမိ ဖုန်းထဲ့မှာပင် နိုင်ငံတကာ ငွေ Change နှုန်းအတိုင်း တွက်ချက်ပေးသော Myanmar Kyat Converter Apk လေးကို တင်ပေးလိုက်ပါတယ်။  ဒီ Application  ထဲ့မှာ တွက်ချက်ပေးနိုင်သော နိုင်ငံများကတော့
 ASEAN နိုင်ငံများ USA ၊ England ၊ Euro ၊South Korea ၊ Japan တို့ဖြစ်ပါသည်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။



 
လင်းစွယ်စုံ (နည်းပညာမျှဝေခြင်း)

Lock ကျသွားတဲ့ Facebook Account ကို ပြန်လည် ရယူဖို့ Trusted Contacts များကို အသုံးပြုနည်း

Facebook က သင့်ရဲ့ အကောင့်ကို ပိုမိုလုံခြုံစေဖို့ Trusted Contacts ဆိုတဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုရင် Password မေ့လို့ပဲ ဖြစ်ဖြစ် Hack ခံရလို့ပဲ ဖြစ်ဖြစ် သင့် သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ သင့်အကောင့်ကို ပြန်လည် ရယူ အသုံးပြုနိုင်မှာပါ။

Trusted Contacts များကို သတ်မှတ်ခြင်း။
 
Trusted Contacts ကို အသုံးပြုဖို့ သင့်ရဲ့ Facebook အကောင့်ထဲသို့ Log In ၀င်ပါ။ Account Settings ထဲကတဆင့် Security ကဏ္ဍကို သွားပါ။ ဘယ်ဘက် Sidebar မှ Trusted Contacts ကို တစ်ချက်နှိပ်ပြီး ညာဘက်မှ Choose Trusted Contacts ကို နှိပ်ပါ။


နာက်တစ်ဆင့်မှာ Trusted Contacts စွမ်းဆောင်ချက်က သင့်ကို ဘယ်လို ကူညီပေးနိုင်လဲဆိုတာ ရှင်းပြပေးမှာပါ။ Choose Trusted Contacts ခလုတ်ကို နှိပ်ပါ။


အနည်းဆုံး သူငယ်ချင်း သုံးယောက်ကနေ အများဆုံး ငါးယောက်အထိ Trusted Contacts အဖြစ် သတ်မှတ်လို့ ရပါတယ်။ နာမည်တွေကို တစ်ခုချင်းစီ ရိုက်ထည့်ပြီး သူငယ်ချင်း List ကျလာရင် အဲဒီထဲက သင့်ရဲ့ သူငယ်ချင်းကို တစ်ချက်နှိပ်ပြီး ရွေးချယ်ပါ။ သူငယ်ချင်းများ ရွေးချယ်ပြီးရင် Confirm ခလုတ်ကို နှိပ်ပါ။ ပြီးရင်တော့ သင့်ရဲ့ Password ကို ရိုက်ထည့်ပေးပါ။ ဒါကတော့ သင့်ရဲ့ လုံခြုံရေးအတွက် Facebook က စစ်ဆေး အတည်ပြုတာပါ။


Trusted Contacts များကို ရွေးချယ်ရာမှာ စဉ်းစားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယုံကြည်ရတဲ့ သူငယ်ချင်းများကိုသာ Trusted Contact အဖြစ် သတ်မှတ်ပါ။ နောက်ပြီး Facebook ကို အမြဲ အသုံးပြုတဲ့ သူငယ်ချင်းများကိုသာ ရွေးချယ်သင့်သလို Facebook မှာ သိကျွမ်းတဲ့ သူငယ်ချင်း မဟုတ်ဘဲ အပြင်မှာပါ ခင်မင်တဲ့ သူငယ်ချင်းများကို ရွေးချယ်သင့်ပါတယ်။

သင့်အကောင့်ကို ပြန်လည် ရယူခြင်း။
သင့်ရဲ့ အကောင့် Lock ကျရင် ဒါမှမဟုတ် ခိုးယူခံရရင် Trusted Contacts ကို အသုံးပြုပြီး သင့်အကောင့်ကို ပြန်လည် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Facebook Login Screen မှာ Forgotten your password? လင့်ကို နှိပ်ပြီး သင့်ရဲ့ Username, Email Address ကို ထည့်ပေးပြီး Search ကိုနှိပ်ပါ။

 နာက်အဆင့်မှာ No longer have access to these? ကို နှိပ်ပါ။

သင့်ရဲ့ Trusted Contacts များကို https://www.facebook.com/recover သို့သွားခိုင်းပါ။ အဲဒီ စာမျက်နှာကနေ သင့်သူငယ်ချင်းများကို ကုဒ်တစ်ခုစီ ပေးမှာ ဖြစ်ပါတယ်။ သင်က အဲဒီကုဒ်တွေကို သူတို့ဆီက ပြန်လည် ရယူပြီး Enter code box မှာ တစ်ခုချင်းစီ ထည့်ပေးပါ။ Continue ကို နှိပ်ပါ။

နာက်အဆင့်မှာတော့ သင့်ရဲ့ Password ကို Reset လုပ်လို့ ရပါပြီ။ Password အသစ်တစ်ခု ထည့်ပေးပြီး Continue ကိုနှိပ်ပါ။


ဒါဆိုရင်တော့ Lock ကျနေတဲ့ သို့မဟုတ် ခိုးယူခံထားရတဲ့ သင့်အကောင့်ကို ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

No comments: