=====================================================
တစ်နေ့ သင်လည်းအိုရမည်၊
သက်ကြီးရွယ်အိုများကိုစောင့်ရှောက်ကြဖို့လိုသည်
======================================================
လမ်းလေးခွဆုံမှာ
ထိုင်ရင်း လမ်းသွား လမ်းလာများဆီက သဒ္ဓါကြေးပေး သမျှလေးကိုယူပြီး တစ်နေ့တာဝမ်းရေးကို
ဖြေရှင်းနေသည့် အသက်ခုနစ်ဆယ်ခန့် အ ဘွားအိုတစ်ယောက်။သူ့ကိုကြည့်တော့လည်း ရုပ်ရည်သန့်သန့်၊
အဝတ်အစား ဝတ်စားထား သည်ကလည်း သပ်ရပ်စွာနဲ့ အနက်အနည်း ငယ်သာ ကျန်ရှိတော့သည့် ဆံပင်လေးကို
သပ်ရပ်စွာတစ်ပတ်လျှိုထုံးလို့..
''အဘွားက
အရင်က ဝန်ထမ်း၊ ဝန် ထမ်းတောင်မှ ပညာရေးဝန်ထမ်းလုပ်ခဲ့တာ။ ပင်စင်ယူပြီးတော့ လင်မယားနှစ်ယောက်
ပင် စင်လစာလေးနဲ့စားတာ။ တစ်ရက်ထက်တစ် ရက် တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ဆေး ဖိုးတွေလဲ
မတတ်နိုင်၊ ရှိတာလေးနဲ့ ကုရအောင် လဲ အဆင်မပြေလို့ ဒီလို သူများပေးကမ်းသ လောက်လေး လာလာယူနေရတာ။
မျိုးရိုးလဲ မရှိပါဘူး'' ဟု အဘွားဒေါ်မြင့် (အမည်လွှဲ)က ဆိုသည်။
ယခင်ဆိုရှယ်လစ်ခေတ်က
ကျောင်းဆ ရာမတစ်ဦးအဖြစ် တာဝန်ထမ်းခဲ့စဉ်က မိမိ ၏ လခဖြင့် မိခင်ဖခင်နှင့် မောင်နှမသုံးယောက်
ရှိသော မိသားစုတာဝန်ကို ထမ်းယူနိုင်သေး ကြောင်း၊ အိမ်ထောင်ပြုသောအခါတွင်လည်း ခင်ပွန်းဖြစ်သူမှာလည်း
မိမိကဲ့သို့ ကျောင်းဆ ရာပင်ဖြစ်၍ စားဝတ်နေရေးအတွက် ထူးခြား စွာ ပူပန်ခဲ့ရခြင်းမျိုးမရှိခဲ့ကြောင်း
အဘွား ဒေါ်မြင့်ကပင်ဆက်လက်ပြောဆိုသည်။
လက်ရှိ
ကမ္ဘာ့လူဦးရေသည် သန်းခုနစ် ထောင်ကျော်ရှိလာပြီဖြစ်ရာ အဆိုပါ လူဦးရေ များအနက် အသက်
၆ဝ နှင့်အထက် သက်ကြီး ရွယ်အို သိန်းပေါင်း ၇ဝဝကျော်ခန့် ပါဝင်ကြောင်း သိရသည်။
၂ဝ၂၅ခုနှစ်တွင်
ယခုနှစ်ထက် နှစ်ဆမြင့်တက်လာပြီး ၂ဝ၅ဝ ပြည့်နှစ်တွင် နှစ်ဘီလီယံအထိ ရှိလာနိုင်ကြောင်း
ကမ္ဘာ့ကျန်း မာရေးအဖွဲ့ကြီးက ထုတ်ပြန်သည့် စာရင်းများ အရ သိရသည်။
''ဒီအသက်၊
ဒီအရွယ်မှာ သားသမီးကို လဲ ကိုယ့်ကြောင့် စိတ်မပူစေချင်ဘူးလေ။ သူ တို့လဲ အဆင်ပြေနေတာမဟုတ်တော့''ဟု
အ ဘွားဒေါ်မြင့်ကဲ့သို့ပင် ရောက်ရှိလာမည့် သေ ခြင်းတရားကိုစောင့်စားရင် မသေခင် ဝမ်းရေး
ကို လမ်းလေးခွဆုံမီးပွိုင့်များတွင် ရပ်သည့် ကားများထံက အလှူခံစားသောက်နေသူ ဒေါ် တင်မြင့်(အမည်လွှဲ)က
ဆိုသည်။
ထိုသို့သော
အဘိုးအဘွားများ၏ ဘဝနေ ဝင်ချိန်ကို ကျော်ဖြတ်ရာတွင် စိတ်ဓာတ်ကျ အားငယ်နေခြင်းများ ကင်းဝေးရန်၊
အထီးကျန် မှုများမရှိစေရန်အတွက် မြန်မာနိုင်ငံ လူမှုဝန် ထမ်းဦးစီးဌာနနှင့် အစိုးရမဟုတ်သော
အဖွဲ့အ စည်းတစ်ခုဖြစ်သည့် သက်ကြီးဆရာဝန်များ အဖွဲ့အစည်းက တည်ထောင်ထားသည့် Day Care
Center များကလည်း တစ်နိုင်တစ်ပိုင် တာဝန်ယူဆောင်ရွက်လာသည်ကို တွေ့လာရ သည်။
သို့သော်
တတိယအရွယ်ရယ်လို့ သုံး နှုန်းလို့ရပြီဖြစ်တဲ့ ခြောက်ဆယ်ကျော်သက် တမ်းရှိ အဘိုးအဘွားများ၏
ဘဝနေဝင်ချိန်ကို သက်သောင့်သက်သာစွာနဲ့ ကျော်ဖြတ်နိုင် ရန် တာဝန်သိသူများနှင့် တာဝန်ရှိသူများ
လက် ထဲတွင်ပင် ရှိနေပြီဟု ခံစားမိလိုက်ရသည်။
''လူမှုအဖွဲ့အစည်းတွေအနေနဲ့လဲ
သူတို့ အပေါ်ကျရောက်လာမယ့် လူအိုပြဿနာကို ကာကွယ်နိုင်ဖို့ ခုကတည်းက ပါဝင်စောင့် ရှောက်သင့်တယ်''ဟု
သက်ကြီးဆရာဝန်များ အထောက်အကူအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက် တာ ဒေါ်မြင့်မြင့်ခင်မကွယ်လွန်မီက
အကြံ ပြုပြောခဲ့ဖူးသည်။
တစ်ကမ္ဘာလုံးတွင်
အရေးကြီးသော ကျန်း မာရေးပြဿနာတစ်ရပ်မှာ သက်ကြီးရွယ်အိုများ များပြားလာခြင်းဖြစ်ကြောင်း၊
အသက် ရှစ်ဆယ် ကျော်သူ စောင့်ရှောက်ဖို့လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ လူဦးရေ၏
(၁ဝ.၄) ရာခိုင်နှုန်း ကျော်မှာ သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း လည်း ၄င်းကပင်ဆိုသည်။
ထို့ပြင်
မြန်မာနိုင် ငံသည် တခြားနိုင်ငံများကဲ့သို့ သက်ကြီးရွယ် အိုအလွန်အမင်းများပြားသည့်
ပြဿနာကို ရင်မဆိုင်ရသေးသော်လည်း နောင်လာမည့် ဆယ်စုနှစ်များတွင် ယင်းပြဿနာကို ရင်ဆိုင်
ရမည်ဖြစ်ကြောင်း၊ တိုးပွားလာမည့် သက်ကြီး ရွယ်အိုများအားလုံး ဂုဏ်သိက္ခာရှိရှိနှင့်
သွက် လက်ကျန်းမာပြီး လုံခြုံစိတ်ချရသော ဘဝမျိုး ဖြင့် လျှောက်လှမ်းနိုင်မည့် အစီအစဉ်ကို
နိုင်ငံ တော်အပါအဝင် ပါတီအဖွဲ့အစည်းများကလည်း အဓိကလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်
ရန်လိုအပ်ကြောင်းလည်း ၄င်းကပြောသည်။
သက်ကြီးရွယ်အိုများဆိုင်ရာ
ကမ္ဘာ့ညီလာ ခံကြီးကို သြစတြေးလျနိုင်ငံ ဗီယင်နာမြို့တွင် ၁၉၈၂ခုနှစ်ကကျင်းပခဲ့ကာ၊ ယင်းညီလာခံ၏
ရှေ့လုပ်ငန်းစဉ် ရည်ရွယ်ချက်များတွင် သက် ကြီးရွယ်အိုဆိုင်ရာလုပ်ငန်းများကို ထိထိရောက်
ရောက်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံအသီးသီးက အစိုးရများနှင့် လူမှုရေးအဖွဲ့အစည်းများ၏ စွမ်းအားကိုဖြည့်တင်းရန်၊
သက်ကြီးရွယ်အိုများ ၏ စွမ်းအားကိုဖြည့်တင်းရန်၊ သက်ကြီးရွယ်အို များ၏ မှီခိုမှုလိုအပ်ချက်နှင့်
ဖွံ့ဖြိုးတိုးတက်လာ မှုအလားအလာများကို ကိုင်တွယ်ဆောင်ရွက် နိုင်ရန် တို့ပါဝင်သည်။
ထို့ပြင်
နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင်လည်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများ လျင်မြန် စွာတိုးပွားလာခြင်းကြောင့် ကြုံတွေ့နိုင်သော
စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများ ကိုဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားသင့်
ကြောင်း၊ လာမည့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေတွင် သက်ကြီးရွယ်အိုပါဝင်မှုနှုန်းမှာ
တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း ပြော ကြားခဲ့သည်။
''ဘိုးဘွားရိပ်သာမှာနေဖို့ဆိုတာကလဲ
ကန့်သတ်ချက်တွေရှိတယ်။ မှီခိုအားထားစ ရာ ကျောထောက်နောက်ခံ ဆွေမျိုးသားချင်း အမှန်တကယ်မရှိတဲ့သူ၊
ပြုစုစောင့်ရှောက်မယ့် သူ အမှန်တကယ် မရှိတဲ့သူမျိုးမှဆိုတော့ ဒီ လိုမျိုးကိုယ့်ဝမ်းကိုယ်ကျောင်းနေကြတဲ့
အဘိုး အဘွားတွေနဲ့ကျတော့ မသက်ဆိုင်သလို ဖြစ်နေ တယ်။ဒီလိုမျိုးကန့်သတ်ချက်တွေ ဖြေလျှော့
ပေးမယ်ဆိုရင်တော့ ဒီအဘိုးအဘွားတွေအ တွက် အဆင်ပြေနိုင်ကောင်းပါတယ်'' ဟု ရန် ကုန်တိုင်းဒေသကြီးအတွင်း
နေထိုင်သူဝန် ထမ်းတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏
သက်ကြီးရွယ်အိုစောင့် ရှောက်ရေးစနစ်တွင် အစိုးရမှဖြစ်စေ၊ ပုဂ္ဂလိ ကမှဖြစ်စေ၊ နည်းလမ်းမျိုးစုံတို့ဖြင့်
ဆောင်ရွက် နေကြသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုစောင့် ရှောက်ရေးစနစ်၏ လိုအပ်ချက်များကို
ဆောင် ရွက်နိုင်ရန် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်း များသာမက မြန်မာလူ့အဖွဲ့အစည်း အားလုံး
ပါဝင်လာရန် လိုအပ်ကြောင်းလည်း ၄င်းကပင် အကြံပြုပြောသည်။
''လုပ်နိုင်တဲ့
အရွယ်တုန်းကလဲ ကိုယ့်လုပ် အားနဲ့ နိုင်ငံတော်ကို သစ္စာရှိရှိ အလုပ်အကျွေး ပြုခဲ့တယ်။
အခုလို အသက်အရွယ်ကြီးပြီး မ လုပ်ကိုင်နိုင်တော့တဲ့ သူတွေကို သီးသန့်နေ ရာလေးတွေပေးပြီး
စောင့်ရှောက်ပေးမယ်ဆို ရင်တော့ ဒီဘဝအတွက်တင်မကဘူး နောင် ဘဝအတွက်ပါ စိတ်အေးရတာပေါ့''
ဟု အ ဘွားဒေါ်မြင့်က ပြောသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ် မ ၃၂(က)တွင် နိုင်ငံတော်သည် မိခင်နှင့် က လေးသူများ၊ မိဘမဲ့ကလေးများ၊ အိုမင်းမစွမ်း
သူများ၊ မသန်စွမ်းသူများအား၊ ကြည့်ရှုစောင့် ရှောက်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ပြင်
သက်ကြီးရွယ်အိုများကို ကူညီစောင့်ရှောက်မှု များပေးရန် အစိုးရနှင့်ပရဟိတအဖွဲ့အစည်း များမှ
အစီအစဉ်အမျိုးမျိုးဖြင့် ချမှတ်ဆောင် ရွက်လျက်ရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့ခဲ့သော
သက်ကြီးရွယ်အိုများနေထိုင် ရန်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် ဘိုးဘွား ရိပ်သာပေါင်း
၇ဝခန့် ဖွင့်လှစ်ပေးထားသည်ဟု လည်း လေ့လာသိရှိရသည်။
''သက်ကြီးရွယ်အိုဘိုးဘွားတွေမှာ
မိ သားစုရှိတဲ့သူတွေအနေနဲ့ ရှင်သန်နေတဲ့အချိန် မှာ နေပျော်တဲ့ဘဝဖြစ်အောင် လုပ်ပေးသင့်
တယ်။ အထီးကျန်ဘိုးဘွားတွေဆိုလဲ တတ်နိုင်သရွေ့ တတ်နိုင်တဲ့သူတွေက ဘိုးဘွားတွေအ တွက်
ဘဝစိုပြည်ရေးကိုလုပ်ပေးသင့်တယ်။ အဓိကကတော့ သက်ကြီးရွယ်အိုဘိုးဘွား တွေကို ဒုက္ခငြိမ်းအောင်၊
သောကငြိမ်းအောင် ပတ်ဝန်းကျင်ရော၊ မိသားစုကရော၊ လုပ်ဆောင် ပေးပြီး လူငယ်တိုင်းရဲ့ စိတ်ထဲမှာလဲ
အဲလိုစိတ် ဓာတ်မျိုးကိုထည့်သွင်းထားဖို့လိုပါတယ်'' ဟု ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာကို
တည် ထောင်ထားသူဆရာမ ဒေါ်သန်းမြင့်အောင် ကပြောသည်။
ဆည်းဆာရိပ်ကဲ့သို့ပင်
ပရဟိတစိတ် အခြေခံ၍ စွန့်ပစ်ခံ သက်ကြီးဘိုးဘွားများကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင်
ဖွင့်လှစ်ထားသည့် သန်လျင်သဘာဝတရားရိပ် သာစခန်းတွင်လည်း စောင့်ရှောက်မှုများပေး နေသည်ကိုတွေ့ရသည်။
ထိုရိပ်သာတွင် လမ်း ဘေး၌ စွန့်ပစ်ခံထားရသည့် အသက် ၂ဝအ ရွယ် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊
ကျန်းမာရေး မကောင်းသော လမ်းဘေးတွင် စွန့်ပစ်ခံထား ရသူများအပါအဝင် လူနာ ၃ဝဝဝနီးပါးရှိသည့်
အနက် ကျန်းမာရေး ဆိုးဆိုးရွားရွားအခြေအ နေနှင့် ရင်ဆိုင်နေရသော သက်ကြီးဘိုးဘွား ၆ဝဝကျော်ရှိကြောင်း
သိရသည်။
ထို့ပြင်
တစ် ကိုယ်ရေသန့်ရှင်းမှုနှင့် ကျင်ကြီး၊ ကျင်ငယ်ကို မိမိကိုယ်တိုင် မသန့်ရှင်းနိုင်တော့သည့်
သက် ကြီးဘိုးဘွား ၁၅ဝခန့်ကိုလည်း စောင့်ရှောက် ပေးနေကြောင်း သိရသည်။
(၅၂)ကြိမ်မြောက်
ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ အတည်ပြုဆုံးဖြတ်ချက်နှင့် (၃၅)ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
ကော်မရှင်တို့၏ ထောက်ခံချက်များ အရ ကုလ သမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီသည် ၁၉၉၇ခုနှစ်
ဇူလိုင် ၂၁ရက်တွင် ဆုံးဖြတ်ချက် ၁၉၉၇၊ ၁၈ ဖြင့် “International Years of Older
Persons towards a society for all ages” ဟူသော ဆောင်ပုဒ်ဖြင့် ၁၉၉၉ခုနှစ် ကို သက်ကြီးရွယ်အိုများနှစ်နှင့်
အောက်တို ဘာ ၁ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီး ရွယ်အိုများနေ့အဖြစ် သတ်မှတ်ခဲ့သည်။
မြန်မာ
နိုင်ငံတွင် ၁၉၉၉ခုနှစ်မှစတင်၍ နှစ်စဉ်အောက် တိုဘာ ၁ရက်နေ့ကို ''အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့''အဖြစ်
သတ်မှတ်ခဲ့ သည်။ ထိုပွဲကို နိုင်ငံတော်အခမ်းအနားတစ်ခု အဖြစ်လည်း သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့
ရာ (၁၅)ကြိမ်မြောက် ရောက်ရှိပြီဖြစ်သည်။
အခမ်းအနားသို့
သက်ကြီးရွယ်အိုများ အား တက်ရောက်စေပြီး အလှူငွေ၊ ဆေးပစ္စည်း နှင့် အသုံးအဆောင်ပစ္စည်းများ
ချီးမြှင့်ခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထား သည့် ဘိုးဘွားရိပ်သာများသို့
အလှူငွေများ ပေးအပ်ခြင်းနှင့် မြန်မာတစ်နိုင်ငံလုံးရှိ အသက် အကြီးဆုံး အဘိုး တစ်ဦးနှင့်
အဘွားတစ်ဦး ကိုလည်း အလှူငွေများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ပြည်နယ်/တိုင်းဒေသကြီး
များတွင်လည်း အောက်တိုဘာ ၁ရက်နေ့တွင် ''အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့'' အခမ်းအနားကို
ကျင်းပကြသည်။
''အဘွားတို့
ဒီလိုမျိုး အလှူခံစားသောက် နေရတာလဲ ကံအကြောင်းမလှလို့ပဲ သဘော ထားပါတယ်။ တရားသဘောနဲ့ပြောရရင်
အ တိတ်ကံက ဘာတွေ ဘယ်လိုလုပ်ခဲ့မှန်းမှမသိ တာဆိုတော့လေ''ဟု အဘွားဒေါ်မြင့်က ပြော သည်။
စွန့်ပစ်ခံ
သက်ကြီးဘိုးဘွားများကို ရာ သက်ပန်စောင့်ရှောက်မှုများပေးနေသော Save The Aged အဖွဲ့မှလည်း
နိုင်ငံ ဝန်ကို တစ်နိုင်တစ်ပိုင် (ပင်ကိုအသိစိတ်ဖြင့်) ဝင်ရောက်ကူထမ်းကာ ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ မြို့နယ်စုံတွင် လမ်းဘေးတဲထိုးကာ နေထိုင်နေသည့် ဘိုးဘွားများ၊ ဆွေမျိုးမဲ့အဘိုး
အဘွားများကို လစဉ် ကျန်းမာရေးနှင့် အာဟာ ရပိုင်းတွင် စောင့်ရှောက်ကူညီမှုများ ပေးနေ
သည်ကိုလည်း တွေ့ရသည်။
ထို့အတူ
အသက်အရွယ်ကြီးရင့်ပြီ ဖြစ် သော ဘိုးဘွားများ၏ ကျန်ရှိနေသည့် ဘဝ လက်ကျန်အချိန်လေးများကို
စိတ်နှလုံး သာ ယာချမ်းမြေ့စွာနဲ့ ဖြတ်သန်းနိုင်စေဖို့ ပရဟိတ စိတ်ဓာတ်ဖြင့် ထောက်ပံ့ကူညီနေသော
The Action Times Foundation မှ အတွင်းရေး မှူး(မဣနြေ္ဒနေနွယ်)က ပရဟိတအလုပ်တွေ ကို လုပ်ရင်းနဲ့
ဘိုးဘွားတွေအတွက် စောင့် ရှောက်မှုကို မဖြစ်မနေ လုပ်သင့်တယ်ဆိုပြီး သိလာတာကြောင့် ဘိုးဘွားတွေရဲ့ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းတွေကို လုပ်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။
''တခြားပရဟိတတွေအတွက်
ရပ်ကွက် တွေထဲဆင်းရင်းနဲ့ တချို့ မိသားစုမရှိဘဲ တောင်း ရမ်းစားသောက်နေတဲ့ အဘိုးအဘွားတွေကို
တွေ့တော့ တစ်ယောက်စနှစ်ယောက် စကူဖြစ် တယ်။ နောက်တော့ တကယ်လိုအပ်ချက်က ဖြစ်နေတယ်။ မဖြစ်မနေကို
လုပ်သင့်တယ်ဆို တာကို တွေ့လိုက်ရတယ်။ အသက် ၈ဝဆိုရင် သိပ်မကျန်တော့တဲ့အချိန်လေးမှာ ပျော်ရွှင်စွာ
နဲ့ပဲ ကုန်ဆုံးစေချင်တဲ့အတွက် ဒီစောင့်ရှောက် မှုလေးကို လုပ်ဖြစ်ခဲ့တာပါ''ဟု ပြောသည်။
ယခုအခါ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ
သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ၂ဝ၁၃ခု နှစ် နိုဝင်ဘာ ၁၃ရက်နေ့
ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ရှိ အမှတ် ၆၄ တွင် ဖွင့်လှစ်ခဲ့ပြီး၊
ယင်းဂေဟာ တွင် စာဖတ်ခြင်း၊ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုခြင်း၊ ရုပ်သံလိုင်းကြည့်ရှုခြင်း၊
ကာရာ အိုကေသီဆိုခြင်း၊ တရားထိုင်ခြင်း၊ ဆွေးနွေး ခြင်း၊ ဟောပြောခြင်း၊ စစ်တုရင်ထိုးခြင်း၊
တခြား အားကစားနည်းများ ကစားနိုင်ခြင်း၊ ပြင်ပလေ့ လာရေးခရီးသွားခြင်း၊ မိမိဝါသနာပါရာများ
လုပ်ဆောင်နိုင်ခြင်း စသည်ဖြင့် အပန်းဖြေ အနားယူနိုင်ရန်လည်း စီစဉ်ပေးထားကြောင်း နှင့်
အသက် ၇ဝကျော် အထီးကျန်သူ အဘိုး အဘွားများကိုလည်း မိသားစုကိုယ်စား စောင့် ရှောက်ပေးနေကြောင်း
သိရသည်။
''နေ့ပိုင်းစောင့်ရှောက်မှုပေးတဲ့နေရာ
တွေဆိုတာတွေကလည်း များများဖွင့်ပေးနိုင် ရင်နေရာတိုင်း ဖွင့်ပေးနိုင်ရင်တော့ ကောင်း
တာပေါ့။ ရန်ကုန်မှာတောင် နေရာတိုင်းမရှိ တော့ကိုယ်နေတဲ့နေရာနဲ့ဝေးရင် သွားဖို့ဆို တာ
ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ''ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူပညာရေးဝန် ထမ်းတစ်ဦးက
သူ၏အမြင်ကို ဆိုသည်။
မြန်မာနိုင်ငံသည်
သက်ကြီးရွယ်အိုစောင့် ရှောက်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် စေတနာ့ ဝန်ထမ်းဘိုးဘွားရိပ်သာများထူထောင်ခြင်း
လုပ်ငန်းကို ၁၉၁၅ ခုနှစ်ကတည်းက ဆောင် ရွက်ခဲ့ပြီး မန္တလေးမြို့ရှိ ပိုးကုန်သည်ကြီး ကရုဏာရှင်ဘွားဦးဇွန်းက
မျိုးစေ့ချပေးခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်
မြန်မာနိုင်ငံတစ် ဝန်းလုံး၌ ဘိုးဘွားရိပ်သာများစွာ ပေါ်ထွန်း လာပြီး ဘိုးဘွားပေါင်းများစွာကို
စောင့်ရှောက် ထားနိုင်ခဲ့သည်။ လက်ရှိတွင် တစ်နိုင်ငံလုံး၌ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ
တည် ထောင်သော သက်ကြီးရွယ်အိုများအား စောင့် ရှောက်မှုပေးလျက်ရှိသည့် ရိပ်သာပေါင်း ၇ဝ
ကျော်ရှိပြီး ဘိုးဘွားစုစုပေါင်း ၃ဝဝဝ ကျော်ကို စောင့်ရှောက်ထားကြောင်း မြန်မာနိုင်ငံ
လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားများအရ
သိရသည်။
ထို့အပြင်
အနာဂတ် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းသည် သမားရိုးကျ ဘိုးဘွားရိပ်သာများ ထူထောင်စောင့်ရှောက်သည့်
လုပ်ငန်းစနစ် တစ်ခုတည်းနှင့် လုံလောက်မှုမရှိသည့်အတွက် တခြားနည်းစနစ်များကိုလည်း ရှာဖွေဆောင်
ရွက်လျက်ရှိကြောင်း ဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
''ငယ်ရွယ်နေတဲ့အချိန်မှာ
ကိုယ့်ဘာသာ ရှာဖွေစားသောက်လို့ရတယ်။အသက်ကြီးပြီး အိုမင်းမစွမ်းတော့တဲ့အချိန်မှာတော့
သူတစ် ပါးအကူအညီက လိုအပ်တယ်လေ။ ဒီတော့ အဘွားတို့လိုမျိုး ကူကယ်ရာမဲ့တဲ့သက်ကြီးတွေ အတွက်
နိုင်ငံတော်နဲ့တာဝန်သိသူတွေက လုပ်ပေးမှပဲ။ နောက်ဆုံးအချိန်ကိုအေးအေး ချမ်းချမ်းဖြတ်သန်းရမှာ''
ဟုအဘွားဒေါ်မြင့်က ဆိုသည်။
ယခုအခါ
တိုးတက်ပြောင်းလဲလာသော လူနေမှုပုံစံများအရ တချို့သော မြန်မာလူငယ် များသည် ၄င်းတို့၏မိဘဘိုးဘွားများအတွက်
အချိန်ပေးစောင့်ရောက်နိုင်မှု နည်းပါးလာ သည်။ ဗုဒ္ဓဘာသာ၏ ဓလေ့ထုံးတမ်းများအရ သားသမီးများစောင့်ထိန်းအပ်သည့်
သား၊ သမီး ဝတ်ငါးပါးကို လုံခြုံအောင် စောင့်ထိန်းရန် ပျက်ကွက်လာကြသည်။ ထိုအတွက် ၄င်းတို့
၏ မိဘများဘဝသည် အထီးကျန်ဆန်လာ ခဲ့ရသည်။
သို့ဖြစ်၍မိမိတို့ဘေးတွင်ရှိသော
ကိုယ့်အဘိုးအဘွားများကို လောကီသမိုင်းပေး တာဝန်တစ်ရပ်အနေဖြင့် စောင့်ရှောက်ရန် လိုအပ်သည်ဟုခံယူပြီး
တာဝန်ယူတတ်သော သူများအဖြစ် လောကကြီးကို ကူညီစောင့် ရှောက်ကြဖို့လိုအပ်သည်။
သူတို့၏
လျှောက်လှမ်းခဲ့ရသော ဘဝ ခရီးများတွင် နောင်လာနောင်သားများ အတု ယူလေ့လာစရာများလည်းရှိမည်။
သင်ခန်းစာ များလည်းရှိမည်။ ထိုသူများကဲ့သို့ပင် မိမိတို့ သည်လည်း သူတို့ကဲ့သို့ အိုမင်းမစွမ်းအချိန်ကို
မလွဲမရှောင်သာ ရောက်ကြဦးပေမည်။ သက် ကြီးရွယ်အို အဘိုးအဘွားများအနေဖြင့် လူ့ သက်တမ်းအရ
အသက်ကိန်းဂဏန်းများကြီး လာသည်နှင့်အတူ သူတို့ဖြတ်သန်းခဲ့သည့် ဘဝအတွေ့အကြုံများမှာလည်း
များလှသည်။ ထိုအဘိုးအဘွားများနှင့် ပတ်သက်၍ ဆရာ မင်းသုဝဏ်၏ လောကဓံကို မှတ်ကျောက်တင်
သည့် ပျဉ်းမငုတ်တိုကဗျာလေးမှအပိုဒ်အချို့ ကိုထုတ်နုတ်၍ ဤသို့ပမာတင်စားဖော်ညွှန်း ချင်သည်။
''ဖုထစ်ရွတ်တွ၊
ငှက်ဠင်းတသို့၊ ပျဉ်းမ ငုတ်တို၊ သက်ကြားအိုသည်၊ ကုန်းမိုထက်တွင်၊ တစ်ပင်တည်း။
ခွဆုံအကွေး၊
သစ်ခေါင်းဆွေးလည်း၊ အဖေးတက်လှာ၊ အိုင်းအမာသို့ ကျယ်စွာဟက် ပက်၊ ခြအိမ်ပျက်။
ကုန်းမိုကမ်းပါး
၊ မြေပပ်ကြားတွင်၊ စစ် သားခမောက်၊ ပိန်ခြောက်ခြောက်လည်း၊ စစ် ရောက်စခန်း၊ လက်ပြညွှန်း။''
ဤသို့နှယ်
ပမာတူစွအဘိုးအဘွားတို့ သည်ကား အတွေ့အကြုံမျိုးစုံ၊ ဘဝသင်ခန်း စာမျိုးစုံတို့ဖြင့် ကြံ့ကြံ့ခံဖြတ်သန်းခဲ့ရသည်။
အဘိုး၊
အဘွားတို့သည် ၄င်းတို့၏ ဘဝအတွေ့ အကြုံသင်ခန်းစာများအပေါ် အခြေခံ၍ သား၊ သမီး၊ မြေး၊ မြစ်များအပေါ်
ဘဝနှင့် ယှဉ်သော အသိတရားများ၊ သင်ခန်းစာများ၊ အဆုံးအမများကို မေတ္တာ၊ စေတနာအရင်းခံ ၍
ပေးဝေခဲ့ကြသည်။
မိဘ၊
ဘိုးဘွားများသည် သား၊ သမီး၊ မြေး၊ မြစ်များအပေါ် စုန်ရေပမာ လိုအပ်သည်များကို အနစ်နာခံကာ
ပံ့ပိုးဖြည့် ဆည်းစောင့်ရှောက်မှုပေးခဲ့ကြသည်။
၎င်းတို့
သည်ကား သား၊ သမီး၊ မြေး၊ မြစ်များထံမှ ဆန်ရေကို မမျှော်မှန်း၊ မီးစာကုန်ဆီခန်းချိန်
အထိ စုန်ရေအဖြစ်သာ မျှဝေစီးဆင်းလိုသည့် ဆန္ဒရှိခဲ့သည်။
ထိုသို့ဖြင့်
မိဘ၊ ဘိုးဘွားတို့သည် မကူ ညီ မစောင့်ရှောက်နိုင်သော အနေအထားသို့ ရောက်လာသည်။
ထိုအခြေအနေမျိုးတွင်
သား၊ သမီး၊ မြေး၊ မြစ်တို့သည် ပြန်လည် မကူညီမစောင့်ရှောက်သင့်ပါသလော။
မိဘ၊
အဘိုး၊ အဘွားမရှိတော့သူများ သည်လည်း မိမိတို့၏ မိဘ၊ အဘိုး၊ အဘွား သဖွယ် ကူညီစောင့်ရှောက်ခြင်းဖြင့်
ကုသိုလ် မယူသင့်ပါသလော။ မိဘ၊ အဘိုး၊ အဘွားများ ကို စာနာခြင်းဖြင့် မေတ္တာတည်းဟူသော ဆန်
ရေကို ပြန်လည်ပေးအပ်နိုင်ပါစေဟု ဆန္ဒပြု လိုက်ရပါသည်။
တစ်နေ့တွင်သင်သည်လည်း
အိုရမည်ကို သတိရစေချင်ပါသည်။ ။
- ခင်မြန်မာအောင်၊
မေသက်ဇင်
Credit: Democracy Today
Newspaper
No comments:
Post a Comment