ပညာခေတ်ကြီးမှာ ပညာတတ်တွေဟာ တရားရေး၊
ဥပဒေရေး၊ နိုင်ငံရေး၊ အုပ် ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ လူမှုရေးတွေမှာ
စီမံခန့်ခွဲရေးပညာတွေကို တိုးတက်သည်ထက် တိုးတက်အောင် လေ့လာသင်ကြားနေကြတယ်။
အရေးအကြီးဆုံးထဲမှာ ထိပ်ဆုံးက ပါဝင်တဲ့ ရေအရင်းအမြစ်စီမံခန့်ခွဲရေးကို ကျောင်းတွေ၊
သင်တန်းတွေမှာ သင်ရိုးညွှန်းတမ်းရေးဆွဲပြီး ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပေးတာ
လည်းမရှိခဲ့ဘူး စီးပွားဖြစ်သင်ကြားတာလည်း မရှိသေးဘူး။
တကယ်ဆို လူ့ဘဝမှာ ရေဆိုတာအသက်
ရှင်နိုင်ရေးအတွက်နဲ့ ကျန်းမာကြံ့ခိုင်သန်စွမ်း ရေးအတွက် မရှိမဖြစ် အလွန်အရေးပါတဲ့
လို အပ်ချက်ဖြစ်တယ်။ လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၆ဝကျော်ဟာ
ရေပါဝင်လျက်ရှိတယ်။ လူ့ခန္ဓာကိုယ်တစ်ခုလုံး ဇီဝကမ္မလုပ်ငန်းပုံမှန် လုပ်ဆောင်နေဖို့
ရေလိုတယ်။ ဒါကြောင့် လူ တွေဟာ ရေကို သောက်နေမှအသက်ရှင်တယ်။
ရေဆိုတာ လူတို့သောက်ရုံသာမက သုံး
ဖို့လည်းလိုတယ်။ လိုအပ်တဲ့ရေတွေ အလုံအ လောက်ရဖို့ဆိုတာ ရေအရင်းအမြစ်ကို ရှာဖွေ
စုဆောင်းပြီး ထိန်းသိမ်းသုံးစွဲတဲ့နေရာမှာ စီမံ ခန့်ခွဲတတ်ဖို့လိုတယ်။ ဒါကြောင့် မတ်၂၂ရက်မှာ
ကျရောက်မယ့် ကမ္ဘာ့ရေနေ့မှာ ၂ဝ၁၆ခုနှစ်ရဲ့ ဆောင်ပုဒ်အဖြစ်
'ပိုမိုကောင်းမွန်သောရေအရင်း အမြစ် ဘက်စုံစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး
ဆီသို့'ရယ်လို့ တပ်လှန့်နှိုးဆော်ထားတယ်။
အမှန်က ရေအရင်းအမြစ်ဆိုတာ ပင်
လယ်သမုဒ္ဒရာကြီးတွေ မခန်းသေးသရွေ့ ဝင် ရိုးစွန်းရေခဲတွေ ကုန်အောင် ပျော်မသွားသေး
သရွေ့ အလုံအလောက်ရှိနေပါတယ်။ 'နေ၊ လေ နဲ့မြေ'တို့ရဲ့ ရာသီဥတုနဲ့
ကမ္ဘာ့ဆွဲငင်အားတို့ အကူအညီနဲ့ သဘာဝလည်ပတ်ပေးနေတာ လူ တွေအတွက် ရေကိုရရှိစေပါတယ်။
ပင်လယ် သမုဒ္ဒရာနဲ့ ရေခဲပြင်တွေကို နေပူရှိန်ဟပ်တဲ့ အခါ ရေတွေဟာ အခိုးအငွေ့ဖြစ်ပြီး
ကောင်း ကင်ကို ပြန်တက်တယ်။ အဲဒီရေခိုးရေငွေ့ တိမ် တိုက်ကြီးတွေကို လေက
ကမ္ဘာအနှံ့ကို သူ့ရာ သီအလိုက် ဦးတည်ရာလမ်းကြောင်းနဲ့ ပို့ပေး တယ်။
အေးတဲ့နေရာရောက်တဲ့အခါ ရေခိုးရေ ငွေ့တွေဟာ ရေစိုင်ရေခဲဖြစ်သွားတော့ ကမ္ဘာ့
ဆွဲငင်အားနဲ့ အောက်ဘက်ကို ပြုတ်ကျတာကို မိုးရွာသွန်းတယ်လို့ဆိုတာပါ။
အချို့ဒေသတွေကို ရေခိုးရေငွေ့ပါတဲ့လေ
က မရောက်နိုင်သလို အချို့ဒေသတွေမှာလည်း ပူလွန်းလို့ ရေကအစိုင်အခဲမဖြစ်ဘူး။ အဲဒီလို
နေရာတွေမှာ မိုးခေါင်ပြီးရေရှားတယ်။ တစ် ကမ္ဘာလုံးဒေသတိုင်း မိုးခေါင်ရေရှားတာမျိုး
မဖြစ်အောင် လူသားတွေရဲ့ စီမံခန့်ခွဲမှုပညာ နဲ့ ရေအရင်းအမြစ်တွေ ရှာဖွေထုတ်လုပ်ရမှာ
ဖြစ်တယ်။ ရေရှားတဲ့နေရာကို သဘာဝသဘော အရ ရေမရောက်နိုင်ရင် လူတို့အစွမ်းနဲ့ရောက်
အောင်လုပ်ပေးကြရပါမယ်။ Canal တူးမြောင်း တွေတူးမယ်။ Channel ရေမြောင်းတွေ ဖောက်
မယ်။ Levees တာရိုးကာချောင်းတွေဖောက် မယ်။ ပိုက်လိုင်းကြီးတွေ သွယ်တန်းပြီးပို့မယ်။
အဝီစိတွင်းတွေတူးမယ်။ ရေလှောင်တမံကြီး တွေ တူးမယ်၊ ရေကန်ကြီးတွေ တူးဖော်မယ်။
ဒါဆိုရေရှားတဲ့နေရာမှာ ရေရတန်သလောက် ရပြီပေါ့။
ရေဆိုတာ လိုရင်လည်းမကောင်း ပိုရင်
လည်း မကောင်းဘူး။ ဒီနေ့မြန်မာနိုင်ငံကို ကြည့် မိုးတွင်းမှာ တစ်ပြည်လုံးရေလျှံပြီး
ရေကြီးလေ့ ရှိတယ်။ တချို့နှစ်ဆို ရေကြီးလို့ အပျက်အစီး များပြီး ဒုက္ခရောက်ကြရတယ်။
၂ဝ၁၅ခုနှစ်မှာ တော့ မကြုံစဖူး အထူးရေကြီးလို့ မြန်မာပြည် တစ်ပြည်လုံးနီးပါး
ရေဘေးဒုက္ခခံခဲ့ရတယ်။ ရေဘေးဒုက္ခသည်ပေါင်း လူ ၁၆ သန်းအထိရှိခဲ့ တယ်။ ဒီတော့
မိုးရာသီမှာ ရေကြီးရခြင်းအ ကြောင်း လေ့လာပြီး ရေတိုရေရှည်ရေဘေးကာ ကွယ်ရေးနဲ့
ရေမကြီးအောင် ထိန်းသိမ်းစောင့် ရှောက်ရေးတွေ လုပ်ဆောင်ဖို့လိုပြီ မဟုတ်ပါ လား။
ရေကြီးမှုအန္တရာယ်ကို လျော့နည်းအောင်
လုပ်နိုင်တယ်
******************************************
ဒီခေါင်းစဉ်ကို G.Tyler Miller နဲ့ Scott E. Spoolman တို့ ရေးသားထုတ်ဝေတဲ့ Environmental Science ဆိုတဲ့စာအုပ်ထဲက ထုတ်နုတ်ပြတာပါ။ ရေကြီးတယ်ဆိုတာ မိုးရွာ သွန်းတဲ့အခါ တောင်စောင်း၊ ကုန်းမြင့်တွေက နေ ရေတွေ တအားစီးကျလာတဲ့အခါ ရေကျ တဲ့မြစ်ချောင်း၊ ရေစီးကြောင်း Watershed နေရာတွေမှာ ရေကိုအတားအဆီးမရှိဘဲ ဒလဟော စီးဆင်းစေလို့ အောက်ပိုင်းမှာ ရေကြီးရတာ ဖြစ်တယ်။ ရေကြီးတဲ့လွင်ပြင် (Floodplain)နေရာတွေဟာ အနည်းနဲ့အများ ရေကြီးလေ့ရှိ တယ်။ ရေကြီးမှုလျော့နည်းအောင်နဲ့ ပျက်စီး မှု သက်သာအောင် လုပ်နိုင်ပါတယ်။
******************************************
ဒီခေါင်းစဉ်ကို G.Tyler Miller နဲ့ Scott E. Spoolman တို့ ရေးသားထုတ်ဝေတဲ့ Environmental Science ဆိုတဲ့စာအုပ်ထဲက ထုတ်နုတ်ပြတာပါ။ ရေကြီးတယ်ဆိုတာ မိုးရွာ သွန်းတဲ့အခါ တောင်စောင်း၊ ကုန်းမြင့်တွေက နေ ရေတွေ တအားစီးကျလာတဲ့အခါ ရေကျ တဲ့မြစ်ချောင်း၊ ရေစီးကြောင်း Watershed နေရာတွေမှာ ရေကိုအတားအဆီးမရှိဘဲ ဒလဟော စီးဆင်းစေလို့ အောက်ပိုင်းမှာ ရေကြီးရတာ ဖြစ်တယ်။ ရေကြီးတဲ့လွင်ပြင် (Floodplain)နေရာတွေဟာ အနည်းနဲ့အများ ရေကြီးလေ့ရှိ တယ်။ ရေကြီးမှုလျော့နည်းအောင်နဲ့ ပျက်စီး မှု သက်သာအောင် လုပ်နိုင်ပါတယ်။
ကြိုတင်ကာကွယ်ခြင်း
*****************
(၁) ရေစီးကြောင်းကျရာနေရာ(Watershed)မှာ သစ်တော ထိန်းသိမ်းစောင့်ရှောက်ရမယ်။ မြစ်ဖျားချောင်းဖျားဆိုတာ တောင်စောင်း၊ ကုန်း စောင်းတွေမှာပဲရှိတာ။ အဲဒီနေရာတွေမှာ သစ် တောတွေက သဘာဝအလျောက် ထူထပ်နေ တာပါ။ သစ်ပင်ကြီးတွေရဲ့အောက်ခြေမှာ ချုံ နွယ်ပိတ်ပေါင်းတွေလည်း အလွန်စေးပျစ်နေ လေ့ရှိတယ်။ ရွက်ြေ<ွကတွေလည်း ဖုံးအုပ်နေ တယ်။ အဲဒါတွေနဲ့သစ်မြစ်တွေဟာ မိုးရွာရင် စီးကျလာတဲ့ရေတွေကို သဘာဝအလျောက် တားဆီးထိန်းသိမ်းပေးထားတာရယ်၊ ဒါတွေ မရှိတော့ရင် မြေပြိုတာတို့၊ ရေတိုက်စားတာတို့ ဖြစ်ပြီး စီးဆင်းတဲ့ရေကို ဒလဟော တစ်ဟုန် ထိုး အောက်ဘက်ကို အများကြီးရောက်သွား စေတာပေါ့။
*****************
(၁) ရေစီးကြောင်းကျရာနေရာ(Watershed)မှာ သစ်တော ထိန်းသိမ်းစောင့်ရှောက်ရမယ်။ မြစ်ဖျားချောင်းဖျားဆိုတာ တောင်စောင်း၊ ကုန်း စောင်းတွေမှာပဲရှိတာ။ အဲဒီနေရာတွေမှာ သစ် တောတွေက သဘာဝအလျောက် ထူထပ်နေ တာပါ။ သစ်ပင်ကြီးတွေရဲ့အောက်ခြေမှာ ချုံ နွယ်ပိတ်ပေါင်းတွေလည်း အလွန်စေးပျစ်နေ လေ့ရှိတယ်။ ရွက်ြေ<ွကတွေလည်း ဖုံးအုပ်နေ တယ်။ အဲဒါတွေနဲ့သစ်မြစ်တွေဟာ မိုးရွာရင် စီးကျလာတဲ့ရေတွေကို သဘာဝအလျောက် တားဆီးထိန်းသိမ်းပေးထားတာရယ်၊ ဒါတွေ မရှိတော့ရင် မြေပြိုတာတို့၊ ရေတိုက်စားတာတို့ ဖြစ်ပြီး စီးဆင်းတဲ့ရေကို ဒလဟော တစ်ဟုန် ထိုး အောက်ဘက်ကို အများကြီးရောက်သွား စေတာပေါ့။
ဒါကြောင့် တောင်စောင်း၊ ကုန်းလျှောနေ
ရာတွေမှာ လမ်းတွေ မဆင်မခြင်မဖောက်ဖို့၊ သစ်ပင်တွေ ခုတ်ထွင်ရှင်းလင်းတာမျိုး
မလုပ်ဖို့၊ ချုံနွယ်တွေနေရာမှာ စားကျက်မြေအဖြစ် မလုပ် ဖို့
စနစ်မကျတဲ့စိုက်ခင်းတွေမလုပ်ဖို့ လိုပါတယ်။
(၂)
ရွှံ့ညွန်ပျောင်းဗွက်အိုင်ကြီးတွေရှိရင် ထိန်း သိမ်းဖို့လိုတယ်။
ပြန်လည်မွမ်းမံထားရမယ်။ ရေကြီးတဲ့လွင်ပြင်မှာ အဲဒီရွှံ့ညွန်ပျောင်းဗွက်
အိုင်တွေရှိရင် ရေကြီးမှုကို အလွန်ထိန်းပေး တယ်။ ဖန်လုံအိမ်အာနိသင်ဖြစ်စေတဲ့ ဓာတ်
ငွေ့တွေကိုလည်း စုပ်ယူသိုလှောင်ပေးတယ်။ ရေကြီးမှုကိုကာကွယ်တဲ့နေရာမှာ အလွန်အား
ကိုးရပြီး ကမ္ဘာကြီးပူနွေးမှုဖြစ်စေတဲ့ ရာသီဥတု ပြောင်းလဲမှုကို အမြန်မဖြစ်အောင်
တားပေး နိုင်တယ်။
(၃) ရေကြီးတဲ့လွင်ပြင်ကို
ဖွံ့ဖြိုးစေတဲ့ လုပ် ဆောင်ချက်တွေ အပြင်းအထန်လုပ်ပါ။ ရေ
ကြီးတဲ့လွင်ပြင်မှာနေထိုင်သူတွေဟာ အများ အားဖြင့်
ဆင်းရဲပြီးဖွံ့ဖြိုးမှုနိမ့်ကျတယ်။ စီးပွား ရေးဖွံ့ဖြိုးမှုနဲ့
လူမှုရေးတိုးတက်မှုအတွက် ပညာ ရည်မြင့်တက်အောင် ရေရှည်စီမံကိန်းချပြီး လုပ်ပေးရမယ်။
နှစ်တိုင်းကို အနည်းနဲ့အများ ရေကြီးတဲ့ဒုက္ခခံနေရတာကို အဖြေရှာပြီး ကြို
တင်ကာကွယ်မှုနဲ့ တားဆီးတာတို့ လုပ်တတ် အောင် ဝိုင်းကူပေးရမှာဖြစ်ပါတယ်။
(၄) ရေကြီးတဲ့လွင်ပြင်ကို
ရေလှောင်တမံ၊ ရေ လှောင်ကန်၊ ရေကန်တွေ တည်ဆောက်ပေး ထားရင်
မြေအောက်ရေကိုပြန်လည်အားဖြည့် ပေးရာ ရောက်ပါတယ်။ တာရှည်ခိုင်မြဲတဲ့ စိုက်
ပျိုးရေးနည်းစနစ်ကိုသုံးတဲ့ လယ်ယာမြေတွေ ဖော်ထုတ်ပေးသင့်သလို သစ်တောတွေလည်း
တာရှည်ခိုင်မြဲအောင် စောင့်ရှောက်ကာကွယ် ပေးရမှာဖြစ်တယ်။
ထိန်းချုပ်ခြင်း
***********
(၁) ချောင်းတွေကိုတည့်အောင်လုပ်၊ နက် အောင်တူးပေးရမယ် (Channelization)
***********
(၁) ချောင်းတွေကိုတည့်အောင်လုပ်၊ နက် အောင်တူးပေးရမယ် (Channelization)
ကုန်းမြင့်ကဖြစ်စေ၊ အထက်မှ အောက်
ကိုဖြစ်စေ ရေတို့စီးဆင်းတဲ့အခါ စီးအားကောင်း ပြီး ရေထုထည်ပမာဏများတဲ့အခါ စီးဆင်း
နေတဲ့ ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေဟာ ကွေ့ကောက်ပြီး ကျဉ်းမြောင်းပိတ်ဆို့နေရင်
သူ့ အထက်ပိုင်းမှာ ရေတွေလျှံထွက်ကုန်ပြီး ထိန်း မနိုင်သိမ်းမရ ရေကြီးစေတော့တာပဲ။
၂ဝ၁၅ ခုနှစ် ကလေးမြို့ရေကြီးမှု အလွန်ဖြစ်သွားတာ ဟာ မြစ်သာမြစ်ထဲ
လှိမ့်ဆင်းလာတဲ့ရေတွေ ဟာ မြစ်ကျဉ်းနေရာတွေမှာ ကျောက်ဆောင် ကျောက်တုံးတွေကလည်းပိတ်၊
မြစ်ကလည်း အကွေ့အကောက်များတော့ လျှံထွက်ပြီး နေ ရဉ္ဇရာမြစ်လက်တက်ကနေ
ရာဇဂြိုဟ်ရေလှောင် တမံပါပြည့်လျှံပြီး မြို့တွေရွာတွေထဲ လျှံထွက် ကုန်တော့တာပါပဲ။
ဒါကိုသိလို့ အခု ၂ဝ၁၆ ခုနှစ်စမှာ မြစ်သာမြစ်ရဲ့ ကွေ့ကောက်ကျဉ်း မြောင်းပြီး
ကျောက်ဆောင်ထူထပ်တဲ့ နေရာတွေ တွက်ချက်လေ့လာပြီး တူးပစ်ချဲ့ပစ်ခဲ့တယ်။
ဒါပေမဲ့ ဒီလို မြောင်းနဲ့ချောင်းတွေ၊
မြစ် တွေရေစီးပိုကောင်းအောင် လုပ်ပေးတဲ့နေ ရာမှာ သူ့ဘေးရေလျှံတဲ့နေရာက အရေးကြီး
လား သူ့အောက်ကို ရေအားကောင်းကောင်း နဲ့စီးသွားလို့အောက်ဘက်မှာရေကြီးရင် အရေး
မကြီးတဲ့နေရာလားဆိုတာ သေချာသိအောင် လုပ်ရပါမယ်။
(၂) ချောင်းတွေ၊ မြောင်းတွေ၊
မြစ်တွေရဲ့ ကမ်းနှစ်ဖက်တာရိုးနဲ့ နံရံကာပေးပါ။
အမေရိကားနဲ့ဥရောပရှိ
ဖွံ့ဖြိုးတဲ့နိုင်ငံ တွေမှာ တာရိုးကောင်းကောင်းနဲ့ မြစ်ချောင်း တွေရဲ့ ကမ်းနှစ်ဖက်
ကာထားနိုင်ကြတယ်။ အဲဒီတော့ ရေကစီးအားကောင်းပြီး ဘေးဘက် ကမ်းက မြို့ရွာတွေမှာ
ရေမလျှံမကြီးတော့ဘူး။ အောက်ဘက်မှာ ရေစီးအားကောင်းကောင်း နဲ့ပင်လယ်ထဲအထိ
ဆက်စီးသွားနိုင်ရင် ကောင်း တယ်။ တချို့နှစ်တွေမှာ မိုးအလွန်ကြီးလို့ ရေခဲ
တောင်ပျော်ကျတာ အလွန်များလို့ ရေလုံးတွေ ရိုက်ဆင်းလာပြီး တာရိုးကျိုး
နံရံပေါက်ထွက် ကုန်တာတော့ ရှိဖူးတယ်။
သဘာဝကြီးက သိပ်လွန်လာရင်တော့ လူ တွေ
ဘယ်လောက်စွမ်းစွမ်း ခံရတာမျိုးရှိတတ် ပါတယ်။ ဖြစ်ခဲကြုံခဲတာကို ထည့်မစဉ်းစားဘဲ
အကောင်းဆုံးဖြစ်အောင် လုပ်ကြရပါတယ်။
(၃) ရေကာတာကြီးတွေ တည်ဆောက်ပါ။
အမေရိကားနိုင်ငံ ကော်လိုရာဒိုမြစ်ကြီး
ဟာ မိုင် ၁၄ဝဝ ရှည်တယ်။ ပြည်နယ်ခုနစ်ခု ကိုဖြတ်စီးနေတယ်။ အဲဒီမြစ်ရိုးကြီးကိုထိန်း
ချုပ်တဲ့အနေနဲ့ နေရာ၁၄နေရာမှာ ဧရာမရေ ကာတာဆည်ကြီး ၁၄ခုတည်ဆောက်တယ်။ ဆည်ကြီးတွေကနေ
ရေလှောင်တမံကြီးတွေ ဆီရေပို့တယ်။ အဲဒီကဆက်ပြီး အလွန်ကြီး မားတဲ့ရေကန်ကြီးတွေဆီ
ရေသွယ်ထားတယ်။ သုံးဆင့် အကျအနလုပ်ပြီး ရေအားလျှပ်စစ် ထုတ်တယ်။ ရေလှောင်ကန်တွေကနေ
ပြည် နယ်ခုနစ်ခုရဲ့ မြို့ကြီးတွေကို သောက်သုံးရေ ပေးဝေတယ်။ စိုက်ခင်းတွေကို
ဆည်ရေသောက် ရေပေးဝေတယ်။
ဒီတော့ မြစ်ကြီးက စီးလာတဲ့ ရေတွေ
သမုဒ္ဒရာထဲအားလုံး စီးထွက်သွားတာမျိုးမဟုတ် တော့ဘဲ လိုသလောက်ထိန်းချုပ်ပြီး လူတို့အ
တွက် အသုံးချစေနိုင်တယ်။ ချောင်းတွေ၊ မြစ် တွေကို ပိတ်ပြီးတားပြီး ရေကာတာကြီးတွေ
ဆည်ကြီးတွေဆောက်တာ ကောင်းရဲ့လားဆို ပြီး အငြင်းပွားနေကြတယ်။ အခုကိုးကားတဲ့စာ
အုပ်ထဲမှာတော့ ဆည်ကြီးတွေ တည်ဆောက် တဲ့အတွက် ဖြစ်နိုင်တဲ့အကျိုးအပြစ်ကို သီးခြား
ရေးထားတာရှိတယ်။
အကျိုးရှိအောင်လုပ်တတ်ရင်
ပိုပြီးအကျိုး ရှိပါတယ်။ မလုပ်တတ်ဘဲ၊ မတွက်ချက်ဘဲ၊ မဆင် ခြင်ဘဲ ကောက်လုပ်ရင်တော့
အပြစ်တွေဖြစ်မှာ ပါတဲ့။ ကောင်းအောင်လုပ်ပြီဆိုမှတော့ အကျိုး ရှိအောင် သေချာလေ့လာ
စိစစ်သုံးသပ်ပြီး လုပ် ရပေမှာပေါ့လို့သာ မှတ်ချက်ပေးပါရစေတော့။
အောင်ချိန်ဘွား (Yangon TimesJournal, 12-11)
No comments:
Post a Comment