Thursday, October 9, 2014

ဆရာ့ဂုဏ်





‘‘ကျင့်ဝတ်ငါးဖြာ
နာသုံးနာနှင့်
လေးဖြာ ဗြဟ္မစိုရ်
ဝမ်းဝယ်သို၍
ကျိုးလိုဆောင်ကြဉ်း
လေးရည်ချင်းတို့
ဖြည့်တင်းအနန္တ
လူပီသသည်
ဆရာ့ဘ၀ ဖြစ်သတည်း။

ဆရာ့ဂုဏ်ရောင်
ဉာဏ်တန်ဆောင်သည်
မိုက်မှောင်ပယ်ခွင်း
သိမြင်ရှင်းဖို့
အလင်းတာဝန်
လမ်းကောင်းညွှန်၍
လူမွန်လူမြတ်
ကြည်ညိုအပ်သည်
ဆည်းကပ်ရိုသေ
ထိုက်သတည်း’'

ဆရာဦးသန်းလှိုင် (၂၀၁၄ လူမှုထူးချွန်ဆုရ)

No comments: