အုန်းနို့ခေါက်ဆွဲ၊
နို့စိမ်းခေါက်ဆွဲနည်းတူ ပဲနို့ခေါက်ဆွဲလေးလည်း လုပ်စားလို့ရပါတယ်။
အရသာဆိမ့်ဆိမ့်လေးနဲ့ ထူးခြားပြီး အာဟာရလည်းဖြစ်တဲ့ သက်သတ်လွတ်ခေါက်ဆွဲလေး
ဖြစ်ပါတယ်။ ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
♦ ဂျုံခေါက်ဆွဲ
– နှစ်ပွဲစာ
ပြုတ်ပြီးသား
♦ ကြက်သွန်နီ
– ၁ လုံး
♦
ပဲပိစပ်ပဲပင်ပေါက် – လက်တစ်ဆုပ်
♦ ကင်မ်ချီ
– ၁ဝဝ ဂရမ်
♦ ပဲနို့
– 500 ml
♦ Salted Soya
Bean – လက်တစ်ဆုပ် (ပြုတ်ပြီးသား)
♦ ဆား
– လိုသလောက်
♦ ဟင်းခတ်မှုန့် –
၁ ဇွန်း
♦ ဆီ
– အနည်းငယ်
► ပြင်ဆင်ပြုလုပ်နည်း
၁။
ကြက်သွန်နီကို အမြောင်းကြီးလှီးထားပါ။ ပဲပင်ပေါက်ရေဆေးကာ ကင်မ်ချီကို
သေးသေးစိတ်ထားပါ။
၂။
အိုးတစ်ခုတွင် ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဆီသတ်ပါ။ ပဲပင်ပေါက်ချကြော်ပါ။
၃။
ပဲပင်ပေါက်ကျက်ပါက ပဲနို့ထည့်ပါ။ ကင်မ်ချီ ထည့်ပါ။ ဆားနှင့် ဟင်းခတ်မှုန့်ထည့်ပါ။
(ပဲနို့ကို နှစ်သက်ရာ အပျစ်အကျဲ ရေအနည်းငယ် ရောနိုင်ပါတယ်)
၎။
ဆူပွက်ပါက အရသာ အပေါ့၊ အငန်မြည်းပြီး ခေါက်ဆွဲထည့်ကာ ပြန်လည်ဆူပွက်စေပြီး
ပန်းကန်တွင် တည်ခင်းကာ ပဲပိစပ်ပြုတ်၊ ငရုတ်သီးနှင့် ကင်မ်ချီတို့ဖြင့်
တွဲဖက်သုံးဆောင်နိုင်ပါပြီ။
ချက်ပြုတ်ပြသူ - Sofia
Credit: Myanmar Foods Magazine
No comments:
Post a Comment