Thursday, March 24, 2016

အစိုးရသစ်နှင့် ပထမရက်ပေါင်း ၁ဝဝ


ဒီမိုကရေစီအရင့်အမာကြီးများက အစိုးရ သစ်တာထွက်လို့ ရက်ပေါင်း ၁ဝဝ ကြာ မြင့်ချိန်မှတ်တိုင်တစ်ခုအနေနဲ့ ပြဆိုထား ကြတယ်။ အစိုးရသစ်အနေနဲ့ စထွက်ထွက် ချင်း အရှိန်ရအောင်လုပ်ရတာ လွယ်တဲ့ကိစ္စ ရပ်မဟုတ်ပါ။ အထူးသဖြင့် ရက်ပေါင်း ၁ဝဝ သုံးလကျော်အတွင်း NLD အစိုးရသစ်နဲ့ တာဝန်ယူတဲ့ရလဒ်တွေ လွယ်လွယ်ကူကူအာ ဏာရယူလာခဲ့တဲ့ အစိုးရတွေရဲ့ရလဒ်တွေက တန်ဖိုးချင်း ကွာခြားနေမှာပဲဖြစ်တယ်။ NLD အစိုးရပေါ်ပေါက်လာပြီး NLD အစိုးရအ နေနဲ့ ပထမဆုံးတစ်ရက် ရုံးစတက်ဖို့ အသက် ပေါင်းများစွာ၊ ဘဝပေါင်းများစွာ၊ အချိန်ပေါင်း များစွာရင်းနှီးခဲ့ရကာ အမြန်ရုန်းထဖို့ ပြည်ပြေ<ွကးမြီတွေက ကြိုဆိုနေပါတယ်။
အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ရဲ့ ရက်ပေါင်း ၁ဝဝအတွင်း လုပ်ဆောင်ချက် လေ့လာတဲ့အခါ အရေးကြီးကိစ္စ ၅ဝဝကျော် လုပ်ဆောင်နိုင်ခဲ့တယ်။ ခေတ်နောက်ကျကျန် ခဲ့တဲ့မြန်မာနိုင်ငံအတွက် အမှုကိစ္စပေါင်း ၂ဝဝ ထက်မနည်း လုပ်ပြရလိမ့်မယ်။ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားရမယ်။ မထိမ်မချန်ဘဲ ပြောရေး ဆိုခွင့်ရှိသူတွေ ရုပ်လုံးပြထုတ်ပြန်ပေးသင့်တယ်။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင် တဲ့ NLD အပေါ် ပြည်သူလူထုက ယုံကြည် မျှော်လင့်ချက် ထားခဲ့ကြသည်။ မြန်မာနိုင်ငံ နေ့ ချင်းညချင်း ကြီးပွားချမ်းသာ တိုးတက်လိုကြ တယ်။ ကုန်ဈေးနှုန်းကျမယ်။ စားဝတ်နေရေး ပြေလည်မယ်ဆိုရင် ပညာရေးတွေကောင်း မွန်လာမယ်။ အခမဲ့ကျန်းမာရေးစောင့်ရှောက် မှုတွေရလာမယ်။ အလုပ်အကိုင်အခွင့်အလမ်း တွေကောင်းမွန်လာမယ် စသဖြင့် မျှော်လင့် ချက်များ ပိုလာခဲ့တယ်။ ယင်းမျှော်လင့်ချက် တွေဟာ NLD အစိုးရအတွက် ဖိအားတွေ ဖြစ်လာတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေးအပါအဝင် အခြေအနေအရပ်ရပ် က အဘက်ဘက်က ယိုယွင်းပျက်စီးနေတဲ့အိမ် အိုကြီးတစ်လုံးပမာ အလားသဏ္ဌာန်တူကြ တယ်။ အိမ်အိုကြီးထဲက ဒေါက်တိုင်များဟာ လည်း ဟောင်းနွမ်းဆွေးမြည့်ပျက်စီးနေပါပြီ။ ပျက်စီးနေတဲ့ ဒေါက်တိုင်တွေနေရာမှာအစား ထိုးမယ့် ဒေါက်တိုင်သစ်တွေရဲ့ ခံနိုင်ရည်စွမ်း ဆောင်ရည်ကလည်း အလွန်အရေးကြီးပါတယ်။
နိုင်ငံနှင့်နိုင်ငံသားတို့အပေါ် စေတနာ ထားလုပ်ကိုင်တဲ့ ''ဒေါက်တိုင်''တွေဖြစ်ဖို့လည်း လိုပါတယ်။ အိတ်ကြီးအတွင်းက မိဘပြည်သူ အတွက်လည်း အခက်အခဲတွေရင်ဆိုင်ကြရ ဦးမယ်။ အိမ်အိုကြီးနဲ့တူတဲ့ မြန်မာနိုင်ငံရဲ့အ ရေးကိစ္စတွေမှာ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ဦးဆောင်ခွင့် စီမံခွင့်ရရှိ လာပါပြီ။ ခေတ်ဆိုးစနစ်ဆိုးတွေရဲ့တိုက်စား မှုကြောင့် ပျက်စီးနေတဲ့အိမ်အိုကြီးလှပအောင်၊ ပြိုကျပျက်စီးမှုမဖြစ်အောင် NLD အစိုးရအ ဖွဲ့က ဆောင်ရွက်ကြတော့မှာဖြစ်တယ်။
ပြည်သူတွေရဲ့မျှော်လင့်ချက်တွေ၊ လိုအင် ဆန္ဒတွေကို NLD အစိုးရအဖွဲ့က အလုံးစုံ ပြည့်ပြည့်ဝဝအကောင်အထည်ဖော်လာနိုင် ဖို့ သိပ်ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်တာ မျှော်လင့်တွေးတောထားဖို့ လိုပါပြီ။ ပြည်သူ တွေရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရဟာ ပြည်သူရဲ့လိုအပ်ချက်တွေကို ပြည့်ဝအောင် အကောင်အထည်ဖော်နိုင်တဲ့အချိန်ကာလ တွေ ရှိလာနိုင်ပါတယ်။ ပြည်သူတွေအစိုးရအ ဖွဲ့ကို ဝေဖန်ပြောဆိုတာတွေ၊ ထောက်ပြဆွေး နွေးတာတွေ၊ နေရာပေါင်းစုံ နည်းလမ်းပေါင်း စုံနဲ့ရှိလာနိုင်တယ်ဆိုတာကလည်း သေချာနေ ပါတယ်။ ခေတ်အဆက်ဆက် ပြည်သူတွေရဲ့ မျှော်လင့်တောင့်တမှုတွေဟာ NLD အစိုးရ အတွက် ပြင်းထန်တဲ့ဖိအားတွေအဖြစ်ကြုံတွေ့ လာရနိုင်တယ်။
နိုင်ငံရဲ့ ချွတ်ချုံကျနေတဲ့စီးပွား ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ငြိမ်းချမ်းရေး ဘယ်အရေးပဲကြည့်ကြည့် ခက်ခဲလွန်းတဲ့အ ခြေအနေမှာ ရှိနေတယ်။ အခြေအနေအတိုင်း အတာအရ ဘူးလေးရာဖရုံဆင့် အခြေအနေ မျိုးဖြစ်နေလို့ တစ်ဦးချင်းစီရဲ့အသိ၊ သတိနဲ့ လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းရမှာပဲ ဖြစ်ပါတယ်။
နိုင်ငံခြားတိုင်းပြည်တွေမှာ ရက် ၁ဝဝ စောင့်ကြည့်တာက အစဉ်အလာဖြစ်နေပြီ။ နိုင်ငံတော်တည်ဆောက်ရေး (ှState Bulding)၊ အမျိုးသားတည်ဆောက်ရေး (Nation Building) တွေမှာ အစိုးရပေါ်လစီကောင်းရင် ထောင် တက်သွားတယ်။ ပေါ်လစီမှားရင် ကျသွား တယ်။ မြန်မာနိုင်ငံမှ အမျိုးသားပြန်လည်ထူ ထောင်ရေးလို့ပဲခေါ်ခေါ် ဒုတိယအကြိမ် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ(သို့) ဒုတိယ ပင်လုံစာချုပ်ကို ၂ဝ၁၆ ခုနှစ် မေလအတွင်း မှာ ကျင်းပဆောင်ရွက်ဖို့ရှိနေတယ်။ ပထမအ ကြိမ် ငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိကျင်းပတုန်းက အပစ်ရပ် အဖွဲ့ရှစ်ဖွဲ့ပါရှိပြီး ကျန်အပစ်ရပ် (NCA)စာ ချုပ် လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ မပါဝင် ကြဘူး။ နိုင်ငံတော်တည်ဆောက်ရေးမှာ အား လုံးအပစ်ရပ် (NCA)ပါဝင်ပြီး ''ဖက်ဒရယ်ပြည် ထောင်စု''တည်ဆောက်သွားဖို့အထိရှိနေတယ်။ ၁၉၄၇ ခုနှစ်အခြေခံဥပဒေအရ လွတ်လပ်ရေး ရယူခဲ့တဲ့အစိုးရမှာ အခြေခံဥပဒေအကြံပေး အရာရှိ ဦးချန်ထွန်းကိုယ်တိုင်က ''ကျွန်တော် တို့ရဲ့အခြေခံဥပဒေဟာ မူအရ ''ဖက်ဒရယ်''ဖြစ်နေပေမယ့် လက်တွေ့အရ တစ်ပြည်ထောင် နိုင်ငံဖြစ်တယ်''လို့ ဝန်ခံခဲ့တယ်။ ဖက်ဒရယ် မှာ လူမျိုးစုအရေး၊ တိုင်းရင်းသားအရေး ဦး စားပေးထားတယ်။ ဆိုလိုတာက ၂ဝဝ၈ ဖွဲ့ စည်းပုံမှာမပါတဲ့ ''ဖက်ဒရယ်ပြည်ထောင်စု'' ဆိုတာ ပြုပြင်ရေးဆွဲကျင့်သုံးဖို့ လိုလာတယ်။ ဒုတိယပင်လုံစာချုပ်ဖြစ်ဖို့ များတယ်။ ဒီအ ခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်များ အနေနဲ့ နယ်ခြားစောင့်တပ်များထက်ပိုတဲ့အ ခြေအနေမျိုး ''ဖက်ဒရယ်တပ်မတော်'' မျိုးလို ချင်ကြတယ်။ တိုင်းရင်းသားတွေက ''ရှမ်းပြည် နယ်''မူနဲ့ ''ဗမာ''ပြည်နယ်ကို ဆွဲထုတ်ပြသွား တယ်။
လက်နက်ကိုင်အဖွဲ့များနဲ့ တစ်ဆက်စပ် တည်း မူယစ်ဆေးဝါး၊ စိတ်ြ<ွကဆေးပြားထုတ် လုပ်ရောင်းချမှုက ရှေ့တန်းက လာပါတယ်။ အပစ်ရပ် (NCA) အဖွဲ့များ မူးယစ်ဆေးဝါး ထုတ်လုပ်မှု စွန့်လွှတ်နိုင်မှာလား။ မြန်မာနိုင်ငံ မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ နေနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ ''မူးယစ်ဆေးဝါး'' ထုတ်လုပ်ဖြန့်ဖြူးမှုနဲ့ ဆက်စပ်နေတယ်။ မူး ယစ်ဆေးဝါးနဲ့ နာမည်ဆိုးစာရင်းဝင်တဲ့ 'ဝ'ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA)၊ တအာင်းပလောင်အဖွဲ့ (TNLA)၊ ဖုန်ကြား ရှင်ရဲ့ကိုးကန့်အဖွဲ့၊ ရက္ခိုင့်တပ်မတော် (AA) အဖွဲ့တို့မှာ မူးယစ်ဆေးဝါးအရှုပ်တော်ပုံပါဝင် လာတယ်။ အပစ်ရပ် (NCA) လက်မှတ်ရေး ထိုးပြီးရင် လုံးဝမူးယစ်ဆေးဝါးမလုပ်တဲ့အဖွဲ့ ဖြစ်သွားဖို့လိုတယ်။ မူးယစ်ဆေးဝါးပေကျံနေ တဲ့လက်နဲ့ အပစ်ရပ်စာချုပ် (NCA) လက် မှတ်ရေးထိုးခြင်း မဖြစ်စေသင့်ပါ။
အာဏာလွှဲပြောင်းပြီး နှစ်ပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး မယ်လို့ တရုတ်သံအမတ်ကြီးက ပြောတယ်။ ရှောင်လို့မရဘူး။ ''မြစ်ဆုံ''ကိစ္စ ညှိနှိုင်းမယ် ပြောသလို တစ်ချိန်တည်းမှာ ဗမာပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကူညီပေးမယ် တဲ့။ ဒါတွေအားလုံးခြုံပြီး ဆက်စပ်ကြည့်ရင် ''မြစ်ဆုံ''သဘောတူမှ ငြိမ်းချမ်းရေးကို အ ကျိုးဆောင်ပေးမယ်ဆိုတဲ့အဓိပ္ပာယ်များဖြစ် နေမလားပဲ။
တစ်ခါ ကာ/လုံထဲ ဒေါ်အောင်ဆန်း စုကြည်ပါဖို့ လိုတယ်။ ကာလုံက နံပါတ်တစ် အရေးပေါ်အခြေအနေ ကြေညာလို့ရတယ်။ အရေးပေါ်အခြေအနေကြေညာလို့ရတဲ့အ စည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်မပါ ဘဲဖြစ်သွားရင် တိုင်းပြည်အတွက်အရေးပေါ် အစည်းအဝေးတစ်ခုခေါ်မယ်။ အဲဒီအစည်း အဝေးက အရေးပေါ်ကြေညာဖို့ရှိရင် သမ္မတ လုပ်သူက ဒေါ်အောင်ဆန်းစုကြည်ကိုပြန်ပြီး တိုင်ပင်ရမယ့်သဘောပဲ။
ရက် ၁ဝဝအတွင်းမှာ လာဘ်ပေးလာဘ် ယူမှု ဘယ်လိုကိုင်တွယ်မယ်။ ဝန်ကြီးဌာနတွေ ပြန်ပြီး ဘယ်လိုစုပေါင်းမယ်။ လိုနေတဲ့ဝန်ထမ်း တွေ ဘယ်လိုနေရာချမယ်။ မိုးကျရွှေကိုယ်'' ကိစ္စများ အလုပ်လက်မဲ့''ဘွဲ့''ရများ၊ ''ရွှေ့ပြောင်း အလုပ်သမားများအရေး'' စသဖြင့် မလူးသာ မလွန့်သာ အကျပ်ရိုက်ဖို့များတယ်။

ဒေါက်တာထူးပြည့်စုံသျှင်(Yangon Times Journal, 12-12)


No comments: