Saturday, October 18, 2014

LG G3 Stylus (Mobile Review)



အားသာချက်
ဖုန်းကိုအသုံးပြုချိန်မှာ လွယ်ကူအဆင် ပြေတဲ့အပြင်အရွယ်အစား ကောင်းမွန်တဲ့အတွက် ကိုင်တွယ်အသုံး ပြုချိန်မှာလည်း သက်သောင့် သက်သာရှိပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေမှာလည်း အဆင်ပြေ ကောင်းမွန်ပါတယ်။ ကင်မရာစနစ်ပိုင်းမှာ အသုံးပြုထားတဲ့ ကင်မရာဟာ Mega Pixel မြင့်မားပြီး Resolution ကောင်းမွန်တဲ့အပြင် CPU, GPU စနစ်တွေမှာလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ Touch Pen
ပါဝင်လာတဲ့အတွက် လက်နဲ့အပြင် Touch Pen ကိုလည်းတွဲဖက် အသုံးပြုနိုင်ပါတယ်။ ဖုန်းမှာ ထည့်သွင်းထားတဲ့ ဘက်ထရီက ကောင်းမွန်တဲ့အတွက် အချိန်ကြာကြာ အသုံးပြုနိုင်ပြီး ဖုန်းမှာပါဝင်တဲ့ Setting အသုံးပြု စနစ်တွေဟာလည်း ကောင်းမွန်တဲ့အပြင် TV တွေအတွက် Remote တစ်ခုအနေနဲ့လည်း အသုံးပြု နိုင်ပါသေးတယ်။

အားနည်းချက်
ဖုန်းဟာ LG G3 နဲ့ပုံစံတူ ထုတ်လုပ်ထားတဲ့ ဖုန်းအမျိုးအစား ဖြစ်ပေမယ့် ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတဲ့အတွက် ဖုန်းရဲ့မှတ်ဥာဏ် စနစ်ပိုင်း၊ စပီကာနဲ့ အသံစနစ်ပိုင်းတွေအပြင် Screen Resolution ပိုင်းတွေမှာ G3 ထက် လျော့ချထားခြင်းတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီစနစ်ပိုင်းတွေမှာတော့ အနည်းငယ် အားနည်းပါတယ်။ ဖုန်းရဲ့စပီကာဟာ Ringtone စနစ်ပိုင်းတွေမှာ အဆင်
ပြေပေမယ့် သီချင်းနားထောင်ခြင်းနဲ့ ရုပ်ရှင်ကြည့်တဲ့ အချိန်မျိုးတွေမှာတော့ အသံအနည်းငယ် တိုးတယ်လို့ ခံစားရပါတယ်။

ဒီဇိုင်း
ပုံစံဒီဇိုင်းမှာတော့ G3 Stylus ဟာ ပထမရှေ့က ထွက်ခဲ့တဲ့ G3 လို ပဲပုံစံတူဖြစ်ပေမယ့် အရွယ်အစားပိုင်းနဲ့ အလေးချိန် ပိုင်းမှာတော့ အနည်းငယ် ကွဲပြားခြားနားမှု ရှိနေပါတယ်။ ဖွဲ့စည်းတည်ဆောက်မှုပုံစံဟာ ဖုန်းရဲ့ ထိပ်ပိုင်းနဲ့ အောက်ခြေပိုင်းမှာ အနားဝိုက်ပုံစံမျိုးရှိနေပြီး မြင်ကွင်းရဲ့ ဘေးဘောင်တွေဟာ သေးငယ်တဲ့အပြင် ဖုန်းရဲ့အပေါ်ထိပ်ဘောင်နဲ့ အောက်ခြေဘောင် တွေဟာလည်း သေးငယ်တဲ့အတွက် Screen အပြည့်ပုံစံမျိုး ခံစားရပါတယ်။ ဖုန်းရဲ့ အရွယ်အစားပိုင်းမှာတော့ ဘေးတိုက် အကျယ်အဝန်းဟာ ၇.၅၉ စင်တီမီတာရှိပြီး အထက်အောက် အမြင့်ဟာ ၁၄.၉၃ စင်တီမီတာ ရှိတဲ့အတွက် ပထမထွက်ခဲ့တဲ့ G3 ထက် အရွယ်အစားက အနည်းငယ် ကြီးမားပါတယ်။ ဖုန်းရဲ့ထုထည်ဟာလည်း ၁.၀၂ စင်တီမီတာ ရှိတဲ့အတွက် ၁ စင်တီမီတာ ကျော်ကျော်ရှိနေပြီး ၀.၈၉ စင် တီမီတာသာရှိတဲ့ G3 ထက် ပိုပြီး ထူနေတာလည်း တွေ့ရပါတယ်။ ဖုန်းရဲ့ကိုယ်ထည် တစ်ခုလုံးဟာ ပလပ်စတစ် ကိုယ်ထည်ဖွဲ့စည်းမှုဖြစ်ပြီး အလေးချိန်ပိုင်းမှာတော့ G3 Stylus ဟာ ပေါ့ပါးတယ်လို့ ဆိုနိုင်ပေမယ့် ပထမထွက်ခဲ့တဲ့ G3 ထက်တော့ အလေးချိန်ပိုင်းမှာ ပိုပြီးများပါတယ်။ 

ဖုန်းရဲ့ထိပ်ပိုင်းမှာတော့ Touch Pen ပါဝင်လာပြီး USB နဲ့ နားကြပ်ပေါက်တွေကတော့ ဖုန်းရဲ့ အောက်ခြေဘောင်မှာပါ။ နောက်ဘက် ကာဗာကတော့ ဖြုတ်နိုင်တပ်တဲ့ ကာဗာအရှင်ဖြစ်ပြီး ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် Volume Key တွေအားလုံးဟာ ဖုန်းရဲ့ နောက်ကျောဘက် ကင်မရာ အောက်ခြေနားမှာ ရှိနေပါတယ်။ စပီကာကလည်း ဖုန်းရဲ့နောက်ကျောဘက် အောက်ခြေနားမှာပါ။ Sim Card နှစ်ကတ်တစ်ပြိုင်နက် ထည့်သွင်းအသုံးပြုနိုင်တဲ့ Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး GSM 2G/ 3G ကွန်ရက်စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ OS ရဲ့ Setting ဖွဲ့စည်း တည်ဆောက်မှုပုံစံဟာ အစုအဖွဲ့လိုက် သီးသန့်စီ ဖြစ်တဲ့အတွက် အသုံးပြုချိန်မှာ ရှင်းလင်းလွယ်ကူမှု ရှိတာတွေ့ရမှာပါ။

နည်းပညာ
ဖုန်းရဲ့ Screen ကိုလက်နဲ့ နှစ်ချက်ပုတ်ချိန်မှာ Screen ကို အလွယ်တကူ ဖွင့်ပေးနိုင်ပြီး လက်နဲ့နှစ်ချက် ပြန်ပုတ်ချိန်မှာ Screen ကို အလွယ်တကူ ပြန်လည်ပိတ်ပေး နိုင်စေမယ့် Knock Code စနစ်ကို ဒီဖုန်းမှာလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒါ့အပြင် Security စနစ်ပိုင်း မှာလည်း Password, PIN, Face and Lock စနစ်တွေအပြင် Knock Code Lock စနစ်ကိုလည်း ဒီဖုန်းမှာ ထိတွေ့အသုံးပြု နိုင်ပါတယ်။ Page တွေကို ရွှေ့ပြောင်းတဲ့အချိန်မှာ Page တစ်ခုကနေတစ်ခု ပြောင်းလဲမှု ပုံစံတွေကိုလည်း စိတ်ကြိုက် ရွေးချယ်
အသုံးပြုနိုင်ပါတယ်။ 

ဖုန်းရဲ့ အောက်ခြေမှာပါဝင်တဲ့ Home, Menu, Back အစရှိတဲ့ Button စနစ် နေရာတွေမှာ ကိုယ့်စိတ်ကြိုက် Shortcut Button စနစ်တွေကို ထပ်မံပေါင်းထည့်ပြီး အသုံးပြုနိုင်မယ့် Home Touch Buttons ဆိုတဲ့စနစ်ကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတစ်ခုပါပဲ။ Home Touch Button စနစ်ကို အသုံးပြုမယ် ဆိုရင်တော့ ဖုန်းမှာနဂို ပါဝင်တဲ့ Button စနစ်သုံးခုအပြင် နောက်ထပ်နှစ်ခုကို
ထပ်မံပေါင်းဖြည့်ပြီး Button ငါးခုအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Button တွေပါဝင်တဲ့ ဘားတန်းကိုလည်း အရောင်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်
ဖုန်းမှာ အသုံးပြုထားတဲ့ CPU ကတော့ Quad-core 1.3 GHz Cortex-A7 CPU ဖြစ်တဲ့အတွက် ဖုန်းကိုအသုံးပြု တဲ့အချိန်မှာ မြန်ဆန်တဲ့ တုန့်ပြန်မှုတွေကို ရရှိနိုင်တဲ့အပြင် Mali-400MP2 GPU ပါဝင်တာကြောင့် ဂရပ်ဖစ်စနစ် အတွက်လည်း ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ပါတယ်။ Screen ကတော့ ၅.၅ လက်မ အရွယ်အစားရှိတဲ့ IPS LCD ကို အသုံးပြုထားတာဖြစ်ပြီး Screen Resolution ကတော့ 540x960 Pixel သာရှိတဲ့အတွက် Screen Resolution ကတော့ အနည်းငယ်နည်းပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ ဘက်ထရီဟာ 3000mAh Li-Ion ဘက်ထရီဖြစ်တဲ့အတွက် ပါဝါသိုလှောင်မှု ပမာဏကောင်းမွန်ပြီး ဖုန်းရဲ့ Screen ကလည်း ပါဝါအသုံးပြုနှုန်း သက်သာတဲ့အတွက် ဘက်ထရီကြာရှည် အသုံးခံပါတယ်။ ဖုန်းရဲ့မှတ်ဥာဏ်ပိုင်းမှာတော့ Internal Memory 8GB နဲ့ 1GB RAM ဖြစ်တဲ့အတွက် မှတ်ဥာဏ်ပမာဏကတော့ နည်းတယ်လို့ ဆိုနိုင်ပေမယ့် Micro SD Card 32GB ထိထပ်တိုး အသုံးပြုနိုင်ပါတယ်။ ကင်မရာမှာတော့ နောက်ဘက်ကင်မရာ ဟာ 13 Mega Pixel
ရှိတဲ့ ကင်မရာဖြစ်ပြီး ရှေ့ကင်မရာကတော့ 1.3Mega Pixel ကင်မရာပါ။ Android OS Version 4.4.2 ကိုအသုံး ပြုထားတာဖြစ်ပြီး Sensor စနစ်ပိုင်းတွေမှာလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းထားတာ တွေ့ရပါတယ်။ Bluetooth ကတော့ 4.0 ဖြစ်ပြီး USB ကတော့ 2.0 ပါ။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ G3 Stylus ဟာ ကိုင်တွယ်အသုံးပြုရတဲ့ နေရာမှာ အဆင်ပြေ ချောမွေ့တာတွေ့ရပါတယ်။ ဖုန်းကိုအသုံးပြုတဲ့ အချိန်မှာလည်း တုန့်ပြန်မှုက ကောင်းမွန်တဲ့အပြင် LG G3 ကို ဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်တဲ့ ပုံစံမျိုးမှာရှိနေပါတယ်။ ဖုန်းမှာပါဝင်တဲ့ ရှေ့ကင်မရာဟာ Mega Pixel နည်းပေမယ့် Selfie ဓာတ်ပုံ ကောင်းကောင်းတွေကို ရရှိပါတယ်။

 ဒါပေမယ့် Selfie ရိုက်ချိန်မှာ မြင်တွေ့ရတဲ့ ဖုန်းရဲ့ Screen မြင်ကွင်းဟာ သေးငယ်နေပြီး Selfie ဓာတ်ပုံကိုချိန်ဖို့အတွက် မြင်ကွင်းက ကျဉ်းတဲ့အတွက် ချိန်ရတာအနည်းငယ် ခက်ခဲပါတယ်။ ဖုန်းမှာ စပီကာတစ်လုံးပဲ ပါဝင်တာကြောင့်
အသံအနည်းငယ် တိုးတယ်လို့ ခံစားရပေမယ့် ဖုန်းကိုနားကြပ်နဲ့ချိတ် ဆက်တာမျိုး၊ အခြား အမ်ပလီ ဖိုင်ယာ၊ Woofer တွေနဲ့ ချိတ်ဆက်ချိန်မှာတော့ ဖုန်းကနေထုတ်ပေးတဲ့ အသံစနစ်ဟာ ကောင်းမွန်ပါတယ်။ နားကြပ်နဲ့ ချိတ်ဆက်နားထောင်ပြီး အသံကိုချဲ့တဲ့ အချိန်မှာနားအတွက် သတိပေးစနစ် ပါဝင်တာကလည်း စိတ်ကျေနပ်စရာပါ။ ဖုန်းမှာပါဝင်တဲ့ မှတ်ဥာဏ်က 8GB ဖြစ်ပေမယ့် 5GB လောက်ပဲ အသုံးပြုနိုင်မှာဖြစ်တဲ့ အတွက် မှတ်ဥာဏ်များများ အသုံးပြုချင်တယ်ဆိုရင်တော့ Memory Card အသုံးပြုရ ပါလိမ့်မယ်။ ဈေးနှုန်းကတော့ ကျပ် ၃၁၉,၀၀၀ ပါ။

Credit:Internet Journal

No comments: