Wednesday, October 1, 2014

အချိန်လည်း မပေးချင် ချက်ချင်းဆိုသလို ပိန်ချင်သူများအတွက် သိသာသော Diet ၅ မျိုး


သိသာသော Diet ၅ မျိုး


အချိန်လည်း မပေးချင် ချက်ချင်းဆိုသလို ပိန်ချင်သူများအတွက် ရည်ရွယ်၍ ကိုယ်အလေးချိန်လျော့နည်း ၅ မျိုးကို တင်ပြလိုက်ပါတယ်။

၀၁. ထိုင်ထလုပ်ပြီး ပေါင်လေးလှအောင်လုပ်ကြရအောင်

ပေါင်မှာအဆီများတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ ချက်ချင်းဆိုသလို သိသိသာသာ ကိုယ်အလေးချိန်လျော့ကျသွားနိုင် တဲ့နေရာပါ။စနစ်တကျလေ့ကျင့်ခန်းကိုလုပ်ရင်တော့ အကျိုးသက်ရောက်မူ များများရှိနိုင်ပါတယ်။

၀၂. ကျောလေးလှအောင် ပုံမှန်လေ့ကျင့်ခန်း

ကျောပြင်မှာ လေ့ကျင့်ခန်းအပေါ်တွင် မူတည်ပြီး ကြွက်သားများများရှိလာနိုင်ပါတယ်။ ဥပမာ ထိုင်ခုံကို နောက်မမှီပဲ တည့်တည့်မတ်မတ်ထိုင်ခြင်း၊ ကောင်းကောင်းမွန်မွန် လမ်းလျှောက်ခြင်းတို့ဖြင့် အဆီကျကာ ကြွက်သားများလာမှာ ဖြစ်ပါတယ်။နောက်ပြီး အိပ်ယာထဲမှာ ခြေထောက်နဲ့ လက်နှစ်ဖက်ကို တတ်နိုင် သလောက်ဘေးသို့ ကားထားပြီး လက်နှစ်ဖက်နှင့် ခြေထောက်ကို အပေါ်သို့မြောက်ခြင်းအားဖြင့်လည်း ကျောအတွက်ကောင်းသော လေ့ကျင့်ခန်းတခုဖြစ်မှာပါ။ကြောပြင်ရဲ့ လေ့ကျင့်ခန်းကို လုပ်ခြင်းအားဖြင့် တကိုယ်လုံးအတွက်လည်း ကောင်းမွန်သောကြောင့် အကျိုးရှိသော လေ့ကျင့်ခန်းတခုဖြစ်မှာပါ။

၀၃. ဒိုက်ထိုးလေ့ကျင့်ခန်း

ဒိုက်ထိုးခြင်းဆိုတာ ကိုယ်ခန္ဓာအပေါ်ပိုင်း ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ဒီလေ့ကျင့်ခန်းမှာ လိုအပ်ချက်ကတော့ အမြန်နူန်းဖြစ်ပါတယ်။မြန်မြန်ဒိုက်ထိုးခြင်းကို အကြိမ် ၂၀ -၂၅ ကြိမ်လုပ်ရင် ကိုယ်ခန္ဓာအတွင်းမှ အဆီကိုလောင်စေပြီးတော့ ဖြေးဖြေးလေ့ကျင့်ခန်းကို လုပ်ရင်တော့ ၅ -၁၀ ကြိမ်လုပ်ရင်တော့ ကြွက်သားများများဖြစ်လာဖို့အတွက် အထောက်အကူဖြစ်မှာပါ။

၀၄. ခြေသလုံးလှပဖို့အတွက်

ခြေသလုံးမှ ကြွက်သားများဟာ များသောအားဖြင့် အသုံးမပြုသောကြောင့် ကြွက်သားများကို ပျော့ပြောင်း စေရန်အတွက် ခြေသလုံးလေ့ကျင့်ခန်းက အထောက်အကူဖြစ်မှာပါ။နေ့စဉ် ရေချိုးလျှင် ရေနွေးနွေးလေးဖြင့် ခြေသလုံးကို နှိပ်ပေးဖို့ အကြံပေးပါရစေ။နောက်ပြီး ခြေချင်းဝတ်ကို ဘယ်ညာလှုပ်ရှားပေးခြင်းဖြင့်လည်း ခြေသလုံးရဲ့ သွေးလည်ပတ်မူကို ပိုမိုကောင်းမွန်လာစေမှာပါ။

၀၅. ရေကူးကန်အတွင်း လမ်းလျှောက်ခြင်း

ရေကူးကန်အတွင်း လမ်းလျှောက်ခြင်းကတော့ ကိုယ်အလေးချိန်ချဖို့အတွက် အလွယ်ကူဆုံးနည်းပဲဖြစ် ပါတယ်။
ရေဖိအားကြောင့် ကိုယ်ခန္ဓာက အလုပ်ပိုလုပ်ရပြီး အဆီကိုကျစေပါတယ်။သိပ်ပြီးအားကစား မလိုက်စား သူတွေအတွက်လည်း အဆင်ပြေမဲ့ လေ့ကျင့်ခန်းတခုလို့ ထင်ပါတယ်။

Credit: Online 

No comments: